< 1 Wafalme 8 >
1 Kisha Sulemani akawakusanya wazee wa Israeli, wakuu wote wa makabila, na viongozi wa familia za wana wa Israeli, mbele yake kuleYerusalemu, ili waliingize ndani lile sanduku la agano la BWANA kutoka mji wa Daudi, ambao ni Sayuni.
၁ထိုအခါ ထာဝရဘုရား၏ ပဋိညာဉ်သည် သေတ္တာတော်ကို ဇိအုန်မည်သော ဒါဝိဒ်မြို့မှ ဆောင်ခဲ့ လိုသောငှါ၊ ရှောလမုန်သည် ဣသရေလအမျိုးအသက် ကြီးသူအပေါင်းတို့နှင့် ဣသရေလအဆွေအမျိုးအသီး အသီးကို အုပ်သော ခေါင်းမင်းအပေါင်းတို့ကို ယေရု ရှလင်မြို့၊ ရှင်ဘုရင်ထံသို့ ခေါ်တော်မူသည်အတိုင်း၊
2 Wanaume wote wa Israeli walikusanyika mbele ya mfalme Sulemani kwenye sherehe, katika mwezi wa Ethanim, ambao ndio mwezi wa saba.
၂ဣသရေလလူအပေါင်းတို့သည် ဧသနိမ်အမည် ရှိသော သတ္တမလ၌လုပ်သောပွဲအတွင်းတွင် ရှောလမုန် မင်းကြီးထံသို့ စုဝေးရောက်လာကြ၏။
3 Wazee wote wa Israeli walikuja, na makuhani wakalibeba lile sanduku.
၃ဣသရေလအမျိုးတွင် အသက်ကြီးသူအပေါင်း တို့သည်လာ၍၊ ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရ ဘုရား၏ သေတ္တာတော်ကို ထမ်းလျက်၊
4 Wakalileta lile sanduku la BWANA, lIle hema la kukutania na mapambo yote matakatifu ambayo yalikuwa kwenye hema. Makuhani na Walawi wakavileta vitu hivi.
၄ပရိသတ်စည်းဝေးရာ တဲတော်၊ တဲတော်နှင့် ဆိုင်၍ သန့်ရှင်းသော တန်ဆာအလုံးစုံတို့ကို ယဇ်ပုရော ဟိတ်များနှင့် လေဝိသားများတို့သည် ဆောင်ခဲ့ကြ၏။
5 Mfame Sulemani na mkutano wote wa Israeli wakaja pamoja mbele ya sanduku, wakatoa sadaka za kondoo na makisai ambazo hazikuweza kuhasabika.
၅ရှောလမုန်မင်းကြီးမှစ၍ စည်းဝေးသော ဣသရေလပရိသတ်အပေါင်းတို့သည် မရေတွက်နိုင်။ အတိုင်းမသိများစွာသော သိုးနွားတို့ကို သေတ္တာတော်ရှေ့ မှာ ယဇ်ပူဇော်ကြ၏။
6 Makuhani wakalingiza ndani lile sanduku la agano la BWANA na wakaliweka mahali pake, ndani ya chumba cha ndani, patakatifu sana, chini ya yale mabawa ya makerubi.
၆ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို အိမ်တော်အတွင်းသို့သွင်း၍၊ အလွန်သန့်ရှင်းရာဌာနတည်းဟူသော ဗျာဒိတ်ဌာနတော် ထဲမှာ ခေရုဗိမ်အတောင်တို့အောက်၊ သူ့နေရာ၌ ထားကြ ၏။
7 Kwa kuwa makerubi walitandaza mabawa yao hadi mahali pa sanduku la agano, na walifunika sanduku na miti yake kwani ilitumika kulibeba.
၇ခေရုဗိမ်တို့သည် မိမိအတောင် နှစ်ဘက်ကို သေတ္တာတော်နေရာအပေါ်မှာဖြန့်၍၊ သေတ္တာတော်နှင့် ထမ်းဘိုးတို့ကို လွှမ်းမိုးလျက် ရှိကြ၏။
8 Ile miti ilikuwa mirefu sana kiasi kwamba miishio yake ilionekana tokea kwenye eneo takatifu mbele ya chumba cha ndani, lakini haikuweza kuonekana kutokea nje. Miti hiyo iko mpaka leo.
၈ထမ်းဘိုးတို့ကို ဆွဲထားသဖြင့် ထမ်းဘိုးဖျားတို့ သည် ပြင်ခန်း၌ မထင်။ သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာန တော်၌သာထင်၍ ယနေ့တိုင်အောင် ရှိကြ၏။
9 Ndani ya sanduku hapakuwemo na kitu chochote isipokuwa vile vidonge vya mawe ambavyo Musa aliviweka alipokuwa mlima Horebu, wakati BWANA alipofanya agano na watu wa Israeli walipotoka kwenye nchi ya Misri.
