< Mwanzo 38 >

1 Ikawa wakati ule Yuda akawaacha ndugu zake na kukaa na Mwadulami fulani, jina lake Hira.
ထို ကာလအခါ ယုဒ သည် ညီအစ်ကို နေရာမှ သွား ၍ ၊ ဟိရ အမည် ရှိသော၊ အဒုလံ အမျိုးသား ထံ သို့ဝင် လေ၏။
2 Pale akakutana na binti Mkanaani jina lake Shua. Akamwoa na kulala naye.
ထို အရပ်၌ ရှုအာ အမည် ရှိသော၊ ခါနာန် အမျိုးသား ၏သမီး ကို တွေ့ မြင်၍ ၊ အိမ်ထောင် ဘက် ပြုလျက်၊
3 Akawa mjamzito na kuzaa mwana. Akaitwa Eri.
ထိုမိန်းမသည် ပဋိသန္ဓေ ယူ၍ သား ကို ဘွားမြင် ၏။ ထို သားကို ဧရ အမည် ဖြင့် မှည့် လေ၏။
4 Akawa mjamzito tena na kuzaa mwana tena. Akamwita jina lake Onani.
တဖန် ပဋိသန္ဓေ ယူပြန်၍ ဘွားမြင် သောသား ကို ဩနန် အမည် ဖြင့် မှည့် လေ၏။
5 Akazaa mwana mwingine akamwita jina lake Shela. Alikuwa huko Kezibu alipomzaa.
တဖန် ပဋိသန္ဓေယူပြန်၍ ဘွားမြင် သောသား ကို ရှေလ အမည် ဖြင့် မှည့် လေ၏။ ရှေလဘွားသောအခါ၊ အဘသည် ခေဇိပ် မြို့မှာ ရှိ သတည်း။
6 Yuda akaona mke kwa ajili ya Eri, mzaliwa wake wa kwanza. Jina lake Tamari.
ထိုနောက်မှ ယုဒ သည် မိမိ သားဦး ဧရ ကို တာမာ အမည် ရှိသောသတို့သမီး နှင့် စုံဘက် စေ၏။
7 Eri, mzaliwa wa kwanza wa Yuda, alikuwa mwovu mbele za Yahwe. Yahwe akamwua.
ယုဒ ၏သားဦး ဧရ သည် ထာဝရဘုရား ရှေ့ ၌ ဆိုး သောသူဖြစ် ၍ ၊ သူ့ ကိုထာဝရဘုရား ကွပ်မျက် တော်မူ ၏။
8 Yuda akamwambia Onani, “Lala na mke wa nduguyo. Fanya wajibu wa shemeji kwake, na umwinulie nduguyo mwana.”
ထိုအခါ ယုဒ သည် ဩနန် ကို ခေါ်ပြီးလျှင်၊ သင် ၏အစ်ကို မယား ထံသို့ ဝင် ၍ သူ နှင့် အိမ်ထောင် ဘက် ပြုသဖြင့်၊ အစ်ကို အမျိုး ကို ဆက်နွှယ် လော့ဟုဆို ၏။
9 Onani alijua kwamba mtoto asingekuwa wake. Pindi alipolala na mke wa kaka yake, alimwaga mbegu juu ya ardhi ili kwamba asimpatie nduguye mtoto.
ဩနန် သည် သားကိုရလျှင်မူကား၊ မိမိ သား မမှတ်ရဟုသိ၍ အစ်ကိုအား သားကိုမ ပေး လိုဘဲ၊ အစ်ကို မယား ထံ သို့ဝင် သောအခါ ၊ သုတ်ရည်ကိုထုတ်၍ စွန့် လေ၏။
10 Alilolifanya lilikuwa ovu mbele za Yahwe. Yahwe akamwua pia.
၁၀ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူ သောကြောင့်၊ ဩနန် ကိုလည်း ကွပ်မျက် တော်မူ၏။
11 Kisha Yuda akamwambia Tamari, mkwewe, “Ukakae mjane katika nyumb aya baba yako hadi Shela, mwanangu, atakapokuwa.” Kwani aliogopa, “Asije akafa pia, kama nduguze.” Tamari akaondoka na kuishi katika nyumba ya babaye.
