< Mwanzo 10 >
1 Hivi ndivyo vilikuwa vizazi vya wana wa Nuhu, ambao ni, Shemu, Hamu, na Yafethi. Wana wa kiume walizaliwa kwao baada ya gharika.
၁ရေလွှမ်းမိုးသောနောက်၊ နောဧသား ရှေမ၊ ဟာမ၊ ယာဖက်တို့မှ ဆင်းသက်သော သားစဉ်မြေးဆက် တို့ကို ဆိုပေအံ့။
2 Wana wa Yafethi walikuwa Gomeri, Magogu, Madai, Yavani, Tubali, Masheki, na Tirasi.
၂ယာဖက်၏သားကား ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိုက်တည်း။
3 Na wana wa Gomeri walikuwa Ashikenazi, Rifathi na Togama.
၃ဂေါမသားကား၊ အာရှေကနတ်၊ ရိဖတ် တော်ဂမတည်း။
4 Wana wa Yavani walikuwa Elisha, Tarshishi, Kitimu, na Dodanimu.
၄ယာဝန်သားကား၊ ဧလိရှား၊ တာရှု၊ ကိတ္တိမ်၊ ဒေါဒနိမ်တည်း။
5 Kutoka kwa hawa watu wa pwani waligawanyika na kwenda kwenye ardhi zao, kila mtu na lugha yake, kufuatana na koo zao, kwa mataifa yao.
၅ဤသူတို့သည် လူအမျိုးမျိုး တကျွန်းတနိုင်ငံ မြေနယ်တို့ကို ဘာသာအသီးအသီး၊ အမျိုးအနွယ် အသီးသီးရှိသည့်အတိုင်း၊ အချင်းချင်း ခွဲဝေကြ၏။
6 Wana wa Hamu walikuwa Kushi, Misraimu, Putu, na Kanaani.
၆ဟာမသားကား၊ ကုရှ၊ မိဇရိမ်၊ ဇုတ၊ ခါနာန်တည်း။
7 Wana wa Kushi walikuwa Seba, Havila, Sabta, Raama, na Sabteka. Wana wa Raama walikuwa Sheba na Dedani.
၇ကုရှသားကား၊ သေဘ၊ ဟာဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါတည်း။ ရာဂမသားကား၊ ရှေဘ၊ ဒေဒန်တည်း။
8 Kushi akamzaa Nimrodi, ambaye alikuwa hodari wa kwanza juu ya nchi.
၈ကုရှသည် သားနိမ်ရောဒကိုလည်း ရသေး၏။ ထိုသားသည် မြေကြီးပေါ်မှာ အဦးစွမ်းနိုင်သော သူဖြစ်၏။
9 Alikuwa mwindaji mkuu mbele ya Yahwe. Hii ndiyo sababu hunenwa, “Kama Nimrod mwindaji mkuu mbele za Yahwe.”
၉ထာဝရဘုရားရှေ့မှာ အားကြီးသော မုဆိုးဖြစ်၏။ ထိုကြောင့် စကားပုံ၌ကား၊ ဘုရားရှေ့နိမ်ရောဒ၊ အားကြီးမုဆိုး၊ ပြုလုပ်သည်လိုဟု စပ်ဆိုသတည်း။
10 Miji ya kwanza ya ufalme wake ilikuwa Babeli, Ereku, Akadi na Kalne, katika ichi ya Shinari.
၁၀သူ၏ နိုင်ငံအဦးကား၊ ရှိနာပြည်၌ ဗာဗုလုန်မြို့၊ ဧရက်မြို့၊ အက္ကမြို့ကာလနေမြို့တည်း။
11 Kutoka katika nchi ile alikwenda Ashuru na akajenga Ninawi, Rehoboth- iri na Kala,
၁၁ထိုပြည်မှာအာရှရိပြည်သို့သွား၍ နိနေဝမြို့၊ ရဟောဘုတ်မြို့ ကာလမြို့ကို၎င်း၊
12 na Raseni ambao ulikuwa kati ya Ninawi na Kala. Ulikuwa mji mkubwa.
၁၂နိနေဝေမြို့နှင့်၊ ကာလမြို့စပ်ကြားမှာ ကြီးစွာသော မြို့တည်းဟူသော ရေသင်မြို့ကို၎င်း တည်ဆောက် လေ၏။
13 Misraimu akazaa Waludi, Waanami, Walehabi, na Wanaftuhi,
၁၃မိဇရိမ်သားကား၊ လုဒိမ်လူ၊ အာနမိမ်လူ၊ လဟာဗိမ်လူ၊ နတ္တုဟိမ်လူ၊
14 Wapathrusi na Wakasluhi ( ambao kwao Wafilisti walitokea), na Wakaftori.
၁၄ပါသရူသိမ်လူ၊ ကာသလုဟိမ်လူ၊ ကတ္တောရိမ် လူတည်း။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိလူဖြစ် သတည်း။
15 Kanaani akamzaa Sidono, mwanawe wa kwanza, na Hethi,
၁၅ခါနာန်သား အကြီးကား၊ ဇိဒုန်။ ထိုနောက် ဟေသ။
16 pia na Myebusi, na Mwamori, Mgirgashi,
၁၆ထိုနောက် ယေဗုသိလူ၊ အာမောရိလူ။ ဂိရဂါရှိ လူ၊
၁၇ဟိဝိ လူ၊ အာကိလူ၊ သိနိလူ၊
18 Mwarvadi, Msemari, na Mhamathi. Baadaye koo za wakanaani zikasambaa.
၁၈အာဝဒိ လူ၊ ဇေမရိလူ၊ ဟာမသိ လူတည်း။ ထိုနောက်ခါနာန် အမျိုးသားအသီးသီးတို့သည် နှံ့ပြားကြ လေ၏။
19 Mpaka wa Wakanaani ulianzia Sidoni, katika mwelekeo wa Gerari, hata Gaza, na kama kuelekea Sodoma, Gomora, Adma, na Seboimu hata Lasha.