၉ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်၍၊ ထာဝရဘုရားသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူ သောအခါ၊ မောရှေသည် ဟောရပ်အရပ်၌ရှိစဉ် သွင်း ထားသော ကျောက်ပြားနှစ်ပြားမှတပါး သေတ္တာတော်ထဲ ၌ အဘယ်အရာမျှမရှိ။
10 Ilitokea kwamba wakati makuhani walipotoka mahali patakatifu, lile wingu lilifunika hekalu la BWANA.
၁၀ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာ ဌာနထဲက ထွက်ကြသောအခါ၊ ထာဝရဘုရား၏ အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့်၏။
11 Makuhani hawakuweza kusimama kwa ajili ya kutumika kwa sababu utukufu wa BWANA ulifunika hekalu.
၁၁ထိုသို့ ထာဝရဘုရား၏ အိမ်တော်သည် ဘုန်းတော်နှင့်ပြည့်လျက်၊ မိုဃ်းတိမ်တော်ကြောင့် ယဇ် ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင်ရွက်လျက် ရပ်၍ မနေနိုင်ကြ။
12 Kisha Sulemani akasema, “BWANA amsema kuwa anaweza kuishi hata kwenye giza nene,
၁၂ရှောလမုန်ကလည်း၊ ထာဝရဘုရားသည် ထူထပ်သော မှောင်မိုက်ထဲမှာနေတော်မူသည်ဟု စကား တော်ရှိ၏။
13 Lakinni nimekujengea makao ya kujivunia, mahali pako pa kuishi milele.”
၁၃အကယ်စင်စစ် ကိုယ်တော်ကျိန်းဝပ်တော်မူရာ အိမ်၊ အစဉ်အမြဲနေတော်မူရာ ဌာနတော်ကို အကျွန်ုပ် တည်ဆောက်ပါပြီဟု မြွက်ဆို၏။
14 Kisha mfalme akageuka na kuwabariki mkusanyiko wa watu wa Israeli, wakati huo mkusanyiko wa Waisraeli walikuwa wamesimama.
၁၄တဖန်ရှင်ဘုရင်သည် လှည့်ကြည့်၍ ဣသရေလ အမျိုး ပရိသတ်အပေါင်းကို ကောင်းကြီးပေးတော်မူ၏။ ဣသရေလအမျိုးပရိသတ်အပေါင်းတို့သည် မတ်တပ် နေကြ၏။
15 Akasema, “BWANA, Mungu wa Israeli, asifiwe, ambaye alisema na baba yangu Daudi, na ametimiza kwa mikono yake, akisema,
၁၅ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ် တော်စကားဟူမူကား၊
16 'Tangu siku ile niliyowatoa watu wangu Israeli kutoka Misri, sikuchagua mji wowote toka kwa makabila yote ya Israeli ambako ningeijenga nyumba, kwa ajili ya jina langu kuwemo humo. Hata hivyo, nilimchagua Daudi kuwatawala watu wangu Israeli.
၁၆ငါ၏ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ၍ ငါ့နာမတည်ရာအိမ်ကို ဆောက်စေခြင်းငှါ၊ ဣသရေလခရိုင်များတို့တွင် မြို့တစုံ တမြို့ကို ငါမရွေးသေးသော်လည်း၊ ငါ၏လူ ဣသရေလ အမျိုးသားတို့ကို အုပ်စိုးစေခြင်းငှါ၊ ဒါဝိဒ်ကို ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ်တော်ရှိသည်အတိုင်း ပြုတော်မူသော ဣသရေလအမျိုး ၏ဘုရားသခင်ထာဝရ ဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
17 Sasa ilikuwa kwenye moyo wa Daudi baba yangu kujenga nyumba kwa jina la BWANA, Mungu wa Israeli.
၁၇ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား ၏နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်ခြင်းငှါ၊ ငါ့ခမည်းတော်ဒါဝိဒ်သည် အကြံရှိသောအခါ၊
18 Lakini BWANA alimwambia baba yangu Daudi, 'Ilikuwa ndani ya moyo wako kunijengea nyumba kwa jina langu, ulifanya vyema kwa hilo kuwa ndani ya moyo wako.
