< Matendo 15 >

1 Watu fulani walishuka kutoka Uyahudi na kuwafundisha ndugu, wakisema, “msipotahiriwa kama desturi ya Musa, hamwezi kuokolewa.”
ယုဒ ပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာ သော သူအချို့ တို့က၊ သင်တို့သည် မောရှေ ၏တရား အတိုင်း အရေဖျားလှီး ခြင်းကို မ ခံလျှင် ၊ ကယ်တင် တော်မူခြင်းသို့ မ ရောက် နိုင်ဟု ညီအစ်ကို တို့အား ဆုံးမ ဩဝါဒပေးကြ၏။
2 Wakati Paulo na Barnaba walipokuwa na mapambano na mjadala pamoja nao, ndugu waliamua kwamba Paulo, Barnaba, na wengine kadhaa waende Yerusalem kwa mitume na wazee kwa ajili ya swali hili.
ထိုသူ တို့နှင့် ပေါလု ၊ ဗာနဗ တို့သည် ဆွေးနွေးငြင်းခုံ ခြင်းများသောအခါ၊ ပေါလု နှင့် ဗာနဗ တို့သည် အခြား သောတပည့်တော်အချို့ တို့နှင့်တကွ ၊ ထို ပြဿနာ ၏ အကြောင်း ကြောင့်ယေရုရှလင် မြို့၌ ရှိသော တမန်တော် တို့နှင့် သင်းအုပ် တို့ထံသို့ သွား ရမည်အကြောင်းကိုစီရင် ကြ၏။
3 Kwa hiyo, kwa kutumwa kwao na kanisa, walipitia Foinike na Samaria wakitangaza kugeuzwa nia kwa wamataifa. Walileta furaha kuu kwa ndugu wote,
အသင်းတော် သည်လမ်း၌ပို့ သဖြင့်၊ ပေါလုနှင့် ဗာနဗတို့သည် ဖိနိတ် ပြည်နှင့် ရှမာရိ ပြည်ကို ရှောက်သွား ၍ တစ်ပါး အမျိုးသားတို့ ပြောင်းလဲ ခြင်းအကြောင်းအရာကို ကြားပြော သဖြင့်၊ ညီအစ်ကို အပေါင်း တို့ကို အလွန် ဝမ်းမြောက် စေကြ၏။
4 Walipokuja Yerusalem, walikaribishwa na Kanisa na mitume na wazee, na waliwasilisha taarifa ya mambo yote ambayo Mungu amefanya pamoja nao.
ယေရုရှလင် မြို့သို့ ရောက် လျှင်၊ တမန်တော် တို့နှင့် သင်းအုပ် တို့မှစ၍ သင်းဝင် သူ များတို့တွင် လက်ခံ ခြင်း ကျေးဇူးကိုခံ၍၊ မိမိ တို့အားဖြင့် ဘုရားသခင် ပြု တော်မူသမျှ တို့ကို ပြန်ကြား ကြ၏။
5 Lakini watu fulani walioamini, waliokuwa katika kundi la Mafarisayo, walisimama nakusema, “ni muhimu kuwatahiri na kuwaamuru waishike sheria ya Musa.”
ဖာရိရှဲ စု ထဲကယုံကြည် သောသူ အချို့ တို့သည် ထ လျက် ၊ တစ်ပါး အမျိုးသားတို့အား အရေဖျားလှီး ခြင်းကို ပေး ရမည်။ မောရှေ ၏ တရား ကို ကျင့် စေခြင်းငှာဆုံးမ ရမည်ဟု ဆိုကြ၏။
6 Hivyo mitume na wazee walisimama pamoja kulifikiria hili swala.
ထိုအခါ တမန်တော် တို့နှင့် သင်းအုပ် တို့သည် ထို အမှု ကိုကြည့်ရှု ဆင်ခြင်ခြင်းငှာစည်းဝေး ကြ၏။
7 Baada ya majadiliano marefu, Petro alisimama na kusema kwao, “Ndugu mwatambua kwamba kitambo kizuri kilichopita Mungu alifanya chaguo kati yenu, kwamba kwa mdomo wangu Mataifa wasikie neno la injili, na kuamini.
