< Matendo 5 >
1 Hivyo, mtu mmoja aliyeitwa Anania, na Safira mkewe, waliuza sehemu ya mali,
၁သို့ရာတွင်အာနနိ နှင့် ရှဖိရေ အမည် ရှိသော လင်မယားနှစ်ယောက်တို့မူကား၊ ဥစ္စာ တစ်စုံတစ်ခုကို ရောင်း ပြီးလျှင်၊
2 na akaficha sehemu ya fedha waliyouza (mke wake pia alilijua hili), na akaleta sehemu iliyobakia na kuiweka kwenye miguu ya mitume.
၂ထိုသူသည် မိမိခင်ပွန်း နှင့်သဘောတူ လျက်၊ အဘိုး တဘို့ကို ထိမ်ဝှက် သဖြင့်၊ တ ဘို့ကိုသာယူဆောင်ခဲ့၍ တမန်တော် တို့၏ ခြေ ရင်း၌ ထား လေ၏။
3 Lakini Petro akasema, “Anania, kwa nini shetani ameujaza moyo wako kusema uongo kwa Roho Mtakatifu na kuficha sehemu ya mali ya shamba?
၃ပေတရု ကလည်း၊ အာနနိ ၊ သင် သည်သန့်ရှင်း သော ဝိညာဉ် တော်ကို လှည့်စား ၍၊ မြေ ကိုရောင်းသော အဘိုး ၏တဘို့ကိုထိမ်ဝှက် မည် အကြောင်း၊ စာတန် သည် သင် ၏စိတ် နှလုံးကို အဘယ်ကြောင့် ပြည့် စေ ရသနည်း။
4 Wakati lilipokuwa halijauzwa, halikuwa ni mali yako? Na baada ya kuuzwa, halikuwa chini ya uamuzi wako? Ilikuwaje uwaze jambo hili moyoni mwako? Hujawadanganya wanadamu, bali umemdanganya Mungu.”
၄ထို မြေရှိ စဉ်တွင် ကိုယ် ပိုင် သည် မဟုတ်လော။ ရောင်း ၍ရသော အဘိုးသည် ကိုယ် ဥစ္စာဖြစ် သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ ကြံစည်သနည်း။ လူ ကိုသာ မုသာ ပြောပြီမ ဟုတ်၊ ဘုရားသခင် ကိုလည်း မုသာပြောပြီဟု ပေတရုဆို ၏။
5 Katika kusikia maneno haya, Anania alidondoka chini na akakata roho. Na hofu kubwa iliwajia wote waliolisikia hili.
၅ထိုစကား ကိုကြား လျှင် ၊ အာနနိ သည်လဲ ၍ သေ ၏။ ထိုအကြောင်းအရာကို ကြား သောသူ အပေါင်း တို့သည် အလွန် ကြောက်လန့် ခြင်း သို့ရောက် ကြ၏။
6 Vijana wakaja mbele na kumtia katika sanda, na kumpeleka nje na kumzika.
၆လုလင် တို့သည်လည်းထ ၍ အလောင်း ကောင်ကို အဝတ်နှင့် ပတ်ရစ် ပြီးလျှင် ဆောင်သွား ၍ သင်္ဂြိုဟ် ကြ၏။
7 Baada ya masaa matatu hivi, mke wake aliingia ndani, asijue ni nini kilichokuwa kimetokea.
၇ထိုနောက် သုံး နာရီ ခန့် လောက်ကြာ လျှင်၊ သူ ၏ ခင်ပွန်း သည် ဖြစ် ခဲ့ပြီးသော အမှုအရာကို မ သိ ဘဲလျက် ဝင်လာ ၏။
8 Petro akamwambia, “Niambie, kama mliuza shamba kwa thamani hiyo.” Akasema, “Ndiyo, kwa thamani hiyo.”
၈ပေတရု ကလည်း၊ ဤမျှလောက် နှင့်မြေ ကိုရောင်း သလော၊ ငါ့ အားပြော လောဟုမေး လျှင်၊ ထိုမိန်းမက၊ ဟုတ် ပါ၏။ ဤမျှလောက် နှင့်ပင် ရောင်းပါသည်ဟုဆို ၏။
9 Kisha Petro akamwambia, “Inakuwaje kwamba mmepatana kwa pamoja kumjaribu Roho wa Bwana? Angalia, miguu ya wale waliomzika mme wako iko mlangoni, na watakubeba na kukupeleka nje.”
