< 2 Nyakati 13 >

1 Katika mwaka wa kumi na nane wa Mfalme Yeroboamu, Abiya akaanza kutawala juu ya Yuda.
ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နန်း​စံ​တစ် ဆယ့်​ရှစ်​နှစ်​မြောက်​၌ အ​ဘိ​ယ​သည်​ယု​ဒ ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍၊-
2 Akatawala kwa miaka mitatu katika Yerusalemu; jina la mama yake aliitwa Maaka, binti wa Urieli wa Gibea. Kulikuwa na vita kati ya Abiya na Yeroboamu.
ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​နှစ်​နန်း​စံ​တော်​မူ​၏။ သူ​၏​မယ်​တော်​မှာ​ဂိ​ဗာ​မြို့​သား​ဥ​ရိ​ယ​၏ သ​မီး​မာ​ခါ​ဖြစ်​၏။
3 Abiya akaingia vitani na jeshi la askari, wenye nguvu, hodari, 400, 00 wanaume waliochaguliwa. Yeroboamu akapanga mistari ya vita dhidi yake yenye 800, 00 wanaume askari waliochaguliwa, wenye nguvu, hodari.
အ​ဘိ​ယ​နှင့်​ယေ​ရော​ဗောင်​တို့​သည်​စစ်​ဖြစ်​ကြ သ​ဖြင့် အ​ဘိ​ယ​သည်​စစ်​သည်​လေး​သိန်း​ရှိ​သော တပ်​မ​တော်​ဖြင့်​တိုက်​ခိုက်​ရာ ယေ​ရော​ဗောင်​က စစ်​သည်​ရှစ်​သိန်း​ရှိ​သော​တပ်​မ​တော်​ဖြင့်​ပြန် လည်​ခု​ခံ​လေ​သည်။
4 Abiya akasimama juu ya mlima Semaraimu, uliopo katika kilima cha nchi ya Efraimu, na akasema, “Nisikilizeni, Yeroboamu na Israeli wote!
တပ်​မ​တော်​နှစ်​စု​သည်​တောင်​ပေါ​များ​သော​ဧ​ဖ​ရိမ် ပြည်​တွင်​တွေ့​ဆုံ​မိ​ကြ​၏။ အ​ဘိ​ယ​မင်း​သည်​ဇေ မ​ရိမ်​တောင်​ပေါ်​သို့​တက်​ပြီး​လျှင် ယေ​ရော​ဗောင်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``နား​ထောင်​ကြ လော့။-
5 Hamjui kwamba Yahwe, Mungu wa Israeli, alitoa sheria juu ya Israeli kwa Daudi milele, kwake na kwa wanaye kwa agano rasimi?
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဖျက်​မ​ချေ​နိုင်​သော ပ​ဋိ​ညာဉ်​တော်​ကို​ပြု​တော်​မူ​၍ ဒါ​ဝိဒ်​နှင့်​သား မြေး​တို့​အား​ဣ​သ​ရေ​လ​နိုင်​ငံ​တော်​ကို​ကာ​လ အ​စဉ်​အ​ဆက်​အုပ်​စိုး​ပိုင်​ခွင့်​ပေး​တော်​မူ ကြောင်း​သင်​တို့​မ​သိ​ကြ​သ​လော။-
6 Bado Yeroboamu mwana wa Nebati, mtumishi wa Selemani mwana wa Daudi, akainuka na kuasi dhidi ya bwana wake.
နေ​ဗတ်​သား​ယေ​ရော​ဗောင်​သည်​မိ​မိ​၏​ဘု​ရင် ရှော​လ​မုန်​အား​ပုန်​ကန်​ပြီး​လျှင်၊-
7 Watu wabaya, washirika wa karibu, wakamkusanyikia, wakamjia kinyume Rehoboamu mwana wa Selemani, wakati Rehoboamu alipokuwa mdogo na asiye na uzoefu na hakuweza kuwamudu.
