< Ezekieli 45 >
1 Wakati mtakapogawanya nchi kama urithi, mtafanya sadakwa kwa Yahwe; sadaka hiyo itakuwa sehemu takatifu ya nchi, dhiraa elfu ishirini na tano urefu, na dhiraa elfu kumi upana. Patakuwa patakatifu, ndani ya mipaka yake yote.
၁သင်တို့သည် မြေ ကို အမွေခံ ခြင်းငှါစာရေးတံချ ၍ ပိုင်းခြားသောအခါ ၊ သန့်ရှင်း သောမြေ တကွက်ကို ထာဝရဘုရား အား ပူဇော် ရကြမည်။ ထိုအကွက်သည် အလျား ကျူလုံးအပြန်နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိရမည်။ နယ်နိမိတ် ရှိသမျှ သည်လည်း သန့်ရှင်း ရမည်။
2 Kutoka hapa kutakuwa na dhiraa mia tano kwa dhiraa mia tano za mraba kuzunguka mahali patakatifu, kwa kuuzunguka mpaka dhiraa hamsini upana.
၂ထိုမြေကွက်အလယ်၌ အလျားအတောင်ငါး ရာ ၊ အနံလည်း အတောင်ငါး ရာ ရှိသော စတုရန်း အကွက် သည် သန့်ရှင်း ရာဌာနဘို့ ဖြစ် ရမည်။ ထိုအကွက် ပတ်လည် ၌ သန့်ရှင်းသော နယ် လည်းအတောင် ငါးဆယ် ရှိရမည်။
3 Kutoka hili eneo utapima fungu ambalo ni dhiraa elfu ishirini na tano urefu na elfu kumi upana; patakuwa patakatifu; mahali patakatifu palipo tukuka.
၃ထိုသို့အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ကိုတိုင်း ပြီးမှ အလွန် သန့်ရှင်းသောအရပ်နှင့် သန့်ရှင်း သောဌာနတည်ရာ ဖြစ် ရမည်။
4 Patakuwa patakatifu katika nchi kwa ajili ya makuhani wanaomtumikia Yahwe, ajaye kwa Yahwe kumtumikia. Patakuwa mahali kwa ajili ya nyumba na eneo takatifu kwa ajili mahali patakatifu.
၄ထိုသန့်ရှင်း သောမြေ သည် ထာဝရဘုရား ၏ အမှုတော်ကို ဆောင် ခြင်းငှါ အထံတော်သို့ချဉ်းကပ် ၍၊ သန့်ရှင်း ရာဌာန၏ အမှု စောင့်၊ ယဇ်ပုရောဟိတ် တို့အဘို့ ဖြစ်ရမည်။ သူ တို့ အိမ် ဆောက်စရာနှင့် သန့်ရှင်း ရာဌာနတည်စရာဘို့ သန့်ရှင်း သော မြေဖြစ် ရမည်။
5 Hivyo itakuwa dhiraa elfu ishirini na tano urefu na elfu kumi upana, patakuwa kwa ajili ya miji ya Walawi wanaotumika kwenye nyumba.
၅အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိသောအကွက်သည် အိမ် တော်အမှု စောင့်လေဝိ လူတို့ နေရာအခန်း နှစ်ဆယ် တည်ဆောက်စရာဘို့ ဖြစ် ရမည်။
6 Mtadhihirisha eneo moja kwa ajili ya mji, dhiraa elfu tano na urefu ishirini na tano, hapo patakuwa kando kando ya eneo lililohifadhiwa kwa ajili ya mahali patakatifu; huu mji utakuwa wa mali ya nyumba yote ya Israeli.
၆မြို့ တော်နှင့်ဆိုင်သောမြေသည် သန့်ရှင်း သော အရပ်တဘက်တချက် ၌ အလျားတသောင်း ငါးထောင်၊ အနံ ငါး ထောင် ရှိ၍၊ ဣသရေလ အမျိုးသား အပေါင်း တို့ အဘို့ ဖြစ် ရမည်။
7 Nchi ya mwana mfalme itakuwa kwa pande zote za eneo lililohifadhiwa kwa ajili ya mahali patakatifu na mji. Patakuwa kwa upande wao wa magaharibi na upande wa mashariki. Urefu utalingana na urefu wa moja ya hayo mafungu, kutoka magaribi hata mashariki.
၇သန့်ရှင်း သောမြေကွက် နှင့် မြို့ တော် နယ်နိမိတ်အနောက် ဘက်တရှောက်လုံးတပိုင်း၊ အရှေ့ ဘက် တရှောက်လုံးတပိုင်းသည် မင်းသား အဘို့ ဖြစ်ရမည်။
8 Hii nchi itakuwa mali ya mwana mfalme katika Isaraeli. Wana wafalme hawatawakandamiza watu wangu; badala yake, watawapatia nchi kwa nyumba ya Israeli, kwa ajili ya makabila yao.
