< Mwanzo 3 >

1 Sasa nyoka alikuwa mwerevu kuliko myama mwingine yeyote wa kondeni ambaye Yahwe Mungu alikuwa amemuumba. Akamwambia mwanamke, “Je ni kweli Mungu amesema, 'Msile matunda kutoka kwenye mti wowote bustanini'?”
မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်သကာတို့ထက် လိမ္မာသည် ဖြစ်၍၊ မိန်းမအား သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရား သခင်မိန့်တော်မူသလောဟု မေး၏။
2 Mwanamke akamwambia nyoka, “Twaweza kula tunda kutoka kwenye miti ya bustani,
မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်ရှိသော အပင်တို့၏ အသီးကိုစားရသော အခွင့်ရှိ၏။
3 lakini kuhusu tunda la mti ambao uko katikati ya bustani, Mungu alisema, 'msile, wala msiuguse, vinginevyo mtakufa.'”
ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားပဲ နေကြလော့၊ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။
4 Nyoka akamwambia mwanamke, “hakika hamtakufa.
မြွေကလည်း သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ်၊
5 Kwasababu Mungu anajua kwamba siku mkila macho yenu yatafumbuliwa, na mtakuwa kama Mungu, mkijua mema na mabaya.”
အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကို သိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြ လတံ့သည်ကို၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏။
6 Na mwanamke alipoona kuwa mti ni mzuri kwa chakula, na kuwa unapendeza macho, na kwamba mti ulitamanika kwa kumfanya mtu awe mwerevu, alichukua sehemu ya tunda na akala. Na sehemu yake pia akampatia mumewe aliyekuwa naye, naye akala.
ထိုအပင်သည် စားဘွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက် ဖွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကို ယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်း စား၏။
7 Macho ya wote wawili yalifumbuliwa, na wakajua kuwa wako uchi. Wakashona majani ya miti pamoja na wakatengeneza vya kujifunika wao wenyewe.
ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင်၊ မိမိတို့ ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင်အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။
8 Wakasikia sauti ya Yahwe Mungu akitembea bustanini majira ya kupoa kwa jua, kwa hiyo mwanaume na mke wake wakajificha wao wenyewe kwenye miti ya bustani kuepuka uwepo wa Yahwe Mungu.
နေဧသောအချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လုလင်မယားတို့သည် ကြားလျှင်၊ အထံတော်မှ လွတ်ခြင်းငှါ၊ ဥယျာဉ်အပင် တို့တွင် ပုန်းကွယ်လျက် နေကြ၏။
9 Yahwe Mungu akamuita mwanaume na kumwambia, “uko wapi?”
ထာဝရအရှင် ဘုရားသခင်ကလည်း၊ သင်သည် အဘယ်မှာရှိသနည်းဟု၊ လူကိုခေါ်တော်မူ၏။
10 Mwanaume akasema, “nilikusikia bustanini, na nkaogopa, kwa sababu nilikuwa uchi. kwa hiyo nikajificha.”
၁၀လူကလည်း ဥယျာဉ်၌ကိုယ်တော်၏ အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်းရှိသောကြောင့်၊ ကြောက်၍ပုန်းလျက်နေပါသည်ဟု လျှောက်လေ၏။
11 Mungu akasema, “Ni nani alikwambia kuwa ulikuwa uchi? Je umekula kutoka mti ambao nilikuagiza usile matunda yake?”
၁၁ဘုရားသခင်ကလည်း၊ သင်၌ အဝတ်အချည်းစည်းရှိသည်ကို သင်အားအဘယ်သူပြောသနည်း။ မစားရဟု ငါပညတ်သော အပင်၏အသီးကို စားပြီလောဟု မေးတော်မူ၏။
12 Mwanaume akasema, “Mwanamke uliyenipa kuwa na mimi, alinipatia tunda kutoka kwenye mti, na nikala.”
၁၂လူကလည်း ကျွန်တော်၌ အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်ဟု လျှောက်လေ၏။
13 Yahwe Mungu akamwambia mwanamke, “Nini hiki ulichofanya?” mwanamke akasema, “nyoka alinidanganya, na nikala.”
၁၃ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်းဟု မိန်းမအားမေးတော်မူလျှင်၊ မိန်းမက မြွေသည် ကျွန်တော်မကို လှည့်စား၍၊ ကျွန်တော်မသည်စားမိပါပြီဟု လျှောက်လေ၏။
14 Yahwe Mungu akamwambia nyoka, “kwa sababu umefanya jambo hili, umelaaniwa wewe mwenyewe miongoni mwa wanyama wote wa kufugwa na wanyama wote wa mwituni. Itakuwa kwa tumbo lako utakwenda, na mavumbi utakula kwa siku zote za maisha yako.