ယုတ်​မာ​သူ​လူ​တစ်​စု​ကို​စု​ရုံး​လေ​သည်။ သူ​တို့ သည်​ရှော​လ​မုန်​၏​သား​တော်​ရော​ဗောင်​အား မိ​မိ တို့​ဆန္ဒ​ရှိ​သည်​အ​တိုင်း​ပြု​လုပ်​စေ​ကြ​၏။ ရော ဗောင်​သည်​နု​နယ်​၍​အ​တွေ့​အ​ကြုံ​မ​ရှိ​သူ​ဖြစ် သ​ဖြင့်​သူ​တို့​အား​ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ပေ။-
8 Sasa mnasema kwamba mnaweza kuuzuia utawala wa Yahwe wenye nguvu katika mkono wa uzao wa Daudi. Ninyi ni jeshsi kubwa, na pamoja nanyi kuna ndama wa dhahabu ambao Yeroboamu alitengeneza kama miungu kwa ajili yenu.
ယ​ခု​သင်​တို့​သည်​ဒါ​ဝိဒ်​၏​သား​မြေး​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​ထား​တော်​မူ​သော​ရာဇ အာ​ဏာ​ကို​ဆိုင်​ပြိုင်​ရန်​ကြံ​စည်​ကြ​သည်။ သင်​တို့ တွင်​အင်​အား​ကြီး​မား​သော​တပ်​မ​တော်​နှင့်​သင် တို့​ကိုး​ကွယ်​ရန်​အ​တွက် ယေ​ရော​ဗောင်​သွန်း​လုပ် ထား​သော​နွား​သ​ငယ်​ရုပ်​များ​ရှိ​၏။-
9 Hamkuwafukuza nje makuhani wa Yahwe, uzao wa Haruni, na Walawi? Hamkujifanyia makuhani katika namna ya watu wa nchi zingine? Yeyote ajaye kujitakasa mwenyewe na ngo'mbe dume kijana, na madume ya kondoo anaweza kuwa kuhani wa kile ambacho siyo miungu.
သင်​တို့​သည်​အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ယဇ် ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​ကို နှင်​ထုတ်​ကာ သူ​တို့​၏​နေ​ရာ​တွင်​လူ​မျိုး​ခြား တို့​၏​ဋ္ဌ​လေ့​ကို​လိုက်​၍​အ​ခြား​သူ​တို့​အား ယဇ်​ပု​ရော​ဟိတ်​ခန့်​ထား​ကြ​၏။ မည်​သူ​မ​ဆို နွား​တစ်​ကောင်​သို့​မ​ဟုတ်​သိုး​ခု​နစ်​ကောင်​ကို ယူ​ဆောင်​လာ​လျှင်​သင်​တို့​ကိုး​ကွယ်​သော နာ​မည်​ခံ​ဘု​ရား​များ​၏​ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ရ​ရှိ​နိုင်​ပါ​သည်​တ​ကား။
10 Lakini kwetu, Yahwe ni Mungu wetu, na hatujamsahau. Tuna makuhani, uzao wa Haruni, wakimtumikia Yahwe, na Walawi, ambao wako kataika kazi yao.
၁၀``ငါ​တို့​မူ​ကား​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​မ​စွန့်​ဘဲ​ဆက်​လက်​ကိုး​ကွယ်​လျက် ရှိ​ကြ​သည်။ အာ​ရုန်​မှ​ဆင်း​သက်​လာ​သော​ယဇ်​ပု ရော​ဟိတ်​များ​သည်​မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား​များ ကို​ထမ်း​ဆောင်​လျက်​ရှိ​ကြ​၏။ သူ​တို့​အား​လေ​ဝိ အ​နွယ်​ဝင်​များ​က​ကူ​ညီ​လျက်​ရှိ​ကြ​၏။-
11 Kila asubuhi na jioni humtolea Yahwe sadaka za kuteketezwa na uvumba mtamu. Pia hupanga mkate wa uwepo juu ya meza takatifu; pia huweka kinara cha dhahabu pamoaja na taa zake, ili watoe sadaka kila jioni. sisi huzishika sheria za Yahwe, Mungu wetu, Lakini ninyi mmemsahau.