၈ငါ ၏မင်းသား တို့သည် နောက် တဖန် ငါ ၏လူ တို့ ကို မ ညှဉ်းဆဲ မည်အကြောင်း၊ ထိုမြေသည် ဣသရေလ ပြည်၌ မင်းသားပိုင် သော မြေ ဖြစ် ရမည်။ ကြွင်းသော မြေ ကို ဣသရေလ အမျိုးအနွယ် အသီးအသီးတို့အား ပေးဝေ ရမည်။
9 Bwana Yahwe asema hivi: Inatosha kwa ajili yenu, mwana mfalme wa Israeli! Ondoa dhuluma na mgogoro; fanya hukumu na haki! Usiwafukuze wapangaji wa watu wangu! -hivi ndivyo Bwana Yahwe asemavyo.
၉အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုဣသရေလ မင်းသား တို့၊ ရောင့်ရဲ သောစိတ် ရှိကြလော့။ အနိုင်အထက်ပြု ခြင်း၊ လုယူ ခြင်းအမှုတို့ကို ပယ်ရှား ၍ ၊ တရား သောအမှု ၊ ဟုတ်မှန် သော အမှုတို့ကို ပြု ကြလော့။ နောက်တဖန်ငါ ၏ လူ တို့ကို မ ညှဉ်းဆဲ မနှိပ်စက်ကြနှင့်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
10 Mtakuwa na mzani sahihi, efa sahihi, na bathi sahihi!
၁၀မှန် သောချိန်ခွင် ၊ မှန် သောဧဖါ ၊ မှန် သော ဗတ် တို့ကို သုံး ရကြမည်။
11 Efa na bathi zitakuwa kiasi kile kile, ili kwamba bathi iwe zaka ya homeri; efa itakuwa zaka ya hamori moja. Vipimo vyao vitakuwa vinafanana na homeri.
၁၁ဧဖါ နှင့် ဗတ် သည် အညီအမျှ ရှိ ရမည်။ နှစ်ပါးသည် ဟောမဲ ကို အမှီပြု၍၊ ဧဖါ သည်တဟောမဲ တွင် ဆယ်စုတစု ၊ ဗတ် သည်လည်း တဟောမဲ တွင် ဆယ်စုတစု ရှိ ရမည်။
12 Shekeli zitakuwa gera ishirini, shekeli sita zitakuwa mane yenu.
၁၂ဂေရာ နှစ်ဆယ် ကိုတကျပ် ၊ အကျပ် ခြောက်ဆယ် ကို တမာနေ ရှိ ရမည်။
13 Hili ndilo toleo mtakalotoa: efa sita kwa kila homeri ya ngano, na mtatoa efa sita kwa kila homeri ya shayiri.
၁၃ချီးမြှောက် ရာ ပူဇော်သက္ကာပြုသောအခါ၊ ဂျုံ ဆန်ဖြစ်စေ၊ မုယော ဆန်ဖြစ်စေ၊ တဟောမဲတွင်တဩမဲ ကို ပူဇော် ရမည်။
14 Sadaka ya kawaida ya mafuta itakuwa zaka ya bathi kwa kila kori (ambazo ni bathi), au kwa kila hamori, kwa kuwa hamori moja ni bathi kumi pia.
၁၄ဆီ နှင့်ဆိုင်သော ပညတ် ဟူမူကား၊ တ ကောရတွင် ဗတ် ဆယ်စုတစု ကို ပူဇော်ရမည်။ တဟောမဲ သည် ဆယ် ဗတ် ဖြစ်သောကြောင့် တကောရသည်ဆယ် ဗတ် ဖြစ်သတည်း။
15 Kondoo mmoja au mbuzi kutoka mifugo kwa kila wanyama mia mbili kutoka malisho ya maji ya mikoa ya Israeli yatatumika kwa sadaka ya kuteketezwa yoyote au sadaka ya amani kufanya upatanisho kwa ajili ya watu-hivi ndivyo Bwana Yahwe asemavyo.
၁၅သူ တို့အပြစ် ကို ဖြေခြင်းငှါ ဣသရေလ ကျက်စား ရာ၊ ရေများသော အရပ်၌ရှိသောသိုး နှစ်ရာ တွင် သိုးသငယ် တကောင် ကို ဘော်ဇဉ် ပူဇော်သက္ကာနှင့်တကွ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
16 Watu wote wa nchi watatoa hii sadaka kwa mwana mfalme wa Israeli.
၁၆ထိုချီးမြှောက် ရာပူဇော်သက္ကာကို ပြည်သူ ပြည်သားအပေါင်း တို့သည် ဣသရေလ မင်းသား အား ဆက် ရကြမည်။
17 Utakuwa wajibu wa mwana mfalme kutoa wanyama kwa ajili ya sadaka za kuteketezwa, sadaka ya unga, sadaka ya kinywaji, katika siku za sikukuu na sherehe za mwezi mpya, na katika siku za Sabato-sikukuu zote za kudumu za nyumba ya Israeli. Ataandaa kwa ajili ya sadaka za dhambi, sadaka za unga, sadaka za kuteketezwa, na sadaka za amani kwa ajili ya upatanisho badala ya nyumba ya Israeli.
