< Mwanzo 26 >
1 Basi njaa ikatokea katika nchi, mbali na njaa ya kwanza iliyotokea siku za Ibrahimu. Isaka akaenda kwa Abimeleki, mfalme wa Wafilisiti huko Gerari.
၁အာဗြဟံ လက်ထက် ထိုပြည် ၌ ဖြစ် ဘူးသော အစာခေါင်းပါး ခြင်းမှတပါး ၊ နောက်တဖန်အစာခေါင်းပါး ခြင်း ရှိပြန်သည်ဖြစ်၍ ၊ ဣဇာက် သည် ဖိလိတ္တိ မင်းကြီးအဘိမလက် နေရာဂေရာ မြို့သို့ သွား လေ၏။
2 Basi Yahwe akamtokea na kumwambia, “Usishuke kwenda Misri; kaa katika nchi niliyokuambia.
၂ထာဝရဘုရား သည်လည်း သူ့ အား ထင်ရှား ၍ ၊ သင်သည် အဲဂုတ္တု ပြည်သို့ မ သွား နှင့်၊ ငါပြော လတံ့သော ပြည် ၌ နေ လော့။
3 Kaa katika nchi hii hii niliyokuambia, nami nitakuwa pamoja nawe na kukubariki; kwani kwako wewe na uzao wako, nitawapa nchi hii yote, nami nitatimiza kiapo nilichomwapia Ibrahimu baba yako.
၃ယခု ဤပြည် ၌ တည်းခို ၍နေလော့။ သင့် ဘက် မှာ ငါနေ ၍ ကောင်းကြီး ပေးမည်။ အကြောင်းမူကား ၊ သင် နှင့် သင် ၏အမျိုးအနွယ် အား ဤ ပြည် ရှိသမျှ တို့ကို ငါပေး မည်။ သင် ၏အဘ အာဗြဟံ အား ငါကျိန်ဆို သော စကားရှိသည်အတိုင်း ငါပြု မည်။
4 Nitauzidisha uzao wako kama nyota za mbinguni, nami nitawapa uzao wako nchi hizi zote. Kupitia uzao wako mataifa yote ya dunia yatabarikiwa.
၄သင် ၏အမျိုးအနွယ် ကို ကောင်းကင် ကြယ် ကဲ့သို့ များပြား စေမည်။ သင် ၏အမျိုးအနွယ် အား လည်း ၊ ဤ ပြည် ရှိသမျှ တို့ကို ငါပေး မည်။ သင် ၏အမျိုးအနွယ် အားဖြင့် လည်း ၊ လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်။
5 Nitalifanya hili kwa sababu Ibrahimu aliitii sauti yangu na kutunza maelekezo yangu, amri zangu na sheria zangu.”
၅အကြောင်းမူကား ၊ အာဗြဟံ သည် ငါ့ စကား ကို နားထောင် ၍ ၊ ငါ စီရင် မှာထားသော ပညတ် တရား အမျိုးမျိုးတို့ကို စောင့်ရှောက် သတည်းဟုမိန့်တော်မူ၏။
6 Hivyo Isaka akakaa Gerari.
၆ဣဇာက် သည် ဂေရာ မြို့၌ နေ စဉ်တွင် ၊ - မြို့သားတို့သည် သူ၏မယားအကြောင်းကို မေးသောအခါ၊ ရေဗက္ကသည် လှသောအဆင်းအရောင်ရှိသောကြောင့်၊
7 Watu wa eneo hilo walipomwuliza juu ya mke wake, alisema, “Yeye ni dada yangu.” Aliogopa kusema, “Yeye ni mke wangu,” kwa kuwa alidhani, “Watu wa nchi hii wataniua ili wamchukue Rebeka, kwa kuwa ni mzuri wa uso.”
၇ဤပြည် သားယောက်ျား တို့သည် သူ့ အကြောင်းကြောင့် ငါ့ ကိုသတ် မည်ဟုစိုးရိမ် ၍၊ သူသည် ငါ့ မယား ဖြစ်သည်ဟု မ ပြော မဆိုဝံ့၊ ငါ့ နှမ ဖြစ်သည် ဟု ပြော ဆို၏။
8 Baada ya Isaka kuwa amekaa pale kwa muda mrefu, Ikatukia kwamba Abimeleki mfalme wa Wafilisiti alichungulia katika dirisha. Tazama, akamwona Isaka akimpapasa Rebeka, mke wake.
