< Matendo 13 >

1 Sasa katika kanisa la Antiokia, palikuwa na baadhi ya manabii na walimu. Walikua Barnaba, Simeoni (aliyeitwa Nigeri). Lukio wa Kirene, Manaeni( ndugu asiye wa damu wa Herode kiongozi wa mkoa), na Sauli.
အန္တိအုတ်မြို့တွင်ရှိသော အသင်းတော်၌ ဗာနဗမှစ၍ နိဂါဟု ခေါ်ဝေါ်သော ရှုမောင်၊ ကုရေနေ ပြည်သားလုကိ၊ စော်ဘွားဟေရုဒ်၏ သူငယ်ချင်း အရင်း ဖြစ်သော မာနင်နှင့်ရှောလုတည်းဟူသော ပရောဖက် ပြုသူ၊ ဆရာပြုသူရှိကြ၏။
2 Walipokuwa wakimwabudu Bwana na kufunga, Roho Mtakatifu alisema, “Niteengeeni pembeni Barnaba na Sauli, waifanye kazi niliyo waitia.”
ထိုသူတို့သည်သခင်ဘုရား ဝတ်ကိုပြု၍ အစာကို ရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်က၊ ငါခန့်ထားသောအမှုကို ဆောင်ရွက် စေခြင်းငှါ ဗာနဗနှင့် ရှောလု တို့ကို ရွေးချယ် ခွဲထားကြလော့ဟု မိန့်တော် မူသည် အတိုင်း၊
3 Baada ya Kanisa kufunga, kuomba, na kuweka mikono yao juu ya watu hawa, wakawaacha waende.
အစာရှောင်၍ ပဌနာပြုလျက်၊ ထိုသူတို့ခေါင်း ပေါ်မှာ လက်ကို တင်၍လွှတ်လိုက်ကြ၏။
4 Kwa hiyo Barnabas na Sauli walimtii Roho Mtakatifu na walitelemka kuelekea Seleukia; Kutoka huko walisafiri baharini kuelekea kisiwa cha Kipro.
ထိုသို့သန့်ရှင်းသော ဝိညာဉ်တော် စေလွှတ် တော်မူသောအားဖြင့်၊ ထိုသူတို့သည် သေလုကိမြို့သို့ သွား၍ ထိုမြို့မှ သင်္ဘောနှင့် လွှင့်သဖြင့်၊ ကုပရုကျွန်းသို့ ရောက်ကြ၏။
5 Walipokuwa katika mji wa Salami, walilitangaza neno la Mungu katika Masinagogi ya Wayahudi. Pia walikuwa pamoja na Yohana Marko kama msaidizi wao.
ရှာလမိမြို့၌ရှိနေစဉ်၊ ယုဒတရားစရပ်များတွင် ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို ဟောပြော ကြ၏။ ယောဟန်သည်လည်း ထိုသူတို့၏ လက်ထောက် ဖြစ်သတည်း။
6 Walipokwenda katika kisiwa chote mpaka Pafo, walikuta mtu fulani mchawi, Myahudi nabii wa uongo, ambaye jina lake lilikuwa Bar Yesu.
တကျွန်းလုံးကို ရှောက်၍ပါဖုမြို့သို့ရောက်လျှင်၊
7 Mchawi huyu alishirikiana na Liwali Sergio Paulus, aliyekuwa mtu mwenye akili. Mtu huyu aliwaalika Barnaba na Sauli, kwa sababu alihitaji kusikia neno la Mungu.
ဗာယေရှုအမည်ရှိသော ယုဒအမျိုးသား မိစ္ဆာပရောဖက် ဖြစ်သော နတ်ဝိဇ္ဇာအတ်သမားကို မြို့ဝန် မင်းသေရဂိပေါလု ထံ၌တွေ့ကြ၏။ ထိုမြို့ဝန်သည် ပညာသတိရှိသဖြင့်၊ ဗာနဗနှင့်ရှောလုတို့ကို ခေါ်ပင့်၍ ဘုရားသခင်၏ နှုတ်ကပတ်တရားတော် ကိုနာလိုသောစိတ်ရှိသော်၊
8 Lakini Elima “yule mchawi” (hivyo ndivyo jina lake lilivyo tafsiriwa) aliwapinga; alijaribu kumgeuza yule liwali atoke kwenye imani.
