< Amosi 9 >
1 Nilimwona Bwana amesimama karibu na madhabahu, na akasema, “Vipige vichwa vya nguzo ili kwamba misingi itikisike. Vivunje vipande vipande juu ya vichwa vyao vyote, nami nitamwua kwa upanga wa mwisho wao. Hakuna hata mmoja wao atakaye kimbia, hakuna hata mmoja wao atakayekimbia.
၁ယဇ်ပလ္လင်အနီး၌ရပ်နေတော်မူသောထာဝရ ဘုရားကိုငါတွေ့ရ၏။ ကိုယ်တော်ရှင်က``ဗိမာန် တော်တစ်ခုလုံးကိုသိမ့်သိမ့်တုန်သွားစေရန် ဗိမာန်တော်တိုင်၏ထိပ်ဖျားကိုရိုက်ချိုးလော့။ ထိုအရာတို့ကိုချိုး၍လူတို့၏ခေါင်းပေါ် သို့ကျစေလော့။ ကျန်ရစ်သူများကိုစစ်ပွဲ၌ ငါကွပ်မျက်မည်။ မည်သူမျှလွတ်မည်မဟုတ်။ မည်သူတစ်ဦးမျှပြေးမလွတ်နိုင်။-
2 Hata kama watachimba kwenye Sheoli, kuna mkono wangu utawachukua. Hata kama watapanda juu kwenda mbingunu, huko nitawaleta chini. (Sheol )
၂မြေအောက်သို့တွင်းတူးပြီးသေမင်းနိုင်ငံ၌ ပုန်းအောင်းနေလင့်ကစား ငါသည်သူတို့ကို အမိအရဖမ်းဆီးမည်။ မိုးပေါ်သို့တက် ပြေးလျှင်လည်းသူတို့ကိုငါဆွဲချမည်။- (Sheol )
3 Hata kama watajificha juu ya Karmeli, nitawatafuta huko na kuwachukua. Hata kama watajificha kwenye vilindi vya bahari nisiwaone, nimwagiza joka, na atawang'ata.
၃ကရေမေလတောင်ထိပ်၌ပုန်းနေလျှင်လည်း သူတို့ကိုလိုက်ရှာ၍ဖမ်းချုပ်မည်။ ငါ့ထံမှ လွတ်အောင်ပင်လယ်အောက်၌ပုန်းနေလျှင် သူ တို့ကိုဝါးမြိုရန်ပင်လယ်နဂါးကိုစေ ခိုင်းမည်။-
4 Hata kama wataenda kwenye utumwa, watabanwa na maadui zao mbele yao, nitauagiza upanga huko, na utawau. Nitaelekeza macho yangu juu yao kwa ubaya sio kwa uzuri.”
၄ရန်သူများဖမ်းသွားခံရလျှင် လည်းသူတို့ ကိုသတ်ပစ်လိုက်ရန်ငါစေခိုင်းမည်။ ငါသည် သူတို့ကိုမကူညီဘဲ ဖျက်ဆီးပစ်ရန် သန္နိဋ္ဌာန်ချလိုက်ပြီ'' ဟုမိန့်တော်မူ၏။
5 Bwana Mungu wa majeshi ndiye agusaye nchi na ikayeyuka; wote waishio humo wataomboleza; yote yatainuka kama Mto, na itadidimia tena kama mto wa Misri.
၅ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား သည် ပထဝီမြေကြီးကိုတို့တော်မူသဖြင့်၊ မြေငလျင်ကြီးလှုပ်သည်။ မြေသားအပေါင်းတို့လည်းငိုကြွေးရမည်။ တစ်နိုင်ငံလုံးသည်အီဂျစ်ပြည်မှနိုင်းမြစ်ကဲ့သို့ တက်ခြင်းကျခြင်းရှိလိမ့်မည်။
6 Ni yeye ndiye avijengaye vyumba vyake mbinguni, na kuanzisha kuba yake juu ya dunia. Yeye huita maji ya bahari, na kuyamwaga juu ya uso wa dunia, Yahwe ndiye jina lake.
