< Kutoka 13 >
1 Yahweh akasema na Musa na kumwambia,
၁ထာဝရဘုရားက မောရှေအား``သားဦး ယောကျာ်းမှန်သမျှတို့ကိုငါ့အားဆက်ကပ် ကြရမည်။ ဣသရေလအမျိုးသားတို့တွင် သားဦးယောကျာ်း၊ တိရစ္ဆာန်တို့တွင်သားဦး ပေါက်ဟူသမျှကိုငါပိုင်၏'' ဟုမိန့်တော် မူ၏။
2 “Nitengee wazaliwa wote wa kwanza, kila mzaliwa wa kwanza wa Waisraeli, watu na wanyama. Mzaliwa wa kwanza ni wangu.”
၂
3 Musa akawambia watu, “Hii kumbukeni hii siku, siku mliyo toka Misri, kutoka nyumba ya utumwa, kwa mkono hodari wa Yahweh amewatoa kutoka hii sehemu. Hakuna mkate wa hamira waruhusiwa kuliwa.
၃ထိုနောက်မောရှေက ဣသရေလအမျိုးသား တို့အား``ထာဝရဘုရားသည်မဟာတန်ခိုး တော်ဖြင့် သင်တို့ကျွန်ခံရာအီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်ခဲ့သောနေ့ရက်ကို သတိရကြလော့။ ဤနေ့ရက်တွင်တဆေး ပါသောမုန့်ကိုမစားရ။-
4 Mnatoka Misri hii siku, mwezi wa Abibu.
၄သင်တို့သည်အဗိဗလခေါ်သောပထမလ အတွင်း ဤနေ့ရက်တွင်အီဂျစ်ပြည်မှထွက် ခွာလာရကြ၏။-
5 Yahweh atakapo waleta nchi ya Wakanani, Wahiti, Waamori, Wahivi, na Wayebusi, nchi aliyo waapia mababu zenu kuwapa, nchi inayo tiririka kwa maziwa na asali - kisha wapaswa kuadhimisha hili tendo la ibada kila mwezi.
၅ထာဝရဘုရားသည်ခါနန်အမျိုးသား၊ ဟိတ္တိ အမျိုးသား၊ အာမောရိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင် ရာပြည်ကို သင်တို့အားပေးမည်ဟုသင်တို့၏ ဘိုးဘေးတို့ကိုခိုင်မြဲသောသစ္စာကတိထား တော်မူခဲ့၏။ ကိုယ်တော်ပို့ဆောင်၍သင်တို့သည် အစာရေစာပေါကြွယ်ဝ၍မြေသြဇာထက် သန်သောပြည်သို့ရောက်ရှိသောအခါ နှစ်စဉ် ပထမလတွင်ဤပွဲတော်ကိုကျင်းပရမည်။-
6 Kwa siku saba utakula mkate bila hamira; siku ya saba kutakuwa na maakuli ya kumuadhimisha Yahweh.
၆ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားပြီး လျှင် သတ္တမနေ့၌ထာဝရဘုရားပွဲတော် ကိုကျင်းပရမည်။-
7 Mkate usio na hamira wapaswa kuliwa kwa siku saba zote; hakuna mkate ulio na hamira wapaswa kuliwa miongoni mwenu. Hakuna hamira yapaswa kuonekana kwenye mipaka yenu.
၇ခုနစ်ရက်ပတ်လုံးတဆေးပါသောမုန့်ကို မစားရ။ ထိုရက်အတွင်းသင်တို့နေထိုင်ရာ ပြည်တစ်လျှောက်လုံးတွင်တဆေးပါသော မုန့်ဖြစ်စေ၊ တဆေးဖြစ်စေမရှိစေရ။-
8 Hiyo siku utasema kwa watoto wako, 'Hii ni kwasababu ya kile Yahweh alichofanya kwangu nilipo taka Misri.'
၈ထိုပွဲတော်စတင်ကျင်းပသောနေ့တွင်သင် ၏သားတို့အား`အီဂျစ်ပြည်မှငါတို့ထွက် ခွာလာစဉ်က ထာဝရဘုရားပြုတော်မူ သောကျေးဇူးတော်ကိုအောက်မေ့သည့်အထိမ်း အမှတ်ပွဲတော်ဖြစ်သည်' ဟုရှင်းပြရမည်။-
9 Hii itakuwa kumbukumbu mkononi mwako, na kumbukumbu kwenye paji la uso wako. Hii ni ili sheria ya Yahweh iwe kinywani mwako, maana kwa mkono hodari Yahweh amewatoa kutoka Misri.
