< Wimbo wa Sulemani 2 >

1 Mimi ni ua la Sharoni, yungiyungi ya bondeni.
ကျွန်မသည် ရှာရုန် အရပ်နှင်းဆီ ပွင့်၊ ကွင်းပြင် ၌ပေါက်သော နှင်းပွင့် မျှသာဖြစ်ပါ၏။
2 Kama yungiyungi katikati ya miiba ndivyo alivyo mpenzi wangu katikati ya wanawali.
ဆူး တောထဲမှာ နှင်းပွင့် ထင်သကဲ့သို့ ၊ ငါ ချစ် သောသတို့သမီးသည် လူမျိုးသမီး စုထဲမှာ ထင်ပေ၏။
3 Kama mti wa mtofaa miongoni mwa miti ya msituni ndivyo alivyo mpenzi wangu miongoni mwa wanaume vijana. Ninafurahia kuketi kivulini mwa mwanaume huyu, na tunda lake ni tamu kwangu.
တော ပင် စုထဲမှာ ရှောက်ချို ပင်ကဲ့သို့ ငါ ချစ် ရာ သခင်သည် လူမျိုးသား စုထဲမှာ ဖြစ်တော်မူ၏။ ငါသည် သူ ၏အရိပ် ဝယ် ပျော်မွေ့ နေထိုင် ၍ ၊ မြိန် စွာသော အသီး ကို စား ရ၏။
4 Amenichukua mpaka kwenye ukumbi wa karamu, na bendera ya huyu mwanaume juu yangu ni upendo.
ပွဲခံ ရာအိမ် သို့ ငါ့ ကိုဆောင်သွား ၍ ၊ မေတ္တာ တော်အလံ ကို ငါ့ အပေါ် မှာ မိုးတော်မူပြီ။
5 Nitie nguvu kwa zabibu kavu, niburudishe