၈ထို မြို့၌ ကာလအတန်ကြာ နေပြီးမှ ၊ တနေ့သ၌၊ ဣဇာက် သည် မိမိ မယား ရေဗက္က နှင့် ကစား သည်။ ဖိလိတ္တိ မင်းကြီး အဘိမလက် သည် ပြတင်းပေါက် ဝက ကြည့် မြင်လျှင်၊
9 Abimeleki akamwita Isaka kwake na kusema, “Tazama, kwa hakika yeye ni mke wako. Kwa nini ulisema, 'Yeye ni dada yangu?” Isaka akamwambia, “Kwa sababu nilidhani mtu mmoja aweza kuniua ili amchukue.”
၉ဣဇာက် ကို ခေါ် ၍ ၊ ထို မိန်းမသည်၊ အကယ်စင်စစ် သင် ၏မယား ဖြစ်၏။ သို့ရာတွင် ၊ သူသည် ငါ့ နှမ ဖြစ်၏ဟု အဘယ် ကြောင့်သင်ပြော ရ သနည်းဟုမေး သော်၊ ဣဇာက် က၊ သူ့ အတွက် ကြောင့် ကျွန်ုပ်သေ မည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆို ၏။
10 Abimeleki akamwambia, “Ni jambo gani hili ulilotufanyia? Mmojawapo wa watu angeweza bila shaka kulala na mke wako, nawe ungeweza kuleta hatia juu yetu.”
၁၀အဘိမလက် မင်းကလည်း ၊ ငါ တို့၌ သင်ပြု သောအမှု ကား အဘယ်သို့ နည်း။ တစုံတယောက် သောသူသည်၊ သင် ၏မယား နှင့် အမှတ်တမဲ့ သင့် နေလျှင်၊ ငါ တို့ ခေါင်းပေါ် မှာ သင်သည် အပြစ် ရောက် စေလိမ့်မည် တကားဟု ဆိုပြီးမှ၊
11 Hivyo Abimeleki akawaonya watu wote na kusema, “Mtu yeyote atakayemgusa mtu huyu au mke wake atauwawa.”
၁၁ဤ လင် မယားကို ပြစ်မှား သောသူသည် ဆက်ဆက်အသေ ခံရမည်ဟု မိမိလူ အပေါင်း တို့ကို မှာ ထားသနည်း။
12 Isaka akapanda mazao katika nchi hiyo na kuvuna mwaka huo vipimo mia, kwa kuwa Yahwe alimbariki.
၁၂ထို ပြည် ၌ ဣဇာက် သည် မျိုးစေ့ကိုကြဲ ၍ ၊ တနှစ် ခြင်းတွင် အဆ တရာ သော အသီးအနှံ ကို ရလေ၏။ ထာဝရဘုရား သည်လည်း ၊ ကောင်းကြီး ပေးတော်မူသဖြင့်၊
13 Mtu huyo akawa tajiri, naye akaongezeka zaidi hata akawa mkuu sana.
၁၃သူ သည်ကြီးပွါး ၍ ၊ အလွန် စည်းစိမ် ကြီး သည် တိုင်အောင် တိုးတက် လျက် ၊ စီးပွါးဥစ္စာများပြားစွာ ဖြစ်လေ၏။
14 Alikuwa na kondoo na ngombe na familia kubwa. Wafilisiti wakamwonea wivu.
၁၄သိုးစု ၊ နွားစု များ၊ ကျွန် များ နှင့် ပြည့်စုံ ကြွယ်ဝ၏။ ထိုကြောင့် ၊ ဖိလိတ္တိ လူတို့သည် သူ့ ကိုငြူစူ ကြ၏။
15 Basi visima vyote watumishi wa baba yake walikuwawamevichimba katika siku za Ibrahimu baba yake, Wafilisiti wakavikatalia kwa kwa kuvijaza kifusi.
၁၅အဘ အာဗြဟံ လက်ထက် ၌ ၊ အဘ ၏ကျွန် တို့ တူး သော ရေတွင်း ရှိသမျှ တို့ကို မြေ နှင့် ဖို့ ပိတ်ကြ၏။
16 Abimeleki akamwambia Isaka, “Ondoka kati yetu, kwa kuwa wewe una nguvu kuliko sisi.”
၁၆အဘိမလက် မင်းကလည်း ၊ သင်သည် ငါ့ တို့ထက် တန်ခိုး ကြီး၏။ ငါ တို့ထံမှ ထွက် သွားလော့ဟု၊ ဣဇာက် ကို အမိန့် ရှိသောကြောင့်၊
17 Hivyo Isaka akaondoka pale na kukaa katika bonde la Gerari, na kuishi pale.
၁၇ဣဇာက် သည် ထို မြို့မှ ထွက်သွား ပြီးလျှင် ၊ ဂေရာ ချိုင့် ၌ တဲ ကို ဆောက်၍ နေ လေ၏။
18 Kwa mara nyingine tena Isaka akachimba visima vya maji, vilivyokuwa vimechimbwa siku za Ibrahimu baba yake. Wafilisiti walikuwa wamevizuia baada ya kufa kwake Ibrahimu. Isaka akaviita visima kwa majina aliyokuwa ameviita baba yake.