၉ပေတရု ကလည်း ၊ ထာဝရ ဘုရား၏ ဝိညာဉ် တော်ကို စုံစမ်း မည်ဟု သဘောတူ နှင့် အဘယ်ကြောင့် ကြံစည်ကြသနည်း။ ကြည့်ရှု လော့။ သင် ၏ ခင်ပွန်း ကို သင်္ဂြိုဟ် သော သူ တို့၏ခြေ သည်တံခါး နားမှာ ရှိသည်ဖြစ်၍ ၊ သင့် ကိုလည်းဆောင်သွား လေဦးမည်ဟု ဆိုသော ခဏခြင်း တွင်၊
10 Ghafla akadondoka miguuni pa Petro, akakata roho, na wale vijana wakaja ndani wakamkuta ameshakufa. Wakambeba kumpeleka nje, na kumzika karibu na mmewe.
၁၀ထိုမိန်းမသည်ပေတရု ၏ ခြေ ရင်း၌ လဲ ၍ သေ လေ၏။ လုလင် တို့ သည်လည်းဝင် ၍ ထိုမိန်းမ သေ သည်ကိုတွေ့ လျှင် ၊ ဆောင်သွား ၍သူ ၏ ခင်ပွန်း အနားမှာ သင်္ဂြိုဟ် ကြ၏။
11 Hofu kubwa ikaja juu ya kanisa zima, na juu ya wote walioyasikia mambo haya.
၁၁သင်းဝင်သူ အပေါင်း မှစ၍ထိုအကြောင်း အရာ ကို ကြား ရသော သူ အပေါင်း တို့သည် အလွန် ကြောက်လန့် ခြင်းသို့ ရောက် ကြ၏။
12 Ishara nyingi na maajabu vilikuwa vinatokea miongoni mwa watu kupitia mikono ya mitume. Walikuwa pamoja katika ukumbi wa Sulemani.
၁၂တမန်တော် တို့သည်လည်း လူ များရှေ့ မှာ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သော အမှုအရာများ ကိုပြု ကြ၏။ ထိုသူအပေါင်း တို့သည် ရှောလမုန် ကနားပြင် ၌ တစ် ညီတစ်ညွတ်တည်း နေ ကြသဖြင့်၊
13 Lakini, hakuna mtu mwingine tofauti aliyekuwa na ujasiri wa kuambatana nao; hata hivyo, walipewa heshima ya juu na watu.
၁၃ကြွင်း သော သူတစ်စုံတစ်ယောက် မျှ မပေါင်းဖော် ဝံ့ သော်လည်း ၊ လူ များတို့သည် ကောင်းကြီး ပေးကြ၏။
14 Na pia, waamini wengi walikuwa wakiongezeka kwa Bwana, idadi kubwa ya wanaume na wanawake,
၁၄သခင် ဘုရား၌ ယုံကြည် သော ယောက်ျား ၊ မိန်းမ ၊ အပေါင်း တို့သည် သင်းဝင်ကြ၏။
15 kiasi kwamba hata waliwabeba wagonjwa mitaani, na kuwalaza vitandani na kwenye makochi, ili kwamba Petro akiwa anapita, kivuli chake kiweze kushuka juu yao.
