< 2 Samweli 22 >

1 Daudi akamwimbia Yahwe maneno ya wimbo huu siku ile Yahwe alipomwokoa katika mkono wa adui zake wote na katika mkono wa Sauli.
ရှော​လု​နှင့်​အ​ခြား​ရန်​သူ​တို့​၏​လက်​မှ​ထာ​ဝ​ရ ဘု​ရား​ကယ်​တော်​မူ​ခြင်း​ကို​ခံ​ရ​ပြီး​သည့် အ​ခါ​၌ ဒါ​ဝိဒ်​သည်​အောက်​ပါ​သီ​ချင်း​ကို ဖွဲ့​ဆို​၏။
2 Akaomba hivi, “Yahwe ni mwamba wangu, ngome yangu, aliyeniokoa.
ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ကယ်​တင်​ရှင် ငါ​၏​ခိုင်​ခံ့​သော​ရဲ​တိုက်​ဖြစ်​တော်​မူ​၏။
3 Mungu ni mwamba wangu. Yeye ni kimbilio langu. Ngao yangu, pembe ya wokovu wangu, ngome yangu na kimbilio langu, aniokoaye na mabaya yote.
ငါ​၏​ဘု​ရား​သ​ခင်​သည်​ငါ့​ကို ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သ​ဖြင့် ငါ​သည်​ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​ပါ​၏။ ကိုယ်​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ်​ငါ့​ကို ကွယ်​ကာ​တော်​မူ​၏။ ငါ​၏​ဘက်​မှ​ခု​ခံ​တိုက်​ခိုက်​တော်​မူ​၍ ငါ့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​၏​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​၏။ ငါ့​ကို​ကွယ်​ကာ​၍​အ​ကြမ်း​ဖက်​မှု​မှ​ကယ်​တော် မူ​၏။
4 Nitamwita Yahwe, astahiliye kutukuzwa, nami nitaokolewa kutoka kwa adui zangu.
ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​တောင်း​လျှောက်​သည့် အ​ခါ​တိုင်း​ကိုယ်​တော်​သည် ငါ့​အား​ရန်​သူ​များ​လက်​မှ​ကယ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
5 Maana mawimbi ya mauti yalinizunguka, mafuriko ya maji ya uharibifu yakanishinda.
သေ​မင်း​၏​လှိုင်း​တံ​ပိုး​များ​သည်​ငါ့​ကို​ဝိုင်း​ရံ လျက်​ရှိ​၏။ ဆုံး​ပါး​ပျက်​စီး​ခြင်း​လှိုင်း​လုံး​များ​သည်​ငါ​၏ အ​ပေါ်​သို့ လွှမ်း​မိုး​၍​လာ​ကြ​၏။
6 Vifungo vya kuzimu vilinizunguka; kamba za mauti zikaninasa. (Sheol h7585)
မ​ရ​ဏာ​နိုင်​ငံ​၏​ကြိုး​တို့​သည်​ငါ့​ကို​ရစ်​ပတ် ကြ​၏။ သေ​မင်း​သည်​ငါ့​ကို​ဖမ်း​ရန်​ကျော့​ကွင်း​ထောင်​၏။ (Sheol h7585)
7 Katika shida yangu nalimwita Yahwe; nilimwita Mungu wangu; akaisikia sauti yangu katika hekalu lake, na kilio changu cha msaada kikafika masikioni mwake.
ငါ​သည်​ဒုက္ခ​ရောက်​၍​ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ခေါ်​ပါ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​၏​ဘု​ရား​သ​ခင်​အား ဟစ်​ခေါ်​ပါ​၏။ ကိုယ်​တော်​သည်​ဗိ​မာန်​တော်​ထဲ​မှာ​ငါ​၏​အ​သံ ကို ကြား​တော်​မူ​၏။ ကူ​မ​တော်​မူ​ရန်​ငါ​ဟစ်​ခေါ်​သံ​ကို​ကြား​တော် မူ​၏။