အနက်အားဖြင့် နတ်ဝိဇ္ဇာအတတ်သမားဟု ဆိုလိုသော ဧလုမ အမည်ရှိသောထိုသူသည် မြို့ဝန်ကို ယုံကြည်ခြင်းမှ လွှဲအံ့သောငှါ တမန်တော်တို့ကို ဟန့်တားလေ၏။
9 Lakini Sauli aliyeitwa Paulo, alikuwa amejazwa na Roho Mtakatikfu, akamkazia macho
ထိုအခါပေါလုဟု အမည်တွင်သော ရှောလု သည် သန့်ရှင်း သော ဝိညာဉ်တော်နှင့်ပြည့်သဖြင့်၊ ထို နတ်ဝိဇ္ဇာအတတ်သမားကို စေ့စေ့ကြည့်ရှုလျက်၊
10 na akasema “Ewe mwana wa Ibilisi, umejazwa na aina zote za udanganyifu na udhaifu. Wewe ni adui wa kila aina ya haki. Hautakoma kuzigeuza njia za Bwana, zilizonyooka, je utaweza?
၁၀လှည့်ဖြားခြင်း၊ အကျိုးကိုဖျက်ခြင်း အမျိုးမျိုး နှင့်ပြည့်စုံသော မာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်း တရား၏ ရန်သူ၊ သင်သည်ထာဝရ ဘုရား၏ ဖြောင့်မတ် သော လမ်းခရီးတို့ကို မဖျက်ဆီးဘဲမနေနိုင်သလော။
11 Sasa tazama, mkono wa Bwana upo juu yako, na utakuwa kipofu. Hautaliona Jua kwa muda” mara moja ukungu na giza vilianguka juu ya Elimas; alianza kuzunguka pale akiomba watu wamwongoze kwa kumshika mkono.
၁၁ယခုပင်ထာဝရဘုရား၏ လက်တော်သည် သင့်အပေါ်သို့ ရောက်၍၊ နေကိုမျှမမြင်နိုင်အောင် အင်တန် ကာလပတ်လုံး သင်၏ မျက်စိကွယ်လိမ့်မည်ဟု ပေါလုဆိုသော ခဏခြင်းတွင်မျက်စိမြှေးရှက်၍ မှောင်မိုက်အတိဖြစ်သဖြင့်၊ လက်ဆွဲပေးသော သူတို့ကို ရှာလျက် တလည်လည်ရှိ၍နေ၏။
12 Baada ya liwali kuona kilichotokea, aliamini, kwa sababu alishangazwa kwa mafundisho kuhusu Bwana.
၁၂ထိုအကြောင်းအရာကိုမြင်လျှင်၊ မြို့ဝန်သည် ယုံကြည်ခြင်းသို့ ရောက်၍၊ သခင်ဘုရား၏ ဒေသနာ တော်ကို အလွန်အံ့ဩမိန်းမော၍ နေ၏။
13 Sasa Paulo na rafiki zake walisafiri majini kutoka Pafo na wakafika Perge katika Pamfilia. Lakini Yohana aliwaacha na kurudi Yerusalemu.
၁၃ပေါလုနှင့်ပါသောသူတို့သည် ပါဖုမြို့မှလွှင့်၍ ပံဖုလိပြည်၊ ပေရဂေမြို့သို့ရောက်ကြလျှင်၊ ယောဟန် သည် သူတို့ထံမှထွက်၍ ယေရုရှလင်မြို့သို့ပြန်လေ၏။
14 Paulo na rafiki yake walisafiri kutoka Perge na wakafika Antiokia ya Pisidia. Huko walikwenda katika sinagogi siku ya Sabato na kukaa chini.