၁၅ပေတရု သည် လမ်း၌ ရှောက်သွား စဉ်၊ အနာစွဲသောသူတို့တွင် တစ်ယောက်ယောက်ကို သူ ၏အရိပ် လွှမ်းမိုး စေခြင်းငှာ ၊ လူနာ တို့ကိုလမ်း နား သို့ထုတ် ၍ ခုတင် မွေ့ရာ ပေါ်မှာ ထား ကြ၏။
16 Hapo pia, idadi kubwa ya watu walikuja kutoka miji iliyozunguka Yerusalem, wakiwaleta wagonjwa na wote waliopagawa na roho wachafu, na wote waliponywa.
၁၆ပတ်လည် ဝန်းကျင်၌ရှိသော မြို့သူ ရွာသားအပေါင်း တို့သည် အနာ စွဲသောသူ၊ နတ် ဆိုး ညှဉ်းဆဲ သော သူတို့ကို ဆောင်ခဲ့ လျက်၊ ယေရုရှလင် မြို့သို့ စုဝေး လာကြ၍ ၊ ထိုလူနာ အပေါင်း တို့သည် အနာကင်းလွတ် ခြင်းသို့ရောက်ကြ၏။
17 Lakini kuhani mkuu aliinuka, na wote waliokuwa pamoja naye (ambao ni wa dhehebu la masadukayo); na walijawa na wivu
၁၇ထိုအခါယဇ်ပုရောဟိတ် မင်းနှင့် ဇဒ္ဒုကဲ ဖြစ် သော ထိုမင်း ၏ အပေါင်းအဖော် ရှိသမျှ တို့သည် ထ ၍ ဒေါသ အမျက်နှင့် ပြည့် ကြသဖြင့်၊
18 wakanyosha mikono yao kuwakamata mitume na kuwaweka ndani ya gereza la jumla.
၁၈တမန်တော် တို့ကိုဘမ်းဆီး ၍ ထောင် ထဲ၌ လှောင်ထား ကြ၏။
19 Na wakati wa usiku malaika wa Bwana akaifungua milango ya gereza na kuwaongoza nje na kusema,
၁၉ညဉ့် အခါ ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ထောင် တံခါး ကိုဖွင့် ပြီးလျှင်၊ ထိုသူ တို့ကိုနှုတ်ဆက်၍၊ သင်တို့သွား ကြလော့။
20 “Nendeni, mkasimame hekaluni na kuwaambia watu maneno yote ya Uzima huu.”
၂၀ဗိမာန် တော်၌ ရပ် ၍ အသက် ရှင်ခြင်း တရား စကားအလုံးစုံ ကို လူ များတို့အား ဟောပြော ကြလော့ဟု မှာထား ၏။ ထို စကားကိုကြား လျှင်၊ နံနက် စောစော ဗိမာန် တော်သို့ ဝင် ၍ ဆုံးမ ဩဝါဒပေးကြ၏။
21 Waliposikia hili, waliingia hekaluni wakati wa kupambazuka na kufundisha. Lakini, kuhani mkuu alikuja na wote waliokuwa naye, na kuitisha baraza lote kwa pamoja, na wazee wote wa watu wa Israeli, na kuwatuma gerezani ili kuwaleta mitume.
၂၁ယဇ်ပုရောဟိတ် မင်းနှင့် သူ ၏ အပေါင်းအဖော်တို့သည် လာ ကြသဖြင့် ၊ လွှတ် အရာရှိမှစ၍ ဣသရေလ လူ တို့တွင် အသက်ကြီး သော သူ အပေါင်း တို့ကို စုဝေး စေပြီးမှ၊ တမန်တော် တို့ကိုခေါ် စေခြင်းငှာလုလင် တို့ကို ထောင် သို့ စေလွှတ် ကြ၏။
22 Lakini watumishi waliokwenda, hawakuwakuta gerezani, walirudi na kutoa taarifa,
၂၂မင်းလုလင် တို့သည် ထောင်သို့ရောက် လျှင်၊ တမန်တော် တို့ကို ထောင် ထဲမှာ မ တွေ့ သည်ရှိသော် ပြန် ကြ၍၊
23 “Tumekuta gereza limefungwa vizuri salama, na walinzi wamesimama langoni, lakini tulipokuwa tukifungua, hatukuona mtu ndani.”
