< 1 Nyakati 5 >

1 Wana wa Rubeni mzaliwa wa kwanza wa Israeli - sasa Rubeni alikuwa mzaliwa wa kwanza wa Israeli, lakini haki yake ya mzaliwa wa kwanza ilipewa kwa wana wa Yusufu mwana wa Israeli kwa sababu Rubeni alinajisi kochi la baba yake. Hivyo hajanakiliwa kama mwana wa kwanza.
ရုဗင် သည် ဣသရေလ ၏ သားဦး ဖြစ်သော်လည်း ၊ အဘ အိပ်ရာ ကို ညစ်ညူး စေသောကြောင့် ၊ သားဦးအရာကိုနှုတ်ပြီးလျှင်၊ ဣသရေလ ၏သား ဖြစ်သော ယောသပ် ၏ သား တို့အား ပေး သည်ဖြစ်၍၊ သားစဉ် မြေးဆက်တို့ကို မှတ်သောအခါ၊ သားဦး အရာကို လိုက် ၍ မ မှတ်ရ။
2 Yuda alikuwa mwenye nguvu kuliko kaka zake, na kiongozi ata toka kwake. Lakini haki ya mzaliwa wa kwanza ilikuwa ya Yusufu -
ယုဒ သည်လည်း ညီအစ်ကို တို့တွင် လွန်ကဲ ၍ သူ ၏အမျိုးထဲက မင်း ဖြစ်တတ်သော်လည်း၊ သားဦး အရာ ကိုမရ၊ ယောသပ် ရ၏။
3 wana wa Rubeni, mzaliwa wa kwanza wa Israeli alikuwa Hanoki, Palu, Hezroni, na Karmi.
ဣသရေလ ၏ သားဦး ရုဗင် သား ကား ဟာနုတ် ၊ ဖာလု ၊ ဟေဇရုံ ၊ ကာမိ တည်း။
4 Uzao wa Yoeli ulikuwa huu: Mwana wa Yoeli alikuwa Shemaia. Mwana wa Shemaia alikuwa Gogi. Mwana wa Gogi alikuwa Shimei.
ယောလ သား ကား ရှေမာယ ၊ ရှေမာယသား ဂေါဂ ၊ ဂေါဂသား ရှေမိ၊
5 Mwana wa Shimei alikuwa Mika. Mwana wa Mika alikuwa Reaia. Mwana wa Reaia alikuwa Baali.
ရှေမိသား မိက္ခ ၊ မိက္ခသား ရာယ ၊ ရာယသား ဗာလ တည်း။
6 Mwana wa Baali alikuwa Bera, ambaye Tiligathi Pileseri alimpeleka matekani kule Assiria. Bera alikuwa kiongozi katika kabila la Rubeni.
ဗာလသား ကား၊ အာရှုရိ ရှင်ဘုရင် တိဂလတ်ပိလေသာ သိမ်း သွားသော ရုဗင် အမျိုး မင်း ဗေရာ တည်း။
7 Ndugu wa Bera kwa makabila yao ni hawa wafuatao, wameorodheshwa katika nakala za uzao wao: Yeieli wa kwanza, Zekaria, na
သူ ၏ညီ ယေယေလ နှင့် ဇာခရိ တို့သည်လည်း၊ သားစဉ် မြေးဆက်စာရင်း ယူသောအခါ အဆွေအမျိုး သူကြီး ဖြစ်သတည်း။
8 Bela mwana wa Azazi mwana wa Shema mwana wa Yoeli. Waliishi Aroeri, kwa umbali wa Nebo na Baali Meoni,
ထိုအတူ ယောလ ၊ ရှေမ ၊ အာဇတ် တို့မှ ဆင်းသက် သော ဗေလ သည်လည်း မင်းဖြစ်လျက်၊ အာရော် မြို့ မှစ၍နေဗော မြို့၊ ဗာလမောင် မြို့တိုင်အောင် နေရာ ကျယ်၏။
9 na mwanzo wa mashariki mwa jangwa lenye umbali wa hadi Mto Efarati. Hii ni kwa sababu walikuwa na mifugo mingi katika nchi ya Gileadi.
ဂိလဒ် ပြည် ၌ သိုး နွားများပြား သောကြောင့် ၊ အရှေ့ မျက်နှာ၌ ဥဖရတ် မြစ် နှင့်ဆိုင်သော တော ဝင်ဝ တိုင်အောင် နေရာ ကျယ်၏။
10 Katika siku za Sauli, kabila la Rubeni lilishambulia Wahagiri na kuwa shinda. Wakaishi ndani ya hema za Wahagiri katika nchi yote mashariki mwa Gileadi.