၁၈ထာဝရဘုရားက၊ သင်သည် ငါ့နာမအဘို့ အိမ်တော်တည်ဆောက်ခြင်းငှါ အကြံရှိသောကြောင့် ကောင်းသောအမှုကို ပြုပြီ။
19 Ingawa hutanijengea nyumba; badala yake mwanao, mmoja wa wanao atakayezaliwa toka viunoni mwako, atanijengea nyumba kwa jina langu,'
၁၉သို့သော်လည်းသင်သည် အိမ်တော်ကို မဆောက်ရ။ သင်၏သားရင်းသည် ငါ့နာမအဘို့ အိမ်တော်ကို ဆောက်ရမည်ဟု ငါ့ခမည်းတော် ဒါဝိဒ်အား မိန့်တော်မူ၏။
20 BWANA amelibeba lile neno slilokuwa amesema, kwa kuwa nimeinuka mahali pa baba yangu Daudi, na nimeketi kwenye kiti cha enzi cha Israeli, kama BWANA alivyoahidi. Nimeijenga nyumba kwa jina la BWANA, Mungu wa Israeli.
၂၀ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့်၊ ငါသည် ငါ့ခမည်းတော်ဒါဝိဒ်၏ အရိပ် အရာကိုခံရ၍၊ ထာဝရဘုရားဂတိတော်ရှိသည်အတိုင်း ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသ ရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော် အဘို့အိမ်တော်ကို တည်ဆောက်လေပြီ။
21 Nimetengeneza mahali kwa ajili ya sanduku ndani yake, ambamo ndani yake kuna agano la BWANA, ambalo alifanya na baba zetu alipowatoa toka nchi ya Misri,”
၂၁ငါတို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ၊ ထာဝရ ဘုရားနှုတ်ဆောင်သောအခါ၊ သူတို့နှင့် ဖွဲ့တော်မူသော ပဋိညာဉ်ကျောက်စာပါသော သေတ္တာတော်ထားရာ အရပ်ကို ထိုအိမ်တော်၌ လုပ်လေပြီဟု မြွက်ဆို၏။
22 Sulemani alisimama mbele ya madhabahu ya BWANA, mbela ya mkusanyiko wote wa Waisraeli, naye akanyosha mikono yake kuelekea mbinguni.
၂၂တဖန်ရှောလမုန်သည် ထာဝရဘုရား၏ ယဇ် ပလ္လင်ရှေ့၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ အလယ်မှာ နေ၍၊ လက်ဝါးတို့ကို ကောင်းကင်သို့ ဖြန့်လျက်၊
23 Akasema, “BWANA, Mungu wa Israeli, hakuna Mungu kama wewe juu mbinguni au chini duniani, ambaye hutunza agano lake kwa uaminifu kwa watumishi wako ambao hutembea mbele yako kwa mioyo yao yote;
၂၃အို ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား၊ အထက်ကောင်းကင်ဘုံနှင့်အောက်အရပ်မြေကြီး ပေါ်မှာ ကိုယ်တော်နှင့်တူသော ဘုရားတဆူမျှမရှိပါ။ ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ကျင့်သော ကိုယ်တော်၏ ကျွန်တို့အဘို့ ပဋိညာဉ်တရားနှင့် ကရုဏာတရားကို စောင့်ရှောက်တော်မူပြီ။
24 wewe ambaye umetunza ahadi yako na mtumishi wako Daudi baba yangu ile uliyomwahidi. Naam, ulisema kwa kinywa chako na sasa umeitimiza kwa mkono wako, kama ilivyo leo.
၂၄အကျွန်ုပ်အဘဒါဝိဒ်၌ ထားတော်မူသော ဂတိ တော်ကိုမဖျက်၊ မိန့်တော်မူသည်အတိုင်း ယနေ့ပြုတော် မူပြီ။
25 Sasa basi, BWANA, Mungu wa Israeli, timiza kile ulichomwahidi mtumishi wako Daudi baba yangu, pale uliposema, 'Hautashindwa kunipa mtu mbele ya macho yangu ambaye ataketi katika kiti cha enzi cha Israeli, kama tu uzao wako watakuwa waangalifu kutembea mbele yangu, kama vile wewe ulivyotembea mbele yangu.'
၂၅အို ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်က၊ သင်သည် ငါ့ရှေ့မှာကျင့်သကဲ့သို့ သင်၏သားမြေးတို့သည် ငါ့ရှေ့မှာ ကျင့်လိုသောငှါ၊ မိမိတို့ သွားရာလမ်းကို သတိပြုလျှင်၊ ငါ့မျက်မှောက်၌ ဣသ ရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင်၏ အမျိုးမင်းရိုးမပြတ်ရဟု ကိုယ်တော်ကျွန် အကျွန်ုပ်အဘ ဒါဝိဒ်၌ ထားတော်မူသော ဂတိတော်ကို ယခုစောင့်တော် မူပါ။
26 Sasa basi, Mungu wa Israeli, Ninaomba kwamba ile ahadi uliyofanya kwa mtumishi wako Daudi baba yangu, itimie.
၂၆အို ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်ကျွန် အကျွန်ုပ်အဘဒါဝိဒ်အား မိန့်တော်မူသော စကားတော်ကို ယခုပြည့်စုံစေတော်မူပါ။
27 Je, ni kweli kwamba Mungu ataishi duniani? Tazama, Ulimwengu wote na mbingu hazikutoshi - sembuse nyumba hii niliyoijenga!
