< 2 Nyakati 14 >
1 Abiya kalala pamoja na babu zake, na wakamzika kataika maji wa Daudi. Asa, mwanaye, akawa mfalme katika nafasi yake. Katika siku yake nchi ilikuwa na miaka kumi.
၁အဘိယသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဒါစိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာသ သည် ခမည်းတော်အရာ၌ နန်းထိုင်၏။ ထိုမင်းလက် ထက်၊ ပြည်တော်သည် ဆယ်နှစ်ပတ်လုံး ငြိမ်းချမ်း သာယာ၏။
2 Asa alifanya yaliyomema na sahihi katika macho ya Yahwe Mungu wake,
၂အာသမင်းသည် မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မတ်သော အမှုတို့ကို ပြုလေ၏။
3 kwa maana aliziondosha mbali madhabahu za kigeni na sehemu za juu. Akaziangusha chini nguzo za mawe na kuzikata nguzo za Maashera.
၃တပါးအမျိုးသားဘုရား၏ ယဇ်ပလ္လင်တို့ကို၎င်း၊ မြင့်သောအရပ်တို့ကို၎င်း ပယ်ရှား၏။ ရုပ်တုဆင်းတုတို့ကို ဖြိုဖျက်၍၊ အာရှရပင်တို့ကို ခုတ်လှဲ၏။
4 Akawaamuru Yuda kumtafuta Yahwe, Mungu wa babu zao, na kuzishika sheria na amri.
၄ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ရှာ၍၊ ပညတ်တရားကို စောင့်ရှောက် မည်အကြောင်း မိန့်တော်မူ၏။
5 Pia akaziondosha mbali sehemu za juu na madhabahu za kufukiza kutoka miji yote ya Yuda. Ufalme ulikuwa na pumziko chini yake.
၅ယုဒမြို့ရွာ အရပ်ရပ်တို့၌ရှိသော ကုန်းနှင့် ရုပ်တုဆင်းတုတို့ကို ပယ်ရှား၍၊ နိုင်ငံတော်ရေး သာယာ လျက် ရှိ၏။
6 Akajenga miji ya ngome katika Yuda, kwa maana nchi ilikuwa tulivu, na hakuwa na vita katika miaka hiyo, kwa sababu Yahwe alikuwa amempa amani.
၆ထိုကာလ၌ ငြိမ်သက်သောအခွင့်ကို ထာဝရ ဘုရားပေးတော်မူသဖြင့်၊ ယုဒပြည်သည် ငြိမ်၍၊ စစ်မှုနှင့် လွတ်သောကြောင့်၊ အာသမင်းသည် တပြည်လုံးတွင် ခိုင်ခံ့သောမြို့တို့ကို တည်လေ၏။
7 Kwa maana Asa aliwaambia Yuda, “Tuijenge miji hii na kuizungushia kuta, na minara, mageti, na makomeo; nchi bado yetu kwa sababu tumemtafuta Yahwe Mungu wetu. Tumemtafuta yeye, na ametupa amani katika kila upande.” Kwa hiyo walijenga na wakafanikiwa.
၇ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရား ကို ကြိုးစားရှာ၍၊ ထိုဘုရားသည် အရပ်ရပ်၌ ငြိမ်သက် သောအခွင့်ကို ပေးတော်မူသောကြောင့်၊ တပြည်လုံးကို အစိုးရစဉ်အခါ၊ ဤမည်သော မြို့တို့ကို ပြုစု၍ မြို့ရိုး၊ ပြအိုး၊ တံခါး၊ ကန့်လန့်ကျင်တို့ကို လုပ်ကြကုန်အံ့ဟု ယုဒလူတို့အား မိန့်တော်မူ၏။
8 Asa alikuwa na jeshi ambalo lilibeba ngao na mikuki; kutoka Yuda alikuwa na wanaume 300, 000, na kutoka Benyamini, wanaume 280, 000 waliobeba ngao na kuvuta pinde.