၁၀ရှောလု မင်းလက်ထက် ဟာဂရ အမျိုးသားတို့ကို စစ်တိုက်၍ လုပ်ကြံသဖြင့်၊ ဂိလဒ် ပြည်အရှေ့ ပိုင်း တရှောက် လုံးတွင် ဟာဂရ၏နေရာကို ယူ၍ နေရာ ကျကြ ၏။
11 Kabila la Gadi liliishi karibu nao, katika nchi ya Bashani umbali wa Saleka.
၁၁သူ တို့တဘက် တချက်၊ ဗာရှန် ပြည် တွင် သလကာ မြို့တိုင်အောင် ဂဒ် အမျိုးသား တို့သည် နေရာ ကျကြ၏။
12 Viongozi wao walikuwa Yoeli, aliyekuwa kichwa wa ukoo, na Shafamu alikuwa kichwa wa ukoo mwingine, na Yanai na Shafati walikuwa wa Bashani.
၁၂ဗာရှန် ပြည်၌ အကြီးအကဲ ကား ယောလ ၊ ထိုနောက် ရှာဖံ ၊ ယာနဲ ၊ ရှာဖတ် တည်း။
13 Ndugu zao, kwa familia za baba yao, walikuwa Mikaeli, Meshulamu, Sheba, Yorai, Yakani, na Eberi - jumla saba wote.
၁၃သူ တို့အဆွေအမျိုး ချင်း ပေါက်ဘော် တော်သော သူကားမိက္ခေလ ၊ မေရှုလံ ၊ ရှေဘ ၊ ယောရဲ ၊ ယာခန် ၊ ဇယာ ၊ ယေဗာ ၊ ပေါင်းခုနစ် ယောက်တည်း။
14 Hawa watu walio tajwa hapo juu ni uzao wa Abihaili, na Abihaili alikuwa mwana wa Huri. Huri alikuwa mwana w a Yaroa. Yaroa alikuwa mwana wa Gileadi. Gileadi alikuwa mwana wa Mikaeli. Mikaeli alikuwa mwana wa Yeshishai. Yeshishai alikuwa mwana wa Yado. Yado alikuwa mwana wa Buzi.
၁၄
15 Ahi mwana wa Abidieli mwana wa Guni, alikuwa kichwa cha familia ya baba yake.
၁၅ထိုသူတို့သည် ဂုနိ ၊ အာဗဒျေလ ၊ ဗုဇာ ဟိ ၊ ယာဒေါ ၊ ယေရှိရှဲ ၊ မိက္ခေလ ၊ ဂိလဒ် ၊ ယာရော် ၊ ဟုရိ ၊ အဘိဟဲလ အမျိုးအနွယ် ဖြစ်သတည်း။ ဂုနိကား ထိုအဆွေ အမျိုး၏ သူကြီး ဖြစ်၏။
16 Waliishi Gileadi, Bashani, katika miji, na katika nchi zote za malisho ya Sharoni kwa umbali wa mipaka yake.
၁၆သူတို့သည် ဂိလဒ် ပြည်၊ ဗာရှန် ပြည်မြို့ ရွာ၊ ရှာရုန် မြို့ပတ်လည်ပြည်စွန်း တိုင်အောင် နေရာ ကျကြ၏။
17 Hawa wote waliorodheshwa katika nakaka za uzao katika siku za Yothamu mfalme wa Yuda na Yeroboamu mfalme wa Israeli.
၁၇ဤသူ အပေါင်း တို့သည် ယုဒ ရှင်ဘုရင် ယောသံ နှင့် ဣသရေလ ရှင်ဘုရင် ယေရောဗောင် လက်ထက် သားစဉ် မြေးဆက်စာရင်းဝင်ကြ၏။
18 Warubeni, Wagadi, na nusu ya kabila la Manase walikuwa na wana jeshi elfu arobaini na nne walio fuzu kwa vita, walio beba ngao na upanga, na pinde na mishale.
၁၈ရုဗင် အမျိုး ၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် တွင် ဒိုင်း နှင့် ထား ကို ကိုင် ၍ လေး နှင့် ပစ်တတ်သဖြင့်၊ စစ်မှု စစ်ရေးကိုလေ့ကျက် ၍ စစ်ချီတတ်သော စစ်သူရဲ ပေါင်း ကား၊ လေးသောင်း လေးထောင်ခုနစ် ရာ ခြောက် ဆယ်တည်း။
19 Waliwashambulia Wahagri, Yeturi, Nafishi, na Nodabu.
၁၉ထိုသူတို့သည် ဟာဂရ အမျိုးသားတည်းဟူသော ယေတုရ ၊ နာဖိရှ ၊ နောဒပ် အမျိုးသားတို့နှင့် စစ် တိုက် ကြ၏။
20 Walipokea msaada wa Kimungu dhidi yao. Katika hili Wahagri na wote walio kuwa nao walishindwa. Hii ni kwa sababu Waisraeli walipaza sauti katika vita, na yeye akawajibu, kwa sababu waliweka tumaini lao kwake.
