< 1 Samweli 4 >

1 Neno la Samweli likawafikia Israeli wote. Basi Israeli wakatoka kupigana dhidi ya Wafilisti. Nao wakaweka kambi hapo Ebenezeri, na Wafilisti waliweka kambi yao huko Afeki.
တဖန် ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိ လူတို့ကို တိုက် ခြင်းငှါ ချီ သွား၍ ၊ ဧဗနေဇာ မြို့နား မှာ တပ်ချ လျက် ၊ ဖိလိတ္တိ လူတို့သည် အာဖက် မြို့၌ တပ်ချ လျက်နေကြ၏။
2 Nao Wafilisti walijipanga kwa ajili ya vita dhidi ya Waisraeli. Vita ilipopamba moto, Israeli ilishindwa na Wafilisti, wakauawa watu wapatao elfu nne kwenye uwanja wa vita.
ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးကို စစ်ခင်းကျင်း ၍ တိုက်ကြသောအခါ ၊ ဣသရေလ အမျိုးသည် စစ်ရှုံး ၍ ၊ ရန်သူလက်တွင် သူရဲ လေး ထောင် ခန့် မျှ သေ ကြ၏။
3 Watu walipokuja kambini, wazee wa Israeli walisema, “Kwa nini BWANA ametushinda leo mbele ya Wafilisti? Hebu tulilete hapa sanduku la ushuhuda wa BWANA kutoka Shilo, ili kwamba liwe hapa pamoja nasi, ili litufanye tuwe salama kutokana na nguvu za maadui zetu.”
လူ များတို့သည် တပ် ထဲသို့ ရောက် သောအခါ ၊ ဣသရေလ အမျိုး အသက်ကြီး သူတို့က၊ ယနေ့ ထာဝရဘုရား သည် ငါ တို့ကို ဖိလိတ္တိ လူတို့ရှေ့ မှာ အဘယ်ကြောင့် ရှုံး စေတော်မူသနည်း။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် လာ ၍ ၊ ငါ တို့ကို ရန်သူ လက် မှ ကယ်တင် စေခြင်းငှါ၊ ရှိလော မြို့မှ ဆောင် ခဲ့ ကြကုန်အံ့ဟု ဆို ကြသည်အတိုင်း၊
4 Hivyo waliwatuma watu huko Shilo; kutokea huko walilibeba sanduku la ushuhuda wa BWANA wa majeshi, akaaye juu ya makerubi. Hofni na Finehasi, watoto wawili wa Eli, walikuwapo pamoja na lile sanduku la ushuhuda wa Mungu.
လူများတို့သည် ရှိလော မြို့သို့ လူ ကို စေလွှတ် ၍ ၊ ခေရုဗိမ် စပ်ကြားမှာနေ သောကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ဆောင် ခဲ့သဖြင့် ၊ ဘုရား သခင်၏ ပဋိညာဉ် သေတ္တာ တော်နှင့်အတူ ဧလိ ၏ သား ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့သည် ပါကြ၏။
5 Sanduku la ushuhuda wa BWANA lilipofika kambini, watu wote wa Israeli walipiga yowe, na nchi ikavuma.
ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် တပ် ထဲ သို့ရောက် သောအခါ ၊ မြေကြီး အသံမြည် သည်တိုင်အောင်တပ်သားအပေါင်း တို့သည် ကြွေးကြော် ကြ၏။
6 Wafilisti waliposikia kelele za mayowe, wakasema, “sauti hii ya mayowe katika kambi ya Waebrania inamaanisha nini?” Baadaye walitambua kwamba sanduku la BWANA limefika kambini.
ကြွေးကြော် သံ ကို ဖိလိတ္တိ လူတို့သည် ကြား လျှင် ၊ ဟေဗြဲ တပ် ၌ ပြုသောကြွေးကြော် သံ ကြီး ကား အဘယ်သို့ နည်းဟုမေး လျက် ၊ ထာဝရဘုရား ၏ သေတ္တာ တော်သည် ထိုတပ် ထဲ သို့ ရောက် ကြောင်း ကို သိ ကြ၏။
7 Wafilisti waliogopa sana, “Mungu ameingia kambini.” Wakasema, “Ole wetu! Jambo kama hili halijawahi kutokea huko nyuma!
ဖိလိတ္တိ လူတို့သည် ကြောက် ၍ ၊ ဘုရား သခင်သည် ဟေဗြဲတပ် ထဲ သို့ ရောက် လေပြီ တကား။ ငါ တို့ သည် အမင်္ဂလာ ရှိကြ၏။ တခါမျှ ဤ သို့မ ဖြစ် စဖူး။
8 Ole wetu! Ni nani atatulinda dhidi ya nguvu za Mungu mwenye uwezo? Huyu ndiye Mungu aliyewashambulia Wamisri kwa aina tofauti za mapigo mengi jangwani.
