< Ezekieli 27 >

1 Tena neno la Yahwe likanijia, kusema,
တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ၍၊
2 “Sasa wewe, mwanadamu, anza kuomboleza kuhusiana na Tiro,
အချင်းလူသား၊ တုရုမြို့အတွက် မြည်တမ်းခြင်း ကိုပြု၍၊ တုရုမြို့အား ဆင့်ဆိုရမည်မှာ၊
3 na mwambie Tiro, aishiye kwenye malango ya bahari, manahodha wa watu hata visiwa vingi, Bwana Yahwe asema hivi kwako: Tiro, umesema, mimi ni ukamilifu katika uzuri.'
အိုပင်လယ်ဝ၌ တည်သောမြို့၊ များစွာသော ကျွန်းသူကျွန်းသားတို့အဘို့ ကုန်သွယ်တတ်သောမြို့၊ သင့် ကို အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင်က၊ ငါ၏တင့်တယ်ခြင်းစုံလင်ပြီဟု ဆိုတတ်၏။
4 Mipaka yako iko kwenye moyo wa bahari; majengo yako yamekamilisha uzuri wako.
သင်၏နံပါးတို့သည် ပင်လယ်ထဲမှာ ရှိ၏။ သင်၏ဗိသုကာတို့သည် သင့်ကိုစုံလင်စွာ တင့်တယ်စေ ခြင်းငှါ ပြုကြပြီ။
5 Wametengeneza mbao nene na pana kwa mvinje kutoka Mlima Hermoni; wamechukua mkangazi kutoka Lebanoni kuufanya mlingoti.
သင်၏ပျဉ်ပြားရှိသမျှတို့ကို စေနိရထင်းရူး သစ်သားဖြင့် လုပ်၍၊ ရွက်တိုင်ဘို့ လေဗနန်အာရဇ်ပင် တို့ကို ယူကြပြီ။
6 Wametengeneza makasia yako kutoka kwenye mialo ya Bashani; wametengeza sitaha zako kwa mbao za mvinje kutoka Kitimu, na wametengeneza kwa pembe.
ဗာရှန်သပိတ်သစ်သားဖြင့် တက်တို့ကို၎င်း၊ ခိတ္တိမ်ကျွန်းတို့မှ ယူခဲ့၍ ဆင်စွယ်နှင့် စီချယ်သော တာရှုရသစ်သားဖြင့် ကန့်တို့ကို၎င်း လုပ်ကြပြီ။
7 Tanga zako zilikuwa za rangi za kitani kutoka Misri ambazo zilikuwa kama beramu!
အဲဂုတ္တုပြည်၌ ချယ်လှယ်သော ပိတ်ချောရွက် တို့ကို ဖြန့်၍၊ ဧလိရှကျွန်းတို့မှယူခဲ့သော အထည်ပြာ၊ အထည်မောင်းဖြင့် လုပ်သောမျက်နှာကြက်နှင့် ပြည့်စုံ၏။
8 Wale waliokuwa wakiishi Sidoni na Arvadi walikuwa wavuta makasia wako; wenye busara wa Tire walikuwa ndani yenu; walikuwa marubani wako.
ဇိဒုန်မြို့သား၊ အာဝဒ်မြို့သားတို့သည် သင်္ဘော သားဖြစ်၍၊ တုရုပညာရှိတို့သည်လမ်းပြမာလိန်ဖြစ်ကြ၏။
9 Mafundistadi wenye uzoefu wa hali ya juu kutoka Gabeli walijaza mishono; meli zote za bahari na mabaharia wao miongoni mwenu walikuwa wakiwabeba manahodha kwaajili ya biashara.
ဂေဗလလူကြီး၊ ပညာရှိတို့သည် သင့်ကို ပြုပြင် လျက်လိုက်ကြ၏။ ပင်လယ်ကူးတတ်သော သင်္ဘောရှိသမျှ၊ သင်္ဘောသားတို့နှင့်တကွ သင်နှင့် ဖောက်ကားရောင်းဝယ် ခြင်းငှါ ပါကြ၏။
10 Uajemi, Ludi, na Putu walikuwa katika jeshi lako, watu wako wa vita. Walining'iniza ngao na chapeo ndani yako; walionyesha uzuri wako.
