< Ezekieli 28 >

1 Kisha neno la Yahwe likanijia, kusema,
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2 “Mwanadamu, waambie watawala wa Tiro, 'Bwana Yahwe asema hivi: Moyo wako unakiburi! Umesema, “mimi ni mungu! Nitakaa kwenye kiti cha miungu katika moyo wa bahari!” Ingawa wewe ni mtu na sio mungu, unaufanya moyo wako kama moyo wa mungu,
အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို တုရုရှင်ဘုရင်အား ဆင့်ဆိုရမည်မှာ၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ်သော်လည်း ဘုရား သခင်မဟုတ်၊ လူသက်သက်ဖြစ်လျက်နှင့် ငါသည် ဘုရား ဖြစ်၏။ ပင်လယ်အလယ်၌ ဘုရားပလ္လင်ပေါ်မှာ ငါထိုင် သည်ဟု ဝါကြွားသောစိတ်နှင့် ဆိုသည်ဖြစ်၍၊
3 unafikiri kwamba unahekima kuliko Danieli, na kwamba hakuna siri ikushangazayo!
သင်သည် ဒံယေလထက်သာ၍ ပညာရှိပါသည် တကား။ သင်မသိရအောင် သူတပါးဝှက်ထားနိုင်သော အရာ တစုံတခုမျှမရှိ။
4 Umejitajirisha mwenyewe pamoja na hekima na ujuzi, na kujipatia dhahabu na fedha katika hazina yako!
ကိုယ်ဥာဏ်ပညာအားဖြင့် ဥစ္စာရတတ်၏။ ရွှေငွေကို ဆည်းပူးပြီ။
5 Kwa hekima kubwa na kwa biashara yako, umeongeza utajiri wako, hivyo moyo wako una kiburi kwa sababu ya utajiri yako.
ထူးဆန်းသော ပညာနှင့် ကုန်စလယ်များအား ဖြင့် စည်းစိမ်ကြီး၍၊ ထိုစည်းစိမ်ကြောင့် စိတ်ဝါကြွားပြီ။
6 Kwa hiyo, Bwana Yahwe asema hivi: Kwa sababu umetengeza moyo wako kama moyo wa mungu,
သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ် သောကြောင့်၊
7 kwa hiyo nitaleta wageni juu yako, watu wa kuogofya kutoka mataifa mengine. Wataleta panga zao juu hekima ya uzuri wako, na watauchafua uzuri wako.
ကြောက်မက်ဘွယ်သော တကျွန်းတနိုင်ငံသား တို့ကို သင်ရှိရာသို့ ငါပို့ဆောင်သဖြင့်၊ သူတို့သည် သင်၏ ပညာဂုဏ်ကို ထားနှင့်ခုတ်၍၊ သင်၏တင့်တယ်ခြင်း အသရေကို ရှုတ်ချကြလိမ့်မည်။
8 Watakupeleka chini hata kwenye shimo, na utakufa kifo cha waliokufa katika Bahari.
သင့်ကို မြေတွင်းထဲသို့နှိမ့်ချ၍၊ ပင်လယ်အလယ် ၌ ဆုံးရှုံးသောသူကဲ့သို့ သင့်အသက်သည် ဆုံးရှုံးရလိမ့် မည်။
9 Je! kweli utasema, “Mimi ni mungu” mbele ya uso wa yule akuuaye? Wewe ni mwanadamu na sio Mungu, na utakuwa kwenye mkono wa yule akujeruaye.
သင့်အသက်ကို သတ်သော သူတို့လက်တွင်၊ သင်သည် ဘုရားသခင်မဟုတ်၊ လူသက်သက် ဖြစ်လျက် နှင့်၊ ငါသည် ဘုရားဖြစ်သည်ဟု သင့်အသက်ကို သတ်သောသူတို့ရှေ့မှာ အမှန်ပြောလိမ့်မည်လော။
10 Utakufa kifo cha asiyetahiriwa kwa mkono wa wageni kwa kuwa nimesema hili-asema Bwana Yahwe.
၁၀အရေးဖျားလှီးခြင်းမခံသော လူသေသကဲ့သို့၊ သင်သည် တကျွန်းတနိုင်ငံသားတို့ လက်ဖြင့်သေရမည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
11 Neno la Yahwe likanijia, kusema,
၁၁တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
12 “Mwanadamu, inua maombolezo kwa ajili ya mfalme wa Tiro na umwambie, 'Bwana Yahwe asema hivi: Uliumbwa mkamilifu, umejaa hekima na ukamilifu wa hekima.
