< 1 Samweli 6 >

1 Basi sanduku la BWANA lilikaa katika nchi ya Wafilisti kwa miezi saba.
ထာဝရဘုရား၏ သေတ္တာတော်သည် ဖိလိတ္တိပြည်၌ ခုနှစ်လနေပြီးမှ၊
2 Ndipo Wafilisti wakawaita makuhani na waganga; wakawaambia, “Tulifanyie nini sanduku la BWANA? Twambieni jinsi ambavyo tunapaswa kulirudisha sanduku katika nchi yake.”
ဖိလိတ္တိလူတို့သည် ယဇ်ပုရောဟိတ်များ၊ ပရောဖက်လုပ်သူများတို့ကို ခေါ်၍ ထာဝရဘုရား၏ သေတ္တာ တော်ကို အဘယ်သို့ ပြုရပါမည်နည်း။ သူနေရင်းအရပ်သို့ အဘယ်သို့သော ပူဇော်သက္ကာနှင့် လွှတ် လိုက်ရပါမည်နည်းဟု မေးမြန်းကြ၏။
3 Makuhani na waganga wakasema, “Kama mtalirudisha sanduku la Mungu wa Israeli, msilipeleke bila zawadi; kwa namna yoyote ile mpelekeeni sadakaa ya hatia. Hapo ndipo mtapona, na mtajua ni kwanini mkono wake hadi sasa haujaondoka juu yenu.”
သူတို့ကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင့်သေတ္တာတော်ကို လွှတ်လိုက်လျှင် ကိုယ်ချည်း မလွှတ် လိုက်ကြနှင့်။ ဒုစရိုက်ပူဇော်သက္ကာကို ဆက်ဆက် ပေးလိုက်ရမည်။ သို့ပြုလျှင် ရောဂါငြိမ်းလိမ့်မည်။ အဘယ်ကြောင့် လက်တော်မရွေ့သေးသည်ကို သိကြလိမ့်မည်ဟု ဆိုကြ၏။
4 Ndipo wakawauliza, “Sadaka ya hatia itakuwa nini kwamba tunampelekea?” Wakawajibu, “Majipu matano ya dhahabu na panya watano wa dhahabu, Idadi hiyo ya watano ni sawa na idadi ya viongozi wa Wafilisti. Kwa sababu tauni ya aina moja iliwashambulia ninyi na viongozi wenu.
အဘယ်အရာကို ဒုစရိုက်ဖြေရာ ပူဇော်သက္ကာဘို့ ပြန်ပေးလိုက်ရပါမည်နည်းဟု မေးလျှင်၊ ဖိလိတ္တိမင်း အရေအတွက်အတိုင်း ရွှေမြင်းသရိုက်ပုံငါးခုနှင့် ရွှေကြွက်ငါးကောင်ကို ပေးလိုက်ရမည်။ သင်တို့ နှင့် သင်တို့မင်းများ၌ ရောဂါတပါးတည်း စွဲလျက်ရှိ၏။
5 Kwa hiyo, nilazima mtengeneze mifano ya majipu yenu, na mifano ya panya wenu ambayo huiharibu nchi, na mpeni utukufu Mungu wa Israeli. Labda ataondoa mkono wake kutoka juu yenu, kutoka juu ya miungu yenu, na kutoka juu ya nchi yenu.
ထိုကြောင့် မြင်းသရိုက်ပုံ၊ မြေကို ဖျက်တတ်သော ကြွက်ပုံတို့ကို လုပ်၍ ဣသရေလအမျိုး၏ ဘုရားသခင်ဂုဏ်တော်ကို ချီးမွမ်းရကြမည်။ လက်တော်သည် သင်တို့နှင့် သင်တို့ဘုရားအပေါ်၊ သင်တို့မြေအပေါ်မှာ ပေါ့ကောင်းပေါ့လိမ့်မည်။
6 Kwanini mfanye mioyo yenu kwa migumu, kama vile Wamisri na Farao walifanya mioyo yao kuwa migumu? Hicho ni kipindi ambacho Mungu wa Israeli aliwashughilikia sana; Je, Wamisri hawakuwaachilia watu, na wakaondoka?
