< 1 Petro 2 >

1 Kwa hiyo wekeni pembeni uovu wote, udanganyifu, unafiki, wivu na kashifa.
ထိုကြောင့်၊ သင်တို့သည် သခင်ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်းကြသည်ဖြစ်၍၊
2 Kama watoto wachanga, mtamani maziwa safi ya kiroho, ili kwamba mweze kukua ndani ya wokovu,
အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်းအလိုငှါ နှုတ်ကပတ်တရား၏ နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း၊
3 kama mmeonja kwamba Bwana ni mwema.
ဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန် လိုချင်သော စိတ်ရှိကြလော့။
4 Njoni kwake aliye jiwe hai linaloishi ambalo limekataliwa na watu, lakini hilo limechaguliwa na Mungu na ni la thamani kwake.
လူတို့ပယ်ထား၍ ဘုရားသခင်ရွေးချယ်တော်မူသော အသက်ကျောက်မြက်တည်းဟူသော ထိုသခင် ထံသို့သင်တို့သည်ရောက်၍၊
5 Ninyi pia ni kama mawe yaliyo hai yanayojengwa juu kuwa nyumba ya kiroho, ili kuwa ukuhani mtakatifu ambao hutoa dhabihu za kiroho zinazokubaliwa kwa Mungu kupitia Yesu Kristo.
အသက်ကျောက်များကဲ့သို့ အဆင့်ဆင့်အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှုခရစ်အားဖြင့် ဘုရားသခင်နှစ်သက်တော်မူရာ ဓမ္မယဇ်ကိုပူဇော်ရသော သန့်ရှင်းသော ယဇ်ပုရောဟိတ် မျိုးလည်းဖြစ်ကြ၏။
6 Andiko husema hivi, “Tazama, nimeweka katika Sayuni jiwe la pembeni, kuu na lililochaguliwa na la thamani. Yeyote aaminiye katika yeye hataona aibu”.
ထိုသို့နှင့်အညီကျမ်းစာလာသည်ကား၊ ရွေးချယ်သော တိုက်ထောင့်အမြစ်ကျောက်မြက်ကို ဇိအုန် တောင်ပေါ်မှာ ငါချိတ်ထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။
7 Hivyo heshima ni yenu kwenu ninyi mnaoamini. Lakini, “jiwe lililokataliwa na wajenzi, hili limekuwa jiwe kuu la pembeni”-
သို့ဖြစ်၍ ယုံကြည်ခြင်းရှိသော သင်တို့၌ကားဘုန်းအသရေရှိ၏။ နားမထောင်သောသူတို့၌ကား၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တဖန်တိုက်ထောင့်အထွဋ်ဖျားသို့ ရောက် ပြန်၏။
8 na, “jiwe la kujikwaa na mwamba wa kujikwaa.”Wao hujikwaa, wanaolikataa neno, kwa lile ambalo pia walikuwa wameteuliwa kwalo.
နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ၍ လဲသောသူတို့သည် ထိမိ၍ လဲစရာကျောက်၊ မှားယွင်းစရာကျောက်လည်းဖြစ်၏။ ထိုအမှုနှင့် တွေ့စေခြင်းငှါ ထိုသူတို့ကို ခန့်ထားတော်မူသတည်း။
9 Lakini ninyi ni ukoo uliochaguliwa, ukuhani wa kifalme, taifa takatifu, watu wa miliki ya Mungu, ili kwamba mweze kutangaza matendo ya ajabu ya yule aliyewaita kutoka gizani kuja kwenye nuru yake ya ajabu.