၁၂အချင်းလူသား၊ တုရုရှဘုရင်အတွက် မြည်တမ်း သော စကားကို မြွက်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်သည် ထူးဆန်းသော တံဆိပ်ဖြစ်၏။ ပညာနှင့်ပြည့်စုံ၍ တင့်တယ်ခြင်းအသရေ လည်းစုံလင်လျက်ရှိ၏။
13 Ulikuwa katika Edeni, bustani ya Mungu. Kila jiwe la thamani lilikufunika: akiki, yakuti manjano, almasi, zabarajadi, shohamu, yaspi, yakuti samawi, zumaridi, baharamani, na dhahabu. Ilikuwa siku uliyokuwa umeiumba ambayo walikuwa wameiandaa.
၁၃ဧဒင် အရပ်၊ ဘုရားသခင်၏ ဥယျာဉ်တော်၌ နေပြီ။ သင်၏ခေါင်းပေါ်မှာ ကျောက်နီ၊ ဥဿဖရား၊ စိန်၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွ့၊ နီလာ၊ မြ၊ ပတ္တမြား အစရှိသော ကျောက်မြတ် အမျိုးမျိုးတို့ကို ဆောင်လေ၏။ ရွှေဖြင့် လုပ်သော ပတ်သာ၊ ပုလွေတို့သည်လည်း၊ သင်ဘွားသော နေ့၌ပင် သင့်အဘို့ ပြင်ဆင်လျက်ရှိကြ၏။
14 Nimekuweka juu ya mlima mtakatifu wa Mungu kama kerubi nimekutia mafuta kwa ajili ya kumlinda mwanadamu. Ulikuwa kati ya mawe ya moto ulipozunguka.
၁၄သင်သည် ဖြန့်၍ လွှမ်းမိုးသော ခေရုဗိမ် ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင်၏ သန့်ရှင်းသော တောင်ပေါ်မှာ နေရာကျ၍ မီးတောက်သော ကျောက်တို့ တွင် သွားလာရ၏။
15 Ulikuwa mwadilifu kwenye njia zako kutoka siku ulipoumbwa hadi uovu ulipoonekana ndani yako.
၁၅ဘွားသောနေ့မှစ၍ သင့်အပြစ်ထင်ရှားသော နေ့တိုင်အောင်၊ ပြုလေရာရာ၌ စုံလင်လျက်ရှိ၏။
16 Kupitia biashara yako kubwa uliyokuwa umeijaza kwa udhalimu, hivyo umetenda dhambi. Hivyo nimekutupilia mbali ya mlima wa Mungu, kama mmoja wao wa aliyekuwa ameninajisi, na nimekuharibu, kerubi mlinzi, na kukutoa miongono mwa mawe ya moto.
၁၆သို့ရာတွင်၊ ကုန်သွယ်ခြင်း များပြားသောအား ဖြင့်၊ အဓမ္မအမှုတို့နှင့်ပြည့်စုံ၍ ပြစ်မှားသောအပြစ် ရောက်လေပြီ။ ထိုကြောင့်၊ ဆိုးယုတ်သော သူကဲ့သို့၊ သင့်ကိုဘုရားသခင်၏ တောင်တော်ပေါ်က ငါနှင်ထုတ် မည်။ အိုလွှမ်းမိုးသော ခေရုဗိမ်၊ မီးတောက်သော ကျောက်တို့အထဲက သင့်ကိုငါ ပယ်ရှင်းမည်။
17 Moyo wako ulikuwa na kiburi kwa uzuri wako; umeiharibu hekima yako kwa sababu ya fahari yako. Nimekupeleka chini kwenye dunia. Nimekuweka mbele ya wafalme ili waweze kukuona.
၁၇သင်သည် ကိုယ်၌ တင့်တယ်ခြင်းအသရေ ကြောင့်၊ ဝါကြွားသော စိတ်ရှိလျက် ဂုဏ်ထွန်းတောက် သောကြောင့်၊ သင်၏ပညာသည် ဖေါက်ပြန်လျက်ရှိလေ ပြီ။ ငါသည်သင့်ကို မြေတိုင်အောင်နှိမ့်ချမည်။ ရှင်ဘုရင် တို့သည် သင့်ကိုကြည့်ရှု၍ ဝမ်းမြောက်စေခြင်းငှါ၊ သူတို့ ရှေ့မှာ သင့်ကို ငါချထားမည်။
18 Kwa sababu ya wingi wa dhambi zako na biashara za udanganyifu, umepanajisi mahali pako patakatifu. Basi nimetengeneza moto kutoka ndani yako; utakula wewe. Nitakugeuza kwenye majivu juu ya dunia katika macho ya wote wakutazamao.
