< Kutoka 32 >
1 Hata watu walipoona ya kuwa Musa amekawia kushuka katika mlima, wakakusanyana wakamwendea Aruni, wakamwambia, “Njoo, katufanyizie sanamu itakayokwenda mbele yetu, kwa maana Musa huyo aliyetutoa katika nchi ya Misri hatujui yaliyompata.”
၁မောရှေ သည် တောင် ပေါ်မှာ ကြာမြင့် စွာ ရှိနေကြောင်းကို လူ များတို့သည် သိမြင် သောအခါ ၊ အာရုန် ထံသို့စည်းဝေး ကြ၍ ၊ ထ ပါ။ ငါ တို့ရှေ့ မှာ သွား ရသော ဘုရား တို့ကို ငါ တို့အဘို့ လုပ် ပါ။ ငါ တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သော ထို မောရှေ ၌ အဘယ်သို့ ဖြစ် သည်ကို ငါတို့မ သိ ပါဟု ပြော ဆိုကြ၏။
2 Hivyo Aruni akawaambia, “Zitoeni pete za dhahabu zilizo katika masikio ya wake zenu, na wana wenu, na binti zenu, mkaniletee.”
၂အာရုန် ကလည်း ၊ သင် တို့မယား သား သမီး များ၏ နား ၌ ဆင်သော ရွှေ နားတောင်း များကို ချွတ် ၍ ၊ ငါ့ ထံသို့ ဆောင် ခဲ့ကြဟုဆို လျှင်၊
3 Watu wote wakavua pete za dhahabu zilizo katika masikio yao, na wakamletea Aruni.
၃လူ အပေါင်း တို့သည် မိမိ တို့နား ၌ ဆင်သော ရွှေ နားတောင်း များကို ချွတ် ၍ ၊ အာရုန် ထံသို့ ဆောင် ခဲ့ကြ၏။
4 Akapoke mikononi mwao akaitengeneza kwa patasi, akaifanya iwe sanamu ya ndama kwa kuiyeyusha. Nao wakasema, “Hiyo ndiyo miungu yako, Ee Israeli, iliyokutoa katika nchi ya Misri.”
၄အာရုန်သည်လည်း လက်ခံ ၍ ၊ နွား သငယ်ရုပ်ပုံသဏ္ဌာန်ကို ကညစ် နှင့် ရေးသား ပြီးလျှင် သွန်း လေ၏။ လူများတို့ကလည်း အို ဣသရေလ အမျိုး၊ ဤ ဘုရားသည် သင့်ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သောသင် ၏ ဘုရား ဖြစ်တော်မူသည်ဟု ဆို ကြ၏။
5 Naye Haruni alipoona jambo hili, akajenga madhabahu mbele yake; Aruni akatangaza akasema,
၅အာရုန် သည် ထိုအမှုကို သိမြင် လျှင် ၊ ရုပ်တု ရှေ့ မှာ ယဇ်ပလ္လင် ကို တည် ၍ ၊ နက်ဖြန် နေ့သည် ထာဝရဘုရား အဘို့ ပွဲခံ ရသောနေ့ဖြစ်သည်ဟု တပ်ကိုလည်၍ ကြော်ငြာ စေ၏။
6 “Kesho itakuwa sikukuu kwa Yahweh.” Wakaondoka asubuhi na mapema, wakatoa dhabihu, wakaleta sadaka za amani, watu wakaketi kula na kunywa, wakaondoka wacheze.
၆နက်ဖြန် နံနက်စောစော လူ တို့သည် ထ၍ ၊ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ပြီးမှ ၊ စား သောက် လျက် ထိုင် နေကြ၏။ နောက်တဖန် ကခုန် မြူးထူးခြင်းငှါ ထ ကြ၏။
7 Kisha Yahweh akamwambia Musa, “Shuka upesi, kwa maana watu wako uliowatoa katika nchi ya Misri wamejiharibu nafsi zao.
၇ထာဝရဘုရား က၊ သင်သည် ဆင်း သွား လော့။ အဲဂုတ္တု ပြည် မှ သင်နှုတ် ဆောင်ခဲ့သော သင် ၏ လူ တို့သည် ဖေါက်ပြန် ကြပြီ။
8 Wamepotoka upesi kuiacha ile njia niliyowaamuru, wamejifanyizia ndama ya kuyeyusha wakaiabudu na kuitolea dhabihu. Wakasema, 'Hiyo ndiyo miungu yako, Ee Israeli, iliyokutoa katika nchi ya Misri.