၂၇သို့ရာတွင် ဘုရားသခင်သည် မြေကြီးပေါ်မှာ ဧကန်အမှန် ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်း ကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည် ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဘွယ် ရာရှိပါသနည်း။
28 Kwa hiyo Mungu naomba uyajali maombi haya ya mtumishi wako na maombi yake, BWANA, Mungu wangu; sikiliza kilio na maombi ambayo mtumishi wako anakuomba leo.
၂၈သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ယနေ့ ကြွေးကြော်လျက် ပဌနာပြု၍ တောင်းလျှောက်သော စကားကို နားခံနာယူတော်မူပါ။
29 Naomba ulitazame hekalu hili mchana na usiku, mahali ambapo ulisema, 'Jina langu na uwepo wangu utakuwa' - ili niweze kuwa nasikiliza maombi ambayo mtumishi wako ataomba mahali hapa.
၂၉ဤမည်သော အရပ်၌ ငါ့နာမတည်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ဤအရပ်ဌာနနှင့် ဤအိမ် တော်ကို နေ့ညဉ့်မပြတ်ကြည့်ရှု၍၊ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန၌ ဆုတောင်းသောစကားကို နားထောင် တော်မူပါ။
30 Kwa hiyo sikia maombi ya mtumishi wako na ya watu wako Israeli tunapokuwa tunaomba mahali hapa. Ndiyo, sikia kutokea mahali ambapo unaishi, kutoka katika mbingu za mbingu; na unaposikia tafadhali samehe.
၃၀ကိုယ်တော်ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသ ရေလအမျိုးသားတို့သည် ဤအရပ်ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါ၊ ကျိန်းဝပ်တော်မူရာ ကောင်းကင် ဘုံ၌နားထောင်၍ အပြစ်မှလွှတ်တော်မူပါ။
31 Kama mtu atamtendea uovu jirani yake na anapewa sharti la kiapo, na kama atakuja na kuapa mbele ya madhabahu yako katika nyumba hii,
၃၁လူသည် မိမိအိမ်နီးချင်းကိုပြစ်မှားသောကြောင့်၊ အကျိန်ခံရမည်ဟု အိမ်နီးချင်းဆိုလျက်၊ ဤအိမ်တော်၌ ကိုယ်တော်၏ယဇ်ပလ္လင်ရှေ့မှာ အကျိန်တိုက်လျှင်၊
32 basi usikie kutoka mbinguni ukatende na kuwahukumu watumishi wako, ukamhukumu mwovu, ili kuwaletea tabia zake kichwani mwake, na kumtunza mwenye haki kuwa hana hatia, na kumpa thawabu yake ya haki.
၃၂ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ မတရားသောသူသည် မိမိအပြစ်နှင့်အလျောက် ရှုံးစေ ခြင်းငှါ၎င်း၊ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း နှင့်အလျောက် အကျိုးကိုခံရ၍ အပြစ်မှလွတ်စေခြင်းငှါ ၎င်း၊ ကိုယ်တော်ကျွန်တို့ကို တရားစီရင်တော်မူပါ။
33 Watu wako Israeli watakapopigwa na adui kwa sabau ya kutenda dhambi dhidi yako, na kama watakurudia, na kulikiri jina lako, na kukusihi, na kuomba msamaha kwako katika hekalu hili-
၃၃ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် ရန်သူရှေ့မှာ ရှုံးရသောအခါ၊ ကိုယ်တော်ထံသို့ ပြန်လာ၍၊ နာမတော် ကိုဝန်ခံလျက်၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်း ပဌနာပြုလျှင်၊
34 tafadhali nakuomba usikie kutoka mbinguni na usamehe dhambi za watu wako Israeli; uwarudishe katika nchi ambayo uliwapa mababu zao.