၁၇မင်းသားသည်လည်းပွဲသဘင် နေ့၊ လဆန်း နေ့၊ ဥပုသ် နေ့၊ ဣသရေလ အမျိုး ပရိသတ် စည်းဝေးသော နေ့ရက်အစဉ်အတိုင်းမီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာတို့ကို ပူဇော် ရမည်။ ဣသရေလ အမျိုး ၏အပြစ် ကို ဖြေခြင်းငှါ အပြစ် ဖြေရာ ယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်ကိုလည်း ပူဇော် ရမည်။
18 Bwana Yahwe asema hivi: Katika mwezi wa kwanza, siku ya kwanza ya mwezi, utachukua ng'ombe mmoja asiyekuwa na dosari kutoka kwenye kundi na kufanya sadaka ya dhambi kwa ajili ya patakatifu.
၁၈အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ပဌမ လ တ ရက်နေ့တွင် ၊ အပြစ် မပါ၊ အသက်ပျို သော နွားထီး တကောင်ကိုယူ ၍ သန့်ရှင်း ရာဌာနကို စင်ကြယ် စေရမည်။
19 Kuhani atachukua baadhi ya damu ya sadaka ya dhambi na kuiweka juu ya miimo ya mlango na kwenye pembe nne za mpaka wa madhabahu, na miimo ya lango la uzio wa ndani.
၁၉ယဇ်ပုရောဟိတ် သည် အပြစ် ဖြေရာ ယဇ်ကောင်အသွေး အချို့ကို ယူ ၍ အိမ် တော်တိုင် ၌ ၎င်း ၊ ယဇ်ပလ္လင် အောက်ထစ် လေး ထောင့် ၌ ၎င်း ၊ အတွင်း တန်တိုင်း တံခါး တိုင် ၌ ၎င်း ထည့် ရမည်။
20 Utafanya hivyo siku ya saba ya mwezi kwa dhambi ya kila mtu kwa ajali au ujinga; katika njia hii mtaipatanisha hekalu.
၂၀ထိုမှတပါး ၊ မှားယွင်း သောသူနှင့် မိုက် သောသူ အတွက် ခုနှစ် ရက်နေ့တွင်၊ ထိုနည်းတူ ပူဇော် ၍၊ အိမ် တော်အတွက် အပြစ် ဖြေရာမင်္ဂလာကို ပြုရမည်။
21 Katika siku ya mwezi siku ya kumi na nne ya mwezi, mtakuwa na sikukuu, sikukuu ya siku saba. Matakula makate usiotiwa chachu.
၂၁ပဌမ လ တဆယ် လေး ရက် နေ့တွင် ၊ ပသခါ ပွဲ ကို ခံ ရမည်။ ခုနစ် ရက် ပတ်လုံးပွဲခံစဉ်တွင်တဆေးမဲ့ မုန့်ကိုသာ စား ရမည်။
22 Siku hiyo, mwana mfalme ataandaa ng'ombe kwa ajili yake na kwa ajili ya watu wote wa nchi kama sadaka ya dhambi.
၂၂ထို နေ့ ၌ မင်းသား သည် ကိုယ် ဘို့ ၎င်း ၊ ပြည်သူ ပြည်သားအပေါင်း တို့ဘို့ ၎င်း၊ နွားထီး တကောင်ကို အပြစ် ဖြေရာ ယဇ်ပူဇော် ရမည်။
23 Kwa siku saba za sikukuu, mwana wa mfalme ataandaa sadaka ya kuteketezwa kwa ajili ya Yahwe: ng'ombe saba na kondoo dume saba zisizokuwa na dosari kila siku kwa mda wa siku saba, na mbuzi dume kila siku kama sadaka ya dhambi.
၂၃ပွဲ နေ့ခုနစ် ရက် ပတ်လုံးထာဝရဘုရား အား မီးရှို့ ရာယဇ်ကို နွားထီး ခုနစ် ကောင်၊ အပြစ် မပါသော သိုးထီး ခုနစ် ကောင်ကို၎င်း၊ အပြစ် ဖြေရာ ယဇ်ဘို့ဆိတ်သငယ် တကောင်ကို၎င်းနေ့ တိုင်းပူဇော် ရမည်။
24 Kisha mwana mfalme atatengeneza sadaka ya chakula ya efa moja kwa kila ng'ombe na efa moja kwa kila kondoo dume pamoja na hini ya mafuta kwa kila efa.
၂၄နွား ဖြစ်စေ၊ သိုး ဖြစ်စေ၊ တကောင်တကောင်နှင့် ပါရသော ဘောဇဉ် ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါ ၊ ဆီ တဟိန် ကို ပြင်ဆင် ရမည်။
25 Katika siku ya saba ya mwezi siku ya kumi na tano ya mwezi, katika sikukuu, mwana wa mfalme atafanya matoleo katika siku hizi saba: sadaka za dhambi, sadaka za kuteketezwa, sadaka za chakula, na sadaka za mafuta.
၂၅သတ္တမ လ တဆယ် ငါး ရက် နေ့တွင် ၊ ပွဲ ခံ၍ ယခင် အပြစ် ဖြေရာ ယဇ်၊ မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ ဆီ ပူဇော်သက္ကာပြုသည်အတိုင်း ခုနစ် ရက် ပတ်လုံးပြု ရမည်။