၁၄ပေရဂမြို့မှထွက်သွားပြန်၍ ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ ရောက်လျှင်၊ ဥပုသ်နေ့၌ တရားစရပ် သို့ဝင်၍ထိုင်ကြ၏။
15 Baada ya kusoma sheria na manabii, viongozi wa sinagogi aliwatumia ujumbe wakisema, “Ndugu, kama mnao ujumbe wa kutia moyo watu hapa, semeni”
၁၅ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းကိုဘတ်ရွတ်ပြီးမှ၊ တရားစရပ်မှူး တို့သည်၊ ညီအစ်ကိုတို့၊ လူများအား ဆုံးမ စရာ စကားရှိလျှင် ဟောပြော ကြပါဟု လူကိုစေလွှတ်၍ ကြားပြောစေ၏။
16 Kwa hiyo Paulo alisimama na kuwapungia mkono; alisema, “Wanaume wa Israeli na enyi mnao mtii Mungu, sikilizeni.
၁၆ထိုအခါပေါလုသည်ထ၍ မိမိလက်နှင့် အမှတ် ပေးလျက်၊ ဣသရေလလူမှစ၍ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ နားထောင် ကြလော့။
17 Mungu wa hawa watu wa Israeli aliwachagua baba zetu na kuwafanya watu wengi walipokaa katika nchi Misri, na kwa mkono wake kuinuliwa aliwaongoza nje yake.
၁၇ဣသရေလအမျိုး၏ ဘုရားသခင်သည် ငါတို့ ဘိုးဘေးများကို ရွေးကောက်တော်မူ၍၊ အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်သော ထိုလူမျိုးကို ချီးမြှောက်သဖြင့်၊ ထင်ရှားသော လက်တော်နှင့်ထိုပြည်မှ နှုတ်ဆောင် တော်မူ၏။
18 Kwa miaka arobaini aliwavumilia katika jangwa.
၁၈အနှစ်လေးဆယ်မျှလောက်သော ကာလပတ်လုံး တော၌ ကျွေးမွေးတော်မူ၏။
19 Baada ya kuyaharibu mataifa saba katika nchi ya Kaanani, aliwapa watu wetu nchi yao kwa urithi.
၁၉ခါနာန်ပြည်၌ လူခုနစ်မျိုးတို့ကို ပယ်ရှားပြီးလျှင်၊ ထိုပြည်ကို ဣသရေလ အမျိုးအမွေ ပေးကမ်း ဝေငှတော်မူ၏။
20 Matukio haya yote yalitokea zaidi ya miaka mia nne na hamsini. Baada ya vitu hivi vyote, Mungu aliwapa waamuzi mpaka Samweli Nabii.
၂၀ထိုနောက်မှပရောဖက်ရှမွေလမပေါ်မရှိမှီ အနှစ်လေးရာငါးဆယ်မျှလောက်သော ကာလပတ်လုံး၊ တရားသူကြီးတို့ကိုပေးတော်မူ၏။
21 Baada ya haya, watu waliomba mfalme, hivyo Mungu aliwapa Sauli mwana wa Kishi, mtu wa kabila la Benjamini, kuwa mfalme kwa miaka arobaini.
၂၁နောက်တဖန် ရှင်ဘုရင်ကို တောင်းကြသော အခါရှောလု အမည်ရှိသော ကိရှ၏သား၊ ဗင်္ယာမိန် အမျိုးဖြစ်သောသူကို အနှစ်လေးဆယ်ပတ်လုံးပေးတော်မူ၏။
22 Kisha baada ya Mungu kumuondoa katika ufalme, alimwinua Daudi kuwa mfalme wao. Ilikuwa ni kuhusu Daudi kwamba Mungu alisema, 'Nimempata Daudi mwana wa Yese kuwa mtu apendezwaye na moyo wangu; ambaye atafanya kila kitu nipendacho.'
