< Kutoka 16 >
1 Watu wakaendelea na safari kutoka Elimu, na jamii yote ya Waisraeli ikaja nyikani mwa Sinu, iliyopo katikati ya Elimu na Sinai, siku ya kumi na tano ya mwezi wa pili walipo toka Misri.
၁တဖန် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဧလိမ်အရပ်မှ ထွက်၍ ခရီးသွားကြ၏။ အဲဂုတ္တုပြည်မှ ထွက်သွားသောနောက်၊ ဒုတိယလ ဆယ်ငါးရက်နေ့တွင်၊ ဧလိမ်အရပ်နှင့် သိနာတောင် စပ်ကြားမှာ သိန်တောသို့ ရောက်ကြ၏။
2 Jamii yote ya Waisraeli wali walalamikia Musa na Aruni nyikani.
၂ထိုတော၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့က၊
3 Waisraeli waliwaambia, “Kama tu tungekufa kwa mkono wa Yahweh nchi ya Misri tulipo kuwa tumeketi kwenye vyombo vya nyama na tulikuwa tunakula mkate kwa tele. Maana umetuleta nyikani uuwe jamii zetu zote kwa njaa.”
၃ငါတို့သည် အဲဂုတ္တုပြည်၌ အမဲသားချက်သော အိုးကင်းနားမှာ ထိုင်၍ ဝစွာစားရသောအခါ၊ ထာဝရဘုရား၏ လက်တော်ဖြင့် သေလျှင် သာ၍ကောင်း၏။ ယခုမူကား၊ ဤစည်းဝေးလျက်ရှိသော လူအပေါင်း တို့ကို ငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှာ၊ ဤတောအရပ်သို့ ဆောင်ခဲ့ပြီတကားဟု မောရှေနှင့် အာရုန်ကို အပြစ်တင်၍ မြည်တမ်းလျက်ဆိုကြ၏။
4 Kisha Yahweh akamwambia Musa, “Nitakunyeshea mvua ya mkate. Watu wataenda na kukusanya kiasi cha siku kila siku ili niwajaribu kama wataendelea kushika sheria yangu au hapana.
၄ထိုအခါ ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင်တို့အဘို့ မိုဃ်းကောင်းကင်က မုန့်မိုဃ်းကို ရွာစေမည်။ လူတို့သည် နေ့တိုင်းထွက်၍ တနေ့စားလောက်အောင် သိမ်းယူရကြမည်။ ငါ၏တရားအတိုင်း ကျင့်မည်လော၊ မကျင့်လောဟု ထိုသို့သောအားဖြင့် သူတို့ကို ငါစုံစမ်းမည်။
5 Itakuja kuwa siku ya sita, kwamba watakusanya mara mbili zaidi ya wanavyo kusanyaga, na watapika wanacholeta.”
၅နေ့တိုင်းသိမ်းယူသော အရာထက်၊ ခြောက်ရက်မြောက်သောနေ့၌ နှစ်ဆကို သိမ်းယူ၍ ပြင်ရကြမည်ဟု မောရှေအား မိန့်တော်မူ၏။
6 Kisha Musa na Aruni wakawaambia watu wote wa Israeli, “Jioni mtajua kuwa ni Yahweh aliye waleta kutoka nchi ya Misri.
၆မောရှေနှင့် အာရုန်တို့ကလည်း၊ ထာဝရဘုရားသည် သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူ သည်ဟု ယနေ့ ညဦးယံ၌ သင်တို့ သိကြလိမ့်မည်။
7 Asubui utaona utukufu wa Yahweh, kwa maana anasikia mna mlalamikia. Sisi ni nani hadi mtulalamikie?”
၇နံနက်ယံ၌လည်း၊ ထာဝရဘုရား၏ ဘုန်းတော်ကို မြင်ရကြလိမ့်မည်။ ထာဝရဘုရားကို အပြစ်တင်လျက် မြည်တမ်းကြသောအသံကိုကြားတော်မူပြီ။ ငါတို့ကို အပြစ်တင်လျက် မြည်တမ်းစေခြင်းငှာ၊ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်းဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆိုလေ၏။
8 Musa pia akasema, “Utajua hili pale Yahweh atakapo kupa nyama jioni na mkate asubui kwa tele - kwa kuwa amesikia malalamishi mnayo tamka dhidi yake. Nani ni Aruni na mimi? Malalamishi yenu sio dhidi yetu; ni dhidi ya Yahweh.”