များစွာ သောဆွေးနွေး ငြင်းခုံခြင်းရှိ သောအခါ ပေတရုသည် ထ လျက်၊ ညီအစ်ကို တို့၊ ဘုရားသခင် သည် ရှေ့ဦးစွာ ငါတို့တွင် ရွေးကောက် တော်မူ၍၊ ငါ ဟောပြော သောအားဖြင့် တစ်ပါး အမျိုးသားတို့သည် ဧဝံဂေလိ တရား ကိုကြားနာ ၍ ယုံကြည် ရမည်အကြောင်း စီရင် တော်မူသည်ကို သင် တို့သိ ကြ၏။
8 Mungu, anayefahamu mioyo, anashuhudia kwao, anawapa Roho mtakatifu, kama alivyofanya kwetu;
စိတ် နှလုံးကို သိတော်မူသော ဘုရားသခင် သည် သန့်ရှင်း သော ဝိညာဉ် တော်ကို ငါ တို့အားပေး သည်နည်းတူ သူ တို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံ တော်မူ၏။
9 na hakutengeneza utofauti kati yetu na wao, akiifanya mioyo yao safi kwa imani.
ယုံကြည် ခြင်းအားဖြင့်လည်း သူ တို့၏ စိတ်နှလုံး ကိုစင်ကြယ် စေ၍ ငါ တို့ကို ခြားနား စေတော်မ မူ။
10 Kwa hiyo, kwa nini mnamjaribu Mungu kwamba muweke nira juu ya shingo za wanafunzi ambayo hata baba zetu wala sisi hatukuweza kustahimili?
၁၀သို့ဖြစ်လျှင် ၊ ငါ တို့နှင့်ငါ တို့ဘိုးဘေး များ မ ထမ်း နိုင် သော ထမ်းပိုး ကို တပည့် တော်တို့၏ လည်ပင်း ပေါ်၌ တင် စေခြင်းငှာအဘယ်ကြောင့် ဘုရားသခင် ကို စုံစမ်း ကြသနည်း။
11 Lakini twaamini kwamba tutaokolewa kwa neema ya Bwana Yesu, kama walivyokuwa.”
၁၁သခင် ယေရှု ၏ ကျေးဇူး တော်အားဖြင့် သာ ထိုသူ တို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်သည် နည်းတူ ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည် ယုံကြည် ၏ဟု ပေတရု ပြောဆို ၏။
12 Kusanyiko lote lilinyamaza walipokua wakimsikiliza Barnaba na Paulo walipokuwa wakitoa taarifa ya ishara na maajabu ambayo Mungu alifanya pamoja nao kati ya watu wa mataifa.
၁၂ထိုအခါ ဗာနဗ နှင့် ပေါလု တို့သည် မိမိ တို့အားဖြင့် တစ်ပါး အမျိုးသားတို့တွင် ဘုရားသခင် ပြု တော်မူသမျှ သော နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ကြားပြော သည်ကို စုဝေး သောသူအပေါင်း တို့သည် တိတ်ဆိတ် စွာ နေ၍ နားထောင် ကြ၏။
13 Walipoacha kuongea, Yakobo alijibu akisema, “Ndugu nisikilizeni.
၁၃ထိုသူ တို့သည် အကုန်အစင်ပြောဆို ပြီးမှ ၊ ယာကုပ် က၊ ညီအစ်ကို တို့၊ ငါ့ စကားကို နားထောင် ကြ လော့။
14 Simoni ameelezea jinsi kwanza Mungu kwa neema aliwasaidia Mataifa ili kwamba ajipatie kutoka kwao watu kwa ajili ya jina lake.
၁၄ဘုရားသခင် သည် မိမိ နာမ အဘို့ ၊ တစ်ပါး အမျိုးသားတို့ အထဲ ကအချို့သောသူတို့ကိုနှုတ်ယူ ခြင်းငှာ၊ ရှေးဦးစွာ တစ်ပါးအမျိုးသားတို့ကို အကြည့်အရှု ကြွလာ တော်မူသည် အကြောင်းအရာကို ရှိမုန် သည် ဟောပြော ခဲ့ပြီ။
15 Maneno ya manabii yanakubaliana na hili kama lilivyoandikwa.
၁၅ထိုအကြောင်း အရာသည်လည်း ပရောဖက် တို့၏ စကား နှင့် ညီ ၏။
16 'Baada ya mambo haya nitarudi na kuijenga tena hema ya Daudi, iliyoanguka chini; nitainua na kuhuisha uhararibifu wake,
၁၆ကျမ်းစာလာ သည်ကား၊ ငါ ၏နာမ ဖြင့် သမုတ် သော တစ်ပါး အမျိုးသားအပေါင်း တည်းဟူသောကျန်ကြွင်း ရစ်သော သူ တို့သည် ထာဝရ ဘုရားကိုရှာ စေခြင်းငှာ နောက်မှ ငါပြန်လာ မည်။
17 ili kwamba watu waliobaki wamtafute Bwana, pamoja na watu wa Mataifa walioitwa kwa jina langu.'
