< 1 Samweli 3 >
1 Yule mtoto Samweli alimtumikia BWANA chini ya uangalizi wa Eli. Neno la BWANA halikupatikana kwa wingi siku hizo; hapakuwa na maono ya mara kwa mara ya kinabii.
၁သူငယ်ရှမွေလသည်ဧလိညွှန်ကြားမှုကို ခံယူကာ ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်လျက်နေ၏။ ထိုကာလ၌ထာဝရ ဘုရားထံမှဗျာဒိတ်တော်များကိုများစွာ မကြားရကြ။ ဗျာဒိတ်ရူပါရုံများကို လည်းမြင်တွေ့ရမှုနည်းပါးလေသည်။-
2 Wakati huo, nguvu ya macho ya Eli ilikuwa imefifia kiasi cha kutoweza kuona vizuri, na alikuwa amelala kitandani mwake.
၂တစ်ညသ၌မျက်စိအလင်းကွယ်လုနီးပါး ရှိသောဧလိသည် မိမိ၏အခန်းတွင်အိပ်စက် လျက်နေ၏။-
3 Ile taa ya BWANA bado ilikuwa bado inawaka, na Samweli alikuwa amelala katika nyumba ya BWANA, palipokuwa na sanduku la Mungu.
၃ရှမွေလမူကားပဋိညာဉ်သေတ္တာတော်ရှိရာ တဲတော်တွင်အိပ်လျက်နေသတည်း။ အရုဏ် မတက်သေးသဖြင့် မီးခွက်ကိုမငြိမ်းမသတ် ရသေးမီအချိန်၌၊-
4 BWANA akamwita Samweli, naye akaitika, “Niko hapa”
၄ထာဝရဘုရားသည်ရှမွေလအားခေါ် တော်မူ၏။ ရှမွေလကလည်း``ရှိပါသည် အရှင်'' ဟုထူးပြီးလျှင်၊-
5 Samweli alimwedea Eli na kusema, “Niko hapa, sababu uliniita.” Eli akasema, “Sikukuita; kalale tena.” Hivyo Samweli akarudi na kulala.
၅ဧလိထံသို့ပြေး၍သွားကာ``အရှင်ခေါ် သဖြင့် ကျွန်တော်လာပါပြီ'' ဟုလျှောက်၏။ သို့ရာတွင်ဧလိက``သင့်ကိုငါမခေါ်။ ပြန်၍ အိပ်လော့'' ဟုဆို၏။ သို့ဖြစ်၍ရှမွေလသည် ပြန်၍အိပ်လေ၏။
6 BWANA akamwita tena, “Samweli.” Saamweli aliamka tena na kwenda kwa Eli na kusema, Niko hapa, sababu umeniita.” Eli akajibu, “Sijakuita, mwanangu; kalale tu tena.” 8
၆ဘုရားသခင်သည်ရှမွေလကိုတစ်ဖန်ခေါ်တော် မူပြန်၏။ သူငယ်သည်ထာဝရဘုရားခေါ်တော် မူမှန်းကိုမသိ။ အဘယ်ကြောင့်ဆိုသော်ထာဝရ ဘုရားသည် သူ့အားအဘယ်အခါကမျှဗျာ ဒိတ်ပေးတော်မမူခဲ့ဘူးသောကြောင့်ဖြစ်၏။ ထို့ ကြောင့်သူသည်ဧလိထံသို့သွားပြီးလျှင်``အရှင် ခေါ်သောကြောင့် လာပါပြီ'' ဟုလျှောက်၏။ သို့ရာတွင်ဧလိက``ငါ့သားသင့်ကိုငါ မခေါ်။ သင်ပြန်၍အိပ်လော့'' ဟုဆို၏။
7 Basi Samweli bado hakuwa na uzoefu kuhusu Bwana, wala hakuwahi kupata ujumbe wowote kutoka kwa BWANA ukifunuliwa kwake.
၇
8 BWANA akamwita tena Samweli kwa mara ya tatu. Samweli alinyanyuka tena na kwenda kwa Eli na kusema, “Niko hapa, sababu uliniita,” Ndipo Eli alitambua kwamba BWANA alimwita kijana.