၈ငါမှာ ထားသော လမ်း မှ အလျင်အမြန် လွှဲ သွား၍၊ နွားသငယ် ရုပ် ကို သွန်း ပြီးလျှင် ၊ အို ဣသရေလ အမျိုး၊ ဤ ဘုရားသည် သင့် ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်ခဲ့သော ဘုရား ဖြစ်တော်မူ၏ဟု ဆို လျက် ၊ ရုပ်တု ရှေ့ မှာ ယဇ်ပူဇော် ကိုးကွယ် ကြပြီဟူ၍၎င်း၊
9 Kisha Yahweh akamwambia Musa, “Mimi nimewaona watu hawa, na tazama, ni watu wenye shingo ngumu.
၉ဤ လူမျိုး ကို ငါကြည့် မြင်ပြီ။ လည်ပင်း ခိုင်မာ သောအမျိုး ဖြစ်၏။
10 Basi sasa usinizuie. Ili hasira zangu ziwake juu yao, niwaangamize. Nami nitakufanya wewe uwe taifa kuu.”
၁၀သို့ဖြစ်၍ ငါ့ ကို ရှိ စေတော့။ ငါသည် အမျက် ပြင်းစွာထွက်၍ သူ တို့ကို ဖျက်ဆီး မည်။ သင့် ကိုကား ကြီး သော အမျိုး ဖြစ် စေမည်ဟူ၍၎င်း၊ မောရှေ အား မိန့် တော်မူ၏။
11 Musa akamsihi sana Yahweh Mungu wake, na kusema,”Yahweh, kwa nini hasira zako kuwaka juu ya watu wako uliowaleta kutoka nchi ya Misri kwa uweza mkuu, na kwa mkono wenye nguvu?
၁၁မောရှေ ကလည်း ၊ အို ထာဝရဘုရား ၊ ကိုယ်တော်သည် မဟာ တန်ခိုး အားကြီး သော လက် နှင့် အဲဂုတ္တု ပြည် မှ နှုတ် ဆောင်ခဲ့သော ကိုယ်တော် ၏ လူ တို့ကို ၊ အဘယ် ကြောင့်အမျက် ပြင်းစွာထွက်တော်မူသနည်း။
12 Kwa nini Wamisri kusema, 'Amewatoa kwa kuwatenda uovu, ili apate kuwaua milimani, na kuwaondoa watoke juu ya uso wa nchi?' Geuka katika hasira yako kali, ughairi uovu huu ulio nao juu ya watu wako.
၁၂အဲဂုတ္တု လူတို့ကလည်း၊ ဘုရားသခင် သည် မကောင်း သော အကြံရှိသဖြင့်၊ သူ တို့ကို တောတောင် များ၌ သတ် ၍ မြေကြီး ပေါ် က သုတ်သင် ပယ်ရှင်းခြင်း အလိုငှါ သာ၊ နှုတ် ဆောင်လေသည်ဟု အဘယ်ကြောင့် ဆို ဘွယ်အကြောင်းရှိရပါမည်နည်း။ ပြင်းစွာ သော အမျက် တော်ကို ပယ် တော်မူပါ။ ကိုယ်တော် ၏ လူ တို့၌ ဤသို့အပြစ် ပေးမည်အကြံကို နောင်တရ တော်မူပါ။
13 Mkumbuke Ibrahimu, na Isaka, na Israeli, watumishi wako, ambao uliwaapia kwa nafsi yako, na kuwaambia, 'Nitazidisha kizazi chenu mfano wa nyota za mbinguni; tena nchi hii yote niliyoinena nitakipa kizazi chenu nao watairithi milele.'”