8 Ndipo nchi ilipotikisika na kutetemeka. Misingi ya mbingu ikatetemeka na kutikiswa, kwa kuwa Mungu alikasirika.
ထို​အ​ခါ​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကြောင့် မြေ​ကြီး​သည်​တုန်​လှုပ်​လေ​၏။ မိုး​ကောင်း​ကင်​၏​အ​ခြေ​အ​မြစ်​တို့​သည် ရွေ့​လျား​တုန်​လှုပ်​ကြ​၏။
9 Moshi ukatoka katika pua yake, na miale ya moto ikatoka katika kinywa chake. Makaa yakawashwa nayo.
နှာ​ခေါင်း​တော်​ထဲ​မှ​မီး​ခိုး​များ​သည်​လည်း​ကောင်း၊ ခံ​တွင်း​တော်​ထဲ​မှ​ကျွမ်း​လောင်​စေ​တတ်​သည့် မီး​လျှံ​နှင့်​မီး​ကျီး​ခဲ​များ​သည်​လည်း​ကောင်း ထွက်​လေ​၏။
10 Alizifungua mbingu akashuka, na giza totoro lilikuwa chini ya miguu yake.
၁၀ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​ကို ကွေး​ညွှတ်​စေ​ပြီး​လျှင်​ဆင်း​သက်​ကြွ​လာ တော်​မူ​၏။ ခြေ​ဖ​ဝါး​တော်​အောက်​တွင်​မဲ​မှောင်​သော မိုး​တိမ်​များ​ရှိ​၏။
11 Alipanda juu ya kerubi na kuruka. Alionekana katika mawingu ya upepo.
၁၁ကိုယ်​တော်​သည်​ခေ​ရု​ဗိမ် ကို​စီး​လျက်​လေ​ပြင်း အ​ဟုန်​ဖြင့်​လျင်​မြန်​စွာ​ကြွ​လာ​တော်​မူ​၏။
12 Naye akalifanya giza kuwa hema kumzunguka, akakusanya mawingu makubwa ya mvua angani.
၁၂ကိုယ်​တော်​သည်​မှောင်​မိုက်​တည်း​ဟူ​သော ရေ​ခိုး​ရေ​ငွေ့​အ​ပြည့်​ပါ​ရှိ​သည့် ထူ​ထပ်​သော​မိုး​တိမ်​တိုက်​ကို​ပတ်​လည်​တော်​၌ ကာ​ရံ​စေ​တော်​မူ​၏။
13 Makaa ya moto yalidondoka mbele zake kutoka katika radi.
၁၃ရှေ့​တော်​၌​လျှပ်​စီး​ပြက်​သ​ဖြင့်​မီး​ကျီး ခဲ​များ​သည် အ​လျှံ​ထ​လေ​၏။
14 Yahwe alishuka kutoka katika mbingu. Aliyejuu alipiga kelele.
၁၄ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​မှ မိုး​ချုန်း​စေ​တော်​မူ​၏။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​အ​သံ တော်​သည် ထွက်​ပေါ်​လာ​၏။
15 Alipiga mishale na kuwatawanya adui zake—miale ya radi na kuwasambaratisha.
၁၅ကိုယ်​တော်​သည်​မြား​တော်​တို့​ကို ပစ်​လွှတ်​တော်​မူ​လျက် ရန်​သူ​များ​ကို​ကွဲ​လွင့်​စေ​တော်​မူ​၏။ လျှပ်​စီး​ပြက်​စေ​လျက်​သူ​တို့​အား ထွက်​ပြေး​စေ​တော်​မူ​၏။
16 Kisha njia za maji zikaonekana; misingi ya dunia ikawa wazi katika kilio cha vita ya Yahweh, katika sauti za pumzi ya pua zake.
