< Ezekieli 47 >

1 Kisha yule mtu akanirudisha nyuma kwenye lango la kuingia la hekalu, na kulikuwa na maji yakitiririka nje kutoka chini ya hekalu kizingiti cha nyumba kuelekea masharikii-kwa mbele ya hekalu kulekea mashariki-na maji yalikuwa yakitiririka chini upande wa kusini mwa hekalu, kuelekea upande wa kuume wa madhabahu.
ထိုနောက်မှ အိမ်တော်တံခါးသို့ တဖန်ငါ့ကို ဆောင်ခဲ့၍၊ တံခါးခုံအောက်မှာ အရှေ့ဘက်သို့ထွက်သော ရေကိုငါမြင်၏။ အမ်တော်ဦးသည် အရှေ့သို့မျက်နှာပြု၍၊ ရေသည်အိမ်တော်တံခါးခုံလက်ျာအောက်၊ ယဇ်ပလ္လင် တော် တောင်ဘက်မှ စီးသွားလေ၏။
2 Hivyo akanileta kwenye lango la kaskazini na kuniongoza kuzunguka lango kuelekea mashariki, na hapo maji yalikuwa yakitiririka kutoka lango hili kwa upande wa kusini yake.
တဖန် မြောက်တံခါးလမ်းဖြင့် ငါ့ကိုထုတ်၍ ပြင်၌ဝိုင်းသွားလျက်၊ အရှေ့သို့ မျက်နှာပြုသော ပြင်တံခါး လမ်းဝသို့ ရောက်သောအခါ၊ လက်ျာဘက်မှစီးသော ရေကို ငါမြင်၏။
3 Yule mtu alipokuwa akienda mashariki, kulikuwa na kamba ya kupimia kwenye mkono wake; akapima dhiraa elfu moja akanivusha kwenye maji hata maji yakafika kwenye magoti.
ကြိုးကိုကိုင်သောသူသည် အရှေ့သို့သွားပြီးလျှင်၊ အတောင်တတောင်စေ့အောင်တိုင်း၍ ငါ့ကို ရေကူးစေ၏။ ရေသည် ဖမျက်သို့ မှီလေ၏။
4 Kisha akapima dhiraa elfu moja ten akanivusha kwenye yale maji yaliyofika kwenye magoti; akapima dhiraa elfu kumi nyingine na kunivusha maji yakafika hata kwenye nyonga.
တဖန်အတောင်တထောင်စေ့အောင်တိုင်း၍ ရေးကူးစေပြန်လျှင်၊ ရေသည် ဒူးကိုမှီလေ၏။ တဖန် အတောင်တထောင်စေ့အောင်တိုင်း၍ ကူးစေပြန်လျှင်၊ ရေသည်ခါးကိုမှီလေ၏။
5 Tena akapima dhiraa elfu moja nyingine, lakini ulikuwa mto ambao sikuweza kuuvuka kwa sababu maji yalizidi na yalijaa maji ya kuogelea ndani-yalikuwa mto usiovukika
တဖန် အတောင်တထောင်စေ့အောင် တိုင်းသောအခါ မကူးနိုင်သော မြစ်ဖြစ်လေ၏။ ရေထ သောကြောင့် နင်း၍မကူးနိုင်၊ ခြေထောက်၍ မမှီပဲ ကူးရသောမြစ်ဖြစ်၏။
6 Yule mtu akanambia, “Mwanadamu, unaona hii?” akanipeleka na kunirudisha karibu na ukingo wa mto.
ထိုသူက၊ အချင်းလူကား၊ ဤအရာကို မြင်သည် မဟုတ်လောဟု ပြောပြီးမှ တဖန်ငါ့ကိုခေါ်သွား၍ မြစ်နားသို့ပြန်စေ၏။
7 Nilipokuwa nikirudi, hapo kwenye ukingo wa mto kulikuwa na miti mingi katika huu upande na upande mwingine pia.
ပြန်စဉ်အခါ မြစ်နားနှစ်ဘက်၌ များစွာသော အပင်တို့ကို ငါမြင် ၏။
8 Yule mtu akanambia, “Haya maji yanatoka kwenda pande za nchi ya mashariki na chini hata Araba; haya maji hutiririka kwenye Bahari ya Chumvi itaifanya kuwa mpya.
ထိုသူကလည်း၊ ဤရေသည် အရှေ့သို့စီး၍ တောကို ရှောက်ပြီးမှ၊ အိုင်ထဲသို့ဝင်တတ်သော အားဖြင့် အိုင်ရေသည် ချိုလိမ့်မည်။
9 Itakuwa kwamba kila kiumbe hai kisongamanacho kitaishi mahali maji yanapoelekea; kutakuwa na samaki wengi, kwenye hayo maji yatiririkayo huko. Itafanya maji ya chumvi kuwa mapya. Kila kitu kitaishi popote mto utakapoelekea.
