< Torati 26 >
1 Utakapofika katika nchi ambayo Yahwe Mungu wako anakupatia kama urithi, na utakapoimiliki na kuishi ndani yake,
၁``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်သို့ ဝင်ရောက် သိမ်းပိုက်နေထိုင်ကြသောအခါ၊-
2 basi unatakiwa kuchukua baadhi ya mavuno yote ya kwanza ya ardhi uliyoyaleta kutoka katika nchi ambayo Yahwe Mungu wako anakupatia. Unatakiwa kuyaweka ndani ya kikapu na kuelekea katika eneo ambalo Yahwe Mungu wako atapachagua kama mahali patakatifu.
၂သင်တို့သည်လက်ဦးလက်ဖျားအသီးအနှံ အမျိုးမျိုးကိုတောင်းထဲ၌ထည့်ပြီးလျှင် တစ်ခုတည်းသောကိုးကွယ်ရာဌာနသို့ယူ ဆောင်သွားရမည်။-
3 Unatakiwa kwenda kwa kuhani ambaye atakuwa akihudumu katika siku hizo na kumwambia, “Siku ya leo ninakiri kwa Yahwe Mungu wako ya kuwa nimekuja katika nchi ambayo Yahwe aliapa kwa mababu zetu kutupatia”.
၃ထိုအချိန်တွင်တာဝန်ကျသောယဇ်ပုရော ဟိတ်ထံသို့သွား၍`အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရားသည် ဘိုးဘေးတို့အားကတိ ထားတော်မူသောပြည်သို့ အကျွန်ုပ်ရောက်ရှိ နေပြီဖြစ်ကြောင်းထာဝရဘုရားထံ ယနေ့ဝန်ခံပါ၏' ဟုပြောဆိုလော့။
4 Kuhani anatakiwa kuchukua kikapu mkononi mwako na kukiweka madhabahuni ya Yahwe Mungu wako.
၄``ထိုအခါယဇ်ပုရောဟိတ်သည် သင့်ထံမှ တောင်းကိုယူ၍ သင်၏ဘုရားသခင်ထာဝရ ဘုရား၏ယဇ်ပလ္လင်ရှေ့မှာချထားရမည်။-
5 Unapaswa kusema mbele ya Yahwe Mungu wako, “Babu yangu alikuwa Mwaremi mzururaji. Alikwenda chini hadi Misri na kukaa kule, na idadi ya watu wake ilikuwa chache. Kule akawa taifa kubwa, lenye nguvu na idadi kubwa.
၅ထိုနောက်သင်သည်ထာဝရဘုရား၏ရှေ့ တော်တွင်`အကျွန်ုပ်၏ဘိုးဘေးသည် အိုးအိမ် အတည်တကျမရှိသောအာရေမီယန် အမျိုးသားဖြစ်ပါသည်။ သူသည်သူ၏ မိသားစုကိုခေါ်၍ အီဂျစ်ပြည်သို့သွား ရောက်နေထိုင်ခဲ့ပါသည်။ ထိုပြည်သို့ရောက် စဉ်ကသူတို့၏ဦးရေအနည်းငယ်မျှ သာရှိသော်လည်း နောင်တွင်လူဦးရေများ ၍အင်အားကြီးသောလူမျိုးဖြစ်လာ ပါသည်။-
6 Wamisri walitutendea vibaya na kututesa. Walitulazimisha kufanya kazi za watumwa.
၆အီဂျစ်အမျိုးသားတို့သည် အကျွန်ုပ်တို့ ကိုညှင်းဆဲနှိပ်စက်၍ကျွန်အဖြစ်စေ ခိုင်းပါသည်။-
7 Tulimlilia Yahwe, Mungu wa baba zetu, naye akasikia sauti yetu na kuona mateso yetu, kazi zetu na mateso yetu.
၇ထိုအခါအကျွန်ုပ်တို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားထံကူညီ မစရန်လျှောက်ထားကြပါသည်။ ထာဝရ ဘုရားသည်ကျွန်ုပ်တို့၏လျှောက်ထားချက် ကိုနားညောင်းတော်မူ၍ အကျွန်ုပ်တို့ခံရ သောညှင်းဆဲနှိပ်စက်ခြင်းနှင့်ဆင်းရဲဒုက္ခ ကိုသိမြင်တော်မူ၏။-
8 Yahwe alituondoa Misri kwa mkono wake mkuu, kwa mkono wake ulionyoshwa, kwa hofu kuu, kwa ishara na miujiza;
၈ထာဝရဘုရားသည်မဟာတန်ခိုးတော်နှင့် လက်ရုံးတော်အားဖြင့် အကျွန်ုပ်တို့အားအီဂျစ် ပြည်မှကယ်တင်တော်မူခဲ့သည်။ ကိုယ်တော် သည်နိမိတ်လက္ခဏာများနှင့်အံ့သြဖွယ်ရာ များကိုပြ၍ ကြောက်မက်ဖွယ်သောဘေးဒဏ် များကိုကျရောက်စေတော်မူသည်။-
9 na ametuleta katika sehemu hii na kutupatia nchi hii, nchi inayotiririka kwa maziwa na asali.