၁၃ကိုယ်တော်က သင် တို့အမျိုးအနွယ် ကို ကောင်းကင် ကြယ် ကဲ့သို့ ငါများပြား စေမည်။ ငါပြော ခဲ့သော ဤ မြေ ရှိသမျှ ကို သင် တို့အမျိုးအနွယ် အား ငါပေး သဖြင့် ၊ သူတို့သည် အစဉ်အမြဲ အမွေခံ ရကြလိမ့်မည်ဟု ကိုယ် ကို ကိုယ်တိုင်တည် ၍ ကျိန်ဆို တော်မူသောစကားကိုခံ ခဲ့ပြီးသော ကိုယ်တော် ၏ ကျွန် အာဗြဟံ ၊ ဣဇာက် ၊ ဣသရေလ တို့ကို အောက်မေ့ တော်မူပါဟု မိမိ ဘုရား သခင် ထာဝရဘုရား ရှေ့ တော်၌ တောင်းပန် လေ၏။
14 Na Yahweh akaughairi ule uovu aliosema ya kwamba atawatenda watu wake.
၁၄ထာဝရဘုရား သည် မိမိ လူ တို့အား အပြစ် ပေးမည်အကြံကို နောင်တရ တော်မူ၏။
15 Kisha Musa akageuka akashuka katika mlima, na zile mbao mbili za mawe mikononi mwake. Mbao zilizoandikwa pande zote mbili, upande huu na upande huu ziliandikwa.
၁၅မောရှေ သည် သက်သေခံ ချက် ကျောက် ပြားနှစ် ပြားကို ကိုင် ယူလျက်၊ လှည့် ၍ တောင် ပေါ်က ဆင်း သွားလေ၏။ ထို ကျောက်ပြားနှစ် မျက်နှာ ၌ အက္ခရာတင် လျက် ရှိ၏။
16 Na zile mbao zilikuwa kazi ya Mungu nayo maandiko yalikuwa maandiko ya Mungu, yaliyochorwa katika zile mbao.
၁၆ထိုကျောက်ပြားတို့သည် ဘုရား သခင် ဖန်ဆင်း တော်မူသောကျောက် ပြား၊ စာ သည်လည်း ဘုရား သခင်အက္ခရာ တင်တော်မူသောစာဖြစ်သတည်း။
17 Na Yoshua aliposikia kelele za watu walipokuwa wakipiga kelele, akamwambia Musa, “Kuna kelele ya vita kambini.
၁၇လူ များ ကြွေးကြော် သံ ကို ယောရှု သည်ကြား လျှင် ၊ တပ် ၌ စစ်တိုက် သံ ကို ကြားပါသည်ဟု မောရှေ အား ဆို ၏။
18 “Lakini Musa akasema, “Hiyo si sauti ya watu wapigao kelele kwa sababu ya kushinda vitani, wala si sauti ya watu wapigao kelele kwa sababu ya kushindwa; bali kelele za watu waimbao ndizo ninazozisikia mimi.”
၁၈မောရှေကလည်း၊ ငါ ကြား သော အသံသည် အောင် ၍ ကြွေးကြော် သံ မဟုတ် ၊ ရှုံး ၍ ငိုကြွေး သံ လည်း မဟုတ် ၊ သီချင်းဆို သံ ဖြစ်သတည်းဟု ပြန်ပြော ၏။
19 Hata alipoyakaribia kambini akaiona ile ndama, na watu wakicheza. Hasira ya Musa ikawaka. Akazitupa zile mbao mikononi mwake, akazivunja chini ya mlima.
၁၉တပ် အနီးသို့ ရောက် သောအခါ ၊ နွား သငယ်ကို၎င်း ၊ ကခုန် ခြင်းကို၎င်းမြင် လျှင် ၊ မောရှေ သည် အမျက် ထွက် သဖြင့် ကျောက် ပြားတို့ကို ချ ၍ တောင် ခြေရင်း ၌ ချိုးဖဲ့ ၏။
20 Akaitwaa ile ndama waliyoifanya, akaichoma moto, akaisaga hata ikawa mavumbi, akainyunyiza juu ya maji. Akawanywesha wana wa Israeli.