၂၃ထောင် တံခါးလည်းအထူးသဖြင့်လုံခြုံ စွာ ပိတ် လျက် ၊ ထောင်ကို စောင့် သော သူ တို့လည်း တံခါး ပြင်မှာ ရပ် လျက်ရှိကြသည်ကို အကျွန်ုပ်တို့ သည်တွေ့ ပါ၏။ ဖွင့် ပြီးမှ အထဲ ၌အဘယ်သူ ကိုမျှမတွေ့ ပါဟု ကြားလျှောက် ကြ၏။
24 Sasa wakati jemedari wa hekalu na makuhani wakuu waliposikia maneno haya, waliingiwa na shaka kubwa kwa ajili yao wakiwaza litakuwaje jambo hili.
၂၄ယဇ်ပုရောဟိတ်မင်းနှင့် ဗိမာန် တော်မှူး အစ ရှိသော ယဇ်ပုရောဟိတ် အကြီးတို့သည် ထို စကား ကို ကြား လျှင်၊ ထိုအမှု သည် အဘယ်သို့ သောအမှု ဖြစ် လိမ့်မည်နည်းဟူ၍တွေးတော ခြင်းရှိကြ၏။
25 Kisha mmoja akaja na kuwaambia, “Watu mliowaweka gerezani wamesimama hekaluni na wanafundisha watu.”
၂၅ထိုအခါလူတစ် ယောက်သည်လာ ၍ ထောင် ထဲမှာ လှောင် ထား သောသူ တို့သည် ဗိမာန် တော်၌ ရပ် လျက် ၊ လူ များတို့အား ဆုံးမ ဩဝါဒပေးကြပါသည်ဟု လျှောက် လေ၏။
26 Hivyo jemedari alienda pamoja na watumishi, na wakawaleta, lakini bila ya kufanya vurugu, kwa sababu waliwaogopa watu wangeweza kuwapiga kwa mawe.
၂၆ထိုအခါ ဗိမာန်တော်မှူး သည် မင်း လုလင်တို့နှင့်အတူသွား ပြန်လျှင်၊ မိမိတို့ကို လူ များတို့သည် ကျောက်ခဲနှင့်ပစ် မည်ကိုစိုးရိမ် သောကြောင့် ၊ တမန်တော် တို့ကို အနိုင် အထက်မ ပြုဘဲ ခေါ်ဆောင် လေ၏။
27 Walipokwisha kuwaleta, waliwaweka mbele ya baraza. Kuhani mkuu aliwahoji
၂၇ထိုသို့ ခေါ်ဆောင် ပြီးလျှင်၊ လွှတ် အရာရှိတို့ ရှေ့ မှာထား ၍ ယဇ်ပုရောဟိတ် မင်းက၊
28 akisema, “Tuliwaamuru msifundishe kwa jina hili, na bado mmeijaza Yerusalemu kwa fundisho lenu, na kutamani kuleta damu ya mtu huyu juu yetu.”
၂၈ထို နာမ ကို အမှီပြု ၍မ ဆုံးမ မသွန်သင်မည် အကြောင်း ငါတို့သည်သင် တို့အား၊ ကျပ်တည်း စွာ စီရင် မှာထားသည်မ ဟုတ်လော။ ယခု ကြည့် ကြ။ ယေရုရှလင် မြို့ကို သင် တို့အယူဝါဒ နှင့် ပြည့် စေသည်ဖြစ်၍ ၊ ငါ တို့အပေါ်သို့ ထို သူ ၏အသွေး ကိုရောက် စေခြင်းငှာသင်တို့ ကြံစည် ပါသည် တကားဟုမေးမြန်း ပြောဆို ကြ၏။