၁၁သူ​တို့​သည်​နံ​နက်​တိုင်း၊ ည​နေ​တိုင်း၊ နံ့​သာ​ပေါင်း နှင့်​တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​များ​ကို​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ကြ​သည်။ ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​သည့်​စား​ပွဲ​ပေါ်​တွင်​ရှေ့​တော်​မုန့်​ကို ပူ​ဇော်​ကြ​၏။ ည​နေ​တိုင်း​ရွှေ​မီး​တင်​ခုံ​များ​ပေါ် ရှိ​မီး​ခွက်​များ​ကို​ထွန်း​ညှိ​ကြ​၏။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​လိုက်​နာ ကြ​၏။ သင်​တို့​မူ​ကား​ကိုယ်​တော်​ကို​စွန့်​ပယ် ကြ​လေ​ပြီ။-
12 Ona, Mungu yuko pamoja nasi katika vichwa vyetu, na makuhani wake wako hapa na tarumbeta kwa ajili ya kutoa sauti dhidi yenu. Watu wa Israeli, msipigane na Yahwe, Mungu wa babu zenu, kwa maana hamtafanikiwa.”
၁၂ငါ​တို့​၏​ခေါင်း​ဆောင်​ကား​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​ဖြစ်​၏။ ကိုယ်​တော်​၏​ယဇ်ပု​ရော ဟိတ်​တို့​သည်​လည်း​ငါ​တို့​စစ်​ပွဲ​ဝင်​ရန် တံ​ပိုး ခ​ရာ​မှုတ်​၍​အ​ချက်​ပေး​ဖို့​အ​သင့်​ရှိ​နေ​ကြ သည်။ ဣသ​ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် ဆိုင်​ပြိုင်​၍​စစ်​မ​တိုက်​ကြ​နှင့်။ သင်​တို့​မ​နိုင် နိုင်​ကြ'' ဟု​မိန့်​တော်​မူ​၏။
13 Lakini Yeroboamu akaandaa mavamizi nyuma yao; jeshi lake lilikuwa mbele ya Yuda, na wavamizi nyuma yao.
၁၃ဤ​အ​တော​အ​တွင်း​၌​ဣသ​ရေ​လ​တပ်​မ​တော် သည် ယု​ဒ​တပ်​မ​တော်​ကို​မျက်​နှာ​မူ​လျက်​တပ် စွဲ​နေ​စဉ် ယေ​ရော​ဗောင်​သည်​အ​ချို့​တပ်​သား များ​ကို ယု​ဒ​တပ်​မ​တော်​အ​နောက်​မှ​နေ​၍ ပုန်း​ကွယ်​တိုက်​ခိုက်​ရန်​စေ​လွှတ်​တော်​မူ​၏။-
14 Yuda walipoanagalia nyuma, tanzama, mapigano yalikuwa pote mbele na nyuma yao. Wakamlilia Yahwe kwa sauti, na makuhani wakayapuliza matarumbeta.
၁၄ယု​ဒ​အ​မျိုး​သား​တို့​သည်​နောက်​သို့​လှည့်​၍ ကြည့်​လိုက်​သော​အ​ခါ မိ​မိ​တို့​အ​ဝိုင်း​ခံ​ရ သည်​ကို​မြင်​သ​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​အား``ကူ မ​တော်​မူ​ပါ'' ဟု​ဟစ်​အော်​တောင်း​လျှောက် ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​တံ​ပိုး​ခရာ များ​ကို​မှုတ်​ကြ​၏။-
15 Kisha wanaume wa Yuda wakapiga kelele; walipopiga kele, ikawa kwamba Mungu akampiga Yeroboamu na Israeli wote mbele ya Abiya na Yuda.
