< Matendo 6 >
1 Sasa katika siku hizi, wakati idadi ya wanafunzi ilipokuwa inaongezeka, lalamiko la Wayahudi wa Kiyunani lilianza dhidi ya Waebrania, kwa sababu wajane wao walikuwa wanasahaulika katika mgao wa kila siku wa chakula.
၁ထို ကာလ ၌ တပည့် တော်တို့သည် များပြား သည် ရှိသော်၊ နေ့ရက် အစဉ်အတိုင်းလုပ်ကျွေး သောအခါ ၊ ဟေလေနစ် အမျိုး မုတ်ဆိုးမ တို့ကို မ လုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း ၍ ဟေဗြဲ လူတို့ကို အပြစ်တင် ကြ၏။
2 Mitume kumi na wawili waliwaita kusanyiko lote la wanafunzi na kusema, “Siyo sahihi kwetu kuliacha neno la Mungu na kuhudumia mezani.
၂ထိုအခါ တကျိပ် နှစ်ပါးသော တမန်တော်တို့သည် တပည့် တော်အပေါင်း တို့ကို ခေါ် ပြီးလျှင်၊ ငါ တို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုထား ၍ စားပွဲ ၌လုပ်ကျွေးမှု ကိုမ ဆောင် သင့်။
3 Kwa hiyo, ndugu, chagueni, wanaume saba, kutoka miongoni mwenu, watu wema, waliojaa Roho na hekima, ambao tunaweza kuwakabidhi huduma hii.
၃ထိုကြောင့် ညီအစ်ကို တို့၊ ဝိညာဉ် တော်နှင့် ၎င်း၊ ပညာ နှင့်၎င်းပြည့်စုံ လျက်၊ အသရေ ရှိသော လူ ခုနစ် ယောက်တို့ကို သင် တို့တွင် ရှာ ကြလော့။ ဤ အမှု ကို ဆောင်ရွက်စေခြင်းငှာထိုသူ တို့ကို ငါတို့သည် ခန့်ထား ကြမည်။
4 Na sisi, tutaendelea daima katika kuomba na katika huduma ya neno.”
၄ငါ တို့မူကား ၊ ဆုတောင်း ပဌနာပြုခြင်း၊ နှုတ်ကပတ် တရားတော် ကို ဟောပြော ခြင်းအမှုတို့ကို အမြဲပြု ၍ နေမည်ဟုဆို ကြ၏။
5 Hotuba yao ikaupendeza mkutano wote. Hivyo, wakamchagua Stefano, mtu aliyejaa imani na Roho Mtakatifu, na Filipo, Prokoro, Nikanori, Timoni, Parmena, na Nikolao, mwongofu kutoka Antiokia.
၅ထို စကားကိုလူအစုအဝေး အပေါင်း တို့သည် နှစ်သက် ကြသဖြင့်၊ ယုံကြည်ခြင်းနှင့် ၎င်း၊ သန့်ရှင်း သော ဝိညာဉ် တော်နှင့်၎င်း ပြည့်စုံ သော သတေဖန် မှစ၍ ဖိလိပ္ပု ၊ ပြောခေါ် ၊ နိကနော် ၊ တိမုန် ၊ ပါမေန ၊ ယုဒဘာသာဝင် သော အန္တိအုတ် မြို့သားနိကောလ တို့ကို ရွေးကောက် ၍ ၊
6 Waumini waliwaleta watu hawa mbele ya mitume, walioomba na badaye wakawawekea mikono yao.
၆တမန်တော် တို့ရှေ့ ၌ ထား ကြ၏။ တမန်တော်တို့ သည်လည်း ဆုတောင်း ပြီးလျှင်ထိုသူ တို့၏ ခေါင်းပေါ်၌လက် ကို တင် ကြ၏။
7 Hivyo, neno la Mungu lilienea; na idadi ya wanafunzi ilizidi kuongezeka huko Yesrusalem; na idadi kubwa ya makuhani wakaitii imani.
