< 1 Nyakati 23 >

1 Daudi alipo kuwa mzee na kukaribia mwisho wa maisha yake, alimfanya Sulemani mwanae mfalme juu ya Israeli.
ဒါဝိဒ် မင်းသည် အသက် ကြီး၍ ကာလ ပြည့်စုံ ရာ အချိန်ရောက်သောအခါ၊ သား တော်ရှောလမုန် ကို ဣသရေလ ရှင် ဘုရင်အရာ၌ ခန့်ထား၍၊
2 Aliwakusanya pamoja viongozi wote wa Israeli, na makuhani na Walawi.
ဣသရေလ မင်း ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား အပေါင်း တို့ကို စုဝေး စေတော်မူ၏။
3 Walawi walio kuwa miaka thelathini na zaidi walihesabiwa. Idadi ya elfu thelathini na nane.
လေဝိ သားတို့တွင် အသက် သုံး ဆယ် လွန် ၍ စာရင်းဝင် သော ယောက်ျား ပေါင်းကား၊ သုံးသောင်း ရှစ်ထောင်တည်း။
4 Kwa hawa, elfu ishirini na nne walikuwa kusimamia kazi ya nyumba ya Yahweh, na elfu sita walikuwa maaskari na waamuzi.
ထို သူတို့တွင် နှစ်သောင်း လေးထောင်တို့သည် ထာဝရဘုရား ၏ အိမ် တော်အမှု ကို ဆောင်ရွက် ရကြ၏။ ခြောက် ထောင် တို့သည် အရာရှိ ၊ တရားသူကြီး လုပ်ရကြ ၏။
5 Elfu nne walikuwa walinzi wa lango, na elfu nne walikuwa wamsifu Yahweh na vyombo nilivyo vitengeneza vya kusifu.” Daudi akasema.
လေး ထောင် တို့သည် တံခါး ကိုစောင့်ရကြ၏။ လေး ထောင် တို့သည် ဂုဏ် တော်ကို ချီးမွမ်းစရာတုရိယာ တို့နှင့် ထာဝရဘုရား ၏ဂုဏ် တော်ကို ချီးမွမ်းရကြ၏။
6 Akawatenganisha kwenye vikundi kulingana na wana wa Levi: Gerishoni, Kohathi, na Merari.
လေဝိ သား ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ အမျိုး အသီးအသီးတို့ကို ဒါဝိဒ် ခွဲထား ၍ တမျိုး တခြားစီသင်းဖွဲ့စေ၏။
7 Kwa koo za uzao wa Gerishoni, kulilkuwa na Ladani na Shimei.
ဂေရရှုံ အမျိုးသားကား၊ လာဒန် နှင့် ရှိမိ တည်း။
8 Palikuwa na watatu wa wana wa Ladani: Yehieli kiongozi, Zethami, na Yoeli.
လာဒန် သား အကြီး ကား၊ ယေဟေလ ၊ သူ၏ညီ ဇေသံ နှင့် ယောလ ၊ ပေါင်းသုံး ယောက်တည်း။
9 Palikuwa na watatu wa wana wa Shimei: Shelomothi, Hazieli, na Harani. Hawa walikuwa viongozi wa koo ya Ladani.
ရှိမိ သား ကား ရှေလောမိတ် ၊ ဟာဇေလ ၊ ဟာရန် ၊ ပေါင်းသုံး ယောက်တည်း။ ဤ သူတို့သည်လာဒန် အဆွေအမျိုး သူကြီးဖြစ်ကြ၏။
10 Palikuwa na wanne wa wana wa Shimei: Yahathi, Ziza, Yeushi, na Beria.
၁၀ရှိမိ သား ကား ယာဟတ် ၊ ဇိဇ ၊ ယုရှ ၊ ဗေရိ ၊ ပေါင်း လေး ယောက်တည်း။
11 Yahathi alikuwa mkubwa, Ziza wapili, lakini Yeushi na Beria hawakuwa na wana wengi, hivyo walihesabiwa kama ukoo mmoja na kupangiwa kazi sawa.
၁၁ယာဟတ် ကားအကြီး ဖြစ် ၏။ ဇိဇ ကား ဒုတိယ အရာကို ရ၏။ ယုရှ နှင့် ဗေရိ ၌ကား သား များစွာ မ ရှိ။ သို့ဖြစ်၍ အဆွေအမျိုး အလိုက် စာရင်း တခုတည်း ၌ ပေါင်းကြ၏။
12 Palikuwa na wanne wa wana wa Kohathi: Amramu, Izhari, Hebroni, na Uzieli.
၁၂ကောဟတ် သား ကားအာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ ၊ ပေါင်းလေး ယောက်တည်း။
13 Hawa walikuwa wana wa Amramu: Aruni na Musa. Aruni alichaguliwa kuandaa vitu vitakatifu, yeye na uzao wake watatoa uvumba kwa Yahweh, kumtumikia na kumpa baraka kwa jina lake.