အသက်ရှင်၍လှုပ်ရှားတတ်သော သတ္တဝါ အမျိုးမျိုးတို့သည် ထိုမြစ်ရေရောက်သမျှသော အရပ်တို့၌ အသက်ရှင်၍၊ အလွန်များစွာသော ငါတို့လည်း ရှိကြ လိမ့်မည်။ ထိုမြစ်ရေသည် ချိုသောကြောင့်၊ ရောက်သမျှ သော အရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင် ကြလိမ့်မည်။
10 Kisha itatokea kwamba wavuvi wa En Gedi watasimama karibu na maji, na kutakuwa na sehemu ya kutandazia nyavu za samaki karibu na En Eglaimu. Kutakuwa na samaki nyingi za aina tofauti tofauti katika Bahari ya Chumvi, kama samaki kwenye Bahari Kuu kwa wingi wao.
၁၀အိုင်နားမှာတံငါတို့သည် ရပ်၍၊ အင်္ဂေဒိရွာမှ စ၍ ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာ အရပ် ဖြစ်လိမ့်မည်။ ငါအမျိုးမျိုးတို့သည် မဟာပင်လယ်ငါးကဲ့သို့ အလွန်များပြားကြလိမ့်မည်။
11 Lakini Bahari ya Chumvi ikajaa maji na matope hayataachwa mapya; yataachwa yawe kwa ajili ya kutengeneza chumvi.
၁၁ရွံ့ပွက်ရည်နှင့် ရွံ့အိုင်ရေမူကား မချိုရ၊ အစဉ် ငန်ရလိမ့်မည်။
12 Karibu na huo mto juu ya ukingo wake, pande zote, aina zote za miti utazaa chakula. Majani yake hayatanyauka na matunda yake hayataacha kukua. Kila mwezi miti itazaa matunda, kwa sababu maji kutoka patakatifu yatatirirka kwenda kwenye hiyo miti. Matunda yake yatakuwa kwa ajili ya chakula, na majani yake yatakuwa kwa ajili ya dawa.
၁၂မြစ်ကမ်းနားနှစ်ဖက်၌ စားစရာကောင်းသော အပင်အမျိုးမျိုး ပေါက်ကျလိမ့်မည်။ အရွက်လည်း မညှိုး မနွမ်းရ အသီးလည်းမပျက်ရ။ လတိုင်းအစဉ်နုသော အသီးကို သီးလိမ့်မည်။ အကြောင်းမူကား၊ သန့်ရှင်းရာ ဌာနထဲကထွက်သတည်း။ အသီးသည် စားစရာ အပိုဖြစ် ၏။ အရွက်သည် အနာရောဂါငြိမ်းစရာဘို့ဖြစ်သည်ဟု ငါ့အားပြောဆို၏။
13 Bwana Yahwe asema hivi: Hii itakuwa njia ambayo mtaigawanya nchi kwa ajili ya kabila kumi na mbili za Israeli: Yusufu atakuwa na mafungu mawili.
၁၃အရှင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးအမွေခံရသော မြေ အပိုင်းအခြားမူကား၊ ယောသပ်သည် မြေအပိုင်းအခြား နှစ်ခုကို ယူရမည်။
14 Mtaigawa kila mtu sawa sawa ambayo niliinua mkono wangu na kuapa kuwapa baba zenu. Hii nchi itakuja kuwa urithi kwenu.
၁၄ဘိုးဘေးတို့အား ငါကျိန်ဆိုသည်အတိုင်း ငါပေး ရသော ထိုမြေသည် သင်တို့အမွေဖြစ်၍၊ သင်တို့သည် အချင်းချင်းအမွေခံရကြမည်။
15 Huu utakuwa mpaka wa nchi upande wa kaskazini kutoka Bahari Kubwa kwa njia ya Hethloni, na kisha kuelekea Zedada.
၁၅မြေမြောက်ဘက်အပိုင်းအခြားသည် မဟာ ပင်လယ်တဘက်တချက်၊ ဟေသလုန်လမ်း၊ ဇေဒဒ်လမ်းသို့ လိုက်လျက်၊
16 Kisha mpaka utaenda hata Berotha, hadi Sibraimu, iliyopo kati ya Damaskasi na Hamathi, na kisha hata Hazer-hatikoni, iliyopo karibu na mpaka wa Haurani.