၁၄ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကို ပြုသောကြောင့် သားယဉ်သားရဲ အပေါင်းတို့ထက် ကျိန်ခြင်းကို ခံရ၏။ သင်သည် ဝမ်းဖြင့် သွား၍ မြေမှုန့်ကို တသက်လုံးစားရမည်။
15 Nitaweka uadui kati yako na mwanamke, na kati ya uzao wako na uzao wake. Atakujeruhi kichwa chako na utamjeruhi kisigino chake.”
၁၅သင်နှင့်မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကို၎င်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။
16 Kwa mwanamke akasema, nitaongeza uchungu wakati wa kuzaa watoto; itakuwa katika maumivu utazaa watoto. Tamaa yako itakua kwa mume wako, lakini atakutawala.”
၁၆မိန်းမကိုလည်း၊ သင်၌ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန်များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကို ခံ၍သားဘွားရမည်။ ကိုယ်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ၏။
17 Kwa Adam akasema, “kwa sababu umesikiliza sauti ya mke wako, na umekula kutoka katika mti, ambao nilikuagiza, nikisema, “usile matunda yake', ardhi imelaaniwa kwa sababu yako; kupitia kazi yenye maumivu utakula matunda ya ardhi kwa siku zote za maisha yako.
၁၇ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည်မယား၏ စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံးပင်ပန်းစွာ စားရမည်။
18 Ardhi itazaa miiba na mbigili kwa ajili yako, na utakula mimea ya shambani.
၁၈ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင် စားရမည်။
19 Kwa jasho la uso wako utakula mkate, mpaka utakapo irudia ardhi, ambayo kwayo ulitwaliwa. kwa kuwa wewe ni mavumbi na kwenye mavumbi utarudi.”
၁၉သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်၊ သင်၏ မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။
20 Mwanaume akaita mke wake jina Hawa kwa sababu alikuwa mama wa wote wenye uhai.
၂၀ထိုအခါလူသည် မိမိမယားကို ဧဝအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ သူသည် အသက်ရှင် သော သူအပေါင်းတို့၏ အမိဖြစ်သတည်း။
21 Yahwe Mungu akatengeneza mavazi ya ngozi kwa ajili ya Adam na mke wake na akawavalisha.
၂၁ထာဝရအရှင် ဘုရားသခင်သည်လည်း လူလင် မယားတို့ သားရေဖြင့် ပတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော် မူ၏။
22 Yahwe Mungu akasema, “sasa mtu huyu amekuwa kama mmoja wetu, ajuaye mema na mabaya. Kwa hiyo sasa hataruhusiwa kugusa kwa mkono wake, na kuchukua tunda la mti wa uzima, na kula akaishi tena milele.”
၂၂ထာဝရအရှင်ဘုရားသခင်ကလည်း၊ လူသည် ငါတို့တွင် တပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်း သိတတ်၏။ ယခုမှာ သူသည် ထာဝရအသက်ကို ရခြင်းငှါ၊ လက်ကိုဆန့်လျက် အသက်ပင်၏အသီးကို ယူ၍ မစားသင့်ဟု မိန့်တော်မူ၏။
23 Kwa hiyo Yahwe Mungu akamuondoa kutoka kwenye bustani ya Edeni, kwenda kulima ardhi ambayo kwahiyo alikuwa ametwaliwa.
၂၃လူသည် မိမိထွက်သော မြေ၌ လုပ်ရမည်အကြောင်း၊ ထာဝရအရှင်ဘုရားသခင်သည် ဧဒင် ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏။
24 Kwa hiyo Mungu akamfukuza mtu huyu nje ya bustani, na akaweka kerubi mashariki mwa bustani ya Edeni, na upanga wa moto ulio geuka geuka kila upande, ili kulinda njia ya kwenda kwenye mti wa uzima.
၂၄ထိုသို့လူကို နှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ၊ မီးစင်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။

< Mwanzo 3 >