သို့ဖြစ်၍ ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့သည် ခိုင်မာသော စိတ်နှလုံးရှိသကဲ့သို့ အဘယ်ကြောင့် ခိုင်မာသော စိတ်နှလုံးရှိကြသနည်း။ သူတို့တွင် အထူးသဖြင့် ပြုတော်မူသောအခါ၊ သူတို့သည် လွှတ် လိုက်၍ ဣသရေလလူတို့သည် သွားကြ၏။
7 Basi sasa, andaeni mkokoteni mpya pamoja na ng'ombe wawili wake wanaonyonyesha, ambao hawajawahi kufungwa nira. Wafungeni ng'ombe hao kwenye mkokoteni, lakini warudisheni wale ndama wao nyumbani.
ယခုမှာ လှည်းသစ်ကိုလုပ်ပြီးမှ ထမ်းပိုးမတင်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌ က၍၊ နွားသငယ်တို့ကို သူ့နေရာသို့ ပို့ကြလော့။
8 Kisha lichukueni sanduku la BWANA na kuliweka ndani ya mkokoteni. Wekeni ndani ya kasha yale maumbo ya dhahabu mnayompelekea ambyo ni sadaka ya hatia kando yake. Ndipo mlipeleke lipate kuondoka.
ထာဝရဘုရား၏ သေတ္တာတော်ကို လှည်းပေါ်မှာ တင်၍ ပြန်ပေးလိုက်သော ဒုစရိုက်ဖြေရာ ပူဇော် သက္ကာတည်းဟူသော ရွှေတန်ဆာတို့ကို သေတ္တာတော်နားမှာ အခြားသောသေတ္တာ၌ ထားပြီးလျှင် လွှတ်လိုက်၍ သွားပါလေစေ။
9 Kisha muwe makini; kama litapanda kwenda kwa njia hadi nchini mwake hadi Beth Shemeshi, basi mjue kuwa BWANA ndiye aliyetenda pigo hili kubwa. Lakini kama halitakwenda, ndipo tutajua kwamba siyo mkono wake uliotupatia mateso; badala yake tutajua kuwa yaliyotupata ilikuwa ni kwa bahati mbaya tu.
သေတ္တာတော်သည် မိမိပြည်သို့ သွားသောလမ်း ဗက်ရှေမက်မြို့သို့လိုက်လျှင်၊ ထိုဘုရားသခင်သည် ဤဘေးကြီးကို ငါတို့၌ ဖြစ်စေပြီ။ သို့မဟုတ် ဒဏ်ခတ်တော်မူသောကြောင့် ငါတို့မခံ၊ အလိုလို ခံရ သည်ကို သိရကြမည်ဟု စီရင်သည်အတိုင်း၊-
10 Watu hao wakafanya kama walivyoambiwa, walichukuwa ng'ombe wawili wanaonyonyesha, wakawafunga kwenye mkokoteni, na kuwabakiza ndama wao nyumbani.
၁၀လူများတို့သည် ပြုသဖြင့်၊ သားငယ်ရှိသော နွားမနှစ်ကောင်ကို လှည်း၌ က၍၊ နွားသငယ်တို့ကို သူ့ နေရာ၌ ချုပ်ထားကြ၏။
11 Wakaliweka sanduku la BWANA juu ya mkokoteni, pamoja na lile kasha lililobeba panya wa dhahabu na yale maumbo ya majipu yao.
