< 2 Wafalme 22 >
1 Yosia alikuwa na umri wa miaka minane wakati alipoanza kutawala; alitawala kwa mda wa miaka thelathini na moja katika Yerusalemu. Mama yake alikuwa anaitwa Yedida (Alikuwa binti wa Adaye wa Bozkathi).
၁ယောရှိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးဆယ်တနှစ်စိုးစံလေ၏။ မယ်တော် ကား၊ ဗောဇကတ်မြို့သားအဒါယ၏သမီး ယေဒိဒ အမည်ရှိ၏။
2 Alifanya yale yaliyo mema usoni mwa Yahwe. Alitembea kwenye njia zote za Daudi babu yake, na hakugeuka wala upande wa kulia au kushoto.
၂ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရား သောအမှုကိုပြု၍ လက်ျာဘက်လက်ဝဲဘက်သို့မလွှဲ၊ အဘဒါဝိဒ်လိုက်သမျှသောလမ်းသို့ လိုက်လေ၏။
3 Ikawa kwamba katika mwaka wa kumi na nane mfalme Yosia, akamtuma Shafani mwana wa Azalia mwana wa Meshulamu, mwandishi, kwenye nyumba ya Yahwe, akisema,
၃ယောရှိမင်းကြီးနန်းစံဆယ်ရှစ်နှစ်တွင်၊ မေရှုလံ သားဖြစ်သော အာဇလိ၏သား စာရေးတော်ရှာဖန်ကို ခေါ်၍ သင်သည် ယဇ်ပုရောဟိတ်မင်း ဟိလခိထံသို့ သွားလော့။
4 “Panda juu kwa Hilkia yule kuhani mkuu na mwambie ahesabu pesa ambazo zilizokuwa zimeletwa kwenye nyumba ya Yahwe, ambazo walinzi wa hekalu wamezikusanya kutoka kwa watu.
၄ဗိမာန်တော်သို့ဆောင်ခဲ့၍ လူများလက်မှ တံခါး စောင့်ခံယူသော ငွေကို ယဇ်ပုရောဟိတ်မင်း ရေတွက် သဖြင့်၊
5 Zigawanywe kwenye mikono ya wafanyakazi ambao ni wasimamizi wa nyumba ya Yahwe, na waache wawapatie wafanya kazi ambao wako kwenye nyumba ya Yahwe, ili waweze kutengeneza pale palipoharibika.
၅ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌အပ်၍၊ ဗိမာန်တော်ပြိုပျက်ရာကို ပြုပြင်ခြင်းငှါ လုပ်ဆောင်သော သူ၊
6 Wapewe pesa maseremala, wajenzi, na waashi, na pia kununua mbao na kukata jiwe kukarabati nyumba ya Yahwe.”
၆လက်သမားနှင့် ပန်းရန်သမားလုပ်သည် အတွက်၊ ဗိမာန်တော်ပြုပြင်စရာ ကျောက်နှင့် သစ်သားကို ဝယ်သည်အတွက် ဝေပေးရမည်အကြောင်း မှာထား၍ ဗိမာန်တော်သို့ စေလွှတ်တော်မူ၏။
7 Lakini zile pesa hazikutakiwa kuhesabiwa wakati walipokuwa wanapewa, kwa sababu waliimudu ile kazi kwa uaminifu.
၇သို့ရာတွင် ထိုငွေကို လက်ခံသော သူတို့သည် သစ္စာစောင့်သော သူဖြစ်သောကြောင့် စာရင်းမပေး ရကြ။
8 Hilkia kuhani mkuu akamwambia Shafani yule mwandishi, “Nimekipata kitabu cha sheria katika nyumba ya Yahwe.” Basi Hilkia akampatia kile kitabu Shafani, na kukisoma.