၈တဖန်လည်းမောရှေက၊ ထာဝရဘုရားသည် ညဦးယံ၌သင်တို့စားစရာအမဲသားကို၎င်း၊ နံနက်ယံ၌ ဝလောက်အောင် မုန့်ကို၎င်းပေးတော်မူသောအခါ၊ ဤစကားပြည့်စုံလိမ့်မည်။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်းကြသောအသံကို ထာဝရဘရားကြားတော်မူပြီ။ ငါတို့သည် အဘယ်သို့သော သူဖြစ်သနည်း။ သင်တို့သည် အပြစ်တင်လျက် မြည်တမ်းကြသော စကားသည်၊ ငါတို့ကို မထိမခိုက်၊ ထာဝရဘုရားကို ထိခိုက်သည်ဟု ဆိုလေ၏။
9 Musa akamwambia Aruni, “Sema kwa jamii yote ya watu wa Israeli, 'Njoo karibu ya Yahweh, kwa kuwa amesikia malalamishi yenu.'”
၉တဖန်သင်တို့သည် အပြစ်တင်လျက်၊ မြည်တမ်းသောအသံကို ထာဝရ ဘုရားကြားတော်မူသည် ဖြစ်၍၊ အထံတော်သို့ ချဉ်းကပ်ကြလော့ဟု ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုလော့ဟု အာရုန်ကို မှာထားသည်အတိုင်း၊
10 Ikawa, Aruni alipo sema na jamii yote ya watu wa Israeli, wakaangalia kuelekea nyikani, na, tazama, utukufu wa Yahweh ukatokea kwenye wingu.
၁၀အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုသောအခါ၊ သူတို့သည် တောသို့ မြော်ကြည့်၍၊ မိုဃ်းတိမ်၌ ထင်ရှားသော ထာဝရဘုရား၏ ဘုန်းတော်ကို မြင်ရကြ၏။
11 Kisha Yahweh akasema na Musa na kumwambia,
၁၁ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည် အပြစ်တင်လျက် မြည်တမ်းသောအသံကို ငါကြားရပြီ။
12 “Nimesikia malalamishi ya watu wa Israeli. Sema nao na useme, 'Jioni utakula nyama, na asubui utashiba mkate. Kisha utajua mimi ni Yahweh Mungu wako.'”
၁၂ညဦးယံ၌ သင်တို့သည် အမဲသားကို စားရကြလိမ့်မည်။ နံနက်ယံ၌လည်း မုန့်နှင့် ဝရကြလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို သိကြလိမ့်မည်ဟု သူတို့က ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
13 Ikaja kuwa kwamba jioni kware wakaja juu na kufunika kambi. Asubui umande ulitanda kambini.
၁၃ညဦးယံ၌ ငုံးငှက်တို့သည် တပ်ကိုအနှံ့အပြား တက်လာကြ၏။ နံနက်ယံ၌လည်း တပ်ပတ်လည် အရပ်ရပ်တွင် နှင်းကျလျက်ရှိ၏။
14 Umande ulipo kwisha, pale juu ya ardhi ya nyikani kulikuwa na kama barafu iliyo ganda kwenye ardhi.
၁၄နှင်းတက်ပြီးသောအခါ၊ နှင်းခဲကဲ့သို့ သေးသေးလုံးလုံးအရာသည် မြေမျက်နှာပေါ်မှာ ရှိရစ်လေ၏။
15 Watu wa Israeli walipo ona, walisema mmoja kwa mwenzake, “Hii ni nini?” Hawakujua ilikuwa ni nini. Musa akawaambia, “Ni mkate Yahweh aliyo wapa mle.
၁၅ထိုအရာကို ဣသရေလအမျိုးသားတို့သည် မြင်သောအခါ၊ အဘယ်အရာနည်းဟု မသိသောကြောင့်၊ တယောက်ကို တယောက် မေးကြ၏။ မောရှေကလည်း၊ ဤအရာသည် သင်တို့စားစရာဘို့ ထာဝရဘုရား ပေးသနားတော်မူသောမုန့်ဖြစ်၏။
16 Hii ni amri Yahweh aliyotoa: 'Lazima ukusanye, kila mmoja wenu, kiasi unacho itaji kula, lita mbili kwa kila mtu. Hivi ndivyo utakavyo kusanya: Kusanya cha kutosha kula cha kila mtu anaye ishi hemani mwako.'”
၁၆လူတိုင်း မိမိတဲ၌ရှိသောသူအရေအတွက်နှင့်အညီ၊ လူအသီးအသီးစားလောက်အောင် တယောက် တဩမဲစီ သိမ်းယူကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။
17 Watu wa Israeli wakafanya hivyo. Baadhi wakakusanya zaidi, baadhi wakakusanya kidogo.
၁၇ဣသရေလအမျိုးသားတို့သည် ထိုသို့ပြု၍၊ အနည်းအများအလိုက် သိမ်းယူကြ၏။
18 Walipo pima kwa kipimo cha lita, hao walio kusanya zaidi hawakuwa na kilicho salia, na hao walio kusanya kidogo hawakuwa na pungufu. Kila mmoja alikusanya cha kutosha kukidhi maitaji yake.