၁၈ထိုအခါ ဣဇာက် သည်၊ အဘ အာဗြဟံ ကျွန်တို့ တူး ၍ ၊ အဘသေ သောနောက် ၊ ဖိလိတ္တိ လူတို့ဖို့သော ရေ တွင်း တို့ကို တူး ဘော်ပြန်၍ ၊ အထက်က အဘ သမုတ် သော အမည် ဖြင့် သမုတ် လေ၏။
19 Watumishi wa Isaka walipochimba katika bonde, wakaona kisima cha maji yaliyokuwakuwa yakibubujika.
၁၉ဣဇာက် ကျွန် တို့လည်း ၊ ချိုင့် ထဲ၌ တူး ၍ စမ်း ရေ တွင်း ကို တွေ့ ကြ၏။
20 Wachungaji wa Gerari wakagombana na wachungaji wa Isaka, na kusema, “Haya ni maji yetu.”Hivyo Isaka akakiita kisima hicho “Eseki,” kwa sababu waligombana naye.
၂၀ဂေရာ အမျိုးသားနွား ကျောင်းတို့ကလည်း ၊ ဤရေ သည် ငါ တို့ရေဖြစ်၏ဟု၊ ဣဇာက် ၏နွား ကျောင်းတို့ နှင့် လုယက် ပြော ဆိုကြ၏။ ထိုသို့ အချင်းချင်းလုယက် ကြသောကြောင့် ၊ ထိုရေတွင်း ကို ဧသက် အမည် ဖြင့်မှည့် လေ၏။
21 Wakachimba kisima kingine, wakakigombania hicho nacho, hivyo akakiita “Sitina.”
၂၁နောက် တဖန် အခြား သောရေတွင်း ကို တူး ပြန် ကြ၏။ ထို ရေတွင်းကို လည်း တဖန် လု ကြသောကြောင့် ၊ သိတန အမည် ဖြင့် မှည့် လေ၏။
22 Akatoka hapo na akachimba kisima kingine, lakini hicho hawakukigombania. Hivyo akakiita Rehobothi, na akasema, “Sasa Yahwe ametufanyia nafasi, na tutafanikiwa katika nchi.”
၂၂ထို အရပ်မှ နေရာ ပြောင်း၍ ၊ အခြား သော ရေတွင်း ကို တူး ကြ၏။ ထို ရေတွင်းကို အဘယ်သူမျှမ လုယက် သောကြောင့် ၊ ငါတို့ နေစရာအခွင့်ကို ယခု ထာဝရဘုရား ပေး တော်မူပြီ ဖြစ်၍ ၊ ဤပြည် ၌ ငါ တို့သည် စီးပွါး များကြလိမ့်မည်ဟုဆို လျက် ၊ ထို ရေတွင်းကို ရဟောဘုတ် အမည် ဖြင့် မှည့် သတည်း။
23 Kisha Isaka akaenda Beersheba.
၂၃တဖန် ထို အရပ်မှ ဗေရရှေဘ အရပ်သို့ ပြောင်း လေ၏။
24 Yahwe akamtokea usiku huohuo na akasema, “Mimi ni Mungu wa Ibrahimu baba yako. Usiogope, kwa maana mimi nipo pamoja nawe na nitakubariki na kuvidisha vizazi vyako, kwa ajili ya mtumishi wangu Ibrahimu.”
၂၄ထို နေ့ည မှာ ထာဝရဘုရား သည် ထင်ရှား ၍ ၊ ငါ သည် သင် ၏အဘ အာဗြဟံ ၏ ဘုရား ဖြစ်၏။ မ စိုးရိမ် နှင့်။ ငါ သည်သင့် ဘက် မှာရှိ၏။ ငါသည်ကောင်းကြီး ပေး မည်။ ငါ ၏ကျွန် အာဗြဟံ အတွက် ၊ သင် ၏အမျိုးအနွယ် ကို ငါများပြား စေမည်ဟု မိန့် တော်မူ၏။
25 Isaka akajenga madhabahu pale na akaliita jina la Yahwe. Akapiga hema yake pale, na watumishi wake wakachimba kisima.
၂၅ထို အရပ်၌ ယဇ် ပုလ္လင်ကို တည် ၍ ၊ ထာဝရ ဘုရား ၏ နာမတော် ကို ပဌနာ ပြု၏။ တဲ ကိုလည်း တည်ဆောက် ၍ ၊ ကျွန် တို့သည် ရေတွင်း ကို တူး ကြ၏။