၁၃အာမရံ သား ကား အာရုန် နှင့် မောရှေ တည်း။ အာရုန် နှင့်သားစဉ် မြေးဆက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ နံ့သာပေါင်း ကိုမီးရှို့ခြင်း၊ အမှု တော်ကို ဆောင်ရွက်ခြင်း၊ နာမ တော်ကိုမြွက်၍ အစဉ် ကောင်းကြီး ပေးခြင်းအမှုကို ပြုရမည်အကြောင်း၊ အလွန် သန့်ရှင်းသောအရာတို့ကို သန့်ရှင်း စေခြင်းငှါ အခြားသူတို့နှင့် ခွဲထား သောသူဖြစ်ကြ၏။
14 Lakini kwa Musa mtu wa Mungu, wana wake walihesabiwa kuwa Walawi.
၁၄ဘုရားသခင့် လူ မောရှေ ၏သား ကိုကား၊ လေဝိ အမျိုးသား တို့၏ စာရင်း ၌သွင်းရ၏။
15 Wana wa Musa walikuwa Gerishomu na Eliezeri.
၁၅မောရှေ သား ကားဂေရရှုံ နှင့် ဧလျေဇာတည်း။
16 Uzao wa Gerishomu ulikuwa Shebueli mkubwa.
၁၆ဂေရရှုံ သား တို့တွင်၊ ရှေဗွေလ သည် အကြီး ဖြစ်၏။
17 Uzao wa Eliezeri alikuwa Rehabia. Eliezeri hakuwa na wana wengine, lakini Rehabia alikuwa na uzao mkubwa.
၁၇ဧလျေဇာ သား အကြီး ရေဟဘိ တယောက်တည်းရှိ ၏။ ရေဟဘိ ၌ကား သား အလွန် များ၏။
18 Mwana wa Izihari alikuwa Shelomithi kiongonzi.
၁၈ဣဇဟာ သား အကြီး ကားရှေလောမိတ်၊
19 Uzao wa Hebroni ulikuwa Yeria, mkubwa, Amaria wapili, Yahazieli watatu, na Yekameamu wanne.
၁၉ဟေဗြုန် သား အကြီး ကားယေရိ ၊ ဒုတိယ သား အာမရိ ၊ တတိယ သားယဟာဇေလ ၊ စတုတ္ထ သားယေကမံ၊
20 Wana wa Uzieli walikuwa Mika mkubwa, na Ishia wapili.
၂၀ဩဇေလ သား အကြီး ကားမိက္ခါ ၊ ဒုတိယ သား ယေရှိ တည်း။
21 Wana wa Merari walikuwa Mahili na Mushi. Wana wa Mahili walikuwa Eleazari na Kishi.
၂၁မေရာရိ သား ကားမဟာလိ နှင့် မုရှိ တည်း။ မဟာလိ သား ကား ဧလာဇာ နှင့် ကိရှ တည်း။
22 Eleazari alikufa bila mtoto wa kiume. Alikuwa na mabinti tu. Wana wa Kishi waliwaoa.
၂၂ဧလာဇာ သည်သား မ ရှိ။ သမီး သက်သက် ရှိ၍ သေ ၏။ သူ့သမီးတို့နှင့်သူ့ညီ ကိရှ သား တို့သည် စုံဘက် ကြ၏။
23 Wana wa Mushi watatu walikuwa Mahili, Ederi, na Yeremothi.
၂၃မုရှိ သား ကား မဟာလိ ၊ ဧဒါ ၊ ယေရိမုတ် ၊ ပေါင်း သုံး ယောက်တည်း။
24 Hawa walikuwa uzao wa Lawi kuligana na koo zao. Walikuwa viongozi, wamehesabiwa na kuorodheshwa kwa majina, kuanzia koo zilizo fanya kazi katika nyumba ya Yahweh, kutoka miaka ishirini na zaidi.
