< Wimbo wa Sulemani 5 >

1 Nimekuja kwenye bustani yangu, dada yangu, bibi arusi wangu; nimekusanya manemane yangu pamoja na kikolezo changu. Nimekula sega langu la asali na asali yangu; nimekunywa divai yangu na maziwa yangu. Marafiki Kuleni, enyi marafiki, mnywe; kunyweni ya kutosha, ee wapenzi.
ငါ နှမ ၊ ငါ့ခင်ပွန်း ၊ ငါ့ ဥယျာဉ် ထဲ သို့ ငါဝင် လာပြီ။ ငါ့ မုရန် နှင့် နံ့သာမျိုး ကိုခံယူ ပြီ။ ငါ့ ပျားရည် နှင့် ပျားလပို့ ကို စား ရပြီ။ ငါ့ နို့ နှင့် စပျစ်ရည် ကိုသောက် ရပြီ။ ငါ့အဆွေ တို့၊ စား ကြလော့။ ငါ့မိတ်ဆွေ တို့၊ သောက် ကြ။ ဝ စွာ သောက်ကြလော့။
2 Nililala lakini moyo wangu ulikuwa macho. Sikiliza! Mpenzi wangu anabisha: “Nifungulie, dada yangu, mpenzi wangu, hua wangu, asiye na hitilafu. Kichwa changu kimeloa umande, na nywele zangu manyunyu ya usiku.”
ငါ သည် အိပ်ပျော် စဉ်၊ နှလုံး နိုး လျက်ရှိ၏။ ငါ ချစ် ရာ သခင်၏စကား သံပေ။ ငါ့ နှမ ၊ ငါ ချစ် သောအမိ၊ ငါ့ ချိုး ၊ ငါ ၏စုံလင် သူ၊ ငါ အား ဖွင့် ပါ။ ငါ့ ခေါင်း သည် နှင်း နှင့်၎င်း၊ ငါ့ ဆံပင် သည် ညဉ့် ၌ကျ တတ်သော နှင်းစက်များနှင့်၎င်း စို ပြီဟုဆိုလျက်၊ ခေါက် ၍နေတော်မူ၏။
3 Nimevua joho langu: je, ni lazima nivae tena? Nimenawa miguu yangu: je, ni lazima niichafue tena?
ကျွန်မ သည် အဝတ် ကိုချွတ် ပါပြီ။ အဘယ် ကြောင့် ဝတ် ပြန်ရမည်နည်း။ ခြေ ကိုလည်းဆေး ပါပြီ။ တဖန်ညစ် အောင် အဘယ် ကြောင့်ပြုရပါမည်နည်း။
4 Mpenzi wangu aliweka mkono wake kwenye tundu la komeo; moyo wangu ulianza kugonga kwa ajili yake.
ငါ ချစ် ရာသခင်သည် လက် တော်ကိုတံခါးပေါက် အထဲ သို့ သွင်း တော်မူသည်ဖြစ်၍ ၊ သူ့ ကိုချစ်သနားသောစိတ် အားကြီး သဖြင့်၊
5 Niliinuka kumfungulia mpenzi wangu, mikono yangu ikidondosha manemane, vidole vyangu vikitiririka manemane, penye vipini vya komeo.
ငါ ချစ် ရာသခင်အား တံခါးကိုဖွင့် အံ့သောငှါ ထ သောအခါ ၊ ငါ့ လက် မှမုရန် ဆီ၊ ငါ့ လက်ချောင်း တို့မှ ပကတိမုရန် ဆီသည် တံခါး ကျင်တိုက်ပေါ် မှာ စက်စက် ကျလေ၏။
6 Nilimfungulia mpenzi wangu, lakini mpenzi wangu alishaondoka; alikuwa amekwenda zake. Moyo wangu ulishuka kwa kuondoka kwake. Nilimtafuta lakini sikumpata. Nilimwita lakini hakunijibu.
ငါ ချစ် ရာသခင်အား ငါ ဖွင့် သည်ရှိသော်၊ ငါ ချစ် ရာ သခင်သည်ထွက် သွား နှင့်ပြီ။ စကား သံတော်ကို စေ့စေ့နားထောင်လျက်၊ သခင် ကိုငါရှာ သော်လည်း မ တွေ့။ ခေါ် သော်လည်း ထူး တော်မ မူ။
7 Walinzi walinikuta walipokuwa wakifanya zamu za ulinzi mjini. Walinipiga, wakanijeruhi, wakaninyangʼanya joho langu, hao walinzi wa kuta!