26 Kisha Abimeleki akamwendea kutoka Gerari, pamoja na Ahuzathi, rafiki yake, na Fikoli, jemedari wa jeshi.
၂၆ထိုအခါ အဘိမလက် မင်းသည်၊ အဆွေ တော် အဟုဇာတ် နှင့် ဗိုလ်ချုပ် မင်းဖိကောလ တို့ကို ခေါ်၍၊ ဂေရာ မြို့မှ ဣဇာက် ရှိရာသို့ သွား ၏။
27 Isaka akawambia, “Kwa nini mmekuja kwangu, kwani mlinichukia na kunifukuza kwenu.
၂၇ဣဇာက် ကလည်း ၊ သင် တို့သည် ငါ့ ကို မြင်ပျင်း ၍ နှင်ထုတ် ပြီးမှ ၊ အဘယ်ကြောင့် လာ ကြသနည်းဟုမေး လျှင်၊
28 Nao wakasema, “Tumeona yakini kwamba Yahwe amekuwa nawe. Hivyo tukaamua kwamba kuwe na kiapo kati yetu, ndiyo, kati yetu nawe. Hivyo na tufanye agano nawe,
၂၈ထိုသူတို့က၊ ထာဝရဘုရား သည် သင့် ဘက် မှာ ရှိ တော်မူကြောင်း ကို၊ ငါ တို့အမှန် သိမြင် သည်ဖြစ်၍၊
29 kwamba hautatudhuru, kama ambavyo sisi hatukukudhuru, na kama sisi tulivyokutendea vema wewe na tumekuacha uondoke kwa amani. Kwa kweli, Yahwe amekubariki.”
၂၉ငါ တို့သည် သင့် ကိုမ ထိ မခိုက်၊ ကျေးဇူး ကိုသာ ပြု ၍ ၊ ငြိမ်ဝပ် စွာလွှတ် လိုက်သည်နည်းတူ ၊ သင် သည်ငါတို့ကို အပြစ် မ ပြုရဟု၊ ငါ တို့တစ်ဖက် ၊ သင့် တစ်ဖက် ၊ နှစ်ဘက်သား တို့သည်၊ သစ္စာ ဂတိထား၍ မိဿဟာယ ဖွဲ့ ကြစို့။ သင် သည် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောသူဖြစ် ပါ၏ဟု ဆိုကြလေသော်၊
30 Hivyo Isaka akawaandalia sherehe, na wakala na kunywa.
၃၀ဣဇာက်သည်၊ သူ တို့အဘို့ စားသောက်ပွဲ ကို လုပ် ၍ ၊ အတူစား သောက် ကြ၏။
31 Wakaamuka mapema asubuhi na wakaapiana kiapo. Kisha Isaka akawaruhusu kuondoka, nao wakamwacha katika amani.
၃၁နံနက် စောစော ထ၍ ၊ အချင်းချင်း တ ဦးနှင့် တဦးသစ္စာ ပြုလိုက်ပြီးမှ ၊ ဣဇာက် သည် သူ့ တို့ကို လွှတ် လိုက်၍ ၊ သူတို့သည် ငြိမ်ဝပ် စွာသွား ရကြ၏။
32 Siku hiyohiyo watumishi wake wakaja na kumwambia juu ya kisima walichokuwa wamekichimba. Wakasema, “Tumeona maji.”
၃၂ထိုနေ့ ၌ ပင် ဣဇာက် ကျွန် တို့သည် လာ ၍ ၊ မိမိတို့ တူး သောတွင်း ၌ ရေ တွေ့ ကြောင်းကို ပြော ဆိုကြလျှင်၊
33 Akakiita kile kisima Shiba, hivyo jina la mji ule ni Beersheba hata leo.
၃၃ထို ရေတွင်းကို ရှေဘ အမည် ဖြင့် မှည့် လေ၏။ ထိုကြောင့် ထိုအရပ်၌ တည်သောမြို့ ကို ဗေရရှေဘ မြို့ဟု ယနေ့ တိုင်အောင် တွင်လေသတည်း။
34 Esau alipokuwa na umri wa miaka arobaini, akajitwalia mke, Yudithi binti Beeri Mhiti, na Basemathi binti Eloni Mhiti.
၃၄ဧသော သည် အသက် လေးဆယ် ရှိ သောအခါ ၊ ဟိတ္တိ အမျိုးသားဗေရိ ၏သမီး ယုဒိတ် ၊ ဟိတ္တိ အမျိုးသားဧလုန် ၏သမီး ဗာရှမတ် တို့နှင့် အိမ်ထောင် လေ၏။
35 Wakamhuzunisha Isaka na Rebeka.
၃၅ထိုမိန်းမတို့သည် ဣဇာက် နှင့် ရေဗက္က ၌ စိတ် နှလုံး ပူပန် စရာအကြောင်း ဖြစ် သတည်း။