၁၈ဩမဲတောင်းနှင့် ခြင်ကြသောအခါ၊ များများရသောသူမပို၊ နည်းနည်းရသောသူ မလို၊ အသီးအသီး တို့သည် စားလောက်အောင် သိမ်းယူကြ၏။
19 Kisha Musa akawaambia, “Hakuna ata mmoja kubakiza hadi asubui.”
၁၉မောရှေကလည်း၊ နံနက်တိုင်အောင် အဘယ်သူမျှ မကျန်စေနှင့်ဟု ဆိုသော်လည်း၊
20 Walakini, hawakumsikiliza Musa. Baadhi yao waliacha baadhi hadi asubui, lakini ilizalisha wadudu na kuwa batili. Kisha Musa akawa na hasira juu yao.
၂၀အချို့တို့သည် မောရှေစကားကို နားမထောင်ဘဲ၊ နံနက်တိုင်အောင် ကျန်စေသဖြင့်၊ ပိုးဖြစ်၍ နံလေသော်၊ မောရှေသည် အမျက်ထွက်၏။
21 Walikusanya asubui kwa asubui. Kila mtu alikusanya cha kutosha kula kwa hiyo siku. Jua lilipo kuwa kali, ili yayuka.
၂၁ထိုသူ အသီးအသီးတို့သည် နေ့တိုင်း မိမိတို့စားလောက်သမျှကို သိမ်းယူကြ၏။ နေပူသောအခါ အရေဖြစ်လေ၏။
22 siku ya sita walikusanya mkate mara mbili zaidi, lita mbili kwa kila mtu. Viongozi wote wa jamii walikuja na kumwambia hili kwa Musa.
၂၂ခြောက်ရက်မြောက်သောနေ့၌၊ မုန့်နှစ်ဆတည်းဟူသော တယောက်နှစ်ဩမဲစီ သိမ်းရကြ၏။ ထိုအကြောင်းကို ပရိသတ်အုပ်အပေါင်းတို့သည် မောရှေအား ကြားပြောလေ၏။
23 Aliwaambia, “Hili ndilo Yahweh alililo lisema: 'Kesho ni mapumziko ya kujiliwaza, sabato takatifu kwa utukufu wa Yahweh. Oka kile unataka kuoka, na chemsha kile unataka kuchemsha. Vyote vitakavyo baki, jihifadhie hadi asubui.”'
၂၃သူကလည်း၊ နက်ဖြန်နေ့သည် ထာဝရဘုရားရှေ့၌ သန့်ရှင်းသောဥပုသ်နေ့၊ ငြိမ်ဝပ်စွာနေရသောနေ့ ဖြစ်၏။ မုန့်ကို ပေါင်းချင်သည်အတိုင်း ပေါင်းကြလော့။ ပြုတ်ချင်သည်အတိုင်း ပြုတ်ကြလော့။ ကျန်သောအရာ ကို နံနက်တိုင်အောင် စောင့်၍ သိုထားကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။
24 Hivyo wakaeka pembeni hadi asubui, kama Musa alivyo elekeza. Haikuharibika, wala haikuwa na mdudu yeyote.
၂၄မောရှေမှာထားသည်အတိုင်း၊ နံနက်တိုင်အောင် သိုထားကြ၏။ နံခြင်းနှင့် ကင်းလွတ်၏။ ပိုးလည်းမရှိ။
25 Musa alisema, “Kula hicho cha kula leo, kwa kuwa leo ni siku iliyo tengwa ya kumtukuza Yahweh. Leo hamtaikuta mashambani.
၂၅မောရှေကလည်း၊ ကျန်သောအရာကို ယနေ့စားကြလော့။ ယနေ့သည် ထာဝရဘုရား၏ ဥပုသ်နေ့ ဖြစ်၏။ ယနေ့တွင် ထိုအရာကို တော၌ မတွေ့ရ။