၂၂နောက်မှထိုသူကိုပယ်၍၊ ဣသရေလရှင်ဘုရင်အရာ၌ ဒါဝိဒ်ကို ချီးမြောက်တော်မူ၏။ ထိုသူ အားသက်သေခံတော်မူလျက်၊စိတ်နှလုံး၌ ညီညွတ်သည် ဖြစ်၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ၊ ယေရှ၏ သားဒါဝိဒ်ကို ငါတွေ့ရပြီဟု မိန့်တော်မူ၏။
23 Kutoka kwenye ukoo wa mtu huyu Mungu ameiletea Israeli mkombozi, Yesu, kama alivyoahidi kufanya.
၂၃ထိုသူ၏အမျိုးအနွယ်ထဲ၌ ဘုရားသခင်သည် ဂတိတော်အတိုင်း ကယ်တင်သောသခင်ယေရှုကို ဣသရေလလူတို့အား ပေါ်ထွန်း စေတော်မူပြီ။
24 Hili lilianza kutokea, kabla ya Yesu kuja, Yohana kwanza alitangaza ubatizo wa toba kwa watu wote wa Israeli.
၂၄ထိုသခင်ကြွလာတော်မမူမှီ ယောဟန်သည် ဣသရေလလူ အပေါင်းတို့အား နောင်တနှင့် စပ်ဆိုင် သော ဗတ္တိဇံတရားကို ဟောပြောနှင့်လေ၏။
25 Naye Yohana alipokuwa akimalizia kazi yake, alisema, 'Mwanifikiri mimi ni nani? mimi si yule. Lakini sikilizeni, ajaye nyuma yangu, sisitahili kulegeza viatu vya miguu yake.'
၂၅ယောဟန်သည်မိမိဆောင်ရွက်ရသော အမှုကိုပြု၍ နေစဉ်တွင်၊ ငါသည် အဘယ်သူဖြစ်သည်ကို သင်တို့ ထင်မှတ်ကြသနည်း။ ငါသည် ထိုသူဖြစ်သည်မဟုတ်။ ငါ့နောက်ကြွလာသောသူတပါးရှိသေး၏။ ထိုသူ၏ ခြေနင်းတော်ကို ငါမချွတ်ထိုက်ဟုဆို၏။
26 Ndugu, watoto wa ukoo wa Abrahamu, na wale ambao kati yenu mnamwabudu Mungu, ni kwa ajili yetu kwamba ujumbe huu wa ukombozi umetumwa.
၂၆အာဗြဟံအမျိုးဖြစ်သော ညီအစ်ကိုမှစ၍ သင်တို့တွင် ဘုရား သခင်ကို ကြောက်ရွံ့သောသူတို့၊ ဤ ကယ်တင်တော်မူခြင်းတရားစကားကို သင်တို့အား ကြားလိုက်တော်မူ၏။
27 Kwa wale waishio Yerusalemu, na watawala wao, hawakumtambua kwa uhalisia, na wala hawakuutambua ujumbe wa manabii ambao husomwa kila Sabato; kwa hiyo walitimiliza ujumbe wa manabii kwa kumhukumu kifo Yesu.
၂၇ယေရုရှလင်မြို့၌ နေသောသူတို့နှင့်တကွ မင်းများတို့သည် ထိုသခင်ကို၎င်း၊ ဥပုသ်နေ့တိုင်းအစဉ် ဘတ်ရွက်သော ပရောဖက်တို့၏ စကားကို၎င်း၊ မသိ နားမလည်သောကြောင့်၊ ထိုသခင်ကိုစီရင်သော အားဖြင့်၊ ထိုပရောဖက်တို့၏ စကားကိုပြည့်စုံစေကြပြီ။
28 Japokuwa hawakupata sababu nzuri kwa kifo ndani yake, walimwomba Pilato amuue.
၂၈ကိုယ်တော်၌သေထိုက်သောအပြစ် တစုံတခုကို မျှ မတွေ့သော်လည်း၊ ကွပ်မျက်စေမည်အကြောင်း ပိလတ်မင်းထံ၌ တောင်းလျှောက်ကြ၏။