၁၀ပေရသိလူ၊ လုဒလူ၊ ဖုတလူတို့သည် သင်၏ တပ်သား၊ စစ်သူရဲ လုပ်ကြ၏။ ဒိုင်း၊ လွှား၊ သံခမောက်လုံး တို့ကို ပြင်ဆင်၍၊ သင်၏ဂုဏ်အသရေကို ထင်ရှား စေကြ၏။
11 Watu wa Arvadi na Heleki katika jeshi lako walikuwa juu ya kuta zako wamekuzunguka, na watu wa Gamadi walikuwa kwenye minara yako. Walinin'giniza juu ngao zao juu ya kuta zako zote zilizokuzunguka! Wakaukamilisha uzuri wako.
၁၁အာဝဒ်အမျိုးသားတို့သည် သင်၏တပ်သားတို့ နှင့်တကွ မြို့ရိုးပတ်လည်၌ စီးကြ၏။ ဂမ္မဒိမ်လူတို့သည် ပြအိုးတို့ကိုစောင့်၍၊ မြို့ရိုးပတ်လည်၌ မြှားတောင့်တို့ကို ပြင်ဆင်သဖြင့်၊ သင်၏တင့်တယ်ခြင်းကို စုံလင်စေ ကြ၏။
12 Tarshishi alikuwa mdau wa biashara pamoja nawe kwa sababu ya wingi wa utajiri wako wa kuuza mizigo: fedha, chuma, bati, na risasi. Walinunua na kuuza bidhaa za biashara!
၁၂သင်၌ကုန်သွယ်ရန် ဥစ္စာများသောကြောင့်၊ တာရှုမြို့သည်ငွေ၊ သံ၊ သံဖြူ၊ ခဲတို့ကို သင့်ဝိုင်းသို့ယူခဲ့၍ သင်နှင့်ကုန်သွယ်ခြင်းကို ပြုလေ၏။
13 Yavani, Tubali, na Mesheki-waliwauza watumwa na katika vitu kutengeneza shaba. Walibeba bidhaa zako.
၁၃ယာဝန်မြို့၊ တုဗလမြို့။ မေရှက်မြို့တို့သည် သင်နှင့်ကုန်သွယ်၍၊ လူကျွန်တို့နှင့် ကြေးနီဖလားတို့ကို သင့်ဈေး၌ ရောင်းကြ၏။
14 Beth Togarma waliandaa farasi, farasi dume, na nyumbu kama kama bidhaa zako.
၁၄တောဂါမအမျိုးသားတို့သည်မြင်း၊ မြင်းစီးသူ၊ လားတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။
15 Watu wa Dedani walikuwa wafanya biashara wako kwenye pwani nyingi. Bidhaa zilikuwa mkononi mwako; walikutumia pembe, pembe za ndovu, na mpingo kama ushuru!
၁၅ဒေဒန်မြို့သားတို့သည်လည်း သင်နှင့်ကုန်သွယ် ကြ၏။ များစွာသော တကျွန်းတနိုင်ငံ အရပ်သားတို့သည် သင်လုပ်သော ဥစ္စာကိုဝယ်၍၊ ဦးချို၊ ဆင်စွယ်၊ သစ်သား နက်ကို ပြန်ပေးကြ၏။
16 Shamu alikuwa mchuuzi katika bidhaa zako nyingi; waliandaa zumaridi, zambarau, nguo zenye rangi mbali mbali, kitambaa kizuri, lulu, na kito chekundu cha thamani kama bidhaa zako.
၁၆သင်လုပ်သော ဥစ္စာများသောကြောင့် ရှုရိပြည်သည် သင်နှင့်ကုန်သွယ်၍၊ နပက်ကျောက်၊ ဗြာသောအထည်၊ ချယ်လှယ်သောအဝတ်၊ ပိတ်ချော၊ သန္တာ၊ ကျောက်နီတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။
17 Yuda na nchi ya Israeli walikuwa wafanyabiashara pamoja nawe. Waliandaa ngano kutoka Minithi, keki, asali, mafuta, na lihamu kama bidhaa zako.
၁၇ယုဒပြည်နှင့်ဣသရေလပြည်သည် သင်နှင့်ကုန် သွယ်၍၊ ဂျုံစပါး၊ မုရန်စေး၊ ပနက်စေး၊ ဗာလစံစေး၊ ဆီ၊ ပျားရည်တို့ကို သင့်ဈေး၌ သွင်းကြ၏။
18 Dameski alikuwa mfanya biashara wa bidhaa zako zote, za utajiri mkubwa mno, na ya divai ya Helboni na sufu ya Zahari.
၁၈ဒမာသက်မြို့သည် သင်လုပ်သော ဥစ္စာများ၊ စည်းစိမ်များပြားသောကြောင့်၊ ဟေလဗုန်စပျစ်ရည်၊ ဖြူသောသိုးမွေးကို ဖယ်လှယ်လျက် ဖေါက်ကားတတ်၏။
19 Dani na Yavani kutoka Uzali walikwandalia bidhaa ya chuma kilichofuliwa, na mdalasini, na mchai. Hivi vikawa bidhaa yako.