၇ဘုရားသခင် ၏ သာသနာ တော်သည် တိုးပွား သဖြင့်ယေရုရှလင် မြို့၌ တပည့် တော်တို့သည် အလွန် ပွားများ ၍၊ ယဇ် ပုရောဟိတ်အပေါင်း တို့သည် ယုံကြည် ခြင်း တရားကို နားထောင် ကြ၏။
8 Na Stefano, aliyejaa neema na nguvu, alikuwa akifanya maajabu na ishara kubwa miongoni mwa watu.
၈သတေဖန် သည် ကျေးဇူး တော်နှင့် ၎င်း၊ တန်ခိုး တော်နှင့် ၎င်း ပြည့်စုံ သဖြင့်၊ ကြီးစွာ သောနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို လူ များရှေ့ မှာပြု လေ၏။
9 Lakini hapo wakainuka baadhi ya watu wafuasi wa Sinagogi liitwalo Sinagogi la Mahuru, na la Wakirene na la Waeskanderia, na baadhi kutoka Kilikia na Asia. Watu hawa walikuwa wakihojiana na Stefano.
၉ထိုအခါလိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ၍ ၊ ကုရေနေ ပြည်သား၊ အာလေဇန်ဒြိ ပြည်သား၊ ကိလိကိ ပြည်သား၊ အာရှိ ပြည်သားအချို့ တို့သည် ထ ၍ သတေဖန် နှင့်ငြင်းခုံ ခြင်းကို ပြုစဉ်တွင်၊
10 Lakini, hawakuweza kushindana na hekima na Roho ambayo Stefano alikuwa akitumia katika kuzungumza.
၁၀သူဟောပြော ၍သုံးစွဲသောပညာ နှင့် ဝိညာဉ် တော် ကို မ ခံ မဆီးနိုင် ကြ။
11 Kisha waliwashawishi baadhi ya watu kwa siri kusema, “Tumesikia Stefano akizungumza maneno ya kufuru dhidi ya Musa na dhidi ya Mungu.”
၁၁ထိုအခါ ဤသူ သည် မောရှေ ကို၎င်း ၊ ဘုရားသခင် ကို၎င်း လွန်ကျူး ၍ ပြော သည်ကို ငါတို့ကြား ရပါပြီဟု သက်သေခံ မည့်သူ တို့ကို တိတ်ဆိတ် စွာခေါ်၍ ထားကြပြီးလျှင်၊
12 Waliwashurutisha watu, wazee, na waandishi, na kumwendea Stefano, wakamkamata, na kumleta mbele ya baraza.
၁၂လူ များကို၎င်း၊ အကြီးအကဲ ၊ ကျမ်းပြု ဆရာတို့ကို၎င်း နှိုးဆော် ၍ ၊ သတေဖန်ထံသို့လာ သဖြင့် ဘမ်းဆီး ၍ လွှတ်တော် သို့ ပို့ ကြ၏။
13 waliwaleta mashahidi wa uongo, waliosema, “mtu huyu haachi kunena maneno mabaya dhidi ya eneo hili takatifu na sheria.
၁၃မမှန် သော သက်သေခံ တို့ကိုခေါ် ၍၊ ဤ သူ သည် သန့်ရှင်း သော အရပ် ဌာနတော်နှင့် ပညတ် တရားတော်ကို လွန်ကျူး၍ အစဉ်မပြတ် ပြောဆို လျက်နေပါ၏။
14 Kwani tumemsikia akisema kwamba huyu Yesu wa Nazareti atapaharibu mahali hapa na kuzibadili desturi tulizokabidhiwa na Musa.”
၁၄ထိုနာဇရက် မြို့သားယေရှု သည် ဤ အရပ် ဌာန တော်ကို ဖျက်ဆီး ၍၊ ငါ တို့အား မောရှေအပ်ပေး သော ထုံးနည်း ဥပဒေကို ပြောင်းလဲ စေမည်ဟု ဤသူ ဆို သည်ကို အကျွန်ုပ်တို့သည် ကြား ရပါပြီဟုသက်သေခံ ကြ၏။
15 Kila mmoja aliyekuwa katika baraza, akaelekeza macho yake kumwangalia Stefano, nao wakauona uso wake ulikuwa kama uso wa malaika.
၁၅လွှတ်တော် ၌ ထိုင် လျက်ရှိသောသူ အပေါင်း တို့သည် သတေဖန် ကိုစေ့စေ့ ကြည့်ရှုလျှင် ၊ သူ ၏မျက်နှာ သည် ကောင်းကင် တမန်၏မျက်နှာ ကဲ့သို့ ဖြစ်သည်ဟု ထင်မှတ် ကြ၏။