< Matendo 16 >

1 Paulo pia alipokuja Derbe na Lystra; na tazama, pale palikuwepo na mwanafunzi aitwaye Timotheo, ni Kijana aliyezaliwa na mama wa Kiyahudi ambaye ni muumini na baba yake ni Mgiriki.
ထိုနောက်မှပေါလုသည် ဒေရဗေ မြို့နှင့် လုတ္တရ မြို့သို့ ရောက် လေ၏။ လုတ္တရ မြို့၌ တိမောသေ အမည် ရှိသော တပည့် တော်တစ် ယောက်ရှိ ၏။ သူ၏ အမိကား၊ ယုံကြည် သောယုဒ မိန်းမဖြစ်၏။ အဘ ကား၊ ဟေလသ လူဖြစ်၏။
2 Watu wa Listra na Ikonia walimshudia vizuri.
ထိုသူသည်လုတ္တရ မြို့၊ ဣကောနိ မြို့၌ရှိသော ညီအစ်ကို တို့ တွင်အသရေ ရှိသောသူ ဖြစ်၏။
3 Paulo alimtaka ili asafiri naye, hivyo akamchukua na kumtahiri kwa sababu ya Wayahudi waliokuwako huko kwani wote walimjua kuwa baba yake ni Mgiriki.
ပေါလု သည် ထိုသူ ကိုခေါ်ခြင်းငှာအလိုရှိ ၍၊ သူ ၏အဘ သည် ဟေလသ လူဖြစ် သည်ကိုထို အရပ် တို့၌ ရှိ သောယုဒ လူအပေါင်း တို့သည် သိ သောကြောင့် ၊ အရေဖျားလှီး ခြင်းကို သူ့အားပေး လေ၏။
4 Walipokuwa wakienda walipita kwenye miji na kutoa maagizo kwa makanisa ili kuyatii maagizo hayo yaliandikwa na mitume na wazee huko Yerusalemu.
သူတို့သည် မြို့ များကို ရှောက်သွား စဉ် တွင်၊ ယေရုရှလင် မြို့၌ နေသောတမန်တော် တို့နှင့် သင်းအုပ် တို့သည် စီရင် သောပညတ် တို့ကို အသင်း များ ကျင့်စောင့် ဘို့ရာအပ်ပေး ကြ၏။
5 Hivyo makanisa yakaimarishwa katika imani na walioamini wakaongezeka kwa idadi kila siku.
ထိုသို့ အသင်းတော် တို့သည် ယုံကြည် ခြင်း၌ တည်ကြည် မြဲမြံသည်ဖြစ်၍၊ အရေအတွက် အားဖြင့် တစ်နေ့ထက်တစ်နေ့တိုးပွား များပြားကြ၏။
6 Paulo na mwenzake wakaenda Firigia na Galatia, kwani Roho wa Mungu aliwakataza kuhubiri neno huko kwenye jimbo la Asia.
ဖြူဂိ ပြည်၊ ဂလာတိ ပြည် ကို ရှောက်သွား ပြီးမှ အာရှိ ပြည်၌ နှုတ်ကပတ် တရားတော်ကို မဟော စေခြင်းငှာသန့်ရှင်း သော ဝိညာဉ် တော်သည်မြစ်တား တော်မူသဖြင့်၊
7 Walipokaribia Misia, walijaribu kwenda Bithinia, lakini Roho wa Yesu akawakataza.
မုသိ ပြည်သို့ ရောက် ၍ ၊ ဗိသုန် ပြည်သို့ သွား မည်ပြု ကြစဉ်၊ ဝိညာဉ် တော်သည် အခွင့် ပေးတော်မ မူသောကြောင့် ၊
8 Kwa hiyo wakapita Misia wakaja mpaka Mji wa Troa.
မုသိ ပြည်အနားမှာ ရှောက် ၍ တရော မြို့သို့ ရောက် ကြ၏။
9 Maono yalimtokea Paulo usiku, kulikuwa na mtu wa Makedonia amesimama, akimwita na kusema “Njoni mtusaidie huku Makedonia”.