၂၄ဤရွေ့ကား အသက် နှစ် ဆယ်လွန် ၍ ထာဝရဘုရား ၏ အိမ် တော်အမှု ကို ဆောင်ရွက် ရသောလေဝိ အမျိုးသား အဆွေအမျိုး အလိုက် စာရင်း ဝင်သော အဆွေအမျိုး သူကြီးဖြစ်သတည်း။
25 Kwa kuwa Daudi alisema, “Yahweh, Mungu wa Israeli, amewapa pumziko watu wake. Anafanya makao yake Yerusalemu milele.
၂၅ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် မိမိ လူမျိုး အား ငြိမ်ဝပ် သောအခွင့်ကိုပေး၍ ကိုယ်တော်တိုင် ယေရုရှလင် မြို့၌ အစဉ် နေ တော်မူသောကြောင့်၊
26 Walawi hawataitaji kubeba hema la kuabuadia na vifaa vyake vinavyo tumika kwenye utumishi wake.”
၂၆လေဝိ သားတို့သည် တဲ တော်နှင့် တဲ တော်အမှု ဆောင်ရွက်ရာ တန်ဆာ များကို နောက်တဖန်မ ထမ်း ရဟု ဒါဝိဒ် မိန့် တော်မူ၏။
27 Kwa maneno ya Daudi ya mwisho Walawi walihesabiwa, miaka ishirini na kuendelea.
၂၇နောက်ဆုံး အမိန့် တော်အတိုင်း ၊ အသက် နှစ် ဆယ်လွန် သော လေဝိ သား တို့ကို စာရင်း ယူရ၏။
28 Wajibu wao ulikuwa kuwasaidia wazao wa Aruni katika utumishi wa nyumba ya Yahweh. Walikuwa washughulikie nyuani, vyumbani, utakasaji wa vitu vyote vya Yahweh, na kazi zingine katika utumishi wa nyumba ya Mungu.
၂၈အကြောင်း မူကား၊ လေဝိသားတို့သည် အာရုန် သား တို့၏လက်ထောက် ဖြစ်သည်နှင့်အညီ ၊ သန့်ရှင်း သောအရာရှိသမျှ တို့ ကို စင်ကြယ် စေ၍၊ ထာဝရဘုရား ၏ အိမ် တော်နှင့်တန်တိုင်း များ၊ အခန်း များ၌ အမှု ကို ဆောင်ရွက် ရကြမည်။
29 Pia walishughulikia mkate wa uwepo, unga safi wa mbegu za sadaka, maandazi ya siotiwa chachu, sadaka za ngano, sadaka ziliochanganywa na mafuta, na vipimo vyote vya idadi n a ukubwa wa vitu.
၂၉ရှေ့ တော်မုန့်ကို၎င်း၊ ဘောဇဉ် ပူဇော်သက္ကာ မုန့်ညက် ကို၎င်း၊ တဆေးမဲ့ မုန့်ပြား ၊ သံပြား နှင့်ဖုတ်သော မုန့်၊ မုန့်ဆီကြော် ကို၎င်းလုပ်၍ ဘုရားသခင် ၏ အိမ် တော် အမှု ကိုလည်း ဆောင်ရွက် ရကြမည်။ တိုင်းထွာ ၊ ချိန်တွယ်၊ ခြင်တွက် ခြင်းအမှုအမျိုးမျိုး ကိုလည်း စီရင်ရကြမည်။
30 Pia walisimama kila asubui kumshukuru na kumsifu Yahweh. Pia walifanya hivi jioni
၃၀နံနက် တိုင်း၊ ညဦး တိုင်းရပ် လျက်၊ ကျေးဇူး တော် ကြီးလှပါ၏ဟု ဝန်ခံ၍ ထာဝရဘုရား ၏ ဂုဏ် တော်ကိုလည်း ချီးမွမ်းရကြမည်။
31 na kila wakati sadaka ya kuteketezwa ilipo tolewa kwa Yahweh, siku ya Sabato na sherehe za mwezi mpya na siku za maakuli. Idadi iliyo pangwa, iliyo tolewa kwa amri, ilipaswa kuwa mbele ya Yahweh.
၃၁ပညတ်တရားတော်အတိုင်းဥပုသ် နေ့၊ လဆန်း နေ့၊ ဓမ္မ ပွဲနေ့၊ အစဉ်မပြတ် ထာဝရဘုရား ရှေ့ တော်၌ မီးရှို့ ရာ ယဇ်မျိုး တို့ကို ပူဇော် ရကြမည်။
32 Walikuwa viongozi wa hema la kukutania, patakatifu, na kuwasaidia ndugu zao wa uzao wa Aruni katika utumishi wa nyumba ya Yahweh.
၃၂ပရိသတ်စည်းဝေး ရာတဲ တော်ကို၎င်း ၊ သန့်ရှင်း ရာဌာနတော်ကို၎င်း၊ ထာဝရဘုရား အိမ် တော်၌ အမှု တော်ကို ဆောင်ရွက်သော ညီအစ်ကို အာရုန် သား တို့ကို၎င်း စောင့် ရကြမည်။

< 1 Nyakati 23 >