29 Lakini Petro na mitume wakajibu, “Lazima tumtii Mungu kuliko watu.
၂၉ပေတရု နှင့် အခြားသော တမန်တော် တို့ကလည်း၊ လူ ၏စကားထက် ဘုရားသခင် ၏ စကားကို နားထောင် သင့် ပါ၏။
30 Mungu wa baba zetu alimfufua Yesu, mliyemuua, kwa kumtundika juu ya mti.
၃၀သင် တို့သည် သစ် တိုင်၌ ဆွဲ ၍ ကွပ်မျက် သော ယေရှု ကို ငါ တို့ ဘိုးဘေး များ၏ ဘုရားသခင် သည် ထမြောက် စေတော်မူပြီ။
31 Mungu alimtukuza katika mkono wake wa kuume, na kumfanya kuwa Mkuu na mwokozi, kutoa toba kwa Israeli, na msamaha wa dhambi.
၃၁ဣသရေလ လူတို့အား နောင်တ တရားနှင့် အပြစ် လွှတ် ခြင်း အခွင့်ကိုပေး စေခြင်းငှာ၊ ထို သူကို အစိုးရသောအရှင် အရာ၌၎င်း ၊ ကယ်တင် သော သခင် အရာ၌၎င်း၊ ဘုရားသခင် ခန့်ထား၍ မိမိ လက်ျာ လက်တော်နှင့် ချီးမြှင့် တော်မူပြီ။
32 Sisi ni mashahidi wa mambo haya, na Roho Mtakatifu, ambaye Mungu amemtoa kwa wale wanaomtii.”
၃၂ထို အကြောင်း အရာတို့သည် အမှန်ဖြစ်ကြောင်း ကို ငါ တို့သည် သက်သေခံ ဖြစ် ကြ၏။ ဘုရားသခင် ၏ စကားတော်ကို နားထောင် သော သူ တို့အား ပေး သနား တော်မူသော သန့်ရှင်း သော ဝိညာဉ် တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆို ကြ၏။
33 Wajumbe wa baraza waliposikia hivi, walishikwa na hasira wakataka kuwaua mitume.
၃၃ထိုစကားကိုကြား လျှင်၊ ထိုသူ တို့နှလုံးသည် ကွဲပြတ် မတတ်ဖြစ်၍ ၊ တမန်တော် တို့ကို ကွပ်မျက် ခြင်းငှာအချင်းချင်း တိုင်ပင်ပြောဆိုကြ၏။
34 Lakini pharisayo aliyeitwa Gamalieli, mwalimu wa sheria, aliyeheshimiwa na watu wote, alisimama na kuwaamuru mitume wachukuliwe nje kwa muda mfupi.
၃၄ထိုအခါ လူ အပေါင်း တို့ရိုသေ သောသူ၊ ဂါမလျေလ အမည် ရှိသောနိဿရည်း ဆရာ၊ ဖာရိရှဲ တစ် ယောက်သည် လွှတ်တော် ပေါ်၌ ထ ၍၊ တမန်တော် တို့ကို ပြင် သို့ခဏ ထွက်စေပြီးလျှင်၊
35 Kisha akawaambia, “Wanaume wa Israeli, iweni makini sana na kile mnachopendekeza kuwafanyia watu hawa.
၃၅ဣသရေလ လူ တို့၊ ဤ သူ တို့အား အဘယ်သို့ ပြု မည်အရာ ကို သတိ နှင့်ဆင်ခြင်ကြလော့။
36 Kwa sababu, zamani zilizopita, Theuda aliinuka na kujidai kuwa mtu mkuu, na idadi ya watu, wapata mia nne walimfuata. Aliuawa, na wote waliokuwa wanamtii walitawanyika na kupotea.