၁၇လဲ လျက်ရှိသော ဒါဝိဒ် ၏တဲ ကို ဆောက်တည် ပြန်မည်။ ပြိုပျက် ရာများကိုလည်း ပြုပြင် ပြီးလျှင် ၊ ထိုတဲ ကို မတ် စေပြန်မည်ဟု။
18 Hivi ndivyo asemavyo Bwana aliyefanya mambo haya yajulikanayo tangu enzi za zamani. (aiōn g165)
၁၈ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရ ဘုရားသခင်၏ ဗျာဒိတ်တော်ရှိ၏ ဟုလာသတည်း။ ဘုရားသခင် သည် ကမ္ဘာ ဦးမှစ၍ မိမိစီရင် တော်မူသမျှသော အမှုအရာတို့ကိုသိ တော်မူသည်။ (aiōn g165)
19 Hivyo basi, ushauri wangu ni, kwamba tusiwapatie shida watu wa Mataifa wamgeukiao Mungu;
၁၉ထိုကြောင့် ၊ တစ်ပါး အမျိုးသားတို့အထဲ မှ ဘုရားသခင့် ထံတော် သို့ ပြောင်းလဲ သော သူ တို့ကို မ နှောင့်ရှက် ဘဲလျက်၊
20 lakini tuandike kwao kwamba wajiepushe mbali na uharibifu wa sanamu, tamaa za uasherati, na vilivyonyongwa, na damu.
၂၀ရုပ်တု တို့၏ ညစ်ညူး ရာကို၎င်း ၊ မတရား သော မေထုန်ကို၎င်း ၊ လည်ပင်း ကိုညှစ်၍ သတ်သောအရာကို ၎င်း၊ အသွေး ကို၎င်း ကြဉ်ရှောင် စေခြင်းငှာသူ တို့ကို မှာ လိုက်သင့်သည်ဟု ငါသဘောရှိ၏။
21 Kutoka vizazi vya wazee kuna watu katika kila mji wahubirio na kumsoma Musa katika masinagogi kila Sabato.”
၂၁အကြောင်းမူကား ၊ မောရှေ၏ပညတ္တိကျမ်းကို တရားစရပ် ၌ ဥပုသ်နေ့ တိုင်း ဘတ်ရွတ် သဖြင့်၊ မောရှေ ၏ တရားကို ရှေး ကာလမှစ၍ ခပ်သိမ်း သောမြို့ တို့၌ ဟောပြော လေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။
22 Kwa hiyo ikaonekana kuwa imewapendeza mitume na wazee, pamoja na kanisa lote, kumchagua Yuda aliyeitwa Barsaba, na Silas, waliokuwa viongozi wa kanisa, na kuwatuma Antiokia pamoja na Paulo na Barnaba.
၂၂ထိုအခါ တမန်တော် တို့နှင့် သင်းအုပ် တို့မှစ၍ သင်းဝင်သူ အပေါင်း တို့သည်၊ မိမိ တို့အထဲ ၌ ရွေးကောက် ၍ညီအစ်ကို တို့တွင် ထင်ရှား သောသူ တည်းဟူသောဗာရှဗ အမည် သစ်ကို ရသောယုဒ နှင့် သိလ တို့ကို၊ အန္တိအုတ် မြို့သို့ ပေါလု ၊ ဗာနဗ တို့နှင့်တကွ စေလွှတ် မည် အကြောင်းသဘော ညီညွတ်ကြ၏။
23 Waliandika hivi, “Mitume, wazee na ndugu, kwa ndugu wa Mataifa walioko Antiokia, Shamu na Kilikia, salamu.
၂၃သူ တို့လက် ဖြင့် ပေး လိုက်သော စာဟူမူကား၊ တမန်တော် ၊ သင်းအုပ် ၊ ညီအစ်ကို များတို့သည်၊ အန္တိအုတ် မြို့မှစ၍ ရှုရိ ပြည်၊ ကိလိကိ ပြည်တို့၌ရှိနေ၍ တစ်ပါး အမျိုးသားဖြစ်သော ညီအစ်ကို တို့ကို မေတ္တာနှင့်ကြား လိုက်ပါ၏။
24 Tulisika kwamba watu fulani ambao hatukuwapatia amri hiyo, walitoka kwetu na wamewataabisha kwa mafundisho yaletayo shida nafsini mwenu.