၁၆ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား အ​မျက်​ထွက်​တော်​မူ​၍ ဆုံး​မ​ကြိမ်း​ဝါး​တော်​မူ​သော​အ​ခါ၊သ​မုဒ္ဒ​ရာ အောက်​ခံ​နှင့်​ကမ္ဘာ​မြေ​ကြီး​၏ အ​ခြေ​အ​မြစ်​တို့​သည်​ဟင်း​လင်း​ထင်​ပေါ်​လာ ကုန်​၏။
17 Kutoka juu alifika chini; akanishikilia! Aliniondoa katika vilindi vya maji.
၁၇ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ​လက်​တော်​ကို ဆန့်​တော်​မူ​၍​ငါ့​ကို​ကိုင်​တော်​မူ​၏။ ရေ​နက်​ကြီး​ထဲ​မှ​ငါ့​ကို​ဆယ်​တင်​တော်​မူ​၏။
18 Aliniokoa kutoka kwa adui zangu wenye nguvu, kwao walionichukia, kwa maana walikuwa na nguvu sana kwangu.
၁၈ကိုယ်​တော်​သည်​တန်​ခိုး​ကြီး​သော​ရန်​သူ ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​၏​လက်​မှ ငါ့​ကို​ကယ်​တော်​မူ​၏။ သူ​တို့​သည်​ငါ​ပြိုင်​၍​မ​ရ​နိုင်​အောင်​ခွန်​အား ကြီး​ပါ​၏။
19 Walikuja kinyume changu siku ya shida yangu, lakini Yahwe alikuwa msaada wangu.
၁၉ငါ​သည်​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​သည် ငါ့​ကို​တိုက်​ခိုက်​ကြ​၏။ သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။
20 Pia aliniweka mahali panapo nafasi. Aliniokoa kwa kuwa alipendezwa nami.
၂၀ကိုယ်​တော်​သည်​ငါ့​ကို​ဘေး​မှ​လွတ်​မြောက်​ရန် ကူ​မ​တော်​မူ​၏။ ငါ့​ကို​နှစ်​သက်​တော်​မူ​သ​ဖြင့်​ကယ်​တော်​မူ​၏။
21 Yahwe amenituza kwa kipimo cha haki yangu; amenirejesha kwa kiwango cha usafi wa mikono yangu.
၂၁ငါ​သည်​ဖြောင့်​မတ်​စွာ​ပြု​ကျင့်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဆု​လာဘ်​များ ချ​ပေး​တော်​မူ​၏။ ငါ​သည်​အ​ပြစ်​ကင်း​သ​ဖြင့်​ကိုယ်​တော်​သည် ငါ့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။
22 Kwa maana nimezishika njia za Yahwe na sijafanya uovu kwa kugeuka kutoka kwa Mungu.
၂၂ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ခဲ့​ပါ​၏။ ငါ​၏​ဘု​ရား​သ​ခင်​ကို​ကျော​မ​ခိုင်း​ခဲ့​ပါ။
23 Kwa kuwa maagizo yake yote ya haki yamekuwa mbele yangu; kwa kuwa sheria zake, sikujiepusha nazo.
၂၃ငါ​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို စောင့်​ထိန်း​ခဲ့​၏။ ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​ကို​မ​ဖီ​ဆန်​ခဲ့​ပါ။
24 Nimekuwa bila hatia mbele zake pia, na nimejiepusha na dhambi.
၂၄ငါ​သည်​အ​ပြစ်​မဲ့​သူ​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ ဒု​စ​ရိုက်​ကို​ရှောင်​ကြဉ်​ကြောင်း​ကို​လည်း​ကောင်း ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။
25 Kwa hiyo Yahwe amenirejesha kwa kiasi cha uadilifu wangu, kwa kipimo cha usafi wangu mbele zake.
၂၅ထို့​ကြောင့်​ငါ​သည်​အ​ပြစ်​ကင်း​သူ​ဖြစ်​ကြောင်း​ကို သိ​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​ဖြောင့်​မတ်​စွာ​ပြု​ကျင့်​သ​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​သည်​ငါ့​အား​ဆု​လာဘ်​များ​ကို ပေး​သ​နား​တော်​မူ​၏။
26 Kwa mwaminifu, unajionesha kuwa mwaminifu; kwake asiye na hatia; unajionesha kuwa hauna hatia.
၂၆အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​သစ္စာ​ရှိ သူ​တို့​အား​သစ္စာ​စောင့်​တော်​မူ​၏။ အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ကောင်း​မြတ်​သူ​တို့​အား အ​ကန့်​အ​သတ်​မ​ရှိ​ဘဲ​ကျေး​ဇူး​ပြု​တော်​မူ တတ်​၏။