၂၀စစ်တိုက် သောအခါ ဘုရားသခင် ကို ကိုးစား ၍ ဆုတောင်း သောကြောင့် ၊ ဘုရားသခင် မစ တော်မူ ခြင်းကျေးဇူးအားဖြင့်၊ ဟာဂရ လူတို့နှင့် သူ တို့ဥစ္စာ ရှိသမျှ ကိုရ ကြ၏။
21 Walikamata wanya wao, pamoja na ngamia elfu hamsini, kondoo 250, 000, punda elfu mbili, na wanaume 100, 000.
၂၁ကုလားအုပ် ငါးထောင်၊ သိုး နှစ်သိန်း ငါးသောင်း၊ မြည်း နှစ် ထောင်၊ လူ တသိန်း တို့ကိုသိမ်းယူ ကြ၏။
22 Kwa sababu Mungu aliwapigania, waliua maadui wengi. Waliishi katika nchi yao mpaka mateka.
၂၂ဘုရားသခင့် အခွင့်နှင့် စစ်တိုက် သောကြောင့် ၊ ရန်သူအများ တို့သည် လဲ သေ ကြ၏။ ဣသရေလလူတို့ သည် သိမ်းသွား ခြင်းအမှုမ ရောက်မှီတိုင်အောင်၊ ဟာဂရ လူတို့နေရာ ၌ နေရာ ကျကြ၏။
23 Baadhi ya watu wa kabila la Manase waliishi katika nchi ya Bashani kwa umbali wa Hermoni na Seniri (hiyo ni, Mlima Hermoni).
၂၃မနာရှေ အမျိုး တဝက် သည်၊ ထိုပြည် တွင် ဗာရှန် မြို့မှစ၍ ဗာလဟေရမုန် မြို့၊ စနိရ မြို့၊ ဟေရမုန် တောင် တိုင်အောင်ပွားများ လျက်နေ၏။
24 Hawa walikuwa viongozi wa familia zao: Eferi, Ishi, Elieli, Azrieli, Yeremia, Hodavia, na Yahdieli. Walikuwa wenye nguvu na wanaume wa jasiri, wanaume maharufu, viongozi wa familia zao.
၂၄အဆွေအမျိုး သူကြီး များဟူမူကား ၊ ခွန်အား ကြီး ၍ ကျော်စောသော စစ် သူရဲဧဖာ ၊ ဣရှိ ၊ ဧလျေလ ၊ အာဇရေလ ၊ ယေရမိ ၊ ဟောဒဝိ ၊ ယာဒျေလ တည်း။
25 Lakini walikuwa sio wa aminifu kwa Mungu wa babu zao. Badala yake, waliabudu miungu ya watu waio nchi, ambao Mungu aliwaangamiza mbele yao.
၂၅သို့ရာတွင် ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် သည် ဘိုးဘေး တို့၏ ဘုရားသခင် ကို ပြစ်မှား ၍ ၊ မိမိ တို့ရှေ့ မှာ ဘုရားသခင် ဖျက်ဆီး တော်မူသော ပြည်သား တို့ ဘုရား များနှင့် မှားယွင်း ကြ၏။
26 Mungu wa Israeli alimchochea Puli mfalme wa Assiria ( ambaye pia uitwa Tiligathi Pileseri, mfalme wa Assiria). Aliwa peleka matekani Warubeni, Wagadi, na nusu ya kabila la Manase. Aliwaleta kwa Hala, Habori, Hara, na kwenye mto wa Gozani, ambapo wapo adi leo.
၂၆သို့ဖြစ်၍ ဣသရေလ အမျိုး၏ ဘုရားသခင် သည် အာရှုရိ ရှင်ဘုရင် ပုလ နှင့် ရှင်ဘုရင် တိဂလတ်ပိလေသာ စိတ် ကို နှိုးဆော် တော်မူသဖြင့် ၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန် မြစ် နား၊ ဟေလ မြို့၊ ဟာဗော် မြို့၊ ဟာရ မြို့သို့ သိမ်း သွား၍ ယနေ့ တိုင်အောင် နေရာချထား၏။

< 1 Nyakati 5 >