၁၉ဝေဒန်မြို့နှင့်ယာဝန်ပြည် ဥဇာလမြို့သည် လည်း သံပြောင်ကို သင့်ဝိုင်းသို့ယူခဲ့၍၊ သင့်ဈေး၌ သစ်ကြံပိုးနှင့် ကြံလည်းရှိ၏။
20 Dedani alikuwa mchuuzi katika nguo nzuri za kutandika.
၂၀ဒေဒန်မြို့သည် မြင်းစီးသူရဲ သုံးစရာချောသော အထည်မျိုးကို ရောင်း၍သင်နှင့်ကုန်သွယ်၏။
21 Arabuni na wakuu wote wa Kedari walikuwa wafanyabiashara pamoja nawe; walikuandalia wanakondoo, kondoo dume na mbuzi.
၂၁အာရပ်ပြည်နှင့် ကေဒါမင်း အပေါင်းတို့သည် သင်လုပ်သော ဥစ္စာကိုရခြင်းငှါ သိုးသငယ်၊ သိုးထီး၊ ဆိတ်များတို့နှင့် ဖယ်လှယ်၍ ကုန်သွယ်ကြ၏။
22 Wafanya biashara wa Sheba na Raama walikuja kukuuzia kila aina ya viungo vizuri katika vito vyote vya thamani; waliuza dhahabu kwa ajili ya bidhaa.
၂၂ရှေဘကုန်သည်၊ ရာဂမကုန်သည်တို့သည် သင်နှင့် ကုန်သွယ်၍ အမြတ်ဆုံးသော နံ့သာမျိုး၊ အဘိုးကြီးသော ကျောက်မျိုး၊ ရွှေမျိုးကိုသင့်ဝိုင်း၌ သွင်းကြ၏။
23 Harani, Kane, na Adina walikuwa wafanya biashara pamoja nawe, karibu na Sheba, Ashuru, na Kilmadi.
၂၃ခါရန်မြို့သား၊ ကန္နေမြို့သား၊ ဧဒင်မြို့သား၊ ရှေဘကုန်သည်၊ အာရှုရိကုန်သည်။ ခိလမဒ်ကုန်သည်တို့ လည်း၊ သင်နှင့်ကုန်သွယ်၍၊
24 Hawa walikuwa wachuuzi wako mapambo ya joho ya nguo za urujuani pamoja na rangi zilibuniwa, na nguo zilizo sanifiwa vizuri katika sehemu zako za soko.
၂၄ထူးဆန်းသော ဥစ္စာ၊ ပြာသောအထည်၊ ချယ် လှယ်သောအထည်၊ အဘိုးထိုက်သော အဝတ်တန်ဆာ ပါ၍၊ ကြိုးနှင့်ပတ်ရစ်သော အာရဇ်သေတ္တာတို့ကို သင်၏ ကုန်ထဲသို့သွင်းကြ၏။
25 Merikebu za Tarshishi zilikuwa misafara ya bidhaa yako! Hivyo ulijaa, shehena nzito katika moyo wa bahari!
၂၅တာရှုသင်္ဘေားတို့သည် သင်၏ကုန်ကို ဆောင် လျက်သွားလာသဖြင့်၊ သင်သည် ပင်လယ်အလယ်၌ ကြွယ်ဝ၍ အလွန်ဘုန်းကြီးလေ၏။
26 Wapiga makasia wako walikuleta kwenye bahari kuu mno; upepo wa mashariki umekuvunja kati yao.
၂၆ယခုမူကား၊ သင်၏တက်ခတ်သားတို့သည် သင့်ကိုကြီးစွာသော ရေထဲသို့ဆောင်သွား၍၊ အရှေ့လေ သည်လည်း ပင်လယ်အလယ်၌ ချိုးလေ ပြီ။
27 Utajiri wako, bidhaa, na mizigo ya biashara; wapiga makasia wako na marubani, na waunzi wa meli; wafanya biashara wako wa bidhaa na watu wote wa vita walio ndani yako, na jeshi lako-watazama kwenye kina cha bahari siku ya kuangamia kwako.