၆ထာဝရဘုရားသည်မိုးကောင်းကင်၌ မိမိအိမ်တော် ကိုတည်ဆောက်ခဲ့၏။ ကမ္ဘာမြေကြီးပေါ်တွင်လုံးဝန်းသော ကောင်းကင်ယံခုံးကိုတင်တော်မူ၏။ ပင်လယ်ရေများကိုခေါ်ယူလျက်မြေပေါ်၌ သွန်းလောင်းခဲ့၏။ ကိုယ်တော်ရှင်၏နာမတော်သည် အရှင်ထာဝရဘုရားပင်ဖြစ်တော်မူ၏။
7 “Je ninyi sio kama watu wa Kushi kwangu, wana wa Israeli? -hivi ndivyo Yahwe asemavyo. Je sikuwapandisha Israeli kutoka nchi ya misri, Wafilisti kutoka Krete, na Washami kutoka Kiri?
၇ထာဝရဘုရားက``အို ဣသရေလပြည်သား အပေါင်းတို့၊ ငါသည်သင်တို့ကိုကုရှလူမျိုး နှင့်တန်းတူသဘောထားခဲ့၏။ ငါသည်သင် တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာသကဲ့ သို့ ဖိလိတ္တိလူမျိုးကိုကရေတေကျွန်းမှ လည်းကောင်း၊ ရှုရိလူမျိုးကိုတိရပြည် မှလည်းကောင်းထုတ်ဆောင်လာခဲ့၏။-
8 Tazama, macho ya Bwana Yahwe yako juu ya ufalme wenye dhambi, na nitauharibu kutoka kwenye uso wa dunia, isipokuwa kwamba sintoiharibu kabisa nyumba ya Yakobo -hivi ndivyo Yahwe asemavyo.
၈ငါအရှင်ထာဝရဘုရားသည်အပြစ်များ လှသော ဤဣသရေလနိုင်ငံကိုသတိဖြင့် စောင့်ကြည့်နေပြီ။ ဤနိုင်ငံကိုမြေပေါ်မှ ကွယ်ပျောက်သွားအောင်ပယ်ဖျက်တော့မည်။ သို့သော်လည်းငါသည်ယာကုပ်အမျိုးအနွယ် အားလုံးကိုဖျက်ဆီးမည်မဟုတ်ဟုထာဝရ ဘုရားမိန့်တော်မူ၏။
9 Tazama, nitaamuru, na nitaipepeta nyumba ya Israeli miongoni mwa mataifa yote, kama mtu apepetaye ngano kwenye ungo, hivyo basi hakuna hata chembe ya jiwe itakayoanguka kwenye aridhi.
၉``ဆန်ကိုဆန်ကာတင်ပြီးခါချသကဲ့သို့ငါ၏ အမိန့်ဖြင့် ဣသရေလပြည်သားတို့ကိုဆန်ခါ တင်ကာခါချလိုက်မည်။ ခပ်သိမ်းသောလူမျိုး များအထဲ၌လှုပ်ခါပြီးနောက်မထိုက်တန်သူ မှန်သမျှကိုငါရှင်းလိုက်မည်။-