၁၁သားငယ်ရှေလသည် အစ်ကို တို့သေသကဲ့သို့ သေ မည်ဟုယုဒ သည် စိုးရိမ် ၍ ၊ မိမိ ချွေးမ တာမာ ကို ခေါ်ပြီးလျင်၊ ငါ့ သား ရှေလ မ ကြီး မှီ သင်သည် သင့် အဘ အိမ် ၌ မုတ်ဆိုးမ ပြု၍ နေ ပါဟုဆိုသည်အတိုင်း၊ တာမာ သွား ၍ မိမိ အဘ ၏အိမ် ၌နေ လေ၏။
12 Baada ya muda mrefu, binti Shua, mkewe Yuda, alikufa. Yuda akafarijika na kwenda kwa wakatao kondoo wake manyoya huko Timna, yeye na rafiki yake, Hira Mwadulami.
၁၂ကာလ အတန်ကြာ သော် ၊ ရှုအာ သမီး ဖြစ်သော ယုဒ မယား လည်း သေ လေ၏။ ယုဒ သည်နှစ်သိမ့် ပြီးမှ ၊ မိမိ သိုးမွေး ညှပ်သောသူတို့ရှိ ရာ တိမနတ် မြို့သို့ မိမိ အဆွေ အဒုလံ အမျိုး ဟိရ နှင့်အတူ သွား လေ၏။
13 Tamari akaambiwa, “Tazama, mkweo anakwenda Timna kukata kondoo wake manyoya.”
၁၃မိမိ ယောက္ခမ သည် သိုးမွေး ကိုညှပ် ခြင်းငှါ ၊ တိမနတ် မြို့သို့ သွား ကြောင်းကို၊ တာမာ ကြား လျှင်၊
14 Akavua mavazi yake ya ujane na akajifunika kwa ushungi. Akakaa katika lango la Enaimu, lililoko kando ya njia iendayo Timna. Kwa maana aliona kwamba Shela amekua lakini akupewe kuwa mke wake.
၁၄မုတ်ဆိုးမ အဝတ် ကို ချွတ် ၍ မျက်နှာဖုံး နှင့် မျက်နှာ ကိုဖုံး လျက် ၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ် မြို့ သို့ သွားသောလမ်း အနား ၊ ဧနိမ် မြို့တံခါး ဝ၌ ထိုင် နေလေ ၏။ အကြောင်း မူကား၊ ရှေလ ကြီးသော်လည်း ၊ မိမိ နှင့် အိမ်ထောင် ဘက်မ ပြု ရဟု သိမြင် သောကြောင့် တည်း။
15 Yuda alipomwona alidhani ni kahaba kwa maana alikuwa amefunika uso wake.
၁၅ယုဒ သည် ထိုမိန်းမ ကိုမြင် သောအခါ ၊ သူသည် မိမိ မျက်နှာ ကိုဖုံး ၍ နေသောကြောင့် ၊ ပြည်တန်ဆာ ဖြစ်သည်ဟု ထင်မှတ် လျက်၊
16 Akamwendea kando ya njia na kusema, “Njoo, tafadhari uniruhusu kulala nawe” - kwani hakujua kwamba alikuwa ni mkwewe - naye akasema, “Utanipa nini ili ulale nami?
၁၆လမ်း ကိုလွှဲ ၍ အနားသို့ ချဉ်းပြီးလျှင် ၊ သင့် ထံ သို့ငါဝင် ရသောအခွင့်ကိုပေးပါလော့ဟု ဆို လေသော်၊ မိန်းမက၊ သင်သည် ကျွန်မ ထံ သို့ဝင် လိုသောငှါအဘယ် ဆုကို ပေး မည်နည်းဟုမေးလျှင်၊
17 Akasema, “Nitakuletea mwana mbuzu wa kundi.” Akasema, “Je utanipa rehani hata utakapo leta?”
၁၇ယုဒက၊ ဆိတ် သငယ် ကိုပေး လိုက်မည်ဟု ဆို လေ ၏။ မိန်းမကလည်း၊ မ ပေး လိုက်မှီ တစုံတခုသောအရာကို ပေါင် ထားမည်လောဟုမေး လျှင်၊
18 Akasema, “Nikupe rehani gani?” Naye akasema, “Mhuri wako na mshipi, na fimbo iliyo mkononi mwako.” Akampa na kulala naye. Akawa mjamzito.