ညဉ့် အခါ ပေါလု သည် ဗျာဒိတ် ရူပါရုံကိုမြင် ရ၍၊ မာကေဒေါနိ လူ တစ် ယောက်က၊ မာကေဒေါနိ ပြည်သို့ ကူး ပါ။ ငါ တို့ကိုမစ ပါဟုရပ် လျက် တောင်းပန် ၏။
10 Paulo alipoona maono, mara tukajiandaa kwenda Makedonia, akijua kwamba Mungu alituita kwenda kuwahubiria injili.
၁၀ထို ဗျာဒိတ်ရူပါရုံကို မြင် ရလျှင် ၊ မာကေဒေါနိ ပြည်၌ ဧဝံဂေလိ တရားကို ဟောစေခြင်းငှာသခင် ဘုရားသည် ငါ တို့ကိုခေါ် တော်မူသည်ဟု ငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့သွား ခြင်းငှာချက်ခြင်း ရှာကြံ ကြ၏။
11 Hivyo tukaondoka kutoka Troa, tukaenda moja kwa moja Samothrake, na siku iliyofuata tukafika mji wa Neapoli.
၁၁ထိုကြောင့်၊ တရော မြို့မှ သင်္ဘောလွှင့် ၍ သာမောသရက် ကျွန်းသို့ တည့်တည့် သွားသဖြင့်၊ နက်ဖြန် နေ့၌ နာပေါလိ မြို့သို့ ရောက်ကြ၏။
12 Kutoka hapo tukaenda Filipi ambao ni moja ya mji wa Makedonia, mji muhimu katika wilaya na utawala wa Kirumi na tukakaa siku kadhaa.
၁၂ထိုမြို့ မှထွက်ပြန်လျှင် မင်းမှုလွတ်သော မြို့ တည်းဟူသောမာကေဒေါနိ ပြည်တ ပိုင်းကို အစိုးရ သော ဖိလိပ္ပိ မြို့သို့ ရောက်၍ ကာလ အတန် အရာနေ ကြ၏။
13 Siku ya Sabato, tulikwenda nje ya lango kwa njia ya mto, sehemu ambayo tulidhania kutakuwa na mahali pa kufanyia maombi. Tulikaa chini na kuongea na akinamama waliokuja pamoja.
၁၃ဥပုသ်နေ့ ၌ ငါတို့သည် မြို့ပြင် သို့ထွက် လျှင်၊ ပဌနာ စရပ် ရှိ တတ်ရာမြစ် နား သို့သွား၍ ထိုင် ပြီးမှ၊ ထိုအရပ်၌စည်းဝေး သော မိန်းမ တို့အားဟောပြော ကြ၏။
14 Mwanamke mmoja aitwaye Lidia, muuzaji wa zambarau, kutoka katika mji wa Tiatira, mwenye kumwabudu Mungu, alitusikiliza. Bwana alimfungua moyo wake na kuweka maanani maneno yaliyosemwa na Paulo.
၁၄ထိုအခါ နီမောင်းသောအထည်အလိပ် ကို ရောင်းသော သွာတိရဲ မြို့သူ လုဒိ အမည် ရှိသော မိန်းမ တစ် ယောက်သည် ဘုရားသခင် ကို ကိုးကွယ် သောသူဖြစ်၍၊ တရားနာ စဉ်တွင် ပေါလု ဟောပြော သော အရာ ကို မှီဝဲဆည်းကပ်စေခြင်းငှာသူ ၏စိတ်နှလုံး ကို သခင် ဘုရားဖွင့် တော်မူ၏။
15 Baada ya kubatizwa, yeye na nyumba yake yote, alitusihi akisema “kama mmeniona kuwa mimi ni mwaminifu katika Bwana, basi nawasihi muingie na kukaa kwangu”. Akatusihi sana.
၁၅ထိုမိန်းမသည်အိမ်သူ အိမ်သားတို့နှင့်တကွ ဗတ္တိဇံ ကို ခံပြီးမှ၊ ကျွန်မ သည် သခင် ဘုရား၌ အမှန် ယုံကြည် သည်ကို သင်တို့သည် ထင်မှတ် လျှင် ၊ ကျွန်မ အိမ် သို့ ဝင် ၍ နေ ကြပါဟုတောင်းပန် လျက် ငါ တို့ကို အနိုင် သွေးဆောင် လေ၏။
16 Ikawa kwamba, tulipokuwa tunaenda mahali pa kuomba, msichana mmoja aliyekuwa na pepo la utambuzi akakutana nasi. Alimletea bwana wake faida nyingi kwa kubashiri.
၁၆ထိုနောက်မှငါ တို့သည် ပဌနာ စရပ်သို့ သွား စဉ်တွင် နတ်ဝင် ဖြစ် ၍ အနာဂတ်ကိုဟော သဖြင့်၊ မိမိ သခင် တို့အား စီးပွား များ ကို ပြု တတ်သော မိန်းမငယ်တစ် ယောက်သည် ငါ တို့ကိုဆီးကြို လေ၏။
17 Mwanamke huyu alimfuata Paulo pamoja na sisi, akipiga kelele na kusema “Hawa wanaume ni watumishi wa Mungu aliye Mkuu, wanaowatangazia ninyi habari ya wokovu”.
