< 2 Timotheo 1 >
1 Paulo mtume wa Yesu Kristo kwa mapenzi ya Mungu, sawasawa na ahadi ya uzima ulio ndani ya Kristo Yesu,
၁ဘုရားသခင်၏အလိုတော်အရခရစ်တော် ယေရှု၏တမန်တော်ဖြစ်သူ၊ ခရစ်တော်ယေရှု နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်းအားဖြင့် ငါတို့ရရှိမည်ဟုကတိထားတော်မူသော အသက်အကြောင်းကိုကြေညာသူငါပေါလု ထံမှ၊-
2 kwa Timotheo mwana mpendwa: Neema, rehema na amani toka kwa Mungu Baba na Kristo Yesu Bwana wetu.
၂ငါ၏ချစ်သောတိမောသေထံသို့စာရေး လိုက်ပါသည်။ သင်သည်ခမည်းတော်ဘုရားနှင့်ငါတို့အရှင် ခရစ်တော်ယေရှုထံတော်မှကျေးဇူးတော်၊ ကရုဏာတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ရပါစေသတည်း။
3 Ninamshukuru Mungu, ambaye ninamtumikia kwa nia njema kama walivyofanya baba zangu, ninapokumbuka daima katika maombi yangu. Usiku na
၃ငါသည်နေ့ညဥ့်မပြတ်ဆုတောင်းပတ္ထနာပြု ရာတွင် သင့်အားအစဉ်ပင်အောက်မေ့သတိရ လျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်း၏။ ငါသည်ဘိုးဘေးများနည်းတူကိုယ် တော်၏အမှုတော်ကိုကြည်လင်သောသြတ္တပ္ပ စိတ်နှင့်ဆောင်ရွက်သူဖြစ်၏။-
4 mchana ninatamani kukuona, ili kwamba nijawe na furaha. Ninayakumbuka machozi yako.
၄သင်အဘယ်သို့မျက်ရည်ကျသည်ကိုသတိ ရလျက် ငါသည်သင့်အားအလွန်တွေ့မြင်လို ၏။ သင့်ကိုတွေ့မြင်ရခြင်းသည်ငါ့အားဝမ်း မြောက်စေလိမ့်မည်။-
5 Nimekuwa nikikumbushwa kuhusu imani yako halisi, ambayo hapo kwanza ilikaa kwa bibi yako Loisi na mama yako Yunisi. Na nina hakika ya kwamba imani hiyo inakaa ndani yako pia.
၅သင်သည်သင်၏အဖွားလောဣနှင့်အမိဥနိတ် တို့ကဲ့သို့ဟန်ဆောင်မှုမရှိဘဲ ယုံကြည်ကြောင်း ကိုငါသတိရ၏။ သူတို့၏ယုံကြည်ခြင်း မျိုးသည်သင်၌လည်းရှိသည်ဟုငါစိတ်ချ၏။-
6 Hii ndiyo sababu nakukumbusha kuchochea karama ya Mungu iliyomo ndani yako kwa njia ya kuwekewa mikono yangu.
၆သို့ဖြစ်၍သင့်အပေါ်ငါသိက္ခာတင်မင်္ဂလာပေး စဉ်အခါက သခင်ဘုရားထံတော်မှသင်ရ ရှိသည့်ဆုကျေးဇူးကိုရှင်သန်လျက်ရှိနေ စေရန်သင့်အားငါသတိပေးနှိုးဆော်၏။-
7 Kwa kuwa Mungu hakutupa roho ya woga, bali ya nguvu na upendo na nidhamu.
၇ဘုရားသခင်၏ဝိညာဉ်တော်သည်ငါတို့အား ကြောက်စိတ်ကိုပေးတော်မမူဘဲတန်ခိုးကို လည်းကောင်း၊ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ ကိုယ်ကိုချုပ်တည်းနိုင်မှုကိုလည်းကောင်းပေး တော်မူ၏။
8 Kwa hiyo usiuonee haya ushuhuda kuhusu Bwana wetu, wala wangu mimi Paulo mfungwa wake. Bali ushiriki mateso kwa ajili ya injili sawasawa na uweza wa Mungu.
၈သို့ဖြစ်၍ငါတို့သခင်ဘုရား၏အကြောင်း တော်ကိုသက်သေခံရန်မရှက်နှင့်။ ခရစ်တော် အတွက်အကျဉ်းသားဖြစ်သူငါ၏အတွက် လည်းမရှက်နှင့်။ ဘုရားသခင်ထံမှခွန်အား ကိုရရှိသည်အတိုင်းသတင်းကောင်းအတွက် ငါနှင့်အတူဒုက္ခခံလော့။-
9 Ni Mungu aliyetuokoa na kutuita kwa wito mtakatifu. Hakufanya hivi kulingana na kazi zetu bali kulingana na neema na mpango wake mwenyewe. Alitupatia mambo haya katika Kristo Yesu kabla ya nyakati kuanza. (aiōnios )
၉ဘုရားသခင်သည်ငါတို့အားကယ်တင်တော်မူ ၍ မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေးကောက်တော် မူသည်မှာ ငါတို့ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်ဘဲ ကိုယ်တော်တိုင်၏အကြံ အစည်တော်နှင့်ကျေးဇူးတော်ကြောင့်ဖြစ်ပေ သည်။ ကိုယ်တော်သည်ကမ္ဘာမတည်ရှိမီကာလ ကပင်ခရစ်တော်ယေရှုအားဖြင့်ငါတို့အား ထိုကျေးဇူးတော်ကိုချပေးတော်မူ၏။- (aiōnios )
10 Lakini sasa wokovu wa Mungu umekwishafunuliwa kwa kuja kwa mwokozi wetu Kristo Yesu. Ni Kristo aliyeikomesha mauti na kuleta uzima usiokoma kwa nuru ya injili.