၁၉ခါနာန်အမျိုးသား နေရာပြည်နယ်သည် ဇိဒုန်မြို့မှဂေရာမြို့၊ ဂါဇမြို့တိုင်အောင်၎င်း တဖန်သောဒုမြို့၊ ဂေါမာရမြို့၊ အာဒမာမြို့ ဇောဘိုင်မြို့ကိုလွန်၍ လာရှမြို့ တိုင်အောင်၎င်း ရှိသတည်း။
20 Hawa walikuwa wana wa Ham, kwa koo zao, kwa lugha zao, katika ardhi zao na katika mataifa yao.
၂၀ဤသူတို့သည် သီးခြားသော အမျိုးအနွယ်၊ သီးခြားသော ဘာသာအလိုက်၊ အပြည်အပြည် အတိုင်းတိုင်း၌ နေသော ဟာမသားများ ဖြစ်သတည်း။
21 Pia walizaliwa wana kwa Shemu, ndugu yake mkubwa wa Yafethi. Shemu pia alikuwa baba yao na watu wote wa Eberi.
၂၁ယာဖက်ညီ၊ ဟေဗြဲလူအပေါင်းတို့၏ အဘ၊ ရှေမသည်လည်း သားများကိုမြင်လေ၏။
22 Wana wa Shemu walikuwa Elamu, Ashuru, Alfaksadi, Ludi, na Aramu.
၂၂ရှေမသားကား၊ ဧလံ၊ အာရှရ၊ အာဖါဇဒ်၊ လုဒ၊ အာရံတည်း။
23 Wana wa Aramu walikuwa ni Usi, Huli, Getheri, na Mashi.
၂၃အာရံသားကား၊ ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှတည်း။
24 Arfaksadi akamzaa Sela, na Sela akamzaa Eber.
၂၄အာဖာဇ်သားရှာလ၊ ရှာလသားဟေဗာတည်း။
25 Eberi akazaa wana wawili wa kiume. Jina la mmoja aliitwa Pelegi maana katika siku zake nchi iligawanyika. Jina la ndugu yake aliitwa Yoktani.
၂၅ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင်လေ၏။ သားတယောက်ကား၊ ဖာလက်အမည်ရှိ၏။ အကြောင်းမူကား၊ သူ့လက်ထက်၌ မြေကြီးကို ခွဲဝေကြ၏။ သူ၏ညီကား၊ ယုတ္တန် အမည်ရှိ၏။
26 Yoktani akamzaa Almodadi, Shelefu, Hasarmawethi, Yera,
၂၆ယုတ္တန်သားကား၊ အာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊
27 Hadoram, Uzali, Dikla,
၂၇ဟဒေါရံ၊ ဥဇလ၊ ဒိကာလ၊
28 Obali, Abimaeli, Sheba,
၂၈ဩဗလအဘိမေလ၊ ရှေဘ၊
29 Ofiri, Havila, na Yobabi. Hawa wote walikuwa wana wa Yoktani.
၂၉ဩဖိရဟဝိလ၊ ယောဗပ်၊ ဤသူအပေါင်းတို့ သည် ယုတ္တန်သားဖြစ်သတည်း။
30 Mpaka wao ulikuwa unaanzia Mesha, hadi Sefari, mlima wa mashariki.
၃၀သူတို့နေရာမူကား၊ မေရှမြို့မှသည် အရှေ့ မျက်နှာ၌သေဖာတောင်တိုင်အောင် ရှိသတည်း။
31 Hawa walikuwa wana wa Shemu, kulingana na koo zao na lugha zao, katika ardhi zao kulingana na mataifa yao.
၃၁ဤသူတို့သည် သီးခြားသော အမျိုးအနွယ်၊ သီးခြားသော ဘာသာအလိုက်၊ အပြည်ပြည်အတိုင်းတိုင်း တို့၌နေသော ရှေမသားများဖြစ်သတည်း။
32 Hizi zilikuwa koo za wana wa Nuhu, kulingana na vizazi vyao, kwa mataifa yao. Kutokea kwa hawa mataifa yaligawanyika na kwenda juu ya nchi baada ya gharika.
၃၂ဤရွှေ့ကား မိမိတို့အမျိုးအနွယ် အသီးသီး အလိုက်မှတ်သားထားသော နောဧသား ဆွေစဉ် မျိုးဆက်စာရင်းပေးသတည်း။ ထိုသူတို့သည် ရေလွှမ်းမိုးသောနောက်၊ မြေကြီးပေါ်မှာ သီးခြားသော တိုင်းပြည် တို့ကိုတည်ထောင်ကြလေ၏။