< 2 Samweli 7 >

1 Ikawa mfalme alipokuwa amekwisha kukaa katika nyumba yake, na baada ya Yahwe kuwa amemstarehesha kutokana na adui zake wate waliomzunguka,
ထာဝရဘုရား သည် အရပ်ရပ် တို့၌ ရှိသောရန်သူ အပေါင်း တို့လက်မှ ကယ်လွှတ်တော်မူသောကျေးဇူးကို ရှင် ဘုရင်သည် ခံရ၍၊ နန်း တော်၌ ငြိမ်ဝပ် စွာ နေ ရသောအခါ။
2 mfalme akamwambia nabii Nathani, “Tazama, mimi ninaishi katika nyumba ya mierezi, lakini sanduku la Mungu lipo hemani.
ပရောဖက် နာသန် ကို ခေါ်၍၊ ကြည့်ရှု လော့။ ငါ သည် အာရဇ် သစ်သားအိမ် နှင့်နေ ၏။ ဘုရား သခင်၏ သေတ္တာ တော်မူကား၊ ကုလားကာ ဖြင့်သာ ကွယ်ကာလျက် နေ ရသည်ဟုဆို သော်၊
3 Basi Nathani akamwambia mfalme, “Nenda, fanya lililo moyoni mwako, kwa maana Yahwe yupo nawe.”
နာသန် က၊ အကြံ တော်ရှိသမျှ အတွင်းပြု တော်မူပါ။ ထာဝရဘုရား သည် ကိုယ်တော် နှင့်အတူ ရှိတော်မူသည်ဟု ပြန်လျှောက် ၏။
4 Lakini usiku usiku uleule neno la Yahwe lilimjia Nathani kusema,
ထို ညဉ့် တွင် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် နာသန် သို့ ရောက် ၍၊
5 “Nenda na umwambie mtumishi wangu Daudi, 'Hivi ndivyo asemavyo Yahwe: Je utanijengea nyumba ya kuishi?”
ငါ့ ကျွန် ဒါဝိဒ် ထံသို့ သွား လော့။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် သည် ငါ နေ စရာဘို့ အိမ် ကို ဆောက် ရမည်လော။
6 Kwa maana sijawai kuishi katika nyumba tangu siku ile nilipowaleta wana wa Israeli kutoka Misri hata leo; badala yake nimekuwa nikitembea katika hema, hema la kukutania.
ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် သောနေ့ ကစ၍ ယနေ့ တိုင်အောင် အိမ် နှင့် ငါမ နေ။ တဲ အမျိုးမျိုးနှင့် ငါလှည့်လည် ပြီ။
7 Mahali pote ambapo nimekuwa nikihama miongoni mwa wana wote wa Israeli, Je niliwai kusema lolote na viongozi wa Israeli niliowaweka kuwachunga watu wangu Israeli, kusema, “Kwa nini hamjanijengea nyumba ya mierezi?”
ဣသရေလ အမျိုးသားတို့နှင့် ငါလှည့်လည် ရာ အရပ်ရပ် တို့၌ ၊ ငါ ၏လူ ဣသရေလ အမျိုးကို ကျွေးမွေး စေခြင်းငှါ ၊ ငါစေခိုင်း သော ဣသရေလ တရားသူကြီး တစုံတယောက် အား၊ သင်သည် ငါ့ အဘို့ အာရဇ် သစ်သားအိမ် ကို အဘယ်ကြောင့် မ ဆောက် သနည်းဟု ငါဆို ဘူးသလော။
8 Sasa basi, mwambie Daudi, mtumishi wangu, “Hiki ndicho asemacho Yahwe wa majeshi: 'Nilikutwaa kutoka machungani, kutoka katika kuwafuata kondoo, ili uwe mtawala juu ya watu wangu Israeli.
ယခု မှာ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သိုး ထိန်းရာသိုးခြံ ထဲက သင့် ကိုငါ နှုတ်ယူ ၍၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးသောမင်း အရာ၌ ငါခန့်ထားပြီ။
9 Nimekuwa pamoja nawe popote ulipokwenda na nimewakatilia mbali adui zako wote mbele yako. Na nitakutengenezea jina kubwa, kama jina la mojawapo ya wakuu walio juu ya nchi.
