< Torati 21 >

1 Iwapo mtu amekutwa kauwawa ndani ya nchi ambayo Yahwe Mungu wako anawapatia kumiliki, kalala shambani, na haijulikani aliyemshambulia;
သင် ၏ဘုရားသခင် ထာဝရဘုရား အပိုင် ပေး တော်မူသော ပြည် တွင် ၊ လွတ်လပ် သောအရပ်၌ လူအသေ ကောင်ရှိ သည်ကို တွေ့ ၍၊ အဘယ်သူ သတ် သည်ကို မ သိ လျှင်၊
2 basi wazee wenu pamoja na waamuzi wenu wanapaswa kutoka nje, na kupima katika miji ambayo inamzunguka yule aliyeuawa.
သင် ၌ အသက်ကြီး သူ၊ တရားသူကြီး တို့သည် ထွက် ၍ ၊ ပတ်ဝန်းကျင် မြို့ ရွာများတိုင်အောင် တိုင်းထွာ ရကြမည်။
3 Kisha wazee wa mji ulio karibu na mwili wa marehemu wanapaswa kuchukua mtamba kutoka kwenye kundi la mifugo, ambaye hajawahi kutumikishwa, wala kubebeshwa nira.
အသေ ကောင်နှင့် အနီး ဆုံးသောမြို့ ၌ အသက်ကြီး သူတို့သည် ထမ်းဘိုး တင် ခြင်း၊ စေခိုင်း ခြင်းကို မ ပြုဘူး သေးသော နွားသငယ် ကို ယူ ၍၊
4 Kisha wanapaswa kumuongoza mtamba huyo mpaka chini ya bonde litiririkalo maji, bonde ambalo halijawahi kulimwa wala kupandwa, na mle bondeni wanapaswa kuvunja shingo ya mtamba huyo.
လယ် မ လုပ်မျိုးစေ့မ ကြဲ နိုင်အောင် ရေ မပြတ် သော ချောင်း သို့ ဆောင် သွား၍ ၊ ထို ချောင်း ၌ နွား လည်ပင်း ကို ဖြတ်ပြီးမှ၊
5 Makuhani, uzao wa Lawi, wanapaswa kuja mbele, kwa maana Yahwe Mungu wako amewachagua wamtumikie yeye na kutoa baraka katika jina la Yahwe na kuamua kila mtafaruku na ugomvi kwa neno lao.
သင် ၏ဘုရားသခင် ထာဝရဘုရား အမှု တော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ ထာဝရဘုရား အခွင့် နှင့် ကောင်းကြီး ပေးစေခြင်းငှာ ၎င်း ရွေးချယ် တော်မူ သော လေဝိ သား ယဇ် ပုရောဟိတ်တို့သည် ချဉ်း ၍ တရား တွေ့ခြင်းအမှု၊ ရိုက်ပုတ် ခြင်းအမှု ရှိသမျှ တို့ကို စီရင် ဆုံးဖြတ်ရကြမည်။
6 Wazee wote wa mji ulio karibu na mtu aliyeuawa wanapaswa kunawa mikono yao juu ya mtamba aliyevunjwa shingo bondeni;
အသေ ကောင်နှင့် အနီး ဆုံးသော မြို့ သား အသက်ကြီး သူ အပေါင်း တို့သည်၊ ထိုချောင်း ၌ လည်ပင်း ဖြတ်ပြီးသော နွားမ အပေါ် မှာ မိမိ တို့လက် ကို ဆေး လျက်၊
7 na wanapaswa kutoa suhulisho juu ya jambo hilo na kusema, ‘Mikono yetu haijamwaga damu hii, wala macho yetu hayajaona suala hili.
ငါ တို့လက် သည် ဤ အသွေး ကို မ သွန်း ၊ ငါ တို့ မျက်စိ သည် မ မြင်။
8 Tusamehe watu wako Israeli, Yahwe, ambao umewakomboa, na usiweke hatia juu ya umwagaji damu usio na kosa miongoni mwa watu wako Israeli.’ Kisha umwagaji damu utasamehewa kwao.
အိုထာဝရဘုရား ၊ ရွေး တော်မူသော ကိုယ်တော် ၏လူ ဣသရေလ အမျိုးကို သနား တော်မူပါ။ မ သေထိုက် သောသူကို သတ် သောအပြစ်သည် ကိုယ်တော် ၏လူ ဣသရေလ အမျိုးအပေါ် သို့ ရောက် စေတော်မ မူပါနှင့်ဟု မြွက်ဆို ရကြမည်။ သို့ပြုလျှင် အသက် ကိုသတ် သော အပြစ် လွတ်လိမ့်မည်။
9 Kwa njia hii utaweka mbali umwagaji damu usio na hatia miongoni mwenu, mtakapofanya yaliyo mema machoni pa YAHWE.
ထိုသို့ သင်သည် ထာဝရဘုရား ရှေ့ တော်၌ ကောင်း သောအမှုကို ပြု သောအခါ၊ မ သေထိုက်သောသူ ၏ အသွေး ကို ပယ်ရှင်း ရလိမ့်မည်။
10 Utakapokwenda kupigana vita dhidi ya maadui zako na Yahwe Mungu wako atakapokupa ushindi na kuwaweka chini ya mamlaka yako, na ukawachukua mbali kuwa mateka,
၁၀သင် သည် ရန်သူတို့ကို စစ်တိုက် သွား ၍ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သူ တို့ကို သင့် လက် ၌ အပ် တော်မူသဖြင့် ၊ သင်သည် ဘမ်းယူ သောအခါ၊
11 kama kati ya mateka ukamwona mwanamke mzuri, nawe ukamtamani na kutaka kujitwalia awe mke wako,
၁၁ဘမ်းယူ သောသူတို့တွင် အဆင်း လှသော မိန်းမ ကို မြင် ၍ စုံဘက် ခြင်းငှာ အလို ရှိလျှင်၊
12 basi utamleta nyumbani kwako; atanyoa nywele zake na kukata kucha zake.
၁၂သင့် အိမ် သို့ သူ့ ကိုခေါ် သွား၍ ၊ သူ သည် ဦးဆံ ရိတ် ခြင်း၊ လက်သည်း လှီးဖြတ်ခြင်းကို ပြု လျက်၊
13 Kisha atazivua nguo alizokuwa amezivaa wakati alipochukuliwa mateka na atabaki nyumbani kwako na kuwaomboleza baba yake na mama yake kwa mwezi mzima. Baada ya hapo unaweza kulala naye na kuwa mume wake, naye atakuwa mke wako.
၁၃ဘမ်းယူ ရာအဝတ် ကို ချွတ် ပယ်၍ တလ ပတ်လုံးမိဘ တို့ကို မြည်တမ်း လျက် သင့် အိမ် ၌ နေ ပြီးသောနောက် ၊ သင်သည် သူ နှင့် စုံဘက် ၍ သူ သည် သင် ၏ မယား ဖြစ် မည်။
14 Lakini usipofurahishwa naye, basi unatakiwa kumruhusu aondoke apendaye yeye. Lakini haupaswi kamwe kumuuza kwa fedha, pia haupaswi kumfanya kama mtumwa, kwa sababu umemdhalilisha.
၁၄နောက် တဖန် သူ့ ကို မ ချစ် လျှင် ၊ သူ့ အလို အလျောက် သွား သောအခွင့်ကိုပေး ရမည်။ သူ့ ကိုရှုတ်ချ သောကြောင့် ငွေ နှင့် မ ရောင်း ရ၊ ကျွန် အရာ၌ မ ထားရ။
15 Iwapo mwanamume ana wake wawili na mmoja wao ampenda na mwingine kumchukia, na wote wamekwisha mzalia watoto –wote mwanamke mpendwa na mwanamke achukiwae –
၁၅လင်ချစ် သော မယား၊ မုန်း သော မယား နှစ် ယောက်တို့သည် သား ကို ဘွား ၍ ၊ အဦး ဘွားသော သား သည် မုန်း သောမယား၏ သားဖြစ် လျှင်၊
16 basi katika siku ambayo mwanamume atakapowarithisha mali zake wanawe, hapaswi kumfanya mwana wa mke ampendaye kuwa mzawa wa kwanza kabla ya mwana wa mke amchukiaye, ambaye ndiye mwana wa kwanza.
၁၆ထိုသူသည် မိမိ အမွေ ဥစ္စာကို ဝေ သောအခါ ၊ မုန်း သောမယား၏ သား ဦး ကို နှိမ့်ချ၍ ချစ် သောမယား၏ သား ကို သားဦး အရာ၌ မ ချီးမြှောက်ရ။။
17 Badala yake, anapaswa kumtambua mwana wa kwanza, mwana wa mke asiyempenda, kwa kumpatia mara mbili ya mali zake; kwa maana huyo mwana ni mwanzo wa nguvu zake; haki za mzawa wa kwanza ni zake.
၁၇မုန်း သောမယား၏ သား သည် သားဦး ဖြစ်သည် ဟု ဝန်ခံ ၍ ၊ နှစ်ဆ သော အမွေ ဥစ္စာကို သူ့ အား ပေး ရမည်။ အကြောင်း မူကား၊ ထိုသားသည် အဘ ၏ ခွန်အား အစဦး ဖြစ်၏။ သားဦး အရိပ် အရာနှင့် ဆိုင် ပေ၏။
18 Iwapo mwanamume ana mwana mkaidi na muasi ambaye hatatii sauti ya baba yake au sauti ya mama yake, ambaye, hata baada ya kurekebishwa, hatawasikia;
၁၈အဘ ၌ ဆိုး သောသား၊ ခက်ထန် သောသဘော ရှိ၍ မိဘ စကား ကို နား မ ထောင်သောသား၊ မိဘတို့ ဆုံးမ သော်လည်း ဆုံးမခြင်းကို မ ခံ သောသား ရှိ လျှင်၊
19 basi baba yake na mama yake wanapaswa kumshika na kumleta mbele ya wazee wa mji na kwenye malango ya mji.
၁၉မိဘ တို့သည် ထို သားကို ဆွဲကိုင် ၍ ၊ မြို့ ၌ အသက်ကြီး သူတို့ရှိ ရာ မြို့တံခါးဝ သို့ ဆောင် ခဲ့ပြီးလျှင်၊
20 Wanapaswa kuwaambia wazee wa mji, “Huyu mwanetu ni mkaidi na muasi; hataki kusikia sauti zetu; ni mwasherati na pia ni mlevi’.
၂၀အကျွန်ုပ် တို့သား သည် ဆိုး သောသူ၊ ခက်ထန် သောသဘောရှိ၍ အကျွန်ုပ် တို့စကား ကို နား မ ထောင်သောသူ ဖြစ် ပါ၏။ စားကြူး သောသူ၊ သောက်ကြူး သောသူ ဖြစ်ပါ၏ဟု မြို့ ၌ အသက်ကြီး သူတို့အား လျှောက်ဆို ရမည်။
21 Kisha wanaume wote wa mji wanapaswa kumpiga kwa mawe hadi kufa; nanyi mtaondoa uovu miongoni mwenu. Israeli yote itasikia juu ya hili na kuogopa.
၂၁မြို့ သားယောက်ျား အပေါင်း တို့သည် ထို သားကို ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရကြမည်။ ထိုသို့ သင် တို့တွင် ဒုစရိုက် အပြစ်ကို ပယ်ရှား သဖြင့် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထိုသိတင်းကို ကြား ၍ ကြောက်ရွံ့ ခြင်း ရှိကြလိမ့်မည်။
22 Iwapo mwanamume kafanya dhambi inayostahili kifo na kisha akauwawa, kwa kunyongwa juu ya mti,
၂၂သေ ထိုက်သော အပြစ် ရှိ သောသူ ကို သစ်တိုင် ၌ ဆွဲ ၍ သတ် လျှင်၊
23 basi mwili wake haupaswi kubaki usiku kucha juu ya mti. Badala yake, unapaswa kuhakikisha unamzika siku hiyo; kwa maana yeyote anyongwaye amekwisha laaniwa na Mungu. Tii amri hii ili kwamba usitie najisi nchi ambayo Yahwe Mungu wako anawapatia kama urithi.
၂၃အသေ ကောင်ကို သစ်တိုင် ၌ တညဉ့်လုံး မ ထား ရ။ ထိုနေ့ ခြင်းတွင် မြေ၌ ဆက်ဆက်မြှုပ် ရမည်။ သစ်တိုင်၌ ဆွဲ ထားခြင်းကို ခံရသောသူသည် ကျိန် ခြင်းကို ခံရသောသူဖြစ် ၏။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ ပေး တော်မူသော ပြည် သည် မ ညစ်ညူး စေမည် အကြောင်း ထိုသို့ ပြုရမည်။

< Torati 21 >