၉ကိုယ်တော်သည်အစာရေစာပေါကြွယ်ဝသော ဤပြည်သို့ပို့ဆောင်နေထိုင်စေတော်မူ၏။-
10 Tazama sasa, nimeleta mavuno ya kwanza kutoka katika nchi ambayo wewe, Yahwe, umenipatia.” Unapaswa kuweka chini mbele ya Yahwe Mungu wako na kuabudu mbele zake;
၁၀ထို့ကြောင့်အကျွန်ုပ်သည်ကိုယ်တော်ပေးသနား တော်မူသော လက်ဦးလက်ဖျားအသီးအနှံ များကို ယခုယူဆောင်ဆက်ကပ်ပါသည်' ဟူ၍ရွတ်ဆိုရမည်။ ထို့နောက်တောင်းကိုထာဝရဘုရား၏ရှေ့ တော်တွင်ချထား၍ဝတ်ပြုကိုးကွယ်ရမည်။-
11 na unapaswa kufurahia katika mema yote ambayo Yahwe Mungu wako amekufanyia, kwa ajili na nyumba yako – wewe, na Mlawi, na mgeni aliye miongoni mwako.
၁၁သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်နှင့်သင်၏မိသားစုအားကျေးဇူး ပြုတော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်း လော့။ သင်တို့နှင့်တစ်ရပ်တည်းနေထိုင်သော လေဝိအမျိုးသားများ၊ လူမျိုးခြားသား များသည်သင်တို့နှင့်အတူပျော်ပွဲရွှင်ပွဲ ကိုဆင်နွှဲစေကြလော့။
12 Utakapomaliza kutoa zaka yote ya mavuno katika mwaka wa tatu, yaani, mwaka wa kutoa zaka, basi unapaswa kuwapatia Mlawi, kwa mgeni, kwa yatima, na kwa mjane, ili kwamba waweze kula ndani ya malango yenu ya mji na kujazilishwa.
၁၂``သုံးနှစ်လျှင်တစ်ကြိမ်သင်၏အသီးအနှံ ထဲမှ ဆယ်ဖို့တစ်ဖို့ကိုလေဝိအမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့် မုဆိုးမများအားပေးကမ်းလော့။ ဤနည်း အားဖြင့်သူတို့သည် မိမိတို့နေထိုင်ရာအရပ် တွင် ဝလင်စွာစားသောက်ရကြလိမ့်မည်။ ထို သို့ပေးကမ်းပြီးနောက်ထာဝရဘုရား အား၊-
13 Unatakiwa kusema mbele ya Yahwe Mungu wako, “Nimetoa kutoka nyumbani mwangu vitu ambavyo ni mali ya Yahwe, na kumpatia Mlawi, mgeni, yatima, na mjane, kulingana na amri zote ulizonipatia. Sijavunja amri yako yoyote, wala sijazisahau.
၁၃`အကျွန်ုပ်သည်ပေးကမ်းရန်သီးသန့်ထား သောဆယ်ဖို့တစ်ဖို့ကို အိမ်တွင်ခြွင်းချန်မ ထားပါ။ ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်း လေဝိအမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့်မုဆိုးမများအား ပေးကမ်းပါပြီ။ ဆယ်ဖို့တစ်ဖို့နှင့်ဆိုင်၍ ကိုယ်တော်ပညတ်သမျှတို့ကိုမချိုးဖောက်၊ မမေ့လျော့ပါ။-
14 Sijala kati yao wakati wa maombolezo yangu, wala sijaziweka mahali pengine nilipokuwa mchafu, wala sijazitoa kati yao kwa heshima ya wafu. Nimesikiliza sauti ya Yahwe Mungu wangu; Nimetii kila kitu ulichoniamuru kukifanya.
