< Kutoka 5 >
1 Baada ya mambo haya kutokea, Musa na Aruni walienda kwa Farao na kumwambia, ““Hivi ndivyo Yahwe, Mungu wa Israeli anasema: 'Waache watu wangu waende, ili wapate kunifanyia karamu jangwani.'”
၁ထိုနောက်မောရှေနှင့်အာရုန်တို့သည် ဖာရော ဘုရင်ထံသို့ဝင်ရောက်၍``ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား က`ဣသရေလအမျိုးသားတို့သည်တော ကန္တာရတွင်ဘုရားပွဲတော်ကျင်းပနိုင်ရန် သူတို့ကိုသွားခွင့်ပေးလော့' ဟုမိန့်တော်မူ ပါသည်'' ဟူ၍လျှောက်ထားကြ၏။
2 Farao akasema, “Yahwe ni nani? Kwa nini mimi nisikiliz sauti yake na kuwaacha Israeli waende? Mimi simjui Yahwe; na la zaidi, sitawaacha Israeli waende.”
၂ဖာရောဘုရင်က``ထိုဘုရားသည်မည်သူနည်း။ ငါသည်အဘယ်ကြောင့်ထိုဘုရား၏စကား ကိုနာခံလျက် ဣသရေလအမျိုးသားတို့ကို လွှတ်ရမည်နည်း။ ငါသည်ထိုဘုရားကိုမသိ သဖြင့်ဣသရေလအမျိုးသားတို့ကိုမ လွှတ်နိုင်'' ဟုဆိုလေ၏။
3 Wakasema, “Mungu wa Waebrania amekutana nasi. Tuache twende safari jangwani kwa siku tatu ili tutoe sadaka kwa Yahwe Mungu wetu ili asituadhibu kwa mapigo au kwa upanga.”
၃သူတို့က``ဟေဗြဲအမျိုးသားတို့၏ဘုရား ကို အကျွန်ုပ်တို့ဖူးတွေ့ခဲ့ရပြီ။ အကျွန်ုပ်တို့ ၏ဘုရားသခင်ထာဝရဘုရားအားယဇ် ပူဇော်နိုင်ရန် တောကန္တာရသို့သုံးရက်ခရီး သွားခွင့်ပေးတော်မူပါ။ အကျွန်ုပ်တို့သည် ထိုဝတ်ကိုမပြုရလျှင်ဘုရားသခင်သည် အကျွန်ုပ်တို့အားရောဂါဘေးသို့မဟုတ် ဋ္ဌားဘေးသင့်စေပါမည်'' ဟုလျှောက်ကြ၏။
4 Lakini mfalme wa Misri aliwaambia, “Musa na Aruni, kwa nini mnawatoa watu kazini mwao? Nendeni kazini kwenu.”
၄ထိုအခါဖာရောဘုရင်က မောရှေနှင့်အာရုန် တို့အား``ဤသူတို့ကိုအဘယ်ကြောင့်အလုပ် ပျက်အောင်ပြုလိုကြသနည်း။ အလုပ်ခွင် သို့ပြန်ကြစေ။-
5 Pia alisema, “Sasa kuna Waebrania wengi nchini mwetu, na ninyi mnawafanya waache kazi zao.”
၅သင်တို့လူမျိုးသည်အီဂျစ်လူမျိုးတို့ထက် များပြားလာကြလေပြီ။ ယခုသင်တို့အလုပ် မှရပ်နားလိုကြသည်တကား'' ဟုဆိုလေ၏။
6 Siku ile ile, Farao alitoa amri kwa wasimamizi na wanyapara wa wale watu. Akasema,
၆ထိုနေ့၌ပင်ဖာရောဘုရင်သည် အီဂျစ်အမျိုး သားအုပ်ချုပ်သူ၊ ဣသရေလအမျိုးသား အလုပ်ကြပ်တို့အား၊-
7 “Tofauti na ilivyokuwa mwanzo, “Tofauti ni ilivyokuwa awali, msiwapatie tena watu majani ya kutengenezea tofali. Waacheni wao waende kujitafutia majani wenyewe.
၇``ဣသရေလအမျိုးသားတို့ကိုအုတ်ဖုတ် ရန်အတွက် ကောက်ရိုးကိုယခင်ကကဲ့သို့ မပေးရ။ သူတို့ကိုယ်တိုင်ရှာယူကြစေ။-
8 Ingawa wanapaswa kuleta hesabu sawa ya matofali watakayotengeneza kama ilivyokuwa awali. Msipokee pungufu, kwasababu wao ni wavivu. Ndiyo maana wanapiga kelele na kusema, 'turuhusu tuende tukamtolee sadaka Mungu wetu.'