၁၀သို့ရာတွင်ယခုအခါငါတို့၏ကယ်တင် ရှင်ခရစ်တော်ယေရှုကြွလာတော်မူခြင်း အားဖြင့် ထိုကျေးဇူးတော်သည်ပေါ်လွင် ထင်ရှားလာလေပြီ။ ကိုယ်တော်သည်သေ ခြင်းတရားကိုပယ်ရှားတော်မူပြီးလျှင် သတင်းကောင်းအားဖြင့် သင်္ခါရကင်းခြင်း တရားကိုပေါ်လွင်ထင်ရှားစေတော် မူသတည်း။
11 Kwa sababu hiyo nilichaguliwa kuwa mhubiri, mtume na mwalimu.
၁၁ဘုရားသခင်သည်ထိုသတင်းကောင်းကို ကြေညာရန် ငါ့ကိုတမန်တော်နှင့်ဆရာ အဖြစ်ခန့်ထားတော်မူ၏။-
12 Kwa sababu hii nateseka pia, lakini sioni haya kwa kuwa namjua yeye niliyekwisha kumuamini. Nina hakika kuwa yeye anaweza kukitunza kile nilichokikabidhi kwake hata siku ile.
၁၂ထိုအကြောင်းကြောင့်ငါသည်ဤဆင်းရဲဒုက္ခများ ကိုခံရခြင်းဖြစ်ပေသည်။ သို့ရာတွင်ငါ၌ယုံ ကြည်စိတ်ချမှုရှိသေး၏။ အဘယ်ကြောင့်ဆို သော်ငါသည်အဘယ်သူကိုကိုးစားသည်ကို လည်းကောင်း၊ ထိုအရှင်၏လက်ဝယ်ငါပေးအပ် ထားသောအရာကိုကိုယ်တော်ရှင်သည် တရား စီရင်တော်မူရာနေ့ရောက်သည်တိုင်အောင် စောင့်ထိန်းနိုင်တော်မူကြောင်းကိုလည်းကောင်း ငါအသေအချာသိသောကြောင့်ဖြစ်၏။-
13 Ukumbuke mfano wa ujumbe wa uaminifu uliousikia toka kwangu, pamoja na imani na upendo ulio ndani ya Kristo Yesu.
၁၃ငါသွန်သင်သည့်မှန်ကန်သောသြဝါဒကို သင်လိုက်နာရန်စံနမူနာအဖြစ်စွဲမြဲစွာ ခံယူ၍ ခရစ်တော်ယေရှုနှင့်ငါတို့တစ်လုံး တစ်ဝတည်းဖြစ်ခြင်းအားဖြင့်ရရှိသည့် ယုံကြည်ခြင်းတရားနှင့်မေတ္တာတရားကို စွဲလမ်းလော့။-
14 Yatunze Mambo mazuri aliyokukabidhi Mungu kupitia Roho Mtakatifu aishiye ndani yetu.
၁၄သင့်အားပေးအပ်ထားသောကောင်းမြတ်သည့် အရာများကိုငါတို့တွင်ကိန်းအောင်းတော်မူ သောသန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုး တော်အားဖြင့်ထိန်းသိမ်းစောင့်ရှောက်လော့။
15 Unajua ya kuwa, wote waishio katika Asia waliniacha. Kwenye kundi hili wamo Figelo na Hemogene.
၁၅သင်သိရှိသည်အတိုင်းဖုဂေလုနှင့်ဟေရ မောဂင်တို့အပါအဝင်အာရှနယ်ပယ်၌ နေသူအပေါင်းတို့သည်ငါတို့ကိုစွန့်သွား ကြလေပြီ။-
16 Bwana airehemu nyumba ya Onesiforo kwa kuwa mara nyingi aliniburudisha na hakuionea aibu minyororo yangu.
၁၆သခင်ဘုရားသည်သြနေသိဖော်၏အိမ် ထောင်အားကရုဏာထားတော်မူပါစေ သော။ ထိုသူသည်အကြိမ်ကြိမ်အဖန်ဖန် ငါ့အားစိတ်သက်သာစေ၏။ ငါသည်အကျဉ်း သားဖြစ်လျက်နေသော်လည်းသူသည်ငါ့ အတွက်မရှက်ဘဲ၊-
17 Badala yake, alipokuwa Roma alinitafuta kwa bidii na akanipata.
၁၇ရောမမြို့သို့ရောက်လျှင်ရောက်ခြင်းငါ့ကို မတွေ့တွေ့အောင်ရှာ၏။-
18 Mungu amjalie kupata rehema kutoka kwake siku ile. Kama alivyonisaidia nilipokuwa Efeso, wewe wajua vyema.
၁၈ဧဖက်မြို့တွင်သူသည်ငါ့အားအဘယ်မျှ ပြုစုသည်ကိုသင်ကောင်းစွာသိ၏။ တရား စီရင်တော်မူရာနေ့ရက်ကာလ၌သခင် ဘုရားသည်သူ့အားကရုဏာတော်ကို ခံစားခွင့်ပေးသနားတော်မူပါစေသော။