သင်သွား လေရာရာ ၌ ငါလိုက် ၍ သင် ၏ ရန်သူ အပေါင်း တို့ကို သင့် ရှေ့ မှ ပယ်ရှား သဖြင့် ၊ မြေကြီး သား တို့တွင် လူကြီး ၏ဂုဏ် အသရေကဲ့သို့ သင် ၌ ကြီးစွာ သော ဂုဏ် အသရေကို ငါပေး ပြီ။
10 Nitatenga mahali kwa ajili ya watu wangu Israeli nami nitawapanda pale, ili kwamba waweze kuishi mahali pao wenyewe na wasisumbuliwe tena. Waovu hawatawatesa tena, kama walivyofanya mwanzo.
၁၀ထိုမှတပါး ငါ ၏လူ ဣသရေလ အမျိုးနေရာ အရပ်ကို ငါပြင်ဆင် ပြီ။ သူတို့သည် နောက်တဖန် မ ပြောင်း မလဲ မိမိ တို့နေရာ ၌ နေ စေခြင်းငှါ ငါမြဲမြံ စေမည်။ မ တရားသောသူတို့သည် ရှေး ကာလ၌ ၎င်း၊
11 Kama walivyofanya tangu siku ile nilipoamuru waamuzi juu ya watu wangu Israeli. Nami nitakustarehesha kutokana na adui zako wote. Zaidi ya hayo, Mimi, Yahwe, nakutamkia kwamba nitakutengenezea nyumba.
၁၁ငါ ၏လူ ဣသရေလ အမျိုးတွင် တရားသူကြီး တို့ကို ခန့်ထား သော ကာလ ၌၎င်း ၊ ညှဉ်းဆဲ သကဲ့သို့ နောက် တဖန်မ ညှဉ်းဆဲရ။ သင့် ကိုလည်း ရန်သူ အပေါင်း တို့လက်မှ ကယ်လွှတ်၍ ချမ်းသာ ပေးပြီ။ သင် ၏အမျိုးအနွယ် ကိုလည်း ငါတည် စေမည်ဟု ထာဝရဘုရား မိန့် တော်မူပြီ။
12 Siku zako zitakapokwisha na ukalala pamoja na baba zako, nitainua mzao baada yako, atokaye katika mwili wako mwenyewe, nitauimalisha ufalme wake.
၁၂သင် သည် အသက် ကာလစေ့ ၍ ဘိုးဘေး တို့နှင့်အတူ အိပ်ပျော် သောအခါ သင် ၏ရင်သွေး ၊ သင် မှ ဆင်းသက် သော သားကိုငါချီးမြှောက် ၍ သူ ၏နိုင်ငံ ကို တည်ထောင် မည်။
13 Naye atajenga nyumba kwa jina langu, nami nitakiimalisha kiti chake cha enzi daima.
၁၃ထိုသားသည် ငါ ၏နာမ အဘို့ အိမ် ကို ဆောက် လိမ့်မည်။ သူ ထိုင်သော ရာဇပလ္လင် ကို အစဉ်အမြဲ ငါတည် စေမည်။
14 Nitakuwa baba kwake, naye atakuwa mwanangu. Atakapotenda dhambi, nitamwadhibu kwa fimbo ya wanadamu na kwa mapigo ya wana wa watu.
၁၄ငါ သည် သူ ၏အဘ ဖြစ် မည်။ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်။ သူသည် ဒုစရိုက် ကိုပြုလျှင် လူ သုံးတတ်သော ကြိမ်လုံး နှင့် ငါဆုံးမ မည်။ လူ သား ရိုက် တတ်သကဲ့သို့ ငါရိုက်မည်။
15 Lakini uaminifu wa agano langu hautamwondokea, kama nilivyouondoa kutoka kwa Sauli, niliyemwondoa mbele yako.
၁၅သို့ရာတွင် သင့် ရှေ့ မှာ ငါပယ်ရှား သော ရှောလု ၌ ငါ ၏ကရုဏာ ကို နှုတ် သကဲ့သို့ သင်၏သား၌ ငါမ နှုတ်။
16 Nyumba yako na ufalme wako utathibitiswa mbele yako daima. Kiti chako cha enzi kitakuwa imara daima.”
၁၆သင် ၏အမျိုးအနွယ် နှင့် ၊ သင် ၏နိုင်ငံ သည် ငါ့ရှေ့ မှာ အစဉ်အမြဲ တည် လိမ့်မည်။ သင် ၏ရာဇပလ္လင် သည်လည်း အစဉ်အမြဲ တည် လိမ့်မည်ဟု ငါ့ ကျွန် ဒါဝိဒ် အား ပြော လော့ဟု မိန့် တော်မူ၏။
17 Nathani akamwambia Daudi na kumtaarifu maneno haya yote, na akamwambia kuhusu ono lote.
၁၇ထို ဗျာဒိတ် တော်စကား အလုံးစုံ တို့ကို နာသန် သည် ဒါဝိဒ် အား ပြန်ပြော လေ၏။
18 Kisha mfalme Daudi akaingia ndani na kuketi mbele ya Yahwe; akasema, “Mimi ni nani, Yahwe Mungu, na familia yangu ni nini hata umenileta hapa nilipo?