10 Watenda dhambi wote katika watu wangu watakufa kwa upanga, wale wasemao, 'Majanga hayatatupita au kukutana nasi.'
၁၀ငါ၏လူမျိုးထဲမှ`ဘုရားသခင်သည်ငါတို့ကို ဒုက္ခပေးလိမ့်မည်မဟုတ်' ဟုဆိုသောအပြစ်ရှိ သူမှန်သမျှသည်စစ်ပွဲ၌သေဆုံးရမည်။''
11 Katika siku hiyo nitainua hema ya Daudi iliyokuwa imeanguka, na kuyafunga matawi yake. Nitayainua magofu yake, na kuijenga tena kama katika siku za zamani,
၁၁ထာဝရဘုရားက``ပြိုပျက်နေသောအိုးအိမ် ပမာဖြစ်နေသည့်ဒါဝိဒ်နိုင်ငံကို ငါသည်ပြန် လည်၍တည်ဆောက်သောအချိန်ရောက်လိမ့်မည်။ ကွဲအက်နေသောနံရံတံတိုင်းတို့ကိုငါပြန် ပြုပြင်မည်။ ရှေးအခါကတည်နေသကဲ့ သို့ငါပြန်လည်ထူထောင်မည်။-
12 Kwamba wamiliki mabaki ya Edomu, na mataifa yote ambayo yameitwa kwa jina langu -hivi ndivyo Yahwe asemavyo-afanyayo haya.
၁၂သို့ဖြင့်ဣသရေလအမျိုးသားတို့သည် ကျန်ကြွင်းသမျှသောဧဒုံပြည်ကိုလည်း ကောင်း၊ တစ်ချိန်ကငါပိုင်စိုးခဲ့သောနိုင်ငံ တိုင်းကိုလည်းကောင်းပြန်လည်သိမ်းပိုက်ခွင့် ရလိမ့်မည်'' ဟုဤအမှုကိုဖြစ်စေမည့် ထာဝရဘုရားမိန့်တော်မူပြီ။
13 Tazama, siku zitakuja-hivi ndivyo Yahwe asemavyo-wakati mlimaji atampita mvunaji, na akanyagaye zabibu atampita yeye apandaye mbegu. Milima itadondosha divai tamu, na milima yote itabubujika kwa nayo.
၁၃ထာဝရဘုရားက ``စပါးရိတ်၍မမီနိုင်လောက်အောင်ပင် ပျိုးကသန်လှသည့်အချိန်ကာလနှင့် စပျစ်ရည်လုပ်နိုင်သည်ထက်စပျစ်သီးများ လှိုင်နေသောနေ့ရက်များရောက်လာမည်။ တောင်တန်းကြီးငယ်တို့မှစပျစ်ရည်ချို စီးယိုနေသော အချိန်ကာလရောက်လာမည်။
14 Nitawarudisha kutoka utumwani watu wangu Israeli. Watajenga magofu ya miji na kuishi humo, watapanda bustani za mizabibu na kunywa divai, na watafanya bustani na kula matunda yao.
၁၄ငါသည်ငါ၏လူမျိုးတော်ကိုနေရင်း ပြည်သို့ ပြန်လည်ဆောင်ယူလာမည်။ သူတို့သည်ပြိုလဲနေသောမြို့များကို ပြန်လည်တည်ဆောက်ကြ၍ ထိုမြို့များ၌ပြန်လည်နေထိုင်ခွင့်ရကြ လိမ့်မည်။ စပျစ်ခြံများကိုစိုက်ပျိုး၍စပျစ်ရည် သောက်ခွင့်ရကြလိမ့်မည်။ ဥယျာဉ်များကိုစိုက်ပျိုးကြ၍ ကိုယ်တိုင်စိုက်သောသီးနှံတို့ကိုကိုယ်တိုင် စားရသောအခွင့်ရကြလိမ့်မည်။
15 Nitaipanda hadi kwenye nchi yao, na hawataing'oa tena kutoka kwenye nchi ambayo niliyowapatia,” asema Yahwe Mungu wako.
၁၅ငါသည်ငါ၏လူမျိုးတော်ကိုငါပေးခဲ့သော နေရင်းပြည်၌ပင်နေထိုင်စေမည်။ အဘယ်သူမျှသူတို့ကိုနောက်တစ်ဖန် ဆွဲနုတ်ခြင်းမခံစေရ'' ဟု သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူပြီ။ ပရောဖက်အာမုတ်စီရင်ရေးသားသော အနာဂတ္တိကျမ်းပြီး၏။