၂၀သူတို့လုပ် သော နွား သငယ်ကိုလည်း ယူ ၍ အရည်ကျို ၏။ ညက်ညက်ခြေ ပြီးမှ ရေ ပေါ် မှာ ဖြူး ၍ ဣသရေလ အမျိုးသား တို့ကို သောက် စေ၏။
21 Musa akamwambia Aruni, “Watu hawa wamekufanyani hata ukaleta dhambi hii kuu juu yao?
၂၁အာရုန် ကို လည်း ခေါ်၍၊ သင်သည် သူတို့၌ ဤမျှလောက်ကြီး သော အပြစ် ကို ရောက် စေခြင်းငှါ သူ တို့သည် သင် ၌ အဘယ်သို့ ပြု သနည်းဟုမေး လျှင်၊
22 Aruni akasema, “Hasira yako isiwake, bwana wangu. Wewe unawajua watu hawa, ya kuwa wamejielekeza kwa mabaya.
၂၂အာရုန် က၊ သခင် ၊ အမျက် မ ထွက် ပါနှင့်။ ဤလူ တို့သည် မကောင်း သော အကြံရှိကြောင်းကို ကိုယ်တော်သိ ပါ၏။
23 Maana waliniambia, 'Katufanyie miungu, itakayokwenda mbele yetu. Kwa maana mtu huyo Musa, aliyetutoa katika nchi ya Misri, hatujui yaliyompata.'
၂၃သူတို့ကလည်း ၊ ငါ တို့ရှေ့ မှာ သွား ရသော ဘုရား တို့ကို ငါ တို့အဘို့ လုပ် ပါ။ ငါ တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်ခဲ့သောသူ ၊ ထို မောရှေ ၌ အဘယ်သို့ ဖြစ် သည်ကို ငါတို့မ သိ ပါဟု အကျွန်ုပ် အား ပြော ဆိုကြလျှင်၊
24 Nikawaambia, 'Mtu ye yote aliye na dhahabu na aivue; basi wakanipa, nami nikaitupa ndani ya moto, akatoka ndama huyu.”
၂၄အကျွန်ုပ်က၊ ရွှေ ရှိသောသူ သည် ချွတ် စေဟုဆို သည်နှင့် အညီ၊ သူတို့ပေးသော ရွှေ ကို အကျွန်ုပ်သည် မီး ထဲ၌ ထည့် လျှင် ၊ ဤ နွား သငယ်ထွက် လာပါသည်ဟု ပြန်ပြော ၏။
25 Basi Musa alipoona ya kuwa watu hawa wameasi (maana Haruni amewaacha waasi, ili wawe dhihaka kati ya adui zao)
၂၅ထိုသို့ အာရုန် သည် လူ များကို ရန်သူတို့ ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ် စေသည်ဖြစ်၍ ၊ အဝတ်တန်ဆာအချည်းစည်း ရှိကြကြောင်း ကို မောရှေ မြင် သောအခါ၊
26 Ndipo Musa akasimama katika mlango wa marago, akasema, “Mtu awaye yote aliye upande wa Yahweh na aje kwangu.” Wana wa Lawi wote wakamkusanyikia.
၂၆တပ် တံခါးဝ မှာ ရပ် လျက် ၊ ထာဝရဘုရား ဘက် ၌ အဘယ်သူ နေသနည်း။ ငါ့ ထံသို့ လာစေဟုဆို လျှင် ၊ လေဝိ အမျိုးသား အပေါင်း တို့သည် သူ့ ထံ ၌ စည်းဝေး ကြ၏။
27 Akawaambia, Yahweh, Mungu wa Israeli, asema hivi, 'Kila mtu na ajifunge upanga wake pajani mwake, akapite huko na huko toka mlango hata mlango kati ya marago, mkamchinje kila mtu ndugu yake, na kila mtu mwenziwe na kila mtu jirani yake.'”
၂၇မောရှေကလည်း၊ လူတိုင်း ထား လွယ် လျက် တပ် တမျက်နှာတံခါးမှ တမျက်နှာတံခါးတိုင်အောင်ထုတ်ချင်းခပ်သွား ၍ ၊ အသီးအသီး မိမိ ညီအစ်ကို ၊ မိမိ အပေါင်း အဘော်၊ မိမိ အိမ်နီးချင်း ကိုသတ် စေဟု ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အမိန့် ရှိတော်မူသည်ဟု၊
28 Na hao wana wa Lawi wakafanya kama vile alivyosema Musa, wakaanguka siku ile kama watu elfu tatu.
၂၈မောရှေ စီရင် သည်အတိုင်း ၊ လေဝိ အမျိုးသား တို့သည် ပြု ၍ ၊ ထိုနေ့ ၌ လူ သုံး ထောင် လောက် သေ ကြ၏။
29 Musa akasema, Jiwekeni wakfu kwa Yahweh leo, kila mtu juu ya mwanawe na juu ya ndugu yake; ili Yahweh awape baraka leo.”