၉ထာဝရဘုရားသည်မဟာတန်ခိုးတော်ဖြင့် သင်တို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သောကြောင့် သင်တို့သည်ထာဝရဘုရား၏ ပညတ်တော်ကိုအမြဲရွတ်ဆိုလေ့လာနေစေ ရန် ပွဲတော်သည်သင်တို့၏လက်သို့မဟုတ်သင် တို့၏နဖူးပေါ်တွင်ချည်ထားသောအမှတ်လက္ခ ဏာသဖွယ် သင်တို့အားသတိရစေလိမ့်မည်။-
10 Kisha basi wapaswa kushika hii sheria kwa wakati uliyo kusudiwa kutoka mwaka hadi mwaka.
၁၀နှစ်စဉ်သတ်မှတ်သောအချိန်၌ဤပွဲတော်ကို ကျင်းပရမည်။
11 Yahweh atakapo waleta kwenye nchi ya Wakanani, kama alivyo apa kwenu na kwa mababu zenu kufanya, na atakapo wapa nchi ninyi,
၁၁``ထာဝရဘုရားသည်သင်တို့နှင့်သင်တို့၏ဘိုး ဘေးတို့အားပေးမည်ဟု ခိုင်မြဲသောကတိသစ္စာ ထားသောခါနာန်ပြည်သို့သင်တို့ကိုပို့ဆောင် လိမ့်မည်။ ထိုပြည်သို့ရောက်သောအခါ၊-
12 lazima umtengee mzaliwa wa kwanza mtoto na uzao wa kwanza wa wanyama wenu. Wakiume watakuwa wa Yahweh.
၁၂သင်တို့၌ဖွားမြင်သောသားဦးမှန်သမျှကို ထာဝရဘုရားအားဆက်ကပ်ရမည်။ သင်တို့ ၏တိရစ္ဆာန်များမှ သားဦးပေါက်အထီးမှန် သမျှကိုလည်းထာဝရဘုရားပိုင်တော် မူ၏။-
13 Kila mzaliwa wa kwanza wa punda lazima umnunue tena na mwana kondoo. Kama hautamnunua tena, lazima uivunje shingo yake. Lakini kila mzaliwa wa kwanza wakiume miongoni mwenu - lazima umnunue tena.
၁၃သို့ရာတွင်သားဦးပေါက်မြည်းအထီးကိုသိုး ကလေးနှင့်လဲ၍ရွေးယူရမည်။ ထိုသို့လဲ၍ မရွေးယူလိုလျှင် မြည်းကလေး၏လည်ပင်း ကိုချိုးရမည်။ သင်တို့၏သားဦးယောကျာ်းမှန် သမျှကိုပြန်၍ရွေးယူကြရမည်။-
14 Mwanae atakapo kuuliza baadae, 'Hii ina maana gani?' kisha utamwambia, 'Ni kwa mkono hodari Yahweh katutoa Misri, kutoka nyumba ya utumwa.
၁၄နောင်အခါ၌သင်၏သားက`အဘယ်ကြောင့်ဤ သို့ပြုလုပ်ရပါသနည်း' ဟုမေးလျှင်`ထာဝရ ဘုရားသည်မဟာတန်ခိုးတော်ဖြင့် ငါတို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့တော် မူ၏။-
15 Farao alipo kataa kwa ujeuri kutuachia twende, Yahweh aliwaua wazaliwa wa kwanza wa nchi ya Misri, wazaliwa wa kwanza wa watu na wa wanyama. Ndio sababu ninatoa dhabihu kwa Yahweh kwa kila mzaliwa wa kwanza wa kila mnyama, na pia sababu nina nunua wazaliwa wa kwanza wa wanangu tena.'
၁၅အီဂျစ်ဘုရင်သည်ခေါင်းမာ၍ငါတို့အား သွားခွင့်မပေးသောအခါ ထာဝရဘုရား သည်အီဂျစ်ပြည်၌ရှိသောလူနှင့်တိရစ္ဆာန် တို့၏သားဦးပေါက်မှန်သမျှတို့ကိုသေ ဒဏ်စီရင်တော်မူ၏။ ထိုအကြောင်းကြောင့် ငါတို့သည်တိရစ္ဆာန်သားဦးပေါက်မှန်သမျှ ကို ထာဝရဘုရားအားယဇ်ပူဇော်ရ၏။ သို့သော်လည်းငါတို့၏သားဦးများကို ပြန်၍ရွေးယူကြသည်။-
16 Hii itakuwa kumbukumbu mikononi mwako na kumbukumbu kwenye paji lako la uso, kwa kuwa ni kwa mkono hodari Yahweh alitutoa kutoka Misri.”