မြို့ တွင် လည် သော ကင်းစောင့် တို့သည် ငါ့ ကို တွေ့ သော်၊ နာကျင် စွာရိုက် ကြ၏။ မြို့ရိုး စောင့် တို့သည် ငါ့ မျက်နှာဖုံး ကို လု ယူကြ၏။
8 Enyi binti za Yerusalemu, ninawaagiza: kama mkimpata mpenzi wangu, mtamwambia nini? Mwambieni ninazimia kwa mapenzi.
အိုယေရုရှလင် မြို့သမီး တို့၊ သင် တို့သည် ငါ ချစ် ရာ သခင်ကိုတွေ့ လျှင် ၊ သူ့ကိုငါ ချစ် ၍ နာ နေကြောင်း ကို ကြား ပြောကြပါဟု၊ ငါ မှာထားတောင်းပန်ပါ၏။
9 Je, mpendwa wako ni bora kuliko wengine namna gani, wewe uliye mzuri kupita wanawake wote? Je, mpendwa wako ni mzuri kuliko wengine, namna gani, hata unatuagiza hivyo?
မိန်းမ တကာ တို့ထက် အဆင်း လှသောအစ်မ၊ သင် ချစ် ရာသခင်သည် အခြားတပါးသော ချစ်ရာသခင် ထက် အဘယ်သို့သာသနည်း။ အကျွန်ုပ် တို့ကို ထို သို့မှာ ထားတောင်းပန်ရမည်အကြောင်း ၊ သင် ချစ် ရာသခင်သည် အခြားတပါးသော ချစ် ရာသခင်ထက် အဘယ်သို့ သာသနည်း။
10 Mpenzi wangu anangʼaa, tena ni mwekundu, wa kuvutia miongoni mwa wanaume kumi elfu.
၁၀ငါ ချစ် ရာသခင်သည် ဖြူ သောအဆင်း၊ နီ သော အဆင်းနှင့် ပြည့်စုံ၍၊ လူတ သောင်းတို့တွင် အထွဋ် အမြတ်ဖြစ်တော်မူ၏။
11 Kichwa chake ni dhahabu safi kuliko zote, nywele zake ni za mawimbi na ni nyeusi kama kunguru.
၁၁ဦးခေါင်း တော်သည် ရွှေစင် နှင့်တူ၏။ ဆံပင် တော်သည် ထူထပ် ၍၊ ကျီး အဆင်းကဲ့သို့ နက် ၏။
12 Macho yake ni kama ya hua kandokando ya vijito vya maji, aliyeogeshwa kwenye maziwa, yaliyopangwa kama vito vya thamani.
၁၂မျက်စိ တော်တို့သည် နို့ ၌ ချိုး လျက် မြစ် ရေ ပေါ် မှာ ပုံ့ပုံ့ကြွကြွဝပ် သော ချိုး နှင့်တူ ကြ၏။
13 Mashavu yake ni kama matuta ya vikolezo yakitoa manukato. Midomo yake ni kama yungiyungi inayodondosha manemane.
၁၃ပါး တော်တို့သည် နံ့သာ တော၊ မွှေးကြိုင် သော ပန်း တောကဲ့သို့ ၎င်း နှုတ်ခမ်း တော်တို့သည် ပကတိမုရန် ဆီယို သော နှင်းပွင့် ကဲ့သို့၎င်း ဖြစ်ကြ၏။
14 Mikono yake ni fimbo za dhahabu iliyopambwa kwa krisolitho. Mwili wake ni kama pembe ya ndovu iliyongʼarishwa iliyopambwa na yakuti samawi.
၁၄လက် တော်တို့သည် မျက်ရွဲ စီ သောလက်စွပ် ကဲ့သို့၎င်း၊ ကိုယ် တော်သည် နီလာ ကျောက်ဖြင့် စီချယ် သော ဆင်စွယ် ဖြူ ကဲ့သို့၎င်း ဖြစ်၏။
15 Miguu yake ni nguzo za marmar zilizosimikwa katika vitako vya dhahabu safi. Sura yake ni kama Lebanoni, bora kama miti yake ya mierezi.
၁၅ခြေထောက် တော်တို့သည် ရွှေစင် ဘိနပ် ပေါ် ၌ တည် သော ကျောက်ဖြူ တိုင် နှင့်တူကြ၏။ မျက်နှာ တော် သည် လေဗနုန် တောင်ကဲ့သို့ ဖြစ်၍၊ အာရဇ် ပင်ကဲ့သို့ ထူးမြတ် ပေ၏။
16 Kinywa chake chenyewe ni utamu, kwa ujumla yeye ni wa kupendeza. Huyu ndiye mpenzi wangu, huyu ndiye rafiki yangu, ee binti za Yerusalemu.
၁၆နှုတ် တော်သည် အလွန်ချို ပေ၏။ တကိုယ်လုံး၌ ချစ်ဖွယ် သော ဂုဏ်တော်အပေါင်း တို့နှင့် ပြည့်စုံတော်မူ၏။ ယေရုရှလင် မြို့သမီး တို့၊ ဤ သူသည် ငါ ချစ် ရာသခင်၊ ငါ့ မိတ်ဆွေ ဖြစ်တော်မူသတည်း။

< Wimbo wa Sulemani 5 >