၁၇ထိုမိန်းမငယ်သည် ပေါလု နှင့် ငါ တို့နောက် သို့ လိုက်၍၊ ဤသူ တို့ကား အကျွတ် တရားလမ်း ကို ငါတို့အား ဟောပြော ပြသသော အမြင့်ဆုံး သော ဘုရားသခင် ၏ ကျွန် ဖြစ် ကြ၏ဟု ဟစ်ကြော် လေ၏။
18 Alifanya hivyo kwa siku nyingi, lakini Paulo akiwa amekasirishwa na tendo hilo, aligeuka nyuma na kumwambia pepo, “Nakuamuru kwa Jina la Yesu umtoke ndani yake.” Naye akatoka na kumwacha mara moja.
၁၈ထိုသို့ အဖန်များစွာ ပြု သောကြောင့် ပေါလု သည် စိတ်မသာ လျက်လှည့်ကြည့် ၍ ၊ သင် သည်သူ ၏ အထဲ မှထွက်သွား လော့။ ယေရှု ခရစ် ၏နာမ တော်ကို အမှီပြု ၍ ငါအမိန့် ရှိ၏ဟု ထိုနတ် ကိုဆို သောခဏခြင်းတွင် နတ်သည်ထွက်သွား ၏။
19 Mabwana zake walipoona ya kuwa tumaini la faida yao limeondoka, waliwakamata Paulo na Sila na kuwaburuza sokoni mbele ya wenye mamlaka.
၁၉သူ ၏သခင် တို့သည် နောက်တဖန် စီးပွား ဖြစ်လိမ့်မည်ဟု မြော်လင့် စရာအကြောင်း မရှိသည်ကို သိမြင် လျှင်၊ ပေါလု နှင့် သိလ တို့ကို ဘမ်းဆီး ဆွဲငင် ၍ ရုံးတော်သို့ ပို့ကြ၏။
20 Walipowafikisha kwa mahakimu, walisema, “Hawa wanaume ni Wayahudi na wanasababisha ghasia kubwa katika mji wetu.
၂၀စစ်ကဲ မင်းထံသို့ရောက် သောအခါ ဤ သူ တို့သည် ယုဒ လူဖြစ် လျက် ငါ တို့မြို့ ကို နှောင့်ရှက် တတ်ပါ၏။
21 Wanafundisha mambo ambayo siyo sheria sisi kuyapokea wala kuyafuata kama Warumi.”
၂၁ရောမ လူဖြစ် သောငါ တို့သည် မ ခံ မယူ မကျင့် အပ်သော ဘာသာ ထုံးတမ်းများကို ဟောပြော သွန်သင်တတ်ပါ၏ ဟုလျှောက်ဆို ကြလျှင်၊
22 Umati ukawainukia kinyume Paulo na Sila, mahakimu wakararua nguo zao na kuwavua na kuamuru wachapwe viboko
၂၂စုဝေး သောလူတို့သည် သူ တို့တစ်ဘက် ၌ တပြိုင်နက် ထကြ၏။ စစ်ကဲ မင်းတို့လည်း သူ တို့၏ အဝတ် ကိုချွတ် ၍ကြိမ်လုံးနှင့်ရိုက် စေခြင်းငှာစီရင် ကြ၏။
23 Baada ya kuwachapa viboko vingi, waliwatupa gerezani na kumuamuru askari wa gereza kuwalinda vyema.
၂၃ရိုက် ၍ဒဏ်ချက်များရှိပြီးမှ၊ လုံခြုံ စွာ စောင့် စေ ဟု ထောင်မှူး ကို မှာ လိုက်၍ ထောင် ထဲမှာ လှောင် ထား ကြ၏။
24 Baada ya kupokea amri hiyo, askari wa gereza aliwatupa katika chumba cha ndani ya gereza na kuwafunga miguu yao kwenye sehemu alipowahifadhi.