ငါ တို့သည် အမင်္ဂလာ ရှိကြ၏။ တန်ခိုး ကြီးသော ဤဘုရား သခင်၏လက် မှ ငါ တို့ကို အဘယ်သူ ကယ်တင် လိမ့်မည်နည်း။ တော ၌ အဲဂုတ္တု လူတို့ကို ဘေး အပေါင်း နှင့် ဒဏ်ခတ် သော ဘုရား ကား၊ အခြား မဟုတ် ဤ ဘုရားပေတည်း။
9 Enyi Wafilisti, iweni hodari, na fanyeni kiume, vinginevyo mtakuwa watumwa wa Waebrabia, kama walivyokuwa watumwa wenu. Fanyeni kiume, na piganeni nao.”
အို ဖိလိတ္တိ လူတို့၊ ဣသရေလလူတို့သည် သင် တို့ထံ ၌ကျွန် ခံရသကဲ့သို့ ၊ သူတို့ထံ၌ ငါတို့သည် ကျွန် မခံရမည်အကြောင်း၊ အားယူ ၍ ယောက်ျား ပြု ကြလော့။ ယောက်ျား ပြု ၍ တိုက် ကြလော့ဟု ပြောဆို ကြ၏။
10 Wafilisti walipigana, na Waisraeli wakashindwa. Kila mtu alikimbilia nyumbani kwake, na mauaji yalikuwa makubwa sana; maana askari wa Israeli elfu thelathini waendao kwa miguu vitani, walianguka.
၁၀ဖိလိတ္တိ လူတို့သည် စစ် တိုက်သဖြင့် ၊ ဣသရေလ အမျိုး ရှုံး ပြန်၍ ၊ လူ တိုင်း မိမိ နေရာ သို့ ပြေး လေ၏။ ကြီးစွာ သော လုပ်ကြံ ခြင်းဖြစ် ၍ ၊ ဣသရေလ ခြေသည် သူရဲ သုံး သောင်းတို့သည် သေ ကြ၏။
11 Lile sanduku la Mungu lilichukuliwa, na watoto wa Eli, Hofni na Finehasi waliuawa.
၁၁ဘုရား သခင်၏ သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်၍ ၊ ဧလိ ၏သား ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့သည် အသက် ဆုံးလေ၏။
12 Mtu mmoja wa Benjamini alikimbia kutoka uwanja wa vita akaja Shilo siku iyo hiyo, aliwasili na mavazi yake yamechanika na matope kichwani pake.
၁၂ဗင်္ယာမိန် အမျိုးသား တယောက်သည်၊ စစ်တိုက် ရာထဲက ပြေး လာ၍ ၊ မိမိ အဝတ် ကို ဆုတ် လျက် ၊ မိမိ ခေါင်း ပေါ် မှာ မြေမှုန့် ကိုတင်လျက်၊ ထို နေ့ခြင်းတွင် ရှိလော မြို့သို့ ရောက် လေ၏။
13 Alipofika, Eli alikuwa amekaa kitini pake karibu na barabara akitazama kwa sababu moyo wake ulitetemeka kwa ajili ya sanduku la Mungu. Mtu yule alipoingia mjini na kutoa taarifa, mji wote ulilia.
၁၃ရောက် သောအခါ ၊ ဧလိ သည် လမ်း နား ၌ ခုံ ပေါ် မှာထိုင် ၍၊ ဘုရား သခင်၏ သေတ္တာ တော်အတွက် စိတ် နှလုံးတုန်လှုပ် လျက် စောင့် နေ၏။ ပြေးသောသူသည် မြို့ ထဲ သို့ရောက် ၍ သိတင်းပြော သဖြင့် ၊ တမြို့လုံး အော်ဟစ် ကြ၏။
14 Eli aliposikia kelele ya kilio kile, alisema, “Kilio hicho kina maana gani?” Kwa haraka mtu yule alikuja na kumweleza Eli.
၁၄အော်ဟစ် သံ ကို ဧလိ ကြား သော်၊ အုတ်အုတ် ကျက်ကျက်သော အသံ ကား၊ အဘယ်သို့ နည်းဟုမေး လျှင်၊ ထိုသူသည် အလျင် အမြန်လာ ၍ ဧလိ အား လျှောက် လေ၏။
15 Basi Eli alikuwa na umri wa miaka tisini na nane; macho yake yamepofuka, na hakuweza kuona.
၁၅ထိုအခါ ဧလိ သည် အသက် ကိုး ဆယ်ရှစ် နှစ်ရှိ၍ မျက်စိ မ မြင် နိုင် အောင် မျက်ကြော သေနှင့်ပြီ။
16 Yule mtu akamwambia Eli, “Mimi ndiye nimechomoka kutoka vitani. Nimetoroka kutoka kwenye mapigano leo.” Eli akasema, “Mambo yalienda namna gani, mwanangu?”