၈ယဇ်ပုရောဟိတ်မင်းဟိလခိကလည်း၊ ပညတ္တိ ကျမ်းစာစောင်ကို ဗိမာန်တော်၌ ငါတွေ့ပြီဟု စာရေး တော်ရှာဖန်အားဆိုလျက်၊ ကျမ်းစာကို အပ်၍ စာရေး တော်ဘတ်၏။
9 Shafani akaenda na kuchukua kile kitabu kwa mfalme, na pia kumjulisha, akisema, “Watumishi wako wamezitumia zile pesa ambazo zilizokuwa zimepatikana kwenye hekalu na zimegawiwa kwenye mikono ya wafanya kazi ambao husimamia kuangalia nyumba ya Yahwe.”
၉တဖန်စာရေးတော်ရှာဖန်သည် ရှင်ဘုရင်ထံသို့ သွား၍၊ ကိုယ်တော်ကျွန်တို့သည် ဗိမာန်တော်၌ တွေ့သော ငွေကိုမှုတ်ပြီးမှ၊ ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့၌ အပ်ပါပြီဟူ၍၎င်း၊
10 Kisha Shafani yule mwandishi akamwambia mfalme, “Hilkia yule kuhani amenipatia kitabu.” Kisha Shafani akakisoma mbele ya mfalme.
၁၀ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော်၌ စာစောင်ကိုအပ်ပါပြီဟူ၍၎င်း ကြားလျှောက်လျက်၊ ရှင်ဘုရင်ရှေ့တော်၌ ဘတ်ရွတ်လေ၏။
11 Ikawa kwamba wakati mfalme aliposikia maneno ya sheria, alichana nguo zake.
၁၁ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကိုကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍၊
12 Kisha mfalme akamwamuru Hilkia yule kuhani, Ahikamu mwana wa Shafani, Akbori mwana wa Mikaya, Shafani mwandishi, na Asaya, mtumishi wake mwenyewe, akisema,
၁၂ယဇ်ပုရောဟိတ်ဟိလခိ၊ ရှာဖန်သားအဟိကံ၊ မိက္ခာသား အာခဗော်၊ စာရေးတော်ရှာဖန်၊ မိမိကျွန် အသဟိကိုခေါ်၍၊
13 Nenda na ukaongee pamoja na Yahwe kwa ajili yangu, na kwa ajili ya watu na kwa Yuda yote, kwa sababu ya maneno ya hiki kitabu ambacho kilichopatikana. Kwa hasira kubwa ya Yahwe ambayo ametukasirikia dhidi yetu kwa sababu babu zetu hawakusikiliza maneno ya hiki kitabu hivyo kama kutii yote ambayo yalikuwa yameandikwa kuhusiana na sisi.
၁၃ယခုတွေ့သော ကျမ်းစကားကြောင့် ငါ့အတွက်၊ လူများအတွက်၊ ယုဒအမျိုးသားအပေါင်းတို့အတွက် ထာဝရဘုရား၌ မေးလျှောက်ကြပါ။ ငါတို့အဘို့ ဤကျမ်း စာ၌ ရေးထားသမျှသော စကားတို့ကို ဘိုးဘေးတို့သည် နားမထောင်မကျင့်ဘဲနေသောကြောင့်၊ ထာဝရဘုရား သည် ငါတို့၌ ပြင်းစွာ အမျက်ထွက်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
14 Basi Hilkia yule kuhani, Ahikamu, Akbori, Shafani, na Asaya wakaenda kwa Hulda nabii wa kike, mke wa Shalumu mwana wa Tikva mwana wa Harhasi, mtunza kabati la nguo (aliishi katika Yerusalemu katika mtaa wa pili), na wakaongea pamoja naye.