၈ထာဝရဘုရားသည်ရှမွေလကိုတတိယ အကြိမ်ခေါ်တော်မူပြန်၏။ သူသည်ထ၍ ဧလိထံသို့သွားပြီးလျှင်``အရှင်ခေါ်သော ကြောင့်ကျွန်တော်လာပါပြီ'' ဟုလျှောက်၏။ ထိုအခါဧလိသည်သူငယ်ကိုခေါ်သောသူ ကား ထာဝရဘုရားပင်ဖြစ်တော်မူကြောင်း ရိပ်မိသဖြင့်၊-
9 Kisha Eli aka, mwambia Samweli, “Nenda ukalale tena; ikiwa atakuita tena, sharti useme, 'Sema, BWANA, maana mtumwa wako anasikiliza.”' Hivyo Samweli akaenda na kulala mahali pake tena.
၉``သင်သည်ပြန်၍အိပ်လော့။ အကယ်၍သင့်အား နောက်တစ်ကြိမ်ခေါ်လျှင်`ထာဝရဘုရား၊ အမိန့် ရှိတော်မူပါ။ ကိုယ်တော်၏ကျွန်နာခံလျက်ရှိ ပါ၏' ဟုလျှောက်ထားလော့'' ဟုမှာကြားလိုက်၏။ သို့ဖြစ်၍ရှမွေလသည်ပြန်၍အိပ်လေ၏။
10 BWANA alikuja na kusimama; akaita vilevile kama vile mwanzoni, “Samweli, Samweli.” Ndipo Samweli akasema, “Nena, kwa sababu mtumwa wako anasikiliza.”
၁၀ထာဝရဘုရားသည်ကြွလာတော်မူ၍ ရှမွေလအနီးတွင်ရပ်တော်မူလျက်``ရှမွေလ၊ ရှမွေလ'' ဟုရှေးနည်းတူခေါ်တော်မူ၏။ ရှမွေလက``အမိန့်ရှိတော်မူပါ။ ကိုယ်တော်၏ ကျွန်နာခံလျက်ရှိပါ၏'' ဟုလျှောက်၏။
11 BWANA akasema na Samweli, “Tazama, Niko tayari kufanya jambo katika Israeli ambalo masikio ya kila mmoja akisikia atashtuka. -14
၁၁ထာဝရဘုရားက``တစ်နေ့သောအခါ ဣသရေလအမျိုးသားတို့အားငါပြုမည့် အမှုသည်လွန်စွာကြောက်မက်ဖွယ်ကောင်းသဖြင့် ယင်းအကြောင်းကိုကြားသိရသူလူအပေါင်း တို့သည်ထိတ်လန့်၍သွားကြလိမ့်မည်။-
12 Siku hiyo nitatimiza kila kitu nilichokisema dhidi ya Eli kuhusu nyumba yake, kutoka mwanzo hadi mwisho.
၁၂ထိုနေ့ကျရောက်သောအခါ ငါသည်ဧလိ၏ အိမ်ထောင်စုသားတို့အားဒဏ်စီရင်မည်ဟု မိန့်တော်မူခဲ့သည်အတိုင်း အစမှအဆုံး တိုင်အောင်ငါစီရင်မည်။-
13 Nimemwambia kwamba niko tayari kuhukumu nyumba yake mara moja kwa ile dhambi aliyoifahamu, kwa sababu watoto wake walijiletea laana juu yao wenyewe na hakuwazuia.
၁၃သူ၏သားတို့သည်ငါ့အားပြစ်မှားပြောဆိုခဲ့ ကြသဖြင့် ငါသည်သူ၏အိမ်ထောင်စုကိုအပြစ် ဒဏ်စီရင်မည်ဖြစ်ကြောင်းဧလိအားပြောကြား ခဲ့ပြီးဖြစ်၏။ သူတို့သည်ဤသို့သောဒုစရိုက် များကိုပြုကျင့်လျက်နေကြောင်းကိုဧလိသိ သော်လည်းသူတို့အားမတားမြစ်။-
14 Hii ndiyo sababu nimeapa kwa nyumba ya Eli, kwamba dhambi za nyumba yake hazitasahehewa kwa dhabihu au kwa sadaka kamwe.” 16
၁၄သို့ဖြစ်၍အဘယ်ယဇ်အဘယ်ပူဇော်သကာမျှ ဤဆိုးရွားသောအပြစ်ကိုဖြေလွတ်အောင်စွမ်း ဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်း ငါသည်ဧလိ အိမ်ထောင်စုအားအလေးအနက်မြွက်ဆို၏'' ဟုမိန့်တော်မူ၏။
15 Samweli akalala hadi asubuhi; baadaye alifungua milango ya nyumba ya BWANA. Lakini Samweli aliogopa kumwambia Eli kuhusu maono hayo.