၂၉တဖန် မောရှေ က၊ ထာဝရဘုရား သည် ယနေ့ ကောင်းကြီး ပေး တော်မူစေခြင်းငှါ ၊ သင်တို့သည် အသီးအသီး ကိုယ်သား ၊ ကိုယ် ညီအစ်ကို ကို ထိခိုက်သောအားဖြင့်၊ သင်တို့ သည် ယနေ့ ကိုယ်ကို ချီးမြှောက် ကြ ပြီးဟု ဆို လေ၏။
30 Hata asubuhi yake Musa akawaambia watu, “Mmetenda dhambi kuu. Sasa nitakwenda juu kwa Yahweh. Labda nitafanya upatanisho kwa ajili ya dhambi yenu.”
၃၀နက်ဖြန် နေ့၌ လည်း ၊ သင် တို့ပြစ်မှား သော အပြစ် ကြီး လှ၏။ ယခု မှာ ထာဝရဘုရား အထံ တော်သို့ ငါတက် သွား၍၊ သင်တို့ အပြစ် ဖြေ နိုင်လျှင် ဖြေစေခြင်းငှါ ပြုမည်ဟု မောရှေ သည် လူ များတို့အား ဆို ပြီးမှ၊
31 Musa akarejea kwa Yahweh akasema,” Oh! Watu hawa wametenda dhambi kuu wamejifanyia miungu ya dhahabu.
၃၁ထာဝရဘုရား အထံ တော်သို့ ပြန် သွား၍ ၊ အို ဘုရားသခင်၊ ဤ လူ တို့သည် ပြစ်မှား သော အပြစ် ကြီး လှပါ၏။ မိမိ တို့အဘို့ ရွှေ ဘုရား ကို လုပ် ပါပြီ။
32 Walakini sasa, ikiwa utawasamehe dhambi yao – na kama sivyo, unifute, nakusihi, katika kitabu chako ulichoandika.”
၃၂သို့ သော်လည်းသူ တို့အပြစ် ကို လွှတ်ခြင်းငှါအလို တော်ရှိလျှင် လွှတ် တော်မူပါ။ သို့မဟုတ် ၊ ကိုယ်တော် စီရင် တော်မူသော စာရင်း ၌ အကျွန်ုပ် နာမကို ချေ တော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ဟု လျှောက်လျှင်၊
33 Yahweh akamwambia Musa, “Mtu ye yote aliyenitenda dhambi ndiye nitakayemfuta katika kitabu changu.
၃၃ထာဝရဘုရား က၊ အကြင်သူ သည် ငါ့ ကို ပြစ်မှား ၏၊ ထိုသူ ၏ နာမကို ငါ့ စာရင်း ၌ ငါချေ မည်။
34 Basi sasa uende ukawaongoze watu hawa mpaka mahali pale ambapo nimekwambia habari zake. Tazama, malaika wangu atakutangulia. Lakini pamoja na hayo siku nitakayowajilia nitawapatiliza kwa ajili ya dhambi yao.”
၃၄သို့ဖြစ်၍ငါမှာ ထားသောအရပ် သို့ သူ တို့ကို ယခု သွား ၍ ပို့ဆောင် လော့။ ငါ့ တမန် သည် သင့် ရှေ့ မှာ သွား လိမ့်မည်။ သို့ သော်လည်းငါ သည် အကြည့် အရှုကြွလာသောအခါ ၊ သူ တို့၌ အပြစ် ပေးလျက် ကြွလာမည်ကို မိန့် တော်မူ၏။
35 Kisha Yahweh akawapiga hao watu, kwa walivyoifanya ile ndama, ambayo Aruni aliifanya.
၃၅အာရုန် နှင့် လူများ တို့သည် နွားသငယ် ကို လုပ် ကြသောကြောင့် သူ တို့ကို ဒဏ်ခတ်တော်မူ ၏။