၈အာသမင်း၌ ကိဒုန်နှင့်လှံကိုကိုင်သော ယုဒ အမျိုး သူရဲသုံးသိန်း၊ ဒိုင်းလွှားနှင့်လေးကိုကိုင်သော ဗင်္ယာမိန်အမျိုးသူရဲနှစ်သိန်းရှစ်သောင်းရှိ၍၊ ထိုသူ အပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲဖြစ်ကြ၏။
9 Zera Mwethiopia akaja juu yao na jeshi la wanajeshi milioni moja na magari mia tatu; akaja Maresha.
၉တဖန်ကုရှရှင်ဘုရင် ဇေရသည်စစ်သူရဲတသန်း၊ ရထားသုံးရာနှင့်တကွ ချီလာ၍၊ မရေရှမြို့သို့ ရောက် သောအခါ၊
10 Kisha Asa akatoka nje kukutana naye, na wakapanga mistari ya vita ya mapigano katika bonde la Sefatha huko Maresha.
၁၀အာသသည်ဆီးကြို၍၊ မရေရှမြို့နားမှာ ဇေဖ သချိုင့်၌ စစ်ပြိုင်ကြ၏။
11 Asa kamlilia Yahwe, Mungu wake, na akasema, “Yahwe, hakuna aliye kama wewe lakini ni wewe wa kumsaidia mtu asiye na nguvu anapokutana na mengi. Tusaidie, Yahwe, Mungu wetu, kwa maana tunakutegemea wewe, na katika jina lako tumekuja kupambana na idadi hii kubwa ya adui. Yahwe, wewe ni Mungu wetu; usimuache mtu akushinde.”
၁၁အာသသည် မိမိဘုရားသခင် ထာဝရဘုရား အား ဟစ်ခေါ်၍၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် လူများတို့တွင် အားနည်းသောသူကို ကယ်တက်ခြင်းငှါ တတ်နိုင်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၊ ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ၍ နာမတော်ကိုအမှီပြုလျက်၊ ဤအလုံး အရင်းကြီးကို တိုက်ခြင်းငှါ သွားပါ၏။ ဘိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ ၏။ လူသည် ကိုယ်တော်ကိုနိုင်စေသော အခွင့်ရှိစေတော် မမူပါနှင့်ဟု ဆုတောင်းသည်ဖြစ်၍၊
12 Kwa hiyo Yahwe akawapiga Waethiopia mbele za ASa na Yuda; Waethiopia wakakimbia.
၁၂ထာဝရဘုရားသည် ကုရှလူတို့ကို အာသနှင့် ယုဒလူတို့ရှေ့မှာ ဒဏ်ခတ်တော်မူသဖြင့်၊ သူတို့သည် ပြေးကြ၏။
13 Asa pamoja na wanajeshi waliokuwa pamoja naye wakawafukuza hadi Gerari. Kwa hiyo Waethiopia wengi wakajeruhiwa kiasi kwamba hawakuweza kupona, kwa maana waliangamizwa kabisa mbele za Yahwe na jeshi lake. Jeshsi likachukua mateka wengi sana.
၁၃အာသနှင့်သူ၏လူတို့သည် ဂေရာမြို့တိုင်အောင် လိုက်သဖြင့်၊ ကုရှလူတို့သည် ပြန်၍မတိုက်ဝံ့သောကြောင့် အရှုံးခံရကြ၏။ ထာဝရဘုရားနှင့် ဗိုလ်ခြေတော်ရှေ့မှာ ဖျက်ဆီးခြင်းကို ခံရကြ၏။ ယုဒလူတို့သည် လက်ရဥစ္စာ အများကို သိမ်းယူကြ၏။
14 Jeshi likaviangamiza vijiji vyote jirani na Garari, kwa kuwa hofu ya Yahwe ilikuwa imekuja juu ya wakaaji. Jeshi likateka vijiji vyote, na vilikuwa na hazina nyingi sana ndani yake.
၁၄ဂေရာမြို့ပတ်ဝန်းကျင်မြို့သားတို့သည် ထာဝရ ဘုရားကို ကြောက်ရွံ့သောစိတ်ရှိသဖြင့်၊ ယုဒလူတို့သည် ထိုမြို့ရှိသမျှတို့ကို လုပ်ကြံ၍၊ သိုထားနှင့်သော ဘဏ္ဍာ ဥစ္စာအများတို့ကို သိမ်းယူကြ၏။
15 Jeshi pia likaipiga hema ya makazi yawachungaji; wakabeba kondoo kwa wingi, ngamia vile vile, na kisha wakarudi Yerusalemu.
၁၅တိရစ္ဆာန်တင်းကုပ်များကိုလည်း တိုက်ဖျက် လျက်၊ သိုးနှင့်ကု လားအုပ်များတို့ကို သိမ်းယူ၍။ ယေရု ရှလင်မြို့သို့ ပြန်သွားကြ၏။