၃၄ကောင်းကင်ဘုံ၌ နားထောင်၍၊ ကိုယ်တော်၏ လူ ဣသရေလအမျိုးသားတို့ကို အပြစ်မှလွှတ်တော်မူပါ။ ဘိုးဘေးတို့အား ပေးသနားတော်မူသောပြည်သို့ တဖန် ပို့ဆောင်တော်မူပါ။
35 Kama mbingu zitafungwa na mvua hazinyeshi kwa sababu watu wamekutenda dhambi wewe - na kama wataomba mahali hapa, na kulikiri jina lako, na kugeuka toka dhambi zao na kama umewapiga -
၃၅ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့် မိုဃ်းမရွာ၊ မိုဃ်းခေါင်သဖြင့် ကိုယ်တော်သည် ဆုံးမတော် မူသောအခါ၊ သူတို့သည် ဤအရပ်ဌာနတော်ကို မှီခိုလျက် ဆုတောင်း၍၊ နာမတော်ကိုဝန်ခံလျက် မိမိဒုစရိုက်ကို စွန့်ပယ်လျှင်၊
36 basi sikia tokea mbinguni na usamehe dhambi za watumishi wako na za watu wako Israeli, utakapowafundisha njia njema inayowapasa; basi uinyeshee mvua nchi yako, ambayo uliwapa watu wako kuwa urithi.
၃၆ကောင်းကင်ဘုံ၌နားထောင်၍၊ ကိုယ်တော်၏ ကျွန်၊ ကိုယ်တော်၏လူ ဣသရေလအမျိုးတို့ကို အပြစ်မှ လွှတ်တော်မူပါ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန်၍၊ ကိုယ်တော်၏လူတို့အား အမွေပေးသော မြေပေါ်မှာ မိုဃ်းရွာစေတော်မူပါ။
37 Na kama kuna njaa katika nchi, au kama kuna magonjwa, au ukungu, nzige au funza; au kama adui atavamia malango ya mji katika nchi yao, kama kuna tauni au magonjwa yeyote -
၃၇ပြည်တော်၌ အစာအာဟာရခေါင်းပါးသော်၎င်း၊ လေထိ၍ အပင်သေသော်၎င်း၊ အရည်ယို၍ သေသော်၎င်း၊ အရာဘကျိုင်း၊ ခါသိလ ကျိုင်း ကိုက်စားသော်၎င်း၊ ရန်သူတိုက်လာ၍ မြို့ကို ဝိုင်းထားသော်၎င်း၊ ဘေးဥပဒ်၊ အနာရောဂါတစုံတခု ရောက်သောအခါ၊
38 na kama kuna mtu au wata wa Israeli wataomba - kila mmoja akaijua hiyo tauni katika moyo wake wakati akinyosha mikono yake katika hekalu hili.
၃၈ကိုယ်တော်၏လူ ဣသရေလအမျိုးသားအချို့တို့သည် အသီးအသီးခံရသောဘေးဒဏ်ကိုသိလျက်၊ ဤအိမ် တော်သို့ မိမိတို့လက်ဝါးကို ဖြန့်၍၊ တစုံတခုသော ပဌနာ စကားအားဖြင့် ဆုတောင်းလျှင်၊
39 Basi usikie kutoka mbinguni, mahali unapoishi, utende na kusamehe, na umpe kila mtu thawabu anayostahili kwa kile anachofanya; wewe unajua moyo wake, kwa sababu ni wewe pekee yako ujuaye mioyo ya watu.
၃၉ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နား ထောင်တော်မူပါ။
40 Fanya hivi ili kwamba wawe na hofu kwako katika siku zote za maisha yao wanayoishi katika nchi uliyowapa mababu zetu.
၄၀ဘိုးဘေးတို့အား ပေးသနားတော်မူသော ပြည်၌ သူတို့သည် အသက်ရှင်သော ကာလပတ်လုံးကိုယ်တော် ကို ကြောက်ရွံပါမည်အကြောင်း၊ ကိုယ်တော်သာလျှင် လူသတ္တဝါအပေါင်းတို့၏ စိတ်နှလုံးသဘောကို သိတော် မူသည်ဖြစ်၍၊ ဆုတောင်းသော သူတို့၏ စိတ်နှလုံး သဘောကိုသိလျက်၊ သူတို့အပြစ်ကိုလွှတ်တော်မူပါ။ အသီးအသီးပြုကြသည်အတိုင်း စီရင်တော်မူပါ။
41 Na nyongeza yake, kuhusiana na mgeni ambaye si mtu wako wa Israeli: atakapokuja kutokea nchi ya mbali kwa sababu ya jina lako -
၄၁ကိုယ်တော်၏လူ ဣသရေလအမျိုးမဟုတ်၊ တပါးအမျိုးသားတို့သည် ကြီးမြတ်သော နာမတော်၏ သိတင်းနှင့်တန်ခိုးကြီး၍၊ ဆန့်တော်မူသော လက်ရုံးတော် ၏သိတင်းကိုကြားသောကြောင့်၊ နာမတော်ကို ထောက် သဖြင့် ဝေးသောပြည်မှ ရောက်လာ၍၊ ဤအိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်၊
42 kwa sababu watasikia jina lako lilivyo kuu, mkono wako wenye nguvu, na mkono wako ulioinuliwa - atakapokuja na kuomba mahali hapa pa hekalu,
၄၂
43 tafadhali usikie kutokea katika mbingu, mahali unapoishi, na umfanyie huyo mgeni akuombacho. Fanya hivi ili makundi ya wtu wote duniani wakujue jina lako na kukuhofia, kama wanavyofanya watu Israeli. Fanya hivyo ili wajue kwamba nyumba hii niliyoijenga inaitwa kwa jina lako.