29 Walipomaliza mambo yote yaliyoandikwa kuhusu yeye, walimshusha kutoka mtini na kumlaza kaburini.
၂၉ထိုသခင်ကိုရည်မှတ်၍ ကျမ်းစာ၌ ရေးထား သမျှတို့ကို ပြည့်စုံ စေပြီးလျှင်၊ အလောင်းတော်ကို သစ်တိုင်မှချ၍သင်္ချိုင်းတွင်း၌ ထားကြ၏။
30 Lakini Mungu alimfufua kutoka wafu.
၃၀ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေ တော်မူသည်ဖြစ်၍၊
31 Alionekana kwa siku nyingi kwa wale waliokwenda pamoja naye kutoka Galilaya kuelekea Yerusalemu. Watu hawa sasa ni mashahidi wa watu.
၃၁ဂါလိလဲပြည်မှ ယေရုရှလင်မြို့သို့နောက်တော်၌ လိုက်သောသူ တို့အားနေ့ရက်များစွာ ကိုယ်ကို ထင်ရှားပြ တော်မူ၏။
32 Hivyo tunawaletea habari njema kuhusu ahadi walizopewa mababu zetu.
၃၂ထိုသူတို့သည် လူများတို့အား သက်သေခံဖြစ် ကြ၏။
33 Mungu aliweka ahadi hizi kwetu, watoto wao, katika hilo alimfufua Yesu na kumrudisha tena katika uhai. Hili pia liliandikwa katika Zaburi ya pili: 'Wewe ni Mwanangu, leo nimekuwa Baba yako'
၃၃ဆာလံကျမ်းဒုတိယခဏ်း၌လာသည်ကား၊ သင်သည်ငါ့သား ဖြစ်၏။
34 Pia kuhusu ukweli ni kwamba alimfufua kutoka wafu ili kwamba mwili wake usiharibike, ameongea hivi: 'Nitakupatia utakatifu na baraka halisi za Daudi'
၃၄ယနေ့ပင်သင့်ကိုငါဖြစ်သွားစေပြီဟု လာသည် နှင့်အညီ၊ ဘုရားသခင်သည် ယေရှုကို ထမြောက်စေ တော်မူသဖြင့်၊ ငါတို့ဘိုးဘေး များ၌ရှိသော ဂတိတော်ကို ထိုသူတို့၏ သားဖြစ်သောငါတို့အား ပြည့်စုံတော်မူ သည်ဟူ၍၎င်း၊ ဒါဝိဒ်၌မြဲမြံသော ကျေးဇူးတော်ကို သင်တို့အား ငါပေးမည်ဟူသောဗျာဒိတ်တော်နှင့်အညီ၊ ထိုသခင်ကို သေခြင်းမှ ထမြောက်စေ၍၊ နောက်တဖန် ပုပ်စပ်ခြင်းသို့ မပြန်ဘဲ အစဉ်ကင်းလွတ် ရမည်အခွင့်ကို ပေးတော်မူသည်ဟူ၍၎င်း၊ ဝမ်းမြောက်စရာသိတင်း ဧဝံဂေလိတရားကို ငါတို့သည် သင်တို့အား ကြားပြော ကြ၏။
35 Hii ndiyo sababu kasema pia katika zaburi nyingine, 'Hautaruhusu mtakatifu wako kuuona uozo.'
၃၅ထိုကြောင့်ဆာလံကျမ်းတခဏ်း၌ လာသည်ကား၊ ကိုယ်တော်၏ သန့်ရှင်းသောသူအား ပုပ်စပ်ခြင်းကို ရှိစေတော်မမူဟုလာ၏။
36 Kwa kuwa baada ya Daudi kutumikia mapenzi ya Mungu katika kizazi chake, alilala, alilazwa pamoja na baba zake, na aliuona uaharibifu,
၃၆ဒါဝိဒ်သည်မိမိကာလ၌ ဘုရားသခင်၏ အလို တော်ကို ဆောင်ရွက်ပြီးလျှင်၊ ကျိန်းစက်၍ မိမိဘိုးဘေး စုထဲသို့ဝင်သဖြင့် ပုပ်စပ်ခြင်း သို့ ရောက်လေ၏။