၁၆ဟာမတ်မြို့နှင့် ဗေရောသာမြို့ကို၎င်း၊ ဒမာသက်နယ်နှင့်ဟာမတ်နယ်ဆက်ကြားမှာ သိဗရိမ် မြို့ကို၎င်း၊ ဟောရန်မြို့အနားမှာ၊ ဟာဇာဟတ္တိကုန်းမြို့ကို ၎င်း ဝိုင်း၍၊
17 Hivyo mpaka utaenda kutoka kwenye bahari hadi Hazar-enoni kwenye mpaka wa Damaskasi na Hamathi hata kaskazini. Huu utakuwa upande wa kaskazini.
၁၇တဖန်ပင်လယ်နှင့်ကွာပြီးမှ ဒမာသက်နယ် အနား၌ ဟာဇရေနန်မြို့၊ မြောက်ဘက်၌ ဇိဖြုန်မြို့၊ ဟာမတ်မြို့ပါရမည်။ ဤရွေ့ကား မြောက်ဘက် အပိုင်း အခြားဖြစ်သတည်း။
18 Kwa upande wa mashariki, kati ya Haurani na Damaskasi na kati ya Geliadi na nchi ya Israeli kutakuwa na mto Yordani. Mtapima kutoka kwenye mpaka hata kwenye bahari ya mashariki; huo wote utakuwa mpaka wa mashariki.
၁၈အရှေ့ဘက်အပိုင်းအခြားသည် ဟောရန်မြို့၊ ဒမာသက်မြို့၊ ဂိလဒ်ပြည်၊ ရောဒန်မြစ်နား ဣသရေလ ပြည်နယ်ကိုရှောက်၍၊ အရှေ့ပင်လယ်၌ ဆုံးရမည်။ ဤရွေ့ကား၊ အရှေ့ဘက်အပိုင်းအခြား ဖြစ်သတည်း။
19 Kisha upande wa kusini: kusini mwa Tamari hadi kwenye maji ya Meriba Kadeshi, kijito cha Misri hata Bahari Kuu, na upande wa kusini kuelekea kusini.
၁၉တောင်ဘက်အပိုင်းအခြားသည် တာမာမြို့မှ စ၍ ကာဒေရှမြို့၊ မေရိဘရေတိုင်အောင်၎င်း၊ မဟာ ပင်လယ်ထဲသို့ ဝင်သောမြစ်တိုင်အောင်၎င်း၊ ရှောက်သွား ရမည်။ ဤရွေ့ကား၊ တောင်ဘက်အပိုင်းအခြားဖြစ်သ တည်း။
20 Kisha mpaka wa magharibi utakuwa Bahari Kuu utaelekea hata nyuma ya Hamathi. Huu utakuwa upande wa mgharibi.
၂၀အနောက်ဘက်၌ မဟာပင်လယ်သည် တောင် ဘက်မှစ၍၊ ဟာမတ်မြို့တဘက်တချက်တိုင်အောင် ပိုင်းခြားလျက်ရှိရမည်။ ဤ၍ကား၊ အနောက်ဘက်အပိုင်း အခြားဖြစ်သတည်း။
21 Kwa njia hii mtaigawanya hii nchi kwa ajili yenu wenyewe, kwa kabila za Israeli.
၂၁ထိုမြေကိုဣသရေလအမျိုး အသီးအသီးတို့အား ဝေရမည်။
22 Hivyo mtagawana urithi kwa ajili yenu wenyewe na kwa ajili ya wageni walio kati yenu, wale watakaozaa watoto kati yenu na waliokuwa, kati yenu, kama wazaliwa wa watu wa Israeli. Mtapewa urithi miongoni mwa makabila ya Israeli.
၂၂အမျိုးသားချင်းအမွေခံဘို့၎င်း၊ သင်တို့တွင်နေ၍ သားသမီးဘွားမြင်သော တပါးအမျိုးသားချင်း အမွေခံ ဘို့၎င်း စာရေးတံချ၍ မြေကို ဝေရမည်။ ထိုတပါး အမျိုးသားတို့ကို ပြည်၌ဘွားမြင်သော ဣသရေလ အမျိုးသားကဲ့သို့မှတ်ရမည်။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့် အတူမြေကိုအမွေခံ ရကြလိမ့်မည်။
23 Kisha itatokea kwamba wageni watakuwa pamoja na kabila miongoni mwa yule anayeishi. Mtapatia urithi-hivi ndivyo Bwana Yahwe asemavyo.”
၂၃တပါးအမျိုးသား နေလေရာရာခရိုင်၌ သူ့အမွေ ခံစရာမြေကို ပေးရမည်ဟု အရှင်ထာဝရဘုရား မိန့်တော် မူ၏။

< Ezekieli 47 >