၃၆အကြောင်းမူကား ၊ အထက် က သုဒ အမည်ရှိသောသူတစ်ယောက်သည်ထ သဖြင့်၊ ငါ သည်လူ သာမည မဟုတ်ဟု ဆို သည်ဖြစ်၍၊ သူ ၌ လူ လေးရာ မျှလောက် ဆည်းကပ် ကြ၏။ ထိုသူ သည် ပျက်စီး ခြင်းသို့ ရောက် ၍ သူ့ ကိုယုံကြည် သမျှ သော သူတို့သည် ကွဲပြား ပျောက်ပျက်ကြ၏။
37 Baada ya mtu huyu, Yuda mgalilaya, aliinuka siku zile za kuandikwa sensa, akavuta watu wengi nyuma yake. Naye pia alipotea na wote waliokuwa wakimtii walitawanyika.
၃၇ထိုသူနောက်ငွေတော်ခွဲစဉ် ကာလ ၊ ယုဒ အမည် ရှိသောဂါလိလဲ လူတစ်ယောက်သည်လည်းထ ၍၊ မိမိ နောက် သို့လူ များကိုသွေးဆောင် လေ၏။ ထိုသူ သည်လည်း ပျက်စီး ခြင်းသို့ရောက်၍ ၊ သူ့ ကိုယုံကြည် သမျှ သောသူတို့သည် ပျောက်လွင့် ကြ၏။
38 Sasa nawaambia, jiepusheni na watu hawa na muwaache wenyewe, kwa sababu, kama mpango huu au kazi hii ni ya watu itatupwa.
၃၈ယခု လည်းဤသူ တို့ကို ရှောင်ရှား ၍ အလိုအလျောက် ရှိကြ ပါစေဟု ငါဆို၏ ။ ဤ အကြံဤအမှုသည် လူ ၏ အကြံ လူ၏အမှု ဖြစ်လျှင် ပျက်စီး ခြင်းသို့ ရောက်လိမ့်မည်။
39 Lakini kama ni ya Mungu, hamtaweza kuwazuia; mnaweza mkajikuta hata mnashindana na Mungu.” Hivyo, walishawishika na maneno yake.
၃၉ဘုရားသခင် ၏အကြံအမှုဖြစ် လျှင် သင် တို့သည် မ ဖျက်ဆီး နိုင်ကြ။ သင်တို့သည် ဘုရားသခင် ၏ အာဏာတော်ကို ဆန်သောသူမ ဖြစ် မည်အကြောင်း သတိပြုကြ လော့ဟု ပြောဆို၏။
40 Kisha, waliwaita mitume ndani na kuwachapa na kuwaamuru wasinene kwa jina la Yesu, na wakawaacha waende zao.
၄၀ထို စကားကို နားထောင် ကြသဖြင့်၊ တမန်တော် တို့ကိုခေါ် ၍ ရိုက်နှက် ပြီးမှ၊ ယေရှု ၏နာမ ကို အမှီပြု လျက် မ ဟော မပြောမည်အကြောင်း တားမြစ် ထား၍ လွှတ် ကြ ၏။
41 Waliondoka mbele ya baraza wakifurahi kwa sababu wamehesabiwa kuwa wamestahili kuteseka na kutoheshimiwa kwa ajili ya Jina hilo.
၄၁တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏ နာမ တော်ကြောင့် မိမိတို့သည် အရှက်ကွဲ ခြင်းကို ခံထိုက် ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက် သော စိတ်ရှိ၍ လွှတ်တော် မှ ထွက်သွား ကြ၏။
42 Kwa hiyo, kila siku, ndani ya hekalu na kutoka nyumba hadi nyumba waliendelea kufundisha na kuhubiri Yesu kuwa ni Masihi.
၄၂ဗိမာန် တော်၌ ၎င်း ၊ အိမ် ၌၎င်း နေ့တိုင်း အစဉ် ဆုံးမ သွန်သင်လျက် ၊ ယေရှု သည်ခရစ်တော် ဖြစ်၏ဟူ၍ဧဝံဂေလိတရားကို မ ပြတ် ဟောပြော လျက်နေကြ၏။