၁၈ထိုအခါ ဒါဝိဒ် မင်းကြီး သည် အထဲသို့ဝင် ၍ ထာဝရဘုရား ရှေ့ တော်၌ ထိုင် နေလျက် ၊ အိုအရှင် ထာဝရဘုရား ၊ အကျွန်ုပ် ကို ဤမျှ လောက်ချီးမြှောက် တော်မူ မည်အကြောင်း ၊ အကျွန်ုပ် သည် အဘယ်သို့ သောသူ ဖြစ်ပါသနည်း။ အကျွန်ုပ် အမျိုး သည် အဘယ်သို့ သောအမျိုး ဖြစ်ပါသနည်း။
19 Na hili lilikuwa jambo dogo mbele yako, Bwana Yahwe. Hata ukasema kuhusu familia ya mtumishi wako wakati mkuu ujao, nawe umenionesha vizazi vijavyo, Bwana Yahwe!
၁၉သို့ရာတွင် အိုအရှင် ထာဝရဘုရား ၊ ထို ကျေးဇူးတော်ကို သာမည ကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့် ၊ ကိုယ်တော် ကျွန် ၏ အမျိုးအနွယ် ကို ကြာမြင့် စွာသောကာလနှင့် ယှဉ်လျက်မိန့် တော်မူပါသည်တကား။ အိုအရှင် ထာဝရဘုရား ၊ လူ တို့သည် ထိုသို့ စီရင်လေ့ရှိပါ သလော။
20 Mimi Daudi, niseme nini zaidi kwako? Umemweshimu mtumishi wako, Bwana Yahwe.
၂၀ဒါဝိဒ် သည် အဘယ်သို့ တိုးတက် ၍ လျှောက် ရပါမည်နည်း။ အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ကိုယ်တော် ၏ကျွန် ကို သိ တော်မူ၏။
21 Kwa ajili ya neno lako, na kwa ajili ya kutimiza kusudi lako mwenyewe, umefanya jambo kubwa namna hii na kulidhihirisha kwa mtumishi wako.
၂၁နှုတ်ကပတ် တော်ကိုထောက်၍ ၊ အလို တော်ရှိသည်အတိုင်း ကိုယ်တော် ၏ကျွန် သိ ရမည်အကြောင်း၊ ဤ ကြီးစွာ သော အမှုအလုံးစုံ တို့ကို ပြု တော်မူပြီ။
22 Kwa hiyo wewe ni mkuu, Bwana Yahwe. Kwa maana hakuna mwingine aliye kama wewe, na hakuna Mungu mwingine badala yako, kama jinsi ambayo tumesikia kwa masikio yetu wenyewe.
၂၂သို့ဖြစ်၍ အိုထာဝရအရှင် ဘုရား သခင်၊ ကိုယ်တော်သည် ကြီးမြတ် တော်မူ၏။ အကျွန်ုပ် တို့ ကြား သမျှ အတိုင်း ကိုယ်တော် နှင့် တူသောဘုရား ၊ ကိုယ်တော် မှတပါး အခြားသော ဘုရားမည်မျှမ ရှိပါ။
23 Kwani kuna taifa lipi lililo kama watu wako Israeli, taifa moja juu ya nchi ambalo wewe, Mungu, ulikwenda na kuwakomboa kwa ajili yako wewe mwenyewe? Ulifanya hivi ili kwamba wawe watu kwa ajili yako mwenyewe, kujifanyia jina kwa ajili yako mwenyewe, na kufanya matendo makuu na ya kuogofya kwa ajili ya nchi yako. Uliyaondoa mataifa na miungu yao kutoka mbele ya watu wako, uliowakomboa kutoka Misri.