37 Lakini aliyefufuliwa na Mungu hakuuona uharibifu.
၃၇ဘုရားသခင် ထမြောက်စေတော်မူသော သူမူကား၊ ပုပ်စပ်ခြင်းသို့ မရောက်။
38 Hivyo na ifahamike kwenu, ndugu, kupitia mtu huyu, msamaha wa dhambi umehubiriwa.
၃၈ထိုကြောင့်ညီအစ်တို့ကို၊ ထိုသခင်၏ ကျေးဇူးတော်ကြောင့် အပြစ်လွှတ်ခြင်းတရားကို သင်တို့အား ဟောကြားသည်ကို၎င်း၊
39 Kwa yeye kila aaminiye anahesabiwa haki na mambo yote ambayo sheria ya Musa isingewapatia haki.
၃၉ထိုသခင်ကိုယုံကြည်သောသူ ရှိသမျှတို့သည် မောရှေ၏ တရားအတိုင်း မလွတ်နိုင်သော အပြစ်ရှိသမျှ တို့နှင့် လွတ်ရကြသည်ကို၎င်း သိမှတ် ကြလော့။
40 Hivyo basi kuweni waangalifu kwamba kitu walichokiongelea manabii kisitokee kwenu:
၄၀အနာဂတ္တိကျမ်း၌လာသည်ကား၊ မထီမဲ့မြင် ပြုတတ်သောသူတို့၊ ကြည့်ရှုအံ့ဩ၍ ပြယ်ပျောက်ခြင်းသို့ ရောက်ကြလော့။
41 'Tazama, enyi mnaodharau, na mkashangae na mkaangamie; kwa vile nafanya kazi katika siku zenu, Kazi ambayo hamwezi kuiamini, hata kama mtu atawaeleza.”
၄၁အကြောင်းမူကား၊ သင်တို့အားသူတပါး ပြညွှန်သော်လည်း၊ သင်တို့မယုံသော အမှုကိုသင်တို့ လက်ထက် ကာလ၌ ငါပြုသည်ကျမ်းစာ၌ ပါသောအရာကို သင်တို့ အပေါ်သို့ မရောက်စေမည်အကြောင်း၊ သတိပြု ကြလော့ဟု ပေါလုဟောပြောလေ၏။
42 Wakati Paulo na Barnaba walipoondoka, watu wakawaomba waongee maneno haya siku ya Sabato ijayo.
၄၂လူများတို့သည် တရားစရပ်မှ ထွက်သွားကြစဉ်၊ ထိုအကြောင်း အရာတို့ကို မိမိတို့အား နောက်ဥပုသ်နေ့၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။
43 Wakati mkutano wa sinagogi ulipokwisha, Wayahudi wengi na waongofu thabiti waliwafuata Paulo na Barnaba, ambao waliongea nao na waliwahimiza waendelee katika neema ya Mungu.
၄၃အစည်းအဝေးပျက်၍ ပြန်ကြသောအခါ ယုဒလူမှစ၍ ဘုရားကို ကိုးကွယ်သော ဘာသာဝင်သူများ တို့သည် ပေါလုနှင့် ဗာနဗနောက်သို့ လိုက်ကြသည်ဖြစ်၍ ထိုသူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ တည်ကြည် မည်အကြောင်း၊ တမန်တော်တို့သည် ဖြားယောင်း၍ ဆုံးမဩဝါဒပေးလေ၏။
44 Sabato iliyofuata, karibu mji mzima ulikusanyika kusikia neno la Mungu.
၄၄နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို နားထောင်အံ့သောငှါ တမြို့လုံး ကုန်မ တတ်စည်းဝေးကြ၏။
45 Wayahudi walipoona makutano, walijawa na wivu na kuongea maneno yaliyopinga vitu vilivyosemwa na Paulo na walimtukana.