၁၁ထာဝရဘုရား၏ သေတ္တာတော်နှင့်တကွ ရွှေကြွက်များ၊ မင်းသရိုက်ပုံများပါသော သေတ္တာတော်ကို လှည်းပေါ်မှာ တင်ကြ၏။
12 Hao ng'ombe waliondoka moja kwa moja kuelekea Beth Shemeshi. Walikwenda kwa kuifuata nija moja kuu, wakiteremka walipokuwa wakienda, na hwakugeuka upande wa kushoto au kulia. Viongozi wa Wafilisti walifuata kwa nyuma hadi mpaka wa Beth Shemeshi.
၁၂နွားမတို့သည် ဗက်ရှေမက်လမ်းသို့ တည့်တည့်လိုက်၍ မြည်တွန်လျက် သွားကြ၏။ လက်ျာဘက် လက်ဝဲဘက်သို့မလွှဲ လမ်းမသို့သာ လိုက်ကြ၏။ ဖိလိတ္တိမင်းတို့သည် ဗက်ရှေမက်မြို့နယ်တိုင်အောင် လိုက်ကြ၏။
13 Nao watu wa Beth Shemeshi walikuwa wakivuna ngano yao katika bonde. Waliponyanyua macho yao juu na kuliona sanduku, wakafurahi.
၁၃ဗက်ရှေမက်မြို့သားတို့သည် ချိုင့်၌ ဂျုံ၊ စပါးကိုရိတ်လျက် မြော်ကြည့်၍ သေတ္တာတော်ကို မြင်သော အခါ ဝမ်းမြောက်ကြ၏။
14 Huo mkokoteni ulifikia ndani ya shamba la Yoshua wa Beth Shemeshi na ukasimama hapo. Kulikuapo jiwe kubwa mahali hapo, wakatayarisha kuni kutokana na mkokoteni huo, na wakawatoa ng'ombe hao kama sadaka ya kuteketezwa kwa ajili ya BWANA.
၁၄လှည်းသည် ဗက်ရှေမက်မြို့သား ယောရှု၏ လယ်ကွက်ထဲသို့ ဝင်၍ ကျောက်ကြီးအနားမှာ ရပ်နေ၏။ ထိုသူတို့သည် လှည်းကို ချိုးခွဲပြီးလျှင် နွားမတို့ကို ထာဝရဘုရားအား မီးရှို့ရာယဇ်ပြု၍ ပူဇော်ကြ၏။
15 Walawi walilitelemsha sanduku la BWANA chini pamoja na kasha lake lililoyatunza yale maumbo ya dhahabu, wakaweka vitu hivyo juu ya hilo jiwe kubwa. Watu wa Beth Shemeshi walitoa sadaka za kuteketezwa na kutoa dhabihu kwa BWANA siku iyo hiyo.
၁၅ထိုအခါ လေဝိသားတို့သည် ထာဝရဘုရား၏ သေတ္တာတော်နှင့် ရွှေတန်ဆာပါသောသေတ္တာကိုချ၍ ကျောက်ကြီးပေါ်မှာ တင်ထားပြီးလျှင်၊ ဗက်ရှေမက်မြို့သားတို့သည် ထိုနေ့ခြင်းတွင် မီးရှို့ရာယဇ်မှ စ၍ ယဇ်မျိုးကို ထာဝရဘုရားအား ပူဇော်ကြ၏။
16 Hao viongozi watano wa Wafilisti walipoona hayo, walirejea Ekroni siku iyo hiyo.
၁၆ထိုအမှုကို ဖိလိတ္တိမင်းငါးယောက်တို့သည် မြင်ပြီးမှ၊ ထိုနေ့ခြင်းတွင် ဧကြုန်မြို့သို့ ပြန်သွားကြ၏။
17 Haya ndiyo majipu ya dhahabu ambayo Wafilisti walirudisha kama sadaka ya hatia kwa BWANA: moja kwa ajili ya Ashdodi, moja kwa Gaza, moja kwa Ashkeloni, moja kwa Gathi, na moja kwa Ekroni.