27 Kwa usafi unajionesha kuwa msafi, lakini kwa wakaidi unajionesha kuwa mkaidi.
၂၇စိတ်​နှ​လုံး​ဖြူ​စင်​သူ​တို့​အား​ဖြူ​စင်​သော စိတ်​သ​ဘော​ထား​ကို​လည်း​ကောင်း၊ သူ​ယုတ်​မာ​တို့​အား​ဆန့်​ကျင်​သော စိတ်​သ​ဘော​ထား​ကို​လည်း​ကောင်း​ပြ​တော် မူ​၏။
28 Unaokoa walioteswa, lakini macho yako ni kinyume cha wenye kiburi, unawashusha chini.
၂၈ကိုယ်​တော်​သည်​စိတ်​နှိမ့်​ချ​သူ​တို့​အား​ကယ်​တော် မူ​၏။ သို့​ရာ​တွင်​မာ​န​ထောင်​လွှား​သူ​တို့​ကို​မူ နိမ့်​ကျ​စေ​တော်​မူ​၏။
29 Kwa maana wewe ni taa yangu, Yahwe. Yahwe huangaza katika giza langu.
၂၉အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် အ​ကျွန်ုပ်​၏​အ​လင်း​ဖြစ်​လျက်​အ​ကျွန်ုပ်​၏ အ​မှောင်​ကို​လင်း​စေ​တော်​မူ​၏။
30 Maana kwa ajili yake ninaweza kupita vipingamizi; kwa msaada wa Mungu wangu naweza kuruka juu ya ukuta.
၃၀ကိုယ်​တော်​ရှင်​သည်​ရန်​သူ​များ​ကို​တိုက်​ခိုက်​ရန် ခွန်​အား​ကို​လည်း​ကောင်း၊ သူ​တို့​၏​ခံ​တပ်​များ​ကို​ဖြို​ခွင်း​ရန်​တန်​ခိုး​ကို လည်း​ကောင်း​အ​ကျွန်ုပ်​အား​ပေး​တော်​မူ​၏။
31 Maana njia za Mungu ni kamilifu. Neno la Yahwe ni safi. Yeye ni ngao yao wanaomkimbilia.
၃၁ဤ​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် ပြီး​ပြည့်​စုံ​ပါ​၏။ ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည်​လည်း ယုံ​ကြည်​ကိုး​စား​ထိုက်​ပါ​ပေ​သည်​တ​ကား။ ကိုယ်​တော်​သည်​မိ​မိ​အား​ကိုး​စား​သူ​အ​ပေါင်း တို့ အ​တွက်​ဒိုင်း​လွှား​သ​ဖွယ်​ဖြစ်​တော်​မူ​၏။
32 Maana ni nani aliye Mungu isipokuwa Yahwe? Na ni nani aliyemwamba isipokuwa Mungu?
၃၂ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင် ဘု​ရား​ဖြစ်​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည်​သာ​လျှင်​ငါ​တို့ ကွယ်​ကာ​ရာ​ဖြစ်​တော်​မူ​၏။
33 Mungu ni kimbilio langu, na umwongoza katika njia yake mtu asiye na hatia.
၃၃ဤ​ဘု​ရား​ကား​ငါ​ခို​လှုံ​ရာ​ခိုင်​ခံ့​သည့် ရဲ​တိုက်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​လိုက်​လျှောက်​ရာ ခ​ရီး​လမ်း​ကို​ဘေး​မဲ့​လုံ​ခြုံ​စေ​တော်​မူ​၏။
34 Huifanya myepesi miguu yangu kama kurungu na kuniweka katika vilima virefu.
၃၄ကိုယ်​တော်​သည်​ငါ့​အား​သ​မင်​ကဲ့​သို့​ခြေ​မြဲ​စေ​၍ တောင်​များ​ပေါ်​တွင်၊ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော် မူ​၏။
35 Huifundisha mikono yangu kwa vita, na viganja vyangu kupinda upinde wa shaba.
၃၅အ​သန်​ဆုံး​သော​လေး​ကို​တင်​နိုင်​ရန်​ငါ့​အား စစ်​ပွဲ​အ​တွက်​လေ့​ကျင့်​ပေး​တော်​မူ​၏။