၁၅ရှမွေလသည်မိုးလင်းသည်တိုင်အောင်အိပ် ရာတွင်နေပြီးမှ ဘုရားသခင်၏အိမ်တော် တံခါးများကိုဖွင့်၏။ သူသည်မိမိမြင်ရ သည့်ဗျာဒိတ်ရူပါရုံအကြောင်းကိုဧလိ အားမပြောဝံ့။-
16 Kisha Eli akamwita Samweli na kusema, “Samweli, mwanangu.” Samweli akasema, “Niko hapa.” 18
၁၆ဧလိက``ငါ့သားရှမွေလ'' ဟုခေါ်လျှင်၊ ``ရှိပါသည်အရှင်'' ဟုလျှောက်၏။
17 Akamuuliza, “Ni neno gani alilokusemesha? Tafadhali usinifiche jambo hilo. Mungu akutendee hivyo na kukuzidishia, endapo utanificha kitu chochote kati ya yote ambayo amesema nawe.”
၁၇ဧလိက``သင့်အားထာဝရဘုရားအဘယ်သို့ မိန့်တော်မူသနည်း။ ငါ့ထံမှအဘယ်အရာကို မျှထိမ်ဝှက်၍မထားနှင့်။ ဘုရားသခင်မိန့် တော်မူသမျှသောအရာတို့ကိုငါ့အား မဖော်ပြပါမူ ကိုယ်တော်သည်သင့်အားပြင်း ထန်စွာဒဏ်ခတ်တော်မူလိမ့်မည်'' ဟုဆို၏။-
18 Samweli akamweleza kila kitu; hakumficha jambo lolote. Eli akasema, “Ni BWANA. Na afanye linaloonekana jema kwake.”
၁၈ထို့ကြောင့်ရှမွေလသည်အဘယ်အရာကိုမျှ ချန်လှပ်၍မထားဘဲ မိန့်တော်မူသမျှကိုပြန် ကြားလျှောက်ထားလေ၏။ ဧလိက``ကိုယ်တော် သည်ထာဝရဘုရားဖြစ်တော်မူ၏။ အလို တော်ရှိသည်အတိုင်းပြုတော်မူပါစေသော'' ဟုဆို၏။
19 Samweli akakua, na BWANA alikuwa pamoja naye na hakuacha kutimiza maneno yake ya unabii.
၁၉ရှမွေလသည်ကြီးပြင်း၍လာ၏။ ထာဝရ ဘုရားသည်သူနှင့်အတူရှိတော်မူ၍ ရှမွေလ ဖော်ပြသမျှသောအမှုအရာတို့ကိုဖြစ် ပျက်စေတော်မူ၏။-
20 Israeli yote tokea Dani hadi Beersheba walijua kwamba Samweli aliteuliwa kuwa nabii wa BWANA.
၂၀သို့ဖြစ်၍ရှမွေလသည်ထာဝရဘုရား၏ ပရောဖက်အမှန်ပင်ဖြစ်ကြောင်းကို တိုင်းပြည် တစ်စွန်းမှတစ်စွန်းတိုင်အောင်ဣသရေလ အမျိုးသားအပေါင်းတို့သိကြ၏။-
21 Naye BWANA alionekana tena huko Shilo, maana alijifunua mwenyewe kwa Samweli huko Shilo kwa neno lake.
၂၁ရှိလောမြို့သည်ရှမွေလအားထာဝရဘုရား ဗျာဒိတ်ပေးတော်မူရာအရပ်ဖြစ်၏။ ကိုယ်တော် သည်ထိုမြို့တွင်အကြိမ်ကြိမ်ထင်ရှားတော် မူ၏။ ရှမွေလမိန့်ကြားသည့်အခါများ၌ ဣသရေလအမျိုးသားအပေါင်းတို့နာခံ ကြလေသည်။