၂၃နာမ တော်ကို ထင်ရှားစေ၍ အဲဂုတ္တု ပြည်အစရှိသော အခြား သောပြည်များ၊ သူ တို့ဘုရား များတို့မှ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏ လူမျိုး ရှေ့ တွင် လူမျိုးတော်အဘို့နှင့်ပြည် တော်အဘို့ ကြောက်မက် ဘွယ်သော အမှုကြီး တို့ကို ပြု ခြင်းငှါ ၊ ဘုရား သခင်ကြွ ၍ ကိုယ်တော် အဘို့ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏လူ ဣသရေလ အမျိုးနှင့် တူသော လူမျိုး တစုံတမျိုး သည် မြေကြီး ပေါ် မှာ ရှိပါသလော။
24 Umeiimarisha Israel kama watu wako daima, na wewe, Yahwe, kuwa Mungu wao.
၂၄အကြောင်းမူကား၊ ကိုယ်တော် ၏လူ ဣသရေလ အမျိုးကို အစဉ်အမြဲ ကိုယ်တော် ၏လူ ဖြစ်စေခြင်းငှါ၊ သူတို့ကို ကိုယ်တော် အဘို့ ခိုင်ခံ့ မြဲမြံစေ၍ ၊ ကိုယ်တော် ထာဝရဘုရား သည် သူ တို့၏ဘုရား သခင်ဖြစ် တော်မူ၏။
25 Basi sasa, Yahwe Mungu, ahadi uliyofanya kuhusu mtumishi wako na familia yake iwe imara daima. Ufanye kame uilivyo sema.
၂၅ယခု မှာ အိုထာဝရ အရှင်ဘုရား သခင်၊ ကိုယ်တော် ကျွန် ၌ ၎င်း ၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ် ၌ ၎င်း၊ မိန့် တော်မူသော စကား တော်ကို အစဉ်အမြဲ တည် စေတော်မူပါ။ မိန့် တော်မူသည်အတိုင်း ပြု တော်မူပါ။
26 Na jina lako liwe kuu daima, ili watu waseme, 'Yahwe wa majeshi ni Mungu wa Israeli,' wakati nyumba yangu, Daudi, mtumishi wako itakapokaa imara mbele zako daima.
၂၆ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ဣသရေလ အမျိုးကို အစိုးရသောဘုရား သခင်ဖြစ်တော်မူသည်ဟူ၍ နာမ တော်သည် အစဉ်အမြဲ ချီးမြှောက် ခြင်းရှိပါစေသော။ ကိုယ်တော် ကျွန် ဒါဝိဒ် ၏ အမျိုးအနွယ် သည် ရှေ့ တော်၌တည် ပါစေသော။
27 Kwa maana wewe, Yahwe wa majeshi, Mungu wa Israeli, umedhihirisha kwa mtumishi wako kwamba utamjengea nyumba. Ndiyo maana mimi, mtumishi wako, nimepata ujasiri kuomba kwako.
၂၇အကြောင်း မူကား၊ ဣသရေလ အမျိုး၏ ဘုရား သခင် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော် က၊ သင်၏အမျိုးအနွယ် ကို ငါတည် စေမည်ဟု ကိုယ်တော် ကျွန် အား ဗျာဒိတ် ပေးတော်မူသောကြောင့်၊ ကိုယ်တော် ကျွန် သည် ဤ ပဌနာ ကို ရှေ့တော်၌ ပြုချင်သောစိတ် ရှိ ပါ၏။
28 Sasa, Bwana Yahwe, wewe ni Mungu, na maneno yako ni amini, na umefanya ahadi hii njema kwa mtumishi wako.
၂၈ယခု လည်း အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ဘုရား သခင်မှန်တော်မူ၏။ စကား တော်လည်း မှန် ပါ၏။ ဤ ကျေးဇူး ကိုကိုယ်တော် ကျွန် ၌ ဂတိ ထားတော်မူပြီ။
29 Sasa basi, na ikupendeze kuibariki nyumba ya mtumishi wako, ili iendelee mbele yako daima. Kwa maana wewe, Bwana Yahwe, umeyasema mambo haya, na kwa ahadi yako nyumba ya mtumishi wako itabarikiwa daima.
၂၉သို့ဖြစ်၍ ကိုယ်တော် ကျွန် ၏အမျိုးအနွယ် သည် ရှေ့ တော်၌ အစဉ်အမြဲ တည် ပါမည်အကြောင်း ၊ ကောင်းကြီး ပေးခြင်းငှါ နူးညွတ် သောစိတ်ရှိတော်မူပါ။ အိုအရှင် ထာဝရဘုရား ၊ အမိန့် တော်ရှိသည်အတိုင်း ကောင်းကြီး ပေးတော်မူသောမင်္ဂလာ ကို၊ ကိုယ်တော် ကျွန် ၏အမျိုးအနွယ် သည် အစဉ်အမြဲ ခံရပါစေသောဟု ဆုတောင်းသတည်း။

< 2 Samweli 7 >