36 Umenipa ngao ya wokovu wako, na matakwa yako yamenifanya mkuu.
၃၆အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ် အား ကွယ်​ကာ​စောင့်​ရှောက်​၍​ကယ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​ကူ​မ​တော်​မူ​သ​ဖြင့်​အ​ကျွန်ုပ်​သည် ကြီး​မြင့်​လာ​ရ​ပါ​၏။
37 Umeitengenezea miguu yangu nafasi chini yangu, hivyo miguu yangu haikujikwaa.
၃၇ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​ရန်​သူ​ဖမ်း​ဆီး​ခြင်း မ​ခံ​ရ​အောင်​စီ​ရင်​တော်​မူ​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ခဲ့​သည်​မ​ရှိ​ပါ။
38 Niliwafuatia adui zangu na kuwaangamiza. Sikurudi nyuma hadi walipoangamizwa.
၃၈အ​ကျွန်ုပ်​သည်​ရန်​သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​လျက် သူ​တို့​အား​နှိမ်​နင်း​ပယ်​ရှား​ပြီး​သည့်​တိုင်​အောင် မ​ပြန်​ပါ။
39 Niliwararua na kuwasambaratisha; hawawezi kuinuka. Wameanguka chini ya miguu yangu.
၃၉အ​ကျွန်ုပ်​သည်​ရန်​သူ​တို့​အား​နာ​လန်​မ​ထူ နိုင်​အောင် ချေ​မှုန်း​ပါ​၏။ သူ​တို့​သည်​အ​ကျွန်ုပ်​၏​ခြေ​ရင်း​တွင်​လဲ​၍ အ​ညံ့​ခံ​ကြ​ပါ​၏။
40 Unaweka nguvu ndani yangu kama mkanda kwa vita; unawaweka chini yangu wanaoinuka kinyume changu.
၄၀ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​စစ်​ပွဲ​ဝင်​နိုင်​ရန် ခွန်​အား​ကို​ပေး​တော်​မူ​ပါ​၏။ ရန်​သူ​များ​အ​ပေါ်​တွင်​အောင်​မြင်​ခွင့်​ကို​လည်း ပေး​တော်​မူ​ပါ​၏။
41 Ulinipa migongo ya shingo za adui zangu; niliwaangamiza kabisa wale wanaonichukia.
၄၁ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​၏​ရှေ့​မှ​ရန်​သူ​များ​ကို ထွက်​ပြေး​စေ​တော်​မူ​ပါ​၏။ အ​ကျွန်ုပ်​သည်​မိ​မိ​ကို​မုန်း​သော​သူ​တို့​အား သုတ်​သင်​ဖျက်​ဆီး​ခွင့်​ကို​ရ​ပါ​၏။
42 Walilia kwa msaada, lakini hakuna aliyewaokoa; walimlilia Yahwe, lakini hakuwajibu.
၄၂သူ​တို့​သည်​ကယ်​မည့်​သူ​ကို​ရှာ​သော်​လည်း ကယ်​မည့်​သူ​မ​ရှိ​ပါ။ ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်​ကြ​သော်​လည်း ထူး​တော်​မ​မူ​ပါ။
43 Niliwaponda katika vipande kama mavumbi juu ya ardhi, niliwakanyaga kama matope mitaani.
၄၃အ​ကျွန်ုပ်​သည်​သူ​တို့​အား​ချေ​မှုန်း​သ​ဖြင့် သူ​တို့​သည် မြေ​မှုန့်​ကဲ့​သို့​ညက်​ညက်​ကြေ​ကြ​ပါ​၏။ လမ်း​ပေါ်​မှ​ရွှံ့​ကို​နင်း​သ​ကဲ့​သို့​သူ​တို့​အား အ​ကျွန်ုပ်​နင်း​ပါ​၏။
44 Umeniokoa pia kutoka katika mashutumu ya watu wangu. Umeniweka kama kichwa cha mataifa. Watu nisiowajua wananitumikia.