၄၃ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နား ထောင်တော်မူပါ။ ကိုယ်တော်၏လူဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့ မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက်၊ နာမ တော်ကို သိစေခြင်းငှါ၎င်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းကို သိစေ ခြင်းငှါ၎င်း၊ ထိုတပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ။
44 Na kama watu wko wataenda vitani dhidi ya adui, kwa njia yeyote unayoweza kuwatuma, na kama watakuomba wewe, BWANA, kuelekea mji huu uliuchagua, na kuekea nyumba ambayo nimeijenga kwa jina lako.
၄၄ကိုယ်တော်စေခိုင်းတော်မူသည်အတိုင်း၊ ကိုယ်တော်၏ လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ၊ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ် တည်ဆောက်သော အိမ်တော်ကို မှီခိုလျက်၊ ထာဝရဘုရားအား ဆုတောင်းကြလျှင်၊
45 Basi sikia tokea mbinguni maombi yao, dua zao, na uwasaidie wanachohitaji.
၄၅သူတို့ ဆုတောင်းပဌနာပြုသော စကားကို ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့်တော် မူပါ။
46 Na kama watafanya dhambi dhidi yako, kwa kuwa hakuna hata mtu mmoja asiyefanya dhambi, na kama una hasira dhidi yao na kuwapeleka kwa maadui, ili kwamba maadui wawachukue mateka katika nchi yao, mbali au karibu.
၄၆မပြစ်မှားတတ်သော လူတယောက်မျှမရှိသည် ဖြစ်၍၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို ပြစ်မှား သောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီးသောပြည်၊ အခြားတပါးသောပြည်သို့ သိမ်းသွားလျှင်၎င်း၊
47 Na kama watatambua kuwa wako katika nchi ya utumwa, na kama watatubu na kuomba neema kwako kutokea katika nchi ya watekaji. Na kama watasema, 'tumetenda kwa ukaidi na tumefanya dhambi. Tumetenda kwa uovu.'
၄၇ထိုပြည်၌ အချုပ်ခံစဉ်၊ သူတို့သည် သတိရ၍၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ မဖြောင့်သောအမှု၊ ဆိုး ညစ်သောအမှုကို ပြုမိပါပြီဟု စိတ်ပြောင်းလဲ၍ တောင်းပန်သဖြင့်၊
48 Na kama watarudi kwako kwa mioyo yao yote na kwa roho zao zote katika chi ya maadui ambao wanawakamata, na kama watakuomba wewe kuelekea nchi yao, ambayo uliwapa mababu zao, na kuelekea katika mji uliouchagua, nakuelekea kaika nyumba ambayo nimeijenga kwa jina lako.
၄၈သိမ်းသွားသော ရန်သူတို့၏ ပြည်၌နေစဉ်၊ စိတ်နှလုံးအကြွင်းမဲ့ အထံတော်သို့ ပြန်လာ၍၊ ဘိုးဘေးတို့ အား ပေးတော်မူသောပြည်၊ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆိုတောင်းလျှင်၎င်း၊
49 Basi usikie maombi yao, na dua zao tokea mbinguni, mahali unapoishi, na ukaitetee haki yao.
၄၉သူတို့ဆုတောင်းပဌနာပြုသော စကားကို ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌နားထောင်၍ သူတို့ အမှုကို စောင့်တော်မူပါ။
50 Wasamehe watu wako waliotenda dhambi dhidi yako, na dhambi zao zote ambazo kwazo wamekukosea wewe dhidi ya amri zako. Uwahurumie mbele ya maadui zao ambao waliwachukua mateka, ili kwamba maadui zao pia wawahurumie watu wako.
၅၀ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကိုပြစ်မှား သော်လည်း၊ ကိုယ်တော်ကို ပြစ်မှားလွန်ကျူးခြင်းအပြစ် အလုံးစုံတို့ကို ဖြေရှင်းတော်မူပါ။ သိမ်းသွားသော သူတို့သည် ကိုယ်တော်၏လူတို့ကို သနားစေခြင်းငှါ၊ ကရုဏာ စိတ်သဘောကို ပေးတော်မူပါ။
51 Hawa ni watu wako uliowachagau, ambao uliwaokoa toka nchi ya Misri kama kwamba walikuwa katikati ya tanuru amabamo vyuma huyeyushwa.