သင်တို့မူကား၊ မှောင်မိုက်ထဲမှ အံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသော သူ၏ဂုဏ် ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်ကြ၏။
10 Ninyi kwanza hamkuwa watu, lakini sasa ninyi ni watu wa Mungu. Ninyi hamkupokea rehema, lakini sasa mmepokea rehema.
၁၀အထက်ကအပေါင်းအသင်းမဟုတ်၊ ယခုတွင် ဘုရားသခင်၏ အပေါင်းအသင်းဖြစ်ကြ၏။ ကရုဏာ ကျေးဇူးတော်ကို အထက်ကမခံရသော်လည်းယခုတွင် ခံရကြ၏။
11 Wapendwa, nimewaita kama wageni na wazurujaji kujinyima kutoka kwenye tamaa mbaya za dhambi, ambazo zinapigana vita na roho zenu.
၁၁ချစ်သူတို့၊ ဝိညာဉ်နှင့်စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း၊ ဧည့်သည်အာဂန္တုကဲ့သို့သော သင်တို့ကို ငါတောင်းပန်၏။
12 Mnapaswa kuwa na tabia njema kati ya mataifa, ili kwamba, kama watawasema kama kwamba mmefanya mambo maovu, wataziangalia kazi zenu njema na kumsifu Mungu katika siku ya kuja kwake.
၁၂သာသနာပလူတို့သည် သင်တို့ကိုကဲ့ရဲ့ပြစ်တင်ကြသည်အမှုမှာ၊ ဘုရားသခင်ကြည့်ရှု စီရင်တော်မူသော နေ့ရက်၌၊ သင်တို့၏ ကောင်းသောအကျင့်ကို သူတို့သည် ထောက်ရှု၍ ဘုရားသခင်ကိုချီးမွမ်းမည်အကြောင်း၊ သူတို့ ရှေ့၌တင့်တယ်လျောက်ပတ်စွာ ကျင့်နေကြလော့။
13 Tii kila mamlaka ya mwanadamu kwa ajili ya Bwana, ikiwa mfalme kama mkuu,
၁၃သခင်ဘုရား၏မျက်နှာတော်ကို ထောက်လျက်၊ အထွဋ်အမြတ်တည်းဟူသောရှင်ဘုရင်ဖြစ်စေ၊ လူဆိုး တို့ကို ဒဏ်စီရင်စေခြင်းငှါ၎င်း၊ လူကောင်းတို့ကို ချီးမွမ်းစေခြင်းငှါ၎င်း၊
14 ikiwa watawala waliotumwa kuwaadhibu watenda mabaya na kuwasifu wale wanaotenda mema.
၁၄ရှင်ဘုရင်ခန့်ထားသော ဝန်မင်းဖြစ်စေ၊ လူတို့တွင် စီရင်ခန့်ထားသမျှသောမင်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။
15 Kwa kuwa ni mapenzi ya Mungu, kwamba kwa kufanya mema mwanyamazisha mazungumzo ya kipuuzi ya watu wapumbavu.
၁၅အကြောင်းမူကား၊ သင်တို့သည် ကောင်းသောအကျင့်ကို ကျင့်သောအားဖြင့် လူမိုက်တို့၏ မိုက်မဲသော စကားကို ချေစေခြင်းငှါ၊ ဘုရားသခင်သည် ထိုသို့သော အလိုတော်ရှိ၏။
16 Kama watu huru, msiutumie uhuru wenu kama kifuniko kwa maovu, bali muwe kama watumishi wa Mungu.
၁၆လူလွတ်ဖြစ်သော်လည်း၊ လွတ်ခြင်းအကြောင်းဖြင့် မကောင်းသောအမှုတို့ကို ဖုံးအုပ်သောသူကဲ့သို့ မကျင့်၊ ဘုရားသခင်၏ ကျွန်ကဲ့သို့ကျင့်နေကြလော့။
17 Waheshimuni watu wote. Wapendeni ndugu. Mwogopeni Mungu. Mweshimuni mfalme.
၁၇ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ ခြင်း၊ ရှင်ဘုရင်ကိုရိုသေခြင်း ရှိကြလော့။