၁၆ထာဝရဘုရားသည်မဟာတန်ခိုးတော် ဖြင့် ငါတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ ခြင်းကြောင့် ဤပွဲတော်သည်သင်၏လက်သို့ မဟုတ်သင်၏နဖူးပေါ်တွင်ချည်ထားသော အမှတ်လက္ခဏာသဖွယ် သင်တို့အားသတိ ရစေလိမ့်မည်' ဟုပြန်ပြောရမည်'' ဟူ၍ ပြောဆိုလေ၏။
17 Farao alipo waachia watu waende, Mungu akuwaongoza kwa njia ya Wafilisti, japo hiyo njia ilikuwa karibu. Kwa kuwa Mungu alisema, “Labda watu watabadili nia zao watakapo ona vita na watarudi Misri.”
၁၇အီဂျစ်ဘုရင်သည်ဣသရေလအမျိုးသား တို့အားထွက်ခွင့်ပြုသောအခါ ထာဝရ ဘုရားသည်ဖိလိတ္တိမြို့သို့သွားသောပင် လယ်ကမ်းခြေဖြတ်လမ်းဖြင့် သူတို့ကိုပို့ ဆောင်တော်မမူ။ သူတို့သည်စစ်ပွဲတိုက်ရမည် ကိုသိမြင်လျှင်စိတ်ပြောင်း၍ အီဂျစ်ပြည် သို့ပြန်သွားကြမည်ဖြစ်ကြောင်းဘုရားသခင်သိတော်မူ၏။-
18 Hivyo Mungu akawaongoza watu kuzunguka nyikani kupita Bahari ya Shamu. Waisraeli waliondoka kutoka nchi ya Misri wakiwa wamejiami kwa pambano.
၁၈သို့ဖြစ်၍သူတို့အားတောကန္တာရခရီး ဖြင့် ဧဒုံပင်လယ်ဘက်သို့လှည့်ပတ်လျက် သွားစေတော်မူ၏။ ဣသရေလအမျိုးသား တို့တွင်စစ်ပွဲဝင်ရန်လက်နက်အပြည့်အစုံ ပါရှိကြ၏။
19 Musa akachukuwa mifupa ya Yusufu pamoja naye, kwa kuwa Yusufu aliwaapisha Waisraeli na kusema, “Mungu atawaokoa, na muibebe mifupa yangu na nyie.”
၁၉ယောသပ်ကဣသရေလအမျိုးသားတို့အား ကတိသစ္စာထားစေခဲ့သည့်အတိုင်း မောရှေ သည်ယောသပ်၏အရိုးတို့ကိုယူဆောင်ခဲ့ လေသည်။ ယောသပ်က``ဘုရားသခင်သည် သင်တို့ကိုကယ်တင်ထုတ်ဆောင်သောအခါ ငါ့အရိုးတို့ကိုဤအရပ်မှယူဆောင် သွားရမည်'' ဟုခိုင်မြဲသောကတိပြု စေ၏။
20 Waisraeli walisafiri kutoka Sakothi na kuweka kambi Ethamu pembezoni mwa nyikani.
၂၀သူတို့သည်သုကုတ်မြို့မှခရီးဆက်ခဲ့ကြ ရာ တောကန္တာရအစပ်ရှိဧသံမြို့တွင်စခန်း ချကြ၏။-
21 Yahweh alitangulia mbele yao mchana kama nguzo ya wingu kuwaongoza njiani. Usiku alienda kama nguzo ya moto kuwapa mwanga. Kwa namna hii waliweza kusafiri mchana na usiku.
၂၁နေ့နှင့်ညအချိန်တွင်သူတို့အားလမ်းပြရန် ထာဝရဘုရားသည်နေ့အချိန်၌မိုးတိမ် တိုင်အဖြစ်ဖြင့်လည်းကောင်း၊ ညအချိန်၌ အလင်းရောင်ပေးရန်မီးတိုင်အဖြစ်ဖြင့် လည်းကောင်း သူတို့၏ရှေ့ကကြွတော်မူ၏။-
22 Yahweh hakuchukuwa kutoka kwa watu nguzo ya wingu mchana wala nguzo ya moto usiku.
၂၂နေ့အချိန်၌မိုးတိမ်တိုင်၊ ညအချိန်၌မီး တိုင်သည်သူတို့ရှေ့ကအစဉ်မပြတ်သွား လေ၏။