၅၁အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည်၏ သံမီးဖိုထဲကနှုတ်ယူတော်မူသော ကိုယ်တော်၏လူ၊ အမွေခံရတော်မူသော အမျိုးဖြစ်ပါ၏။
52 Naomba kwamba macho yako yatazame dua za mtumishi wako na kwa dua za watu wako Issraeli, ili uwasike kila wanapokulilia.
၅၂ကိုယ်တော်၏ ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသရေလအမျိုးသား ဆုတောင်းပဌနာပြုသော စကား အလုံးစုံတို့ကို နားထောင်ခြင်းငှါ ကြည့်ရှုမှတ်ယူ တော်မူပါ။
53 Kwa kuwa uliwatenga toka kwa watu wengine wa duniani ili wawe wako nakupokea ahadi zako, kama vile ulivyomwambia Musa mtumishi wako, wakati ulipowatoa babazetu toka Misri, BWANA.”
၅၃အကြောင်းမူကား၊ အကျွန်ုပ်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသောအခါ၊ ကိုယ်တော်၏ ကျွန်မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို ကိုယ်တော်အမွေခံရာဖြစ်စေ ခြင်းငှါ၊ မြေကြီးသားအမျိုးမျိုးထဲက ရွေးနှုတ်ခွဲထားတော်မူ ပြီအရှင် ထာဝရဘုရားဟု ပဌနာပြုလေ၏။
54 Kwa hiyo ilitokea wakati Sulemaeni alipomaliza kuomba maombi haya na dua zake kwa BWANA, aliamka toka madhabahu ya BWANA, pale alipokuwa amepiga magoti na mikono yake ikiwa imenyoshwa kuelekea mbinguni.
၅၄ထိုသို့ရှောလမုန်သည် ထာဝရဘုရား ရှေ့တော်၌ ဆုတောင်းပဌနာပြု၍ ပြီးသောအခါ၊ ထာဝရဘုရား၏ ယဇ်ပလ္လင်ရှေ့မှာ ဒူးထောက်လျက်၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက်နေရာမှထ၍၊
55 Alisimama na kuubariki mkutano wote wa Israeli kwa sauti kuu, alisema,
၅၅မတ်တတ်နေပြီးလျှင်၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို ကျယ်သောအသံနှင့် ကောင်းကြီးပေးသော စကားဟူမူကား၊
56 “Asifiwe BWANA, aliywapatia pumziko watu hawa Israeli, akitunza ahadi zake zote. Hakuna hata moja ambayo haijatekelezwa katika ahadi njema za BWANA ambazo aliahidi akiwa na Musa mtumishi wake.
၅၆ဂတိတော်ရှိသမျှအတိုင်း မိမိလူ ဣသရေလအမျိုးကို ငြိမ်ဝပ်စေခြင်းငှါ စီရင်တော်မူသော ထာဝရ ဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ မိမိကျွန် မောရှေအားဖြင့် ထားတော်မူသော ဂတိတော်ကောင်း တခွန်းမျှမပျက်၊
57 BWANA, mungu wetu awe pamoja nasi, kama alivyokuwa pamoja na mababu zetu. Asituache wala kututelekeza,
၅၇ငါတို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့ ဘိုးဘေးများနှင့်အတူ ရှိတော်မူသည်နည်းတူ ငါတို့နှင့် အတူ ရှိတော်မူပါစေသော။ ငါတို့ကို အလျှင်းစွန့်ပစ်တော် မမူပါစေနှင့်။
58 kwamba aunganishe mioyo yetu na yeye, ili tuishi katika njia zake na kuzishika amri zake na taratibu zake na maagizo yake, ambayo aliwaagiza baba zetu.
၅၈လမ်းတော်တို့သို့ လိုက်စေခြင်းငှါ၎င်း၊ ဘိုးဘေးတို့အား မှာထားတော်မူသော စီရင်ထုံးဖွဲ့ချက်ပညတ် တရားတို့ကို စောင့်ရှောက်စေခြင်းငှါ၎င်း၊ ငါတို့စိတ်နှလုံးကို အထံတော်သို့ သွေးဆောင်တော်မူပါစေသော။
59 Na maeneo haya ambayo nimesema, ambayo nimesihi mbele ya BWANA, yawe karibu n a BWANA, Mungu wetu usiku na mchana, ili kwamba awasadie katika haki za mtumishi wake na haki za watu wake Israeli, kama watakavyoomba kila siku;
၅၉ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို၎င်း၊ အခြားတပါးသော ဘုရားသခင်မရှိ ကြောင်းကို၎င်း၊ မြေကြီးသားအပေါင်းတို့သည် သိကြမည်အကြောင်း ငါတို့ဘုရားသခင် ထာဝရဘုရားသည် မိမိ ကျွန်နှင့် မိမိလူဣသရေလအမျိုးသားတို့၏အမှုကို စောင့်စရာအကြောင်း ရှိသည်အတိုင်း၊ အစဉ်စောင့်တော် မူစေခြင်းငှါ ထာဝရဘုရားရှေ့တော်၌ ငါဆုတောင်းသော ဤပဌနာစကားသည် နေ့ညဉ့်မပြတ် အနီးတော်၌ ရှိပါ စေသော။
60 kwamba watu wote duniani wajue kwamba BWANA, ndiye Mungu, na hakuna Mungu mwingine!