၄၄ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​အား​ပုန်​ကန်​သော ပြည်​သူ​တို့​၏​လက်​မှ​ကယ်​တော်​မူ​၍ လူ​မျိုး​တ​ကာ​တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​ပါ​၏။ အ​ကျွန်ုပ်​မ​သိ​ဘူး​သော​လူ​မျိုး​တို့​သည်​ယခု​အ​ခါ​၌ အ​ကျွန်ုပ်​ထံ​အ​ခွန်​ဆက်​ရ​ကြ​ပါ​၏။
45 Wageni walishurutishwa kuniinamia. Mara waliposikia kuhusu mimi, walinitii.
၄၅လူ​မျိုး​ခြား​တို့​သည်​အ​ကျွန်ုပ်​ရှေ့​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ပါ​၏။ သူ​တို့​သည်​အ​ကျွန်ုပ်​၏​အ​မိန့်​ကို​ကြား​သော အ​ခါ နာ​ခံ​ကြ​ပါ​၏။
46 Wageni walikuja wakitetemeka kutoka katika ngome zao.
၄၆သူ​တို့​သည်​ရဲ​စွမ်း​သတ္တိ​မ​ရှိ​ကြ​တော့​ဘဲ မိ​မိ​တို့​၏ ရဲ​တိုက်​များ​မှ​တုန်​လှုပ်​လျက်​ထွက်​လာ​ကြ​ပါ​၏။
47 Yahwe anaishi! Mwamba wangu atukuzwe. Mungu na ainuliwe, mwamba wa wokovu wangu.
၄၇ထာ​ဝ​ရ​ဘု​ရား​သည်​အ​သက်​ရှင်​တော်​မူ​၏။ ငါ့​အား​ကွယ်​ကာ​တော်​မူ​သော​အ​ရှင်​ကို ထော​မ​နာ​ပြု​ကြ​လော့။ တန်​ခိုး​ကြီး​၍​ငါ့​ကို​ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​ကြီး​မြတ်​တော်​မူ​ကြောင်း ကြွေး​ကြော်​ကြ​လော့။
48 Huyu ndiye Mungu anilipiaye kisasi, awawekaye watu chini yangu.
၄၈ကိုယ်​တော်​သည်​ငါ့​အား​ရန်​သူ​များ​ကို​အောင် မြင်​ခွင့် ပေး​တော်​မူ​၏။ လူ​မျိုး​တ​ကာ​တို့​ကို​ငါ​၏​လက်​အောက်​သို့ ရောက်​စေ​တော်​မူ​လျက်၊
49 Uniweka huru mbali na adui zangu. Hakika, uliniinua juu yao walioinuka kinyume changu. Uliniokoa kutoka kwa watu wenye ghasia.
၄၉ရန်​သူ​များ​၏​လက်​မှ​ငါ့​ကို​ကယ်​တော်​မူ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် အ​ကျွန်ုပ်​အား​ရန်​သူ​များ​ကို​အောင်​မြင်​ခွင့် ပေး​တော်​မူ​၍ အ​ကြမ်း​ဖက်​သူ​တို့​၏​ဘေး​မှ​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​၏။
50 Kwa hiyo nitakushukuru, Yahwe, kati ya mataifa; nitaliimbia sifa jina lako.
၅၀သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​လူ​မျိုး​တ​ကာ​တို့​ရှေ့​တွင် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍ ကိုယ်​တော်​ရှင်​၏​ဂုဏ်​တော်​ကို​သီ​ချင်း​ဆို ပါ​မည်။
51 Mungu hutoa ushindi mkuu kwa mfalme wake, na uonesha uaminifu wake wa kiagano kwa mtiwa mafuta wake, kwa Daudi na uzao wake daima.”
၅၁ဘု​ရား​သ​ခင်​သည်​မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော ဘု​ရင်​အား​အောင်​ပွဲ​ကြီး​ကို​ခံ​စေ​တော်​မူ​၏။ ကိုယ်​တော်​ဘိ​သိက်​ပေး​တော်​မူ​သော ဒါ​ဝိဒ်​မင်း​မှ​စ​၍​အ​ဆက်​အ​နွယ်​တို့​အား၊ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကာ​လ​အ​စဉ်​အ​ဆက် ပြ​တော်​မူ​၏။

< 2 Samweli 22 >