18 Watumwa, watiini bwana zenu kwa heshima yote, siyo tu bwana walio wazuri na wapole, lakini pia walio waovu.
၁၈အစေခံငယ်သားတို့၊ အလွန်ကြောက်ရွံ့ခြင်းနှင့်တကွ ကိုယ်သခင်တို့၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သခင်သည်စိတ်ကောင်း၍ ဖြည်းညှင်းသောသဘောရှိသည်ဖြစ်စေ၊ ကြမ်းတမ်းသောသဘောရှိသည်ဖြစ်စေ ဝန်ခံကြလော့။
19 Kwa kuwa ni sifa kama yeyote atavumilia maumivu wakati anapoteseka pasipo haki kwa sababu ya dhamiri yake kwa Mungu.
၁၉အကြောင်းမူကား၊ ဘုရားသခင်၏မျက်နှာတော်ကိုထောက်၍၊ မတရားသောညှဉ်းဆဲခြင်းကို နာကျင်စွာခံရလျှင် ကျေးဇူးရှိ၏။
20 Ni faida gani iliyopo kama mwadumu kutenda dhambi kisha mwendelee kuadhibiwa? Lakini kama mmefanya mema na ndipo mteseke kwa kuhukumiwa, hii ni sifa njema kwa Mungu.
၂၀ကိုယ်အပြစ်ကြောင့် ဒဏ်ခံရသောအခါ သည်းခံလျှင်၊ အဘယ်ချီးမွမ်းစရာရှိသနည်း။ ကောင်းမွန်စွာပြု ၍ ဆင်းရဲခံရသောအခါ သည်းခံလျှင်၊ ဘုရားသခင့် ရှေ့တော်၌ ကျေးဇူးရှိ၏။
21 Kwa hili mliitwa, kwa sababu Kristo pia aliteswa kwa ajili yenu, amewaachia mfano kwa ajili yenu kufuata nyayo zake.
၂၁အကြောင်းမူကား၊ ထိုသို့အလိုငှါ သင်တို့ကိုခေါ်တော်မူပြီ၊ ခရစ်တော်သည် ငါတို့အတွက် ခံတော်မူ သည်ဖြစ်၍၊ ခြေတော်ရာကို ရှောက်လိုက်စေခြင်းငှါ ပုံသက်သေကိုထားတော်မူပြီ။
22 Yeye hakufanya dhambi, wala haukuonekana udanganyifu wowote kinywani mwake.
၂၂ထိုသခင်သည် ဒုစရိုက်ကိုမပြု၊ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့၊ ကဲ့ရဲ့ခြင်းကို ခံရသောအခါ ပြန်၍မကဲ့ရဲ့။
23 Wakati yeye alipotukanwa, hakurudisha matukano, alipoteseka, hakutisha bali alijitoa mwenyewe kwake Yeye ahukumuye kwa haki.
၂၃အသေခံရသောအခါ ခြိမ်းချောက်ခြင်းကိုမပြု။ တရားသဖြင့် စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ် အပ်နှံတော်မူ၏။
24 Yeye mwenyewe alizibeba dhambi zetu katika mwili wake kwenye mti, ili kwamba tusiwe na sehemu tena katika dhambi, na kwamba tuishi kwa ajili ya haki. Kwa kupigwa kwake ninyi mmepona.
၂၄ငါတို့သည်အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍၊ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည် အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီး ဒဏ်ချတော်များအားဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ၏။
25 Wote mliokuwa mkitangatanga kama kondoo aliyepotea, lakini sasa mmerudi kwa mchungaji na mlinzi wa roho zenu.
၂၅သင်တို့သည် အထက်ကလမ်းလွှဲ၍ ပျောက်သောသိုးကဲ့သို့ဖြစ်ကြ၏။ ယခုမူကား၊ သိုးထိန်းတည်း ဟူသော သင်တို့၏ဝိညာဉ်တို့ကို အုပ်စိုးကြည့်ရှုတော်မူသောအရှင်ထံသို့ ပြန်ရောက်ကြပြီ။

< 1 Petro 2 >