၁၈ယုဒက အဘယ် အရာကို ပေါင် စေချင်သနည်း ဟု ပြန်၍မေး လေသော် ၊ မိန်းမက၊ သင် ၏တံဆိပ် ၊ စလွယ် ၊ လက်စွဲ တောင်ဝေး တို့ကို ပေါင်တော့ဟု ဆိုသည်အတိုင်း၊ ထိုဥစ္စာကိုအပ် ၍ မိန်းမ ထံ သို့ဝင် သဖြင့် ၊ သူသည် ပဋိသန္ဓေစွဲ ယူလေ၏။
19 Akaamka na kuondoka. Akavua ushungi wake na kuvaa vazi la ujane wake.
၁၉ထိုနောက်မှ ၊ မိန်းမသည် ထ သွား ၍ မျက်နှာဖုံး ကို ချွတ် ပြီးလျှင် ၊ မုတ်ဆိုးမ အဝတ် ကို ဝတ်မြဲဝတ် ပြန်လေ၏။
20 Yuda akatuma mwana mbuzi kutoka kundini kwa mkono wa rafiki yake Mwadulami ili aichukue rehani kutoka katika mkono wa mwanamke, lakini hakumwona.
၂၀ယုဒ သည် မိန်းမ ၌ပေါင် သောဥစ္စာကို ရွေး ယူ ခြင်းငှါ ၊ မိမိ အဆွေ အဒုလံ အမျိုးသားတွင် ဆိတ် သငယ် ကိုပေး လိုက်၏။ အဒုလံအမျိုးသားသည် ထိုမိန်းမ ကို မ တွေ့ လျှင်၊
21 Kisha Mwadulami akauliza watu wa sehemu hiyo,”Yupo wapi kahaba aliyekuwa Enaimu kando ya njia?” Wakasema, hapajawai tokea kahaba hapa.”
၂၁ဧနိမ် မြို့လမ်း နား မှာ ထိုင်နေသောပြည်တန်ဆာမ သည် အဘယ် မှာရှိသနည်းဟု ထိုအရပ်သား တို့ကို မေး လေသော်၊ အရပ်သားတို့က ဤ အရပ်၌ ပြည်တန်ဆာမ မ ရှိ ဟုဆို ကြလျှင်၊
22 Akarudi kwa Yuda na kusema, “Sikumwona. Pia watu wa eneo hilo wamesema, 'Hajawai kuwapo kahaba hapa.”
၂၂ယုဒ ထံ သို့ ပြန် ၍ ၊ ကျွန်ုပ်သည် ထိုမိန်းမ ကို ရှာ၍မ တွေ့။ အရပ် သား တို့ကလည်း ၊ ဤ အရပ်၌ ပြည်တန်ဆာမ မ ရှိ ဟု ဆိုကြောင်းကို ပြော လေ၏။
23 Yuda akasema, “Mwache akae na vitu, tusije tukaaibika. Hakika, nimemletea mwanambuzi, lakini hukumwona.”
၂၃ယုဒ ကလည်း ၊ အရှက် မကွဲမည်အကြောင်း ၊ ယူ ပါ လေစ။ ကြည့် ပါ။ ဤ ဆိတ် သငယ်ကို ကျွန်ုပ်ပေး လိုက်၍ သင်သည် မိန်းမ ကိုရှာ၍ မ တွေ့ ပါတကားဟုဆို ၏။
24 Ikawa baada ya miezi mitatu Yuda akaambiwa, “Tamari mkweo amefanya ukahaba, na kwa hakika, yeye ni mjamzito.” Yuda akasema, “Mleteni hapa ili achomwe.”