၈သို့ရာတွင်သူတို့ဖုတ်ရမည့်အုတ်အရေ အတွက်မှာ ယခင်ကထက်မနည်းစေရ။ မည် သည့်အကြောင်းကြောင့်မျှအရေအတွက် မလျော့စေရ။ သူတို့သည်ပျင်း၏။ ထို့ကြောင့် သူတို့က`ငါတို့၏ဘုရားအားယဇ်ပူဇော် ရန်သွားခွင့်ပေးပါ' ဟုတောင်းဆို၏။-
9 Waongezeeni kazi wanaume ili wasipate tena muda wa kusikiliza maneno ya upotoshaji.”
၉သူတို့အားအလုပ်ကိုအားသွန်ခွန်စိုက်လုပ် ဆောင်ကြစေ။ သို့မှသာလျှင်သူတို့သည်လိမ် လည်လှည့်စားသည့်စကားကိုနားမယောင်၊ အလုပ်မပျက်ဘဲလုပ်ကိုင်ကြလိမ့်မည်'' ဟု မိန့်မြွက်လေ၏။
10 Kwa hiyo viongozi wa watu na waangalizi wao waliwajulisha watu. Walisema, “Hivi ndivyo farao amesema: 'Sitawapeni tena malighafi.
၁၀အုပ်ချုပ်သူတို့နှင့်ဣသရေလအလုပ်ကြပ် တို့က ဣသရေလအမျိုးသားတို့ထံသို့ သွားရောက်၍``ဖာရောဘုရင်က`ငါသည်သင် တို့အားကောက်ရိုးကိုပေးတော့မည်မဟုတ်။-
11 Nyinyi wenyewe mtaenda kutafuta majani popote mtakapopata, lakini kazi zenu hazitapunguzwa.
၁၁သင်တို့ကိုယ်တိုင်ကောက်ရိုးရနိုင်မည့်အရပ်မှ ကောက်ရိုးကိုရှာယူရမည်။ သို့ရာတွင်သင်တို့ ဖုတ်ရမည့်အုတ်အရေအတွက်မှာ ယခင်က ထက်မနည်းစေရ' ဟုမိန့်ကြားတော်မူသည်'' ဟူ၍ပြောလေ၏။-
12 Basi watu hao wakatawanyika katika nchi yote ya Misri ili wapate kukusanya matakataka badala ya majani.
၁၂ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် အီဂျစ်ပြည်အနှံ့အပြားသို့သွားရောက်၍ ကောက်ရိုးရှာရလေ၏။-
13 Wasimamizi wao wakawahimiza na kusema, “Malizeni kazi zenu, sawa na wakati ule majani yalipokuwapo.”
၁၃အုပ်ချုပ်သူတို့က``သင်တို့သည်ကောက်ရိုးရ စဉ်က နေ့စဉ်ဖုတ်ပြီးသမျှအုတ်အရေအတွက် နှုန်းအတိုင်း ယခုလည်းပြီးစီးစေရမည်'' ဟု ဆိုလျက်ဣသရေလအမျိုးသားတို့အား အသော့ခိုင်းလေ၏။-
14 Wanyapara wa Farao wakawapiga wasimamizi wa Waisraeli, watu walewale ambao waliwaweka kuwa wasimamizi wa watumishi. Wale Wanyapara wakakazana kuwauliza, “Kwanini hamjatimiza idadi ya matofali inayotakiwa kwenu, siku ya jana na hata leo kama ambavyo mlifanya siku za nyuma?”
၁၄အီဂျစ်အမျိုးသားအုပ်ချုပ်သူတို့က ဣသ ရေလအမျိုးသားအလုပ်ကြပ်တို့ကိုရိုက် နှက်လျက်``ယနေ့သင်တို့သည်အဘယ်ကြောင့် ယခင်အုတ်အရေအတွက်နှုန်းကိုမီအောင် မထုတ်နိုင်သနည်း'' ဟုမေးကြ၏။
15 Basi Wanyapara wa wana wa Israeli wakamwendea Farao na kumlilia. Walisema, “Kwanini unawatendea watumishi wako hivi?
၁၅ထိုအခါအလုပ်ကြပ်တို့သည်ဖာရောဘုရင် ထံသို့ဝင်၍``အရှင်မင်းကြီး၊ ကိုယ်တော်ကျွန် တို့အားအဘယ်ကြောင့်ဤသို့ပြုပါသနည်း။-
16 Sisi watumishi wako hatupewi majani tena, lakini bado wanatuambia sisi, “Tengenezeni tofali!' Sisi watumwa wako tunapigwa sasa, lakini kosa hilo ni la watu wako.”