၁၄ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ ၏သား၊ အချုပ်ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒ သည် ယေရုရှလင်ပြင်မြို့၌နေသည် ဖြစ်၍၊ ယဇ်ပုရော ဟိတ် ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသဟိတို့ သည်ထိုမိန်းမထံသို့သွား၍ ပြောဆိုကြ၏။
15 Akawaambia, “Hivi ndivyo Yahwe, Mungu wa Israeli, asemavyo: 'Mwambie huyu mtu aliyekutuma kwangu,
၁၅မိန်းမကလည်း၊ ငါ့ထံသို့စေလွှတ်သောသူထံသို့ သင်တို့ပြန်၍ ဆင့်ဆိုရသော ဣသရေလအမျိုး၏ ဘုရား သခင်ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊
16 “Hivi ndivyo Yahwe asemavyo: 'Tazama, nitaleta janga kwenye hii sehemu na juu ya wakaao hapa, kulingana na kila kitu kilichoandikwa kwenye kitabu ambacho mfalme wa Yuda alichokisoma.
၁၆ယုဒရှင်ဘုရင် ဘတ်သော ကျမ်းစကားလာသမျှ အတိုင်း ငါသည် ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဘေးရောက်စေမည်။
17 Kwa sababu wamenitelekeza na kufukiza ubani kwa miungu mingine, hivyo basi wanaweza kunichochea hasira pamoja na matendo yote waliyoyafanya-kwa hiyo hasira yangu ilikuwa inawaka dhidi ya hii sehemu, na haitazimika.”'
၁၇အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ကြပြီ။ မိမိလုပ်သော အရာတို့ဖြင့် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ အခြားတပါးသော ဘုရားတို့ရှေ့မှာ နံ့သာပေါင်းကို မီးရှို့ ကြပြီ။ ထိုကြောင့်ဤအရပ်၌ ငါ့အမျက်မီးသည် မငြိမ်းဘဲ လောင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
18 Lakini kwa mfalme wa Yuda, aliye watuma kuuliza mapenzi ya Yahwe, hivi ndivyo mtakavyo mwambia: “Yahwe, Mungu wa Israeli asema hivi: Kuhusu yale maneno uliyoyasikia,
၁၈ထာဝရဘုရားကို မေးလျှောက်စေခြင်းငှါ သင်တို့ ကို စေလွှတ်သော ယုဒရှင်ဘုရင် ကြားသော ကျမ်းစကား ကို ရည်ဆောင်၍၊ ဣသရေလအမျိုး ၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူကြောင်းကို ထိုရှင်ဘုရင်အား တဖန် ပြန်လျှောက်ရမည်ကား၊
19 kwa sababu moyo wako ulikuwa mlaini, na kwa sababu umejinyenyekesha mwenyewe mbele za Yahwe, wakati uliposikia nilichokisema dhidi ya hii sehemu na wenyeji wake, kwamba wanaweza kuwa wakiwa na laana, na kwasaabu ulizozirarua nguo zako na kulia mbele yangu, Nami pia nimekusikia-hivi ndivyo Yahwe asemavyo.
၁၉ဤအရပ်သားတို့သည် ဖျက်ဆီးရာနှင့်ကျိန်ဆဲရာ ဖြစ်ရကြလိမ့်မည်ဟု ဤအရပ်ကို၎င်း၊ ဤအရပ်သား တို့ကို၎င်း၊ ငါခြိမ်းချောက်သော စကားကို သင်သည် ကြား သောအခါ၊ နူးညံ့သောစိတ်ရှိ၍ ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချခြင်း၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း၊ ငါ့ရှေ့မှာ ငိုကြွေးခြင်းကို ပြုသောကြောင့် သင့်စကားကို ငါနား ထောင်၏။
20 Tazama, nitakukusanya na babu zako, nawe utawekwa kaburini kwako kwa amani. Macho yako hayataona maafa yote ambayo nitayaleta kwenye hii sehemu. “"” Hivyo watu wakachukua ujumbe huu kuurudisha kwa mfalme.
၂၀ငါသည်သင့်ကို ဘိုးဘေးစုဝေးရာသို့ပို့ဆောင်၍၊ သင်သည် ငြိမ်ဝပ်စွာသင်္ချိုင်းသို့ ရောက်ရလိမ့်မည်။ ဤအရပ်၌ ငါရောက်စေအံ့သော ဘေးကို သင့်ကိုယ်တိုင် မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။