၁၆ပြေးသောသူက၊ အကျွန်ုပ် သည် စစ်တိုက် ရာမှ ရောက် လာသောသူဖြစ် ပါ၏။ စစ်တိုက် ရာထဲက ယနေ့ အကျွန်ုပ်ပြေး ၍ လာပါ၏ဟု လျှောက် လျှင် ၊ ဧလိက၊ ငါ့ သား ၊ အမှုကားအဘယ်သို့ နည်းဟုမေး လေသော်၊
17 Yule mtu aliyeleta hizo habari alijibu na kusema, “Israeli wamewakimbia Wafilisti. Pia watu wengi wameuwawa. Watoto wako, Hofni na Finehasi, wamekufa, na sanduku la Mungu limechukuliwa.”.
၁၇တမန်က၊ ဣသရေလ အမျိုးသည် ဖိလိတ္တိ လူတို့ရှေ့ မှာပြေး ၍ ကြီးစွာ သော လုပ်ကြံ ခြင်းကိုခံရ ကြပါပြီ။ ကိုယ်တော် ၏သား ၊ ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့သည် သေ ပါပြီ။ ဘုရား သခင်၏ သေတ္တာ တော် သည်လည်း ရန်သူလက် သို့ရောက်ပါပြီဟု ပြန် လျှောက်လေ၏။
18 Alipotamka sanduku la Mungu, Eli alianguka chali kutoka kwenye kiti chake karibu na mlango. akavunjika shingo lake, na kufariki, kwa sababu alikuwa mzee tena mzito. Naye alikuwa mwamuzi wa Israeli kwa miaka arobaini.
၁၈ဘုရား သခင်၏ သေတ္တာ တော် သိတင်းကိုကြား သောအခါ ၊ ဧလိသည် တံခါး နား မှာ ထိုင်သောခုံ ပေါ် က နောက် သို့လန်ကျ သဖြင့် ၊ လည်ပင်း ကျိုး ၍ သေ လေ၏။ အသက် ကြီး၍ ကိုယ်လေး သောသူဖြစ် ၏။ ထိုသူ သည် ဣသရေလ အမျိုးကို အနှစ် လေး ဆယ်အုပ်စိုး သတည်း။
19 Basi mkwewe, mke wa Finihasi, alikuwa mjamzito akikaribia kujifungua. aliposikia habari kwamba sanduku la Mungu limetekwa nyara na kwamba baba mkwe na mme wake wamefariki, alichuchumaa chini akajifungua, lakini utungu wake ulimzidi na ulimtaabisha sana.
၁၉သူ ၏ ချွေးမ ဖိနဟတ် ၏ မယား သည် ပဋိသန္ဓေ အရင့်အမာရှိ၍ အချိန်နီးလျက်၊ ဘုရား သခင်၏ သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်ကြောင်း၊ ယောက္ခမ နှင့် လင် သေ ကြောင်းကို ကြား သောအခါ ၊ ကျောကုန်း ၍ သား ဘွားခြင်း ဝေဒနာကို ချက်ခြင်းခံရ၏။
20 Alipokaribia kufariki, wanawake waliokuwa wakimhudumia walisema, “Usiogope, maana umejifungua mtoto wa kiume.” Lakini hakuwajibu lolote au kuzingatia alichoambiwa.
၂၀သေ လုသောအခါ အနားမှာရှိသော မိန်းမတို့က၊ မ စိုးရိမ် နှင့်။ သား ယောက်ျားကို ဘွားမြင် ပြီဟု ဆို သော်လည်း ပြန် မ ပြော၊ အမှု မ ထားဘဲနေ၏။
21 Akamwita mtoto Ikabodi, akisema, “Utukufu umetoweka Israeli!” Kwa sababu sanduku la Mungu limetekwa nyara, na kwa sababu ya kifo cha baba mkwe na mme wake.
၂၁တဖန် ဘုရား သခင်၏ သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်သောကြောင့် ၎င်း ၊ မိမိ ယောက္ခမ နှင့် လင် အမှုကြောင့် ၎င်း၊ ဣသရေလ ဘုန်း အသရေပျောက် ခဲ့ပြီဟုဆို လျက်၊ ထိုသူငယ် ကို ဣခဗုဒ် အမည် ဖြင့် မှည့်၍၊
22 Na alisema, “Utukufu umetoweka kutoka Israeli, kwa sababu sanduku la Mungu limetekwa nyala.”
၂၂ဣသရေလအမျိုး၏ ဘုရား သခင့် သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်သောကြောင့်၊ ဣသရေလ ဘုန်း အသရေပျောက် ခဲ့ပြီဟု ဆို လေ၏။

< 1 Samweli 4 >