၁၆ကိုယ်တော်ကျွန်တို့အားကောက်ရိုးကိုမပေးဘဲ အုတ်ဖုတ်ရမည်ဟုအမိန့်ပေးပါသည်။ ကိုယ် တော်ကြောင့်ယခုကိုယ်တော်ကျွန်တို့အရိုက် အနှက်ခံနေရပါသည်'' ဟုလျှောက်ထား ကြ၏။
17 Lakini Farao akasema, “Ninyi ni wavivu! Wavivu ninyi! Ninyi mwasema, 'Turuhusu twende kumtolea Yahwe sadaka.'
၁၇ထိုအခါဖာရောဘုရင်က``သင်တို့သည်ပျင်း၏။ အလွန်ပျင်းသောကြောင့်သင်တို့က`အကျွန်ုပ်တို့ ၏ထာဝရဘုရားအားယဇ်ပူဇော်ရန်သွားပါ ရစေ' ဟုတောင်းလျှောက်ကြ၏။-
18 Sasa rudini kazini. Hamtapewa majani tena, lakini mnapaswa kutengeneza idadi ile ile ya matofali.”
၁၈အလုပ်ခွင်သို့ပြန်သွားကြ။ သင်တို့အားကောက် ရိုးပေးမည်မဟုတ်။ သို့သော်ယခင်အုတ်အရေ အတွက်နှုန်းအတိုင်းထုတ်လုပ်ရမည်'' ဟုမိန့် ကြားလေ၏။-
19 Wanyapara wa wana wa Israeli wakagundua ya kuwa walikuwa kwenye shida kubwa mara walipoambiwa, “Hamtapunguza kamwe idadi ya matofali mnayotengeneza kila siku.”
၁၉ယခင်နေ့စဉ်ထုတ်လုပ်သော အုတ်အရေအတွက် နှုန်းအတိုင်းထုတ်လုပ်ရမည်ဖြစ်ကြောင်းကို ကြားရသောအခါ ဣသရေလအမျိုးသား အလုပ်ကြပ်တို့သည်မိမိတို့၌ဒုက္ခရောက် မည့်အရေးကိုတွေ့မြင်လာကြလေသည်။
20 Wakakutana na Musa na Haruni, waliokuwa wamesimama nje ya Ikulu wakati wanatoka kwa Farao.
၂၀သူတို့သည်ဖာရောဘုရင်ထံမှထွက်ခွာလာ ကြသောအခါ သူတို့အားစောင့်နေသော မောရှေနှင့်အာရုန်တို့ကိုတွေ့လျှင်၊-
21 Wakawaambia Musa na Haruni, “Yahwe awatazame ninyi na kuwaadhibu, kwa sababu mmetufanya sisi kuonekana wabaya mbele ya Farao na watumishi wake. Mmetia upanga mikononi mwao ili watuue.”
၂၁``ဖာရောဘုရင်နှင့်သူ၏အရာရှိတို့ကကျွန်ုပ် တို့အားရွံမုန်းလာစေရန် သင်တို့ပြုလုပ်သည့် အတွက်ကြောင့်ထာဝရဘုရားသည်သင်တို့ အားစီရင်တော်မူပါစေသော။ ကျွန်ုပ်တို့အား သတ်ရန်သင်တို့သည်သူတို့လက်၌ဋ္ဌားကို အပ်ပေးလေပြီ'' ဟုဆိုကြ၏။
22 Musa akarudi kwa BWANA na kumwambia, “Bwana, kwanini umewatenda mabaya watu hawa? Kwanini kunituma mimi kwanza?
၂၂ထိုနောက်မောရှေသည်ထာဝရဘုရားထံတော် သို့``အို အရှင်ဘုရား၊ အဘယ်ကြောင့်ဤသူတို့ ကိုဒုက္ခရောက်စေပါသနည်း။ အကျွန်ုပ်အား အဘယ်ကြောင့်စေလွှတ်တော်မူပါသနည်း။-
23 Tangu nilipokuja kwa Farao kusema naye kwa jina lako, amewatenda mabaya watu hawa, wala hujawaokoa watu wako hata kidogo.”
၂၃အကျွန်ုပ်သည်ကိုယ်တော်၏အမိန့်တော်အရ ဖာရောဘုရင်ထံလျှောက်ထားသည့်အချိန်မှ စ၍ သူသည်ကိုယ်တော်၏လူမျိုးတော်ကိုနှိပ် စက်ခဲ့ပါပြီ။ သို့သော်လည်းကိုယ်တော်သည် သူတို့အားမည်သည့်အကူအညီကိုမျှ မပေးခဲ့ပါ'' ဟုလျှောက်ထားလေ၏။