၁၄အကျွန်ုပ်သည်သေသူအတွက်ဝမ်းနည်းကြေ ကွဲနေစဉ် ထိုဆယ်ဖို့တစ်ဖို့ထဲမှယူ၍မစား ခဲ့ပါ။ ဘာသာရေးထုံးနည်းအရအကျွန်ုပ် မသန့်ရှင်းစဉ် ထိုဆယ်ဖို့တစ်ဖို့ကိုအိမ်အပြင် သို့မထုတ်ပါ။ ထိုဆယ်ဖို့တစ်ဖို့မှယူ၍သေ သူအားမပူဇော်ပါ။ အို ထာဝရဘုရား၊ ကိုယ်တော်၏အမိန့်တော်ကိုအကျွန်ုပ်နာခံ ပါ၏။ ဆယ်ဖို့တစ်ဖို့နှင့်ဆိုင်၍ကိုယ်တော် ပညတ်သမျှအတိုင်းဆောင်ရွက်ပြီးပါပြီ။-
15 Tazama chini kutoka mahali patakatifu unapoishi, kutoka mbinguni, na ubariki watu wako Israeli, na nchi uliyotupatia, kama ulivyoapa kwa mababu zetu, nchi inayotiririka kwa maziwa na asali.
၁၅ကိုယ်တော်စိုးစံတော်မူရာကောင်းကင်ဘုံမှ ကြည့်ရှုတော်မူ၍ ဘိုးဘေးတို့အားကတိ ထားတော်မူသည့်အတိုင်းပေးသနားသော အစာရေစာပေါကြွယ်ဝသည့်ပြည်နှင့် တကွ ကိုယ်တော်၏လူမျိုးတော်ဖြစ်သော ဣသရေလလူမျိုးတို့အားကောင်းချီး ပေးတော်မူပါ' ဟူ၍လျှောက်ဆိုရမည်။
16 Leo Yahwe Mungu wako anawaamuru kuzitii sheria na amri hizi; basi utazishikilia na kuzitenda kwa moyo wako wote na kwa nafsi yako yote.
၁၆``သင်တို့သည်ဤပညတ်တော်အားလုံးကို လိုက်နာရန် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ယနေ့တွင်မိန့်မှာတော်မူ၏။ သို့ ဖြစ်၍ယင်းပညတ်များကိုတစ်သဝေ မတိမ်းလိုက်လျှောက်ရန်အစွမ်းကုန်အား ထုတ်လော့။-
17 Umetamka leo ya kuwa Yahwe ni Mungu wako, na kwamba utatembea katika njia zake na kushikilia sheria zake, maagizo yake na amri zake, na kwamba utaisikiliza sauti yake.
၁၇ထာဝရဘုရားသည် သင်၏ဘုရားသခင် ဖြစ်သည်ဟုယနေ့သင်ဝန်ခံပြီ။ သင်တို့ သည်ဘုရားသခင်၏စကားကိုနားထောင် ရန်လည်းကောင်း၊ ပညတ်တော်ရှိသမျှကို စောင့်ထိန်းရန်လည်းကောင်း၊ မိန့်မှာတော်မူ သမျှကိုလိုက်နာရန်လည်းကောင်းကတိ ပေးခဲ့ပြီ။-
18 Leo Yahwe ametamka ya kwamba mu watu ambao ni mali yake, kama alivyoahidi kwenu, na kwamba mnapaswa kushikilia amri zake zote.
၁၈ထာဝရဘုရားသည် ကတိတော်အတိုင်း သင်တို့အားကိုယ်တော်၏လူမျိုးတော်အဖြစ် ယနေ့လက်ခံတော်မူပြီ။ သင်တို့သည်ပညတ် တော်ရှိသမျှတို့ကိုလိုက်နာရန်မိန့်မှာ တော်မူ၏။-
19 Na atawaweka juu zaidi ya mataifa mengine aliyoyaumba nanyi mtapokea sifa, umaarufu na heshima. Mtakuwa watu waliowekwa kando kwa Yahwe Mungu wako, kama alivyosema.”
၁၉ကိုယ်တော်သည်မိမိဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့ထက် သင်တို့အားပို၍ ကြီးမြတ်စေတော်မူလိမ့်မည်။ သင်တို့အား ဖြင့်ကိုယ်တော်၏ဘုန်းကျက်သရေထွန်း ပြောင်လာလိမ့်မည်။ ကတိတော်ရှိသည့် အတိုင်း သင်တို့သည်ကိုယ်တော်၏လူမျိုး တော်ဖြစ်လိမ့်မည်'' ဟုပြောဆိုလေ၏။