၂၇သင်သည် လဲပျက်သောအခါ သင်၏ဥစ္စာ၊ ဝိုင်း၊ ကုန်၊ သင်္ဘော သား၊ လမ်းပြမာလိန်၊ ပြုပြင်သူ၊ ကုန်သည်၊ စစ်သူရဲအလုံးအရင်းပါသမျှတို့သည် ပင်လယ်အလယ်၌ ကျရကြလိမ့်မည်။
28 Miji iliyopo kwenye bahari sauti itatetemeka kulia kwa rubani zako;
၂၈သင်၏လမ်းပြမာလိန်တို့ အော်ဟစ်သံကြောင့်၊ ပတ်ဝန်းကျင်အရပ်တို့သည် လှုပ်ရှားကြလိမ့်မည်။
29 Wote wavutao kasia watashuka chini kutoka meli katika zao; wanamaji na marubani wote juu ya bahari watasimama juu ya nchi.
၂၉တက်ခတ်သော သူအပေါင်းတို့သည် သင်္ဘောမှ ဆင်း၍၊ သင်္ဘောသားများနှင့် ပင်လယ်လမ်းပြမာလိန် အပေါင်းတို့သည် ကုန်းပေါ်မှာရပ်လျက်၊
30 Kisha watakufanya kusikiliza sauti yao na kulia kwa uchungu; watarusha vumbi juu ya vichwa vyao. Watabingirika katika majivu.
၃၀သင့်အဘို့အော်ဟစ်၍ ပြင်းစွာငိုကြွေးကြလိမ့် မည်။ မြေမှုန်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်၍ပြာ၌ လူးကြလိမ့်မည်။
31 Watanyo vichwa vyao upara kwa ajili yako na kujifunga wenyewe kwa nguo za magunia, na watalia kwa sauti.
၃၁ဆံပင်ကိုလည်း ဖြတ်၍လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ညှိုးငယ်သောစိတ်နှင့် သင့်အဘို့ပြင်းစွာ ငိုကြွေးမြည်တမ်းရသည်ကား၊
32 Watakuinulia maombolezo ya kuomboleza kwa ajili yako na kuimba nyimbo za maombolezo juu yako, ni nani aliye kama Tiro, ambaye sasa ameletwa kunyamazishwa kati ya bahari?
၃၂ပင်လယ်အလယ်၌ ဆုံးသောမြို့တည်းဟူသော တုရုမြို့နှင့် အဘယ်မြို့တူသနည်း။
33 Wakati bidhaa yako ilipoenda ufukweni kutoka kwenye bahari, imewarithisha watu wengi; uliwatajirisha wafalme wa dunia kwa wingi wa utajiri wako mkubwa na bidhaa!
၃၃သင်၏ဥစ္စာတို့သည် ပင်လယ်လမ်းဖြင့် ထွက် သွားသောအခါ၊ လူမျိုးများတို့ကို ရောင့်ရဲစေ၍၊ များပြား သောဥစ္စာ။ ကုန်စလယ်တို့ဖြင့် လောကီရှင်ဘုရင်တို့ကို ကြွယ်ဝစေတတ်၏။
34 Lakini wakati ulipo vunjwavunjwa kwa bahari, kwa vilindi vya maji, bidhaa yako na wafanya kazi wako wote kuzama!
၃၄ယခုမူကား၊ သင်သည် ပင်လယ်၌၎င်း၊ သင့် ကုန်သွယ်ရန် ဥစ္စာတို့သည် လှိုင်းတံပိုးအလယ်၌၎င်း၊ ကျိုးပဲ့၍၊ သင်နှင့်ပါသောသူအပေါင်းတို့သည် ဆုံးရှုံကြပြီ။
35 Wote wakaao pwani walikuogopa, na wafalme wao kuvunjwa vunjwa katika kitisho! Nyuso zao zimetetemeka!
၃၅ကျွန်းသူ ကျွန်းသားအပေါင်းတို့သည် သင်အမှု ကြောင့် မိန်းမောတွေဝေ၍၊ ရှင်ဘုရင်တို့သည် မျက်နှာ ပျက်လျက် ကြက်သီးမွေးညှင်းထကြ၏။
36 Wafanya biashara wa meli wa watu wakuzomea; umekuwa tishio, na hutakuwepo tena milele.”
၃၆အမျိုးမျိုးသောကုန်သည်တို့သည် သင့်အား ကဲ့ရဲ့သံကို ပြုကြ၏။ သင်သည် ကြောက်မက်ဘွယ်ဖြစ် လေပြီတကား။ နောက်တဖန်မပေါ်လာ ရပါတကားဟု ငိုကြွေးမြည်တမ်းကြလိမ့်မည်ဟု မိန့်တော်မူ၏။

< Ezekieli 27 >