၂၄ထိုနောက် သုံး လ ခန့် လွန်သည်ရှိ သော်၊ သူတပါး က၊ သင် ၏ချွေးမ တာမာ သည် ပြည်တန်ဆာ လုပ်၍ မ တရားသောမေထုန် ပြုသဖြင့် ကိုယ်ဝန် ဆောင်လျက် နေပြီတကားဟု ယုဒ အား ပြောဆို လျှင်၊ ယုဒ က သူ့ ကို ထုတ် ၍ မီးရှို့ စေဟု စီရင် လေ၏။
25 Alipoletwa nje, alipeleka ujumbe kwa mkwewe, “Mimi ni mjamzito kwa mtu mwenye vitu hivi.” Akasema, “Tambua tafadhari, mhuri huu na mshipi na fimbo ni vya nani.”
၂၅ထုတ် သောအခါ ၊ တာမာ သည် တံဆိပ် ၊ စလွယ် ၊ တောင်ဝေး တို့ကို ယောက္ခမ ထံ သို့ ပို့ စေ၍၊ ဤ ဥစ္စာကို ပိုင်သောသူအားဖြင့် ကျွန်မ သည် ပဋိသန္ဓေ ယူပြီ။ ဤ ဥစ္စာတို့သည် အဘယ်သူ ၏ ဥစ္စာဖြစ်သည်ကို ကြည့် ပါလော့ဟု မှာ လိုက်၏။
26 Yuda akavitambua na kusema, “Yeye ni mwenye haki kuliko mimi, kwani sikumpa Shela, mwanangu awe mme wake.” Hakulala naye tena.
၂၆ထိုဥစ္စာ ကိုယုဒ မှတ်မိ ၍ သူ အပြစ်ထက် ငါ့ အပြစ်သာ၍ ကြီးပေ၏။ သူ့ အား ငါ့ သား ရှေလ ကို ငါမ ပေးစား ဘဲနေမိပြီဟု ပြောဆို ၏။ နောက်တဖန် သူ့ ကို မ ချဉ်းကပ် ဘဲနေ၏။
27 Muda wake wa kujifungua ukafika, tazama, mapacha walikuwa tumboni mwake.
၂၇ထိုနောက် တာမာ သည် သားဘွား ချိန် ရောက် လျှင် ၊ ဝမ်း ထဲ တွင် သား နှစ်ယောက်ရှိ ၏။
28 Ikawa alipokuwa akijifungua mmoja akatoa mkono nje, na mkunga akachukua kitambaa cha rangi ya zambarau na kukifunga katika mkono wake na kusema, “Huyu ametoka wa kwanza.”
၂၈ဘွား စဉ်တွင် သားတယောက်သည် လက် ကို ထုတ် ဆန့်၍ ၊ ဝမ်းဆွဲ က ဤ သူငယ်သည် အရင် ဘွား လိမ့်မည် ဟုဆို လျက် လက် ကိုကိုင် ၍ နီ သောကြိုးနှင့် စည်း လေ ၏။
29 Ikawa aliporudisha mkono wake, tazama, ndugu yake akatoka kwanza. Mkunga akasema, “Umetokaje” Na akaitwa Peresi.
၂၉သို့သော်လည်း ထိုသူသည်မိမိ လက် ကိုရုပ် ပြန်၍ သူ့ အစ်ကို ဘွား သည်ကို ဝမ်းဆွဲက၊ သင်သည် အဘယ်ကြောင့် အနိုင် အထက်ပြုရသနည်း။ အနိုင်အထက် ပြုသော ဤအမှုသည် သင်၌စွဲစေဟုဆိုလျက် သူ့ ကိုဖါရက် အမည် ဖြင့် မှည့် လေ၏။
30 Kisha ndugu yake akatoka, akiwa na utepe wa zambarau juu ya mkono wake, naye akaitwa Zera.
၃၀ထိုနောက်မှ လက် ၌ ကြိုးနီ စည်းသောညီ ဘွား ၍၊ သူ့ ကိုဇာရ အမည် ဖြင့် မှည့် သတည်း။

< Mwanzo 38 >