၂၄လူအချို့ တို့သည် ငါတို့အခွင့် မ ရှိဘဲ ငါ တို့ထံမှ ထွက်သွား ၍၊ သင် တို့သည် အရေဖျားလှီးခြင်းကိုခံရမည်၊ ပညတ်တရားကိုကျင့်ရမည် ဟူသောစကား ဖြင့်၊ သင် တို့၏ စိတ် နှလုံးကို နှောင့်ရှက် ဖျက်ဆီးသည်ကို ငါတို့ကြား ရ သည်ဖြစ်၍ ၊
25 Kwa hiyo imeonekana vyema kwetu sote kuchagua watu na kuwatuma kwenu pamoja na wapendwa wetu Barnaba na Paulo,
၂၅ငါ တို့သခင် ယေရှု ခရစ် ၏ နာမ တော်ကြောင့် မိမိ အသက် ကို စွန့်စား သော သူ တည်းဟူသော၊
26 watu walio hatarisha maisha yao kwa ajili ya jina la Bwana Yesu Kristo.
၂၆ငါတို့ချစ် သောဗာနဗ ၊ ပေါလု တို့နှင့်တကွ ရွေးကောက် သော သူ တို့ကို သင် တို့ဆီသို့ စေလွှတ် ခြင်းငှာတစ် ညီတစ်ညွတ်တည်း စီရင် သည်နှင့်အညီ၊
27 Kwa hiyo tumemtuma Yuda na Sila, watawaambia mambo yayo hayo.
၂၇ဤအကြောင်း အရာကို သင် တို့အား နှုတ် ဖြင့် ကြား စေခြင်းငှာယုဒ နှင့် သိလ တို့ကို စေလွှတ် ကြ၏။
28 Kwa kuwa ilionekana vyema kwa Roho Mtakatifu na kwetu, kutoweka juu yenu mzigo mkubwa kuliko mambo haya yaliyo ya lazima:
၂၈ရုပ်တု ရှေ့မှာ ပူဇော်သောယဇ်ကောင်ကို၎င်း ၊ အသွေး ကို၎င်း ၊
29 kwamba mgeuke kutoka kwenye vitu vitolewavyo kwa sanamu, damu, vitu vya kunyongwa, na uasherati. Kama mtajiweka mbali na hivi, itakuwa vyema kwenu. Kwa herini.”
၂၉လည်ပင်း ကိုညှစ်၍ သတ်သောအရာကို၎င်း ၊ မတရား သော မေထုန်ကို၎င်း ကြဉ်ရှောင် ရမည်ဟူသော ပညတ်မှတပါး အခြားသော ဝန် သင် တို့၏ အပေါ်၌ တင် ခြင်းငှာသန့်ရှင်း သော ဝိညာဉ် တော်နှင့် ငါ တို့သည် အလိုမ ရှိ။ ထို အရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာ ကြပါစေသောဟုရေး၍ ပေးလိုက်သတည်း။
30 Hivyo basi, walivyotawanyishwa, waliteremkia Antiokia; baada ya kukusanya kusanyiko pamoja, waliwasilisha barua.
၃၀ထိုသူတို့သည် သွား ရသော အခွင့်ရှိသဖြင့် ၊ အန္တိအုတ် မြို့သို့ သွား ၍၊ လူ အပေါင်းတို့ကို စုဝေး စေပြီးလျှင် မှာစာ ကိုအပ်ပေး ကြ၏။
31 Walipokua wameisoma, walifurahi kwa sababu ya kutiwa moyo.
၃၁မှာစာကိုဘတ်ရွတ် သောအခါ ထိုသက်သာ ခြင်း၏ အကြောင်းကြောင့် ဝမ်းမြောက် ခြင်းသို့ရောက်ကြ၏။