၁၅ယု​ဒ​အ​မျိုး​သား​တို့​သည်​အဘိယ​၏​ခေါင်း ဆောင်​မှု​ဖြင့် အ​သံ​ကျယ်​စွာ​ကြွေး​ကြော် လျက်​တိုက်​ခိုက်​ကြ​ကုန်​၏။-
16 Watu wa Israeli wakakimbia mbele ya Yuda, na akawatia kwenye mkono wa Yuda.
၁၆ထို​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယု​ဒ အ​မျိုး​သား​များ​ထံ​မှ​ထွက်​ပြေး​ကြ​လေ​သည်။ ဘု​ရား​သ​ခင်​သည်​ယု​ဒ​အ​မျိုး​သား​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​နှိမ်​နင်း​ခွင့် ပေး​တော်​မူ​သ​တည်း။-
17 Abiya na jeshi lake wakawaua kwa mauji makuu; 500, 000 watu wanaume waliochaguliwa wa Israeli wakaanguka wamekufa.
၁၇အ​ဘိ​ယ​နှင့်​သူ​၏​တပ်​မ​တော်​သည်​ဣသ​ရေ​လ အ​မျိုး​သား​တို့​ကို​ချေ​မှုန်း​လိုက်​ကြ​သ​ဖြင့် ဣသ​ရေ​လ​လက်​ရွေး​စင်​တပ်​သား​ငါး​သိန်း ကျ​ဆုံး​လေ​၏။-
18 Katika namna hii hii, watu wa Israeli wakatiishwa chini wakati huo, watu wa Yuda wakashinda kwa sababu walimtegemea Yahwe, Mungu wa babu zao.
၁၈ယု​ဒ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​အား​ကိုး​ကြ​သည် ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ် တွင်​အောင်​ပွဲ​ခံ​ရ​ကြ​ခြင်း​ဖြစ်​ပေ​သည်။
19 Abiya akamshawishi Yeroboamu; akachukua miji kutoka kwake; Betheli pamoja na vijiji vyake, Yeshana pamoja na vijiji vyake, na Efroni pamoaaja na vijij vyake.
၁၉အ​ဘိ​ယ​သည်​ယေ​ရော​ဗောင်​၏​တပ်​မ​တော်​ကို လိုက်​လံ​တိုက်​ခိုက်​ပြီး​လျှင်​ဗေ​သ​လ​မြို့၊ ယေ ရှ​န​မြို့၊ ဧ​ဖ​ရိမ်​မြို့​များ​နှင့်​ထို​မြို့​များ​အ​နီး ရှိ​ကျေး​ရွာ​များ​ကို​သိမ်း​ယူ​တော်​မူ​သည်။-
20 Yeroboamu hakupata naguvu tena katika siku za Abiya; Yahwe akampiga, na akafa.
၂၀အ​ဘိ​ယ​လက်​ထက်​၌​ယေ​ရော​ဗောင်​သည် တန်​ခိုး​အာ​ဏာ​ဆုတ်​ယုတ်​လျက်​နေ​၏။ နောက် ဆုံး​၌​ထာ​ဝရ​ဘု​ရား​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် ကွယ်​လွန်​လေ​သည်။
21 Lakini Abiya akawa na nguvu sana; akachukua wanawake kumi na nne kwa ajili yake na akawa baba wa wana ishirini na mbili na mabinti kumi na sita.
၂၁အ​ဘိ​ယ​မူ​ကား​တိုး​၍​တန်​ခိုး​ကြီး​လာ​၏။ သူ​၌​မိ​ဖု​ရား​တစ်​ဆယ့်​လေး​ယောက်၊ သား​နှစ် ဆယ့်​နှစ်​ယောက်​နှင့်​သ​မီး​တစ်​ဆယ့်​ခြောက် ယောက်​ရှိ​၏။-
22 Matendo ya Abiya yaliyosalia, tabia yake na maneno yake yameeandikwa katika kamusi ya nabii Ido.
၂၂အ​ဘိ​ယ​ပြော​ဆို​ခဲ့​သော​စ​ကား​များ၊ သူ ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ​နှင့်​ကျန် ရှိ​နေ​သေး​သော​သူ​၏​အတ္ထု​ပ္ပတ္တိ​အ​ကြောင်း အ​ရာ​များ​ကို ပ​ရော​ဖက်​ဣ​ဒေါ​စီ​ရင်​သော စာ​တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။

< 2 Nyakati 13 >