၆၀
61 Kwa hiyo ifanyeni mioyo yenu iwe ya haki mbele ya BWANA. Mungu wetu, ili tutembee katika maagizo na kuzishika amri zake, kama ilivyo leo.
၆၁သင်တို့သည် ယနေ့ကျင့်သကဲ့သို့၊ ငါတို့ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသော လမ်းသို့လိုက်၍ ပညတ်တရားတော်ကို စောင့်ရှောက်ခြင်းငှါ၊ အထံတော်၌ စိတ်နှလုံးစုံလင်ပါစေသောဟု မြွက်ဆိုလေ၏။
62 Kwa hiyo mfalme na watu wote pamoja naye wakatoa sadaka kwa BWANA.
၆၂ထိုအခါ ရှောလမုန်မင်းကြီးနှင့်တကွ ဣသ ရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား ရှေ့တော်၌ ယဇ်ပူဇော်ကြ၏။
63 Sulemani akatoa sadaka ya amani, ambayo aliifanya kwa BWANA: Nayo ilikuwa makisai elfu ishirini na mbili, na kondoo 120, 000. Kwa hiyo mfalme na watu wa Israeli wakaiweka wakfu nyumba ya BWANA.
၆၃နွားနှစ်သောင်းနှစ်ထောင်၊ သိုးတသိန်း နှစ်သောင်းတို့ကို ထာဝရဘုရားအား မိဿဟာယ ယဇ် ပူဇော်သဖြင့်၊ ထာဝရဘုရား၏အိမ်တော်ကို အနု မောဒနာပြုကြ၏။
64 Siku hiyo mfalme aliweka wakfu behewa ya katikati mbele ya hekalu la BWANA, kwa kuwa pale ndipo alipotoa sadaka za kuteketezwa, sadaka za unga, na sadaka za mafuta ya amani, kwa sababu ile madhabahu ya shaba iliyokuwa mbele ya BWANA ilikuwa ndogo sana kwa sadaka za kuteketezwa, sadaka za unga, na mafuta ya sadaka za amani.
၆၄ထိုနေ့၌လည်း၊ ရှင်ဘုရင်သည် ထာဝရဘုရား၏ အိမ်တော်ရှေ့မှာရှိသော တန်တိုင်းအတွင်း အရပ်ကို သန့်ရှင်းစေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ မိဿဟာယယဇ်ကောင်ဆီဥကို ပူဇော်၏။ အကြောင်းမူကား၊ ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ မိဿဟာယယဇ်ကောင်ဆီဥကို မခံလောက်။
65 Kwa hiyo Sulemani akafanya sherehe wakati huo, Nayo Israeli yote pamoja naye, mkutano mkubwa, kutoka Lebo Hamathi hadi kijito cha Misri, wakaja mbele ya BWANA, Mungu wetu kwa muda wa siku saba na pia kwa siku saba zingine, ambayo jumla yake ni siku kumi na nne.
၆၅ထိုအခါ ရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝမှစ၍ အဲဂုတ္တု မြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်ကလာကြသော ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ၊ ငါတို့ဘုရား သခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်နှစ်လီ၊ တဆယ် လေးရက်ပတ်လုံး ပွဲခံတော်မူ၏။
66 Na ilipofika siku ya nane aliwatawanya watu, nao wakambariki mfalme kisha wakaenda nyumbani kwao kwa furaha na mioyo ya shangwe kwa wema wote ambao BWANA alimwonyesha Daudi, mtumishi wake, na kwa watu wake, Israeli.
၆၆ရှစ်ရက်မြောက်သောနေ့၌ လူများတို့ကို လွှတ်လိုက်တော်မူ၏။ သူတို့သည် ရှင်ဘုရင်ကို ကောင်းကြီး ပေးလျက်၊ ထာဝရဘုရားသည် မိမိကျွန်ဒါဝိဒ်နှင့် မိမိလူ ဣသရေလအမျိုးသားတို့၌ ပြုတော်မူသမျှသော ကျေးဇူး တော်ကြောင့်၊ ဝမ်းမြောက်ရွှင်လန်းလျက် မိမိတို့နေရာသို့ ပြန်သွားကြ၏။