32 Yuda na Sila, na manabii, waliwatia moyo ndugu kwa maneno mengi na kuwatia nguvu.
၃၂ယုဒ နှင့် သိလ တို့သည် ပရောဖက် ဖြစ် သောကြောင့် များစွာ သောစကား နှင့် ညီအစ်ကို တို့ကို ဆုံးမ ၍ မြဲမြံ ခိုင်ခံ့စေကြ၏။
33 Baada ya kukaa muda fulani huko, walitawanyishwa kwa amani kutoka kwa ndugu kwa wale waliowatuma.
၃၃ထိုသူ တို့သည် အတန်အရာနေ ပြီးမှ ၊ တမန်တော်တို့ထံသို့ငြိမ်သက် စွာပြန်စေခြင်းငှာညီအစ်ကို တို့သည် အခွင့် ပေးကြ၏။
34 [ Lakini ilionekana vyema Sila kubaki huko ]
၃၄သို့သော်လည်း၊ သိလသည် အလိုအလျောက် နေရစ်၏။
35 Lakini Paulo na wengine walikaa Antiokia pamoja na wengine wengi, ambapo walifundisha na kuhubiri neno la Bwana.
၃၅ပေါလု နှင့် ဗာနဗ တို့သည်လည်း အန္တိအုတ် မြို့၌ နေ လျက်၊ အခြား သောသူများ တို့နှင့်တကွ ဆုံးမဩဝါဒ ပေး၍၊ သခင် ဘုရား၏ နှုတ်ကပတ် တရားတည်းဟူသောဧဝံဂေလိတရားကိုဟောပြော ကြ၏။
36 Baada ya siku kadhaa Paulo alisema kwa Barnaba, “Na turudi sasa na kuwatembelea ndugu katika kila mji tulipohubiri neno la Bwana, na kuwaona walivyo.
၃၆အင်တန် ကာလ ကြာသောအခါ ၊ ပေါလု က၊ ငါတို့သည် သခင် ဘုရား၏ နှုတ်ကပတ် တရားကို ဟောပြော ဘူးသော မြို့ များ တို့၌ ရှိသော ညီအစ်ကို တို့ သည် အဘယ်သို့ ရှိ နေသည်ကိုကြည့်ရှု ၍ ပြန်သွား ကြကုန်အံ့ဟု ဗာနဗ အား ဆို ၏။
37 Barnaba alihitaji pia kumchukua pamoja nao Yohana aliyeitwa Marko.
၃၇ဗာနဗ သည် မာကု အမည် ရှိသော ယောဟန် ကို ခေါ် မည်ဟု အကြံရှိ ၏။
38 Lakini Paulo alifikiria haikuwa vizuri kumchukua Marko, aliyewaacha huko Pamfilia na hakuendelea nao katika kazi.
၃၈ပေါလု က၊ ပံဖုလိ ပြည်၌ သူ တို့နှင့် ခွာ ၍ အမှုထမ်း ရာသို့ မ လိုက် မသွားသောထိုသူ ကိုမ ခေါ် သင့်ဟု သဘော ရှိ၏။
39 Kisha hapo kukatokea mabishano makubwa kwa hiyo walitengana, na Barnaba alimchukua Marko na kusafiri kwa meli mpaka Kipro,
၃၉ထို အကြောင်းနှင့် အချင်းချင်း မ သင့်သဖြင့် တခြားစီ သွား၍၊ ဗာနဗ သည်မာကု ကို ခေါ် ပြီးလျှင် ကုပရု ကျွန်းသို့ လွှင့် လေ၏။
40 Lakini Paulo alimchagua Sila na kuondoka, baada ya kukabidhiwa na ndugu katika neema ya Bwana.
၄၀ညီအစ်ကို တို့သည် ပေါလု ကိုဘုရားသခင် ၏ ကျေးဇူး တော်သို့ အပ်နှံ ကြသဖြင့်၊ သူသည်သိလ ကို ရွေးချယ် ပြီးလျှင်ထွက် ၍၊
41 Na alienda kupitia Shamu na Kilikia, akiimarisha makanisa.
၄၁အသင်းတော် များကို မြဲမြံ ခိုင်ခံ့စေလျက်၊ ရှုရိ ပြည်၊ ကိလိကိ ပြည်တို့ကို ရှောက်သွား လေ၏။

< Matendo 15 >