၁၈သင့်အပြစ်သည်များပြား၍ ကုန်သွယ်ခြင်း အဓမ္မအားဖြင့်၊ သန့်ရှင်းရာဌာနတို့ကို ညစ်ညူးစေသော ကြောင့်၊ သင့်ကိုမီးရှို့ဘို့ သင့်အလယ်၌ မီးကိုငါညှိမည်။ သင့်ကိုမြင်သော သူအပေါင်းတို့ရှေ့မှာ၊ သင်၏ ပြာကို မြေပေါ်သို့ ငါချထားမည်။
19 Wale wote waliokujua miongoni mwa watu watakao kutetemekewa; watakuwa watu wa kutisha, na hutakuwepo tena milele.”'
၁၉သင့်ကိုသိသောလူ အမျိုးမျိုးတို့သည် သင်၏ အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ သင်သည် ကြောက်မက်ဘွယ်ဖြစ်လိမ့်မည်။ နောက်တဖန် မပေါ်လာရ ဟု မိန့်တော်မူ၏။
20 Kisha neno la Bwana Yahwe likanijia, kusema,
၂၀တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
21 “Mwanadamu, elekeza uso wako Sidoni na toa utabiri juu yake.
၂၁အချင်းလူသား၊ သင်သည် ဇိဒုန်မြို့တဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊
22 Sema, Bwana Yahwe asema hivi: Tazama! Niko juu yako, Sidoni! Kwa kuwa nitatukuzwa kati yako hivyo watu wako watajua kwamba mimi ni Yahwe wakati nitakapokuwa nimezitekeleza hukumu ndani yako. Nitaonyesha utakatifu ndani yako.
၂၂အရှင် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည် မှာ၊ အိုဇိဒုန်မြို့၊ သင့်တဘက်၌ ငါနေ၏။ သင့်အလယ်၌ ငါ့ဘုန်းတန်ခိုးသည် ထင်ရှားလိမ့်မည်။ သင့်ကိုငါသည် အပြစ်ဒဏ်ပေး၍ ရိုသေခြင်းကိုခံရသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူများသိရကြလိမ့်မည်။
23 Nitapeleka tauni juu yako na tazama mitaa yako, na walioua wataanguka kati yako. Wakati upanga utakapokuja juu yao kutoka pande zote, kisha mtajua kwamba mimi ni Yahwe.
၂၃သင့်အပေါ်သို့ ကာလနာဘေးကို၎င်း၊ သင်၏ လမ်းတို့၌ ထားဘေးကို၎င်း၊ ငါစေလွှတ်၍၊ ပတ်လည်၌ တိုက်သော ထားဖြင့်သူရဲတို့သည် သင့်အလယ်၌ လဲ၍ သေကြသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
24 Kisha hakutakuwa na mtemba uchomao na maumivu ya miba kwa ajili ya nyumba ya Israeli kutoka wale wote waliomzunguka wanaowadharau watu wake, hivyo watajua kwamba mimi ni Bwana Yahwe!'
၂၄ထိုအခါ ဣသရေလအမျိုး၏ ပတ်လည်၍နေ၍၊ မထီမဲ့မြင်ပြုသော သူတို့တွင် စူတတ်သော ဆူးပင်၊ နှောက်ရှက်တတ်သောငြောင့် တစုံတခုမျှ မကုတ်ကြွင်းရ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
25 Bwana Yahwe asema hivi, Nitakapowakusanya nyumba ya Israeli kutoka miongni mwa watu waliokuwa wamekusanyika, na wakati nilipokuwa nimewatenga miongoni mwao, hivyo mataifa aanaweza kuona, kisha watafanya nyumba zao katika nchi nitakayo mpatia mtumishi wangu Yakobo.
၂၅တဖန် အရှင်ထာဝရဘုရား၏ မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် ကွဲပြားလျက်နေသော လူ အမျိုးမျိုးထဲက ငါခေါ်၍စုဝေးသောအခါ၊ သူတို့အားဖြင့် လူမျိုးများရှေ့၌ ရိုသေခြင်းကိုငါခံ၍၊ ငါ့ကျွန်ယာကုပ်အား အငါအရင်ပေးသော ပြည်၌သူတို့သည် နေကြလိမ့်မည်။
26 Kisha wataishi salama ndani yake na kujenga nyumba, kulima mizabibu, na kuishi salama wakati nitakapo zitekeleza hukumu juu ya wote wale ambao sasa wanawadharau kutoka sehemu zote; basi watajua yakwamba mimi ni Yahwe Mungu wao!”'
၂၆ထိုပြည်၌ စိုးရိမ်စရာမရှိ။ အိမ်ဆောက်ခြင်း၊ စပျစ်ဥယျာဉ်စိုက် ခြင်းအမှုကိုပြု၍ နေကြလိမ့်မည်။ သူတို့ ပတ်လည်၌ နေ၍မထီမဲ့မြင်ပြုသော သူအပေါင်းတို့ကို ငါသည် အပြစ်ဒဏ်စီရင်သောနောက် သူတို့သည် စိုးရိမ် စရာမရှိဘဲနေ၍၊ ငါသည် သူတို့၏ ဘုရားသခင် ထာဝရ ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< Ezekieli 28 >