၄၅ယုဒလူတို့သည် အစည်းအဝေးတို့ကို မြင်လျှင် ငြူစူသောစိတ် နှင့်ပြည့်စုံသဖြင့်၊ ပေါလု၏စကားကို ငြင်းခုံသည်သာမက ဆဲရေးကြ၏။
46 Lakini Paulo na Barnaba waliongea kwa ujasiri na kusema, “Ilikuwa ni muhimu kwamba neno la Mungu liongelewe kwanza kwenu. Kwa kuwa mnalisukumia mbali kutoka kwenu nakujiona kuwa hamkusitahili uzima wa milele, angalieni tutawageukia Mataifa. (aiōnios g166)
၄၆ထိုအခါပေါလုနှင့်ဗာနဗတို့က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုသင်တို့အား ရှေ့ဦးစွာ ဟော ပြောရ၏။ သို့သော်လည်း သင်တို့သည်ပယ်၍ ထာဝရ အသက်ကိုမိမိတို့ မခံထိုက်သည်ဟု မိမိတို့စီ ရင်ကြ သောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တပါးအမျိုးသားတို့ ဆီသို့ လှည့်ကြ၏။ (aiōnios g166)
47 Kama ambavyo Bwana ametuamuru, akisema, 'Nimewaweka ninyi kama nuru kwa watu wa mataifa, kwamba mlete wokovu kwa pande zote za dunia.”
၄၇မှာတော်မူသော ဗျာဒိတ်တော်အချက်ကား၊ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ၊ သင်ကိုတပါး အမျိုးသားလင်းစရာဘို့ ငါခန့်ထား၏ဟု ဗျာဒိတ်တော်ရှိသည်ဟု ရဲရင့်စွာ ပြောဆိုကြ၏။
48 Mataifa waliposikia hili, walifurahi na kulisifu neno la Bwana. Wengi waliochaguliwa kwa uzima wa milele waliamini. (aiōnios g166)
၄၈ထိုစကားကို တပါးအမျိုးသားတို့သည်ကြားလျှင် ဝမ်းမြောက်၍ ထာဝရဘုရား၏ နှုတ်ကပတ် တရားတော် ကိုချီးမွမ်းကြ၏။ ထာဝရ အသက်ကို ရစေခြင်းငှါ ခန့်ထားတော်မူသော သူရှိသမျှတို့သည် ယုံကြည် ခြင်းသို့ ရောက်ကြသဖြင့်၊ (aiōnios g166)
49 Neno la Bwana lilienea nchi yote.
၄၉ထာဝရဘုရား၏ သာသနာတော်သည် တပြည် လုံး၌ နှံပြားလေ၏။
50 Lakini wayahudi waliwasihi waliojitoa na wanawake muhimu, pia na viongozi wa mji. Haya yalichochea mateso dhidi ya Paulo na Barnaba na waliwatupa nje ya mipaka ya mji.
၅၀ထိုအခါ ဘုရားကိုကိုးကွယ်၍ အသရေရှိသော မိန်းမတို့နှင့် ထိုမြို့၌အကြီးအကဲဖြစ်သော သူများကို ယုဒလူတို့သည် နှိုးဆော်၍၊ ပေါလုနှင့်ဗာနဗတို့ကို ညှဉ်းဆဲစေသဖြင့် ထိုပြည်၏နယ်မှ နှင်ထုတ်ကြ ၏။
51 Lakini Paulo na Barnaba walikung'uta vumbi ya miguu yao. Kisha walienda kwenye mji wa Ikonia.
၅၁တမန်တော်တို့သည် မိမိတို့ခြေဖဝါး၌ကပ်သော မြေမှုန့်ကို ထိုသူတို့အားခါလိုက်ပြီးမှ ၊ ဣကောနိမြို့သို့ သွားကြ၏။
52 Na wanafunzi walijawa na furaha pamoja na Roho mtakatifu.
၅၂တပည့်တော်များတို့သည် ဝမ်းမြောက်ခြင်းနှင့် ၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်းပြည့်စုံကြ၏။

< Matendo 13 >