၁၇ထာဝရဘုရားအား ပြန်ပေးသော ဒုစရိုက်ဖြေရာ ပူဇော်သက္ကာတည်းဟူသော ရွှေမြင်းသရိုက်ပုံတို့ကား၊ အာဇုတ်မြို့ဘို့တခု၊ ဂါဇမြို့ဘို့တခု၊ အာရှကေလုန်မြို့ဘို့တခု၊ ဂါသမြို့ဘို့တခု၊ ဧကြုန်မြို့ဘို့တခု ဖြစ်သတည်း။
18 Idadi ya wale panya wa dhahabu ilikuwa sawa na ile ya idadi ya miji yote ya Wafilisti inayomilikiwa na viongozi watano, kwa miji iliyojengewa maboma na vijiji vya mashambani. Lile jiwe kubwa, ambalo kando yake waliweka sanduku la BWANA, lipo kama ushuhuda hadi leo katika shamba la Yoshua Mbeth- Shemeshi.
၁၈ရွှေကြွက်တို့ကား၊ ထာဝရဘုရား၏ သေတ္တာတော်ကို တင်ထားသော ကျောက်ကြီးတိုင်အောင် ခိုင်ခံ့သော မြို့ဖြစ်စေ၊ တောရွာဖြစ်စေ၊ ဖိလိတ္တိမင်းငါးပါးဆိုင်သမျှသော မြို့ရွာအရေအတွက်အတိုင်း ဖြစ်သတည်း။ ထိုကျောက်ကား ယနေ့တိုင်အောင် ဗက်ရှေမက်မြို့သား ယောရှု၏ လယ်ကွက်၌ရှိ၏။
19 BWANA akawashambulia baadhi ya watu wa Bethi Shemeshi kwa sababu walichungulia ndani ya sanduku lake. Aliwaua watu sabini. Watu wakaomboleza, kwa sababu BWANA aliwapa watu pigo kubwa mno.
၁၉ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏ သေတ္တာတော်ထဲသို့ ကြည့်ရှုမိသောကြောင့်၊ လူခုနစ်ဆယ်နှင့်လူငါးသောင်းတို့သည် ဒဏ်ခတ်တော်မူခြင်းကို ခံရကြ၏။ ထိုသို့ ထာဝရဘုရားသည် ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် ဒဏ်ပေးတော်မူသောကြောင့်၊ လူများတို့သည် ငိုကြွေးမြည်တမ်း ကြ၏။
20 Watu wa Bethi Shemeshi wakasema, “Ni nani mwenye uwezo wa kushindana na BWANA, huyu Mungu mtakatifu? Na atampandia nani akitoka kwetu.”” Je, ni nani awezaye kusimama mbele ya BWANA, huyu Mungu mtakatifu? Na ni kwa nani ambako sanduku litaenda likitoka hapa.”
၂၀ဗက်ရှေမက်မြို့သားတို့က၊ သန့်ရှင်းတော်မူသော ဤဘုရားသခင် ထာဝရဘုရားရှေ့တော်၌ အဘယ်သူ ရပ်နေနိုင်သနည်း။ ငါတို့အရပ်က၊ အဘယ်သူရှိရာသို့ ကြွသွားတော်မူမည်နည်းဟု ဆိုသဖြင့်၊-
21 Wakawatuma wajumbe kwenda kwa wenyeji wa Kiriath Yearimu, wakisema, “Wafilisti wamelirudisha sanduku la BWANA; teremkeni na mkalipeleke kwenu.”
၂၁ကိရယတ် ယာရိမ်မြို့သားတို့ထံသို့ လူကိုစေလွှတ်၍ ဖိလိတ္တိလူတို့သည် ထာဝရဘုရား၏ သေတ္တာ တော်ကို တဖန်ပို့ကြပြီ။ သင်တို့လာ၍ ဆောင်သွားကြပါတော့ဟု မှာလိုက်ကြ၏။

< 1 Samweli 6 >