26 Mtaikusanya ndani ya siku sita, lakini siku ya saba ni Sabato. Siku ya Sabato hakuta kuwa na manna.”
၂၆ခြောက်ရက်ပတ်လုံး သိမ်းယူရကြ၏။ ဥပုသ်နေ့တည်းဟူသော ခုနစ်ရက်မြောက်သောနေ့တွင် မရှိမတွေ့ရဟု ဆိုလေ၏။
27 Ilikuja kuwa siku ya saba ambapo baadhi ya watu walienda kukusanya manna, lakini hawakukuta
၂၇ခုနစ်ရက်မြောက်သောနေ့၌၊ အချို့တို့သည် သိမ်းယူခြင်းငှာ ထွက်သွားရာတွင်၊ ရှာ၍ မတွေ့ရကြ။
28 Kisha Yahweh akamwambia Musa, Kwa muda gani utaendelea kukataa kushika amri zangu na sheria zangu?
၂၈ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ပညတ်တရားများတို့ကို အဘယ်မျှကာလပတ်လုံး ငြင်းပယ်ကြ လိမ့်မည်နည်း။
29 Tazama, Yahweh amekupa Sabato. Hivyo siku ya sita anakupa mkate wa siku mbili. Kila mmoja wenu lazima akae kwenye sehemu yake; hakuna hata mmoja wa kutoka sehemu yake siku ya saba.”
၂၉ထာဝရဘုရားသည် ဥပုသ်နေ့ကို သင်တို့အား ပေးတော်မူပြီ။ ထိုကြောင့် ခြောက်ရက်မြောက်သောနေ့၌ နှစ်ရက်အတွက်မုန့်ကို ပေးတော်မူ၏။ လူတိုင်း မိမိနေရာ၌ နေစေ၊ ခုနစ်ရက်မြောက်သောနေ့၌ မိမိနေရာမှ အဘယ်သူမျှ မသွားစေနှင့်ဟု မောရှေအား မိန့်တော်မူ၏။
30 Hivyo watu watapumzika siku ya saba.
၃၀ထိုကြောင့် လူများတို့သည် ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာနေကြ၏။
31 Watu wa Israeli walikiita chakula kile “manna.” Ilikuwa ni nyeupe kama mbegu ya mgiligani, na ladha yake kama maandazi yaliyo pikwa na asali.
၃၁ဣသရေလအမျိုးသားတို့သည် ထိုစားစရာကို မန္နဟုခေါ်ဝေါ်ကြ၏။ နံနံစေ့ကဲ့သို့ဖြစ်၍ ဖြူသောအဆင်းရှိ၏။ ပျားရည်နှင့် ရောသောမုန့်ကြွပ်နှင့် အရသာတူ၏။
32 Musa akasema, “Hili ndilo Yahweh alilo amuru: 'Acha lita mbili ya manna ihifadhiwe kwa ajili vizazi vya watu wako ili kwamba uzao wako uone mkate niliyo kulisha nyikani, baada ya kukutoa kutoka nchi ya Misri.
၃၂မောရှေကလည်း၊ သင်တို့ကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊ တော၌ သင်တို့အား ကျွေးသော မုန့်ကို၊ သင်တို့အမျိုးအစဉ်အဆက်တို့သည် မြင်စေခြင်းငှာ၊ သူတို့အဘို့ သိုထားရသော ဩမဲတဩမဲကို ဖြည့်ကြလော့ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။
33 Musa akamwambia Aruni, “Chukuwa jagi na uweke lita mbili za manna ndani yake. Hifadhi kwa Yahweh i dumu vizazi vyote vya watu.”
၃၃တဖန် အာရုန်ကိုလည်း၊ အိုးတလုံးကို ယူ၍ မန္နတဩမဲကို အပြည့်ထည့်ပြီးလျှင်၊ သင်တို့လူမျိုး အစဉ်အဆက်ဘို့ စောင့်စေခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ သိုထားလော့ဟု ဆို၍၊
34 Kama Yahweh alivyo muamuru Musa, Aruni akahifadhi pembeni mwa mawe yaliyo kuwa na amri za agano.
၃၄မောရှေကို ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ထိုမန္နကို အာရုန်စောင့်စေခြင်းငှာ၊ သက်သေတော်ရှေ့မှာ သိုထားလေ၏။
35 Watu wa Israeli walikula manna miaka arobaini mpaka walipo kuja nchi yenye watu. Walikula mpaka walipo fika kwenye mipaka ya nchi ya Kanani.
၃၅ဣသရေလအမျိုးသားတို့သည်၊ လူနေရာပြည်သို့ မရောက်မှီတိုင်အောင်၊ အနှစ်လေးဆယ်ပတ်လုံး မန္နကို စားကြ၏။ ခါနာန်ပြည် နယ်နိမိတ်သို့ မရောက်မှီတိုင်အောင် မန္နကို စားကြ၏။
36 Lita mbili ni makumi ya efa.
၃၆ဩမဲမူကား၊ ဧဖာဆယ်စုတစုဖြစ်သတည်း။