၂၄ထိုသို့ မှာ လိုက်သည်အတိုင်း ထောင်မှူးသည် အတွင်း ထောင် ထဲမှာ လှောင် ၍ ထိတ်ခတ် လျက်ထား၏။
25 Wakati wa usiku wa manane, Paulo na Sila wakawa wakiomba na kuimba nyimbo za kumsifu Mungu, huku wafungwa wengine wakiwasikiliza,
၂၅သန်းခေါင် အချိန်၌ ပေါလု နှင့် သိလ တို့သည် ပဌနာ ပြု၍ ဘုရားသခင် ကို ချီးမွမ်း လျက်သီချင်း ဆိုလေ၏။ ထောင် ထဲမှာနှောင်ဖွဲ့ခြင်း ကိုခံရသော သူ တို့သည် နားထောင် ကြ၏။
26 Ghafla kukatokea tetemeko kuu na misingi ya gereza ikatikiswa, milango ya gereza ikafunguka, na minyororo ya wafungwa wote ikalegezwa.
၂၆ထို ခဏခြင်း တွင် မြေကြီး သည်ပြင်းစွာ လှုပ်သောကြောင့် ထောင် ခြေ ရင်းလည်းလှုပ်ရှား ၏။ တံခါး ရှိသမျှ တို့သည် ချက်ခြင်း ပွင့် ၍ လူအပေါင်း တို့သည် နှောင်ဖွဲ့ ခြင်းနှင့်လွတ် ကြ၏။
27 Mlinzi wa Gereza aliamka kutoka usingizini na akaona milango yote ya gereza imefunguliwa; hivyo akachukua upanga wake maana alitaka kujiua kwa sababu alifikiri wafungwa wote walikwishatoroka,
၂၇ထောင်မှူး သည်နိုး ၍ ထောင် တံခါး များ ပွင့် လျက်ရှိ သည်ကို မြင် လျှင်၊ နှောင်ဖွဲ့ ခြင်းကို ခံရသောသူ တို့သည် ထွက်ပြေး ကြပြီဟုထင်မှတ် သည်နှင့်၊ ဓား ကို အိမ်မှဆွဲထုတ် ၍ ကိုယ် အသက်ကိုသတ် မည် ပြု လေ၏။
28 Lakini, Paulo akapiga kelele kwa sauti kuu, akisema “usijidhuru kwa sababu wote tuko mahali hapa”.
၂၈ပေါလု ကလည်း၊ ကိုယ် ကိုအပြစ် မ ပြု နှင့်။ ငါတို့ အပေါင်း သည် ရှိ ကြ၏ဟုကြီး သောအသံ နှင့် ဟစ် ၍ ပြောဆို ၏။
29 Mlinzi wa gereza aliomba taa ziletwe na akaingia ndani ya gereza kwa haraka, akitetemeka na kuogopa, akawaangukia Paulo na Sila,
၂၉ထောင်မှူးသည် ညှိထွန်းသောမီး ကို တောင်း ပြီးမှ ပြေး ဝင်၍၊ ပေါလု နှင့် သိလ တို့၏ခြေရင်း၌ တုန်လှုပ် လျက် ပြပ်ဝပ် လေ၏။
30 na kuwatoa nje ya gereza na kusema, “Waheshimiwa, nifanye nini ili nipate kuokoka?”
၃၀သူ တို့ကို ပြင် သို့ထုတ် ပြီးလျှင်လည်း ၊ သခင် တို့၊ အကျွန်ုပ် သည် ကယ်တင် ခြင်းသို့ရောက်အံ့သောငှာ အဘယ်သို့ ပြု ရ ပါမည်နည်းဟု မေးလျှောက် လေ၏။
31 Nao wakamwambia, “Mwamini Bwana Yesu nawe utaokoka pamoja na nyumba yako.”
၃၁ထိုသူတို့ကလည်း ၊ သခင် ယေရှု ခရစ်ကို ယုံကြည် လော့။ ယုံကြည်လျှင်သင် နှင့် သင် ၏အိမ်သူ အိမ်သားတို့သည် ကယ်တင် ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆို လျက်၊
32 Walinena neno la Bwana kwake, pamoja na watu wote wa nyumbani kwake,
၃၂ထိုသူ မှစ၍ သူ ၏အိမ် ၌ ရှိသမျှ သော သူ တို့အား သခင် ဘုရား၏ နှုတ်ကပတ် တရားတော်ကို ဟော ကြ၏။
33 Mlinzi wa gereza aliwachukua usiku ule na kuwaosha sehemu walizoumia, yeye pamoja na watu wa nyumbani mwake wakabatizwa mara.
၃၃ထို ညဉ့် ၊ ထိုအချိန် နာရီ၌ ပင်၊ ထောင်မှူးသည် ပေါလု နှင့်သိလ တို့ကိုယူ ၍ဒဏ်ချက်ရာ များကို ဆေးကြော ပြီးလျှင်၊ မိမိ လူအပေါင်း တို့နှင့်တကွဗတ္တိဇံ ကို ချက်ခြင်း ခံလေ၏။
34 Akawaleta Paulo na Sila nyumbani kwake na kuwatengea chakula. Naye akawa na furaha kuu pamoja na watu wa nyumbani mwake kwa sababu walimwamini Mungu.
၃၄တဖန် ပေါလု နှင့် သိလတို့ကို မိမိအိမ် သို့ ခေါ်ပင့် ပြီးမှသူတို့ကို လုပ်ကျွေး ၍ ၊ ဘုရားသခင် ကို ယုံကြည် လျက် အိမ်သူ အိမ်သားအပေါင်းတို့နှင့်တကွဝမ်းမြောက် ခြင်းသို့ရောက်လေ၏။
35 Ilipokuwa mchana, mahakimu walituma ujumbe kwa yule mlinzi wa gereza wakisema, “Waruhusu wale watu waende”,
၃၅နံနက် ရောက် သောအခါ စစ်ကဲ တို့သည် ရုံး လုလင်တို့ကို စေလွှတ် ၍၊ ထို လူ တို့ကို လွှတ် စေ ဟုမှာ လိုက်ကြ၏။
36 Mlinzi wa gereza akamjulisha Paulo juu ya maneno hayo ya kuwa, “Mahakimu walituma ujumbe niruhusu mwondoke: hivyo tokeni nje na mwende kwa amani.”
၃၆ထို စကားကိုထောင်မှူး သည် ပေါလု အား ကြားပြော ၍၊ ကိုယ်တော်တို့ကို လွှတ် စေခြင်းငှာ စစ်ကဲ တို့သည် စေလွှတ် ကြပါပြီ။ ထိုကြောင့် ယခု ထွက် ၍ ငြိမ်ဝပ် စွာ ကြွသွား တော်မူကြပါဟု လျှောက်လျှင်၊
37 Lakini Paulo akawaambia, “Walitupiga hadharani, watu ambao ni Warumi bila kutuhukumu na waliamua kututupa gerezani; halafu sasa wanataka kututoa kwa siri? Hapana, haitawezekana, wao wenyewe waje kututoa mahali hapa”.
၃၇ပေါလု က၊ ရောမ လူ ဖြစ် သော ငါ တို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ စစ်ကဲတို့သည် ထင်ရှား စွာ ရိုက် ၍ ထောင် ထဲမှာ လှောင် ထားပြီးမှ၊ တိတ်ဆိတ် စွာနှင်ထုတ် ကြမည်လော။ ထိုသို့မ ပြု သင့်။ ကိုယ်တိုင် လာ ၍ ငါ တို့ကို နှုတ်ယူ ကြစေဟု ရုံးလုလင် တို့ အားပြောဆို ၏။
38 Walinzi wakawajulisha mahakimu juu ya maneno hayo, mahakimu wakaogopa sana pale walipojua kuwa Paulo na Sila ni Warumi.
၃၈ထို စကား ကိုရုံး လုလင်တို့သည် စစ်ကဲ တို့အား ကြားလျှောက် ၍ ၊ ပေါလုနှင့်သိလတို့သည် ရောမ လူ ဖြစ် ကြောင်းကို စစ်ကဲတို့သည် ကြားသိ သောအခါကြောက် ခြင်းသို့ရောက်၍၊
39 Mahakimu wakaja na kuwasihi watoke, na walipowatoa nje ya gereza, waliwaomba Paulo na Sila watoke nje ya mji wao.
၃၉ကိုယ်တိုင် လာ ပြီးလျှင် ချော့မော့ သောစကားနှင့် သူတို့ကို နှုတ်ယူ ၍၊ ထိုမြို့ မှ ထွက်သွား ပါမည် အကြောင်း တောင်းပန် ကြ၏။
40 Kwa hiyo Paulo na Sila wakatoka nje ya gereza wakaja nyumbani kwa Lidia. Paulo na Sila walipowaona ndugu, waliwatia moyo na kisha kuondoka katika mji huo.
၄၀ထိုအခါပေါလုနှင့် သိလတို့သည် ထောင် မှ ထွက် ၍ လုဒိ အိမ်သို့ ဝင် သဖြင့်၊ ညီအစ်ကို များကို တွေ့မြင် ၍ သက်သာ စေပြီးမှ ထွက်သွား ကြ၏။

< Matendo 16 >