< Torati 20 >
1 Pindi utokapo kwenda vitani kupigana dhidi ya adui zako, na kuona farasi, magari, na watu wengi zaidi kuliko wewe, haupaswi kuwaogopa; kwa kuwa Yahwe Mungu wako yu pamoja nawe, yeye aliyekuleta kutoka nchi ya Misri.
၁သင်သည် ရန်သူတို့ကို စစ်တိုက်ခြင်းငှာ ချီသွား သောအခါ၊ ကိုယ်ထက်သာ၍ များသောမြင်း၊ ရထား၊ လူတို့ကို မြင်သော်လည်း မကြောက်နှင့်။ သင့်ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင်၏ဘုရားသခင် ထာဝရ ဘုရားသည် သင့်ဘက်၌ ရှိတော်မူ၏။
2 Wakati unakaribia kuingia kwenye vita, kuhani anapaswa kuwasogelea na kuongea na watu.
၂စစ်တိုက်ချိန်နီးသောအခါ၊ ယဇ်ပုရောဟိတ်တို့ သည် ချဉ်း၍၊
3 Anapaswa kuwaambia,”Sikilizeni, Israel, mnaenda kupigana dhidi ya maadui zenu. Msidhofishe moyo wenu. Msiohofu au kutetemeka. Msiwaogope.
၃အိုဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့သည် စစ်တိုက်ခြင်းငှာ ရန်သူတို့ကို ချဉ်းကြပြီ။ သူတို့ကြောင့် စိတ်ပျက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ထိတ်လန့် ခြင်း မရှိကြနှင့်။
4 Kwa kuwa Yahwe Mungu wenu ndiye aendae pamoja nanyi kupigana kwa ajili yenu dhidi ya maadui zenu na kuwaokoa.
၄အကြောင်းမူကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ရန်သူတို့ကို စစ်တိုက်၍ သင်တို့ကို ကယ်တင်ခြင်းအလိုငှာ၊ သင်တို့နှင့်အတူ ကြွတော်မူသည် ဟု လူတို့အား ပြောဆိုရကြမည်။
5 Maakida wanapaswa kuzungumza na watu na kusema, “Ni mtu yupi aliyejenga nyumba mpya na hajaiweka wakfu? Acha aende na arudi nyumbani kwake, ili kwamba asife vitani na mtu mwingine aiweke wakfu.
၅ဗိုလ်တို့ကလည်း၊ အိမ်သစ်ကို ဆောက်၍ ဘုရား သခင်၌ မအပ်ရသေးသောသူရှိလျှင်၊ မိမိအိမ်သို့ပြန်၍ အပ်ပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင် သေ၍ အခြား သောသူသည် ထိုအိမ်ကို အပ်လိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
6 Kuna yeyote ambaye amepanda mzabibu na hajafurahia matunda yake? Acha aende nyumbani, ili kwamba asife vitani na mtu mwingine afurahie matunda yake.
၆စပျစ်ဥယျာဉ်ကို စိုက်၍ စပျစ်သီးကို မစားရ သေးသောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင် သေ၍ အခြားသောသူသည် ထိုစပျစ်သီးကို စားလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
7 Ni mtu yupi aliyeposa kuoa mwanamke lakini bado hajamuoa? Acha aende nyumbani ili kwamba asife vitani na mume mwingine amuoa.”
၇မိန်းမနှင့်လက်ထပ်၍ မသိမ်းရသေးသောသူရှိ လျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ် စစ်တိုက် ရာတွင် သေ၍ အခြားသောသူသည် ထိုမိန်းမကို သိမ်း လိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။
8 Maakida wanapaswa kuzungumza zaidi kwa watu na kusema, “Ni mwanaume gani aliye hapa ambaye ni mwenye hofu au mnyonge? Acha aende na arudi nyumbani kwake, ili kwamba moyo wa ndugu yake usiyeyuke kama moyo wake.
၈တဖန်လည်း၊ ဗိုလ်တို့က ကြောက်တတ်သော သဘောရှိ၍ စိတ်ပျက်သောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ်လျှင် ထိုသူစိတ်ပျက်သကဲ့သို့ သူ၏အဘော်တို့သည် စိတ်ပျက်ကြလိမ့်မည်ဟု စိုးရိမ် စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။
9 Wakati maakida wamemaliza kuzungumza na watu, wanapaswa kuteua majemedari juu yao.
၉ဗိုလ်တို့သည် လူများတို့အား ထိုသို့ပြောပြီးမှ တပ်မှူးတို့သည် လူများကို စစ်ချီစေရကြမည်။
10 Wakati mtokapo kuteka mji, wafanye watu hao toleo la amani.
၁၀သင်သည် မြို့တစုံတမြို့ကို တိုက်ခြင်းငှာ ချဉ်း သောအခါ၊ စစ်ငြိမ်းမည်အကြောင်းကို ဟစ်ကြော်ရမည်။
11 Kama watapokea amani na kufungua malango yao kwako, watu wote wanaopatikana ndani yake wanapaswa kulazimishwa kukufanyia kazi na wanapaswa kukutumikia.
၁၁ထိုမြို့သည် စစ်ငြိမ်းရာစကားပြေကို ပြန်ပြော၍ မြို့တံခါးကို ဖွင့်ထားလျှင်၊ ထိုမြို့၌ရှိသောသူအပေါင်းတို့ သည် သင့်အား အခွန်ပေး၍ သင့်အမှုကို ထမ်းရကြမည်။
12 Lakini kama haitengenezi amani kwenu, lakani badala yake inatengeneza vita dhidi yenu, basi mnapaswa kumruhusu,
၁၂သို့မဟုတ် စကားပြေမပြောဘဲ သင့်ကို စစ်တိုက် လျှင်၊ ထိုမြို့ကို ဝိုင်းထား၍၊
13 na wakati Yahwe Mungu wenu anawapa ushindi na kuwaweka chini ya utawala wenu, mnapaswa kuua kila mtu katika mji.
၁၃သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့် လက်၌ အပ်တော်မူသောအခါ၊ ယောက်ျားရှိသမျှတို့ကို ထားနှင့်လုပ်ကြံရမည်။
14 Lakini wanawake, wadogo, ng'ombe, na kila kitu kilicho ndani ya mji, na nyara zake zote, utavichukua kama mateka yako. Nawe utawamaliza mateka wa maadui zako, ambao Yahwe Mungu amekupa.
၁၄မိန်းမ၊ သူငယ်၊ တိရစ္ဆာန်အစရှိသော မြို့၌တွေ့ သော ဥစ္စာရှိသမျှကို ကိုယ်ဘို့သိမ်း၍၊ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော သင်၏ရန်သူလက်မှ ရသော ဥစ္စာကို စားရမည်။
15 Unapaswa kuifanyia hivyo kuelekea miji yote ambayo iko mbali nawe, miji ambayo siyo miji ya mataifa yafuatayo.
၁၅ဤလူမျိုးနေသော မြို့မှတပါး သင်နှင့်ဝေးသော မြို့ရှိသမျှတို့အား ထိုသို့ပြုရမည်။
16 Katika miji ya watu hawa ambayo Yahwe Mungu wenu anawapa kama urithi, mnapaswa kutunza chochote kilicho na uhai.
၁၆သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့် အမွေခံစရာဘို့၊ ဤလူမျိုးနေရာမြို့တို့၌ အသက်ရှူသော လူသတ္တဝါတစုံတယောက်ကိုမျှ အသက်မရှင်စေရ။
17 Badala yake, mnapaswa kabisa kuagamiza: Hittite, na Amorite, Wakanani, Waperezi, Hivite, na Wabusi, kama Yahwe Mungu wenu alivyowaamuru.
၁၇ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိ လူတို့သည် မိမိတို့ဘုရားများ၌ ပြုသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို သင့်အား သွန်သင်၍၊
18 Fanya hivi ili kwamba wasiwafundishe kufanya katika njia za machukizo, kama walivyofanya kwa miungu yao. Kama mtafanya, mtafanya dhambi dhidi ya Yahwe Mungu wenu.
၁၈သင်သည် သင်၏ဘုရားသခင် ထာဝရဘုရားကို မပြစ်မှားမည်အကြောင်း သင်၏ဘုရားသခင် ထာဝရ ဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီးရမည်။
19 Wakati mtakapouzingira mji kwa muda mrefu, huku mkipigana dhidi yake kuuteka, hampaswi kuharibu miti yake kwa kushika shoka dhidi yake. Kwa kuwa utaweza kula matunda yake, kwa hiyo usiikate. Kwa maana mti wa kondeni mtu ambaye atauzingira?
၁၉သင်သည် မြို့တစုံတမြို့ကို တိုက်ယူခြင်းငှာ ကြာမြင့်စွာ ဝိုင်းထားလျှင်၊ သစ်ပင်များကို မခုတ်မဖြတ် ရ။ မြေ၌ပေါက်သော အပင်တို့သည် လူအသက်မွေးဘို့ရာ ဖြစ်သောကြောင့် အသီးကိုသာ စားရမည်။ မြို့ကို ဝိုင်းထားရာ အမှုကို ဆောင်၍ အပင်ကို မလှဲရ။
20 Ila miti ambayo unaijua siyo miti ya chakula, unaweza kuharibu na kuikata chini; utajenga maburuji dhidi ya mji unaofanya vita nawe, mpaka uanguke.
၂၀သို့ရာတွင် မစားရသော သစ်ပင်တို့ကို ခုတ်လှဲ၍၊ သင်နှင့်စစ်တိုက်သောမြို့ကို မအောင်မှီတိုင်အောင်၊ စစ်တိုက်ရာ တန်ဆာတို့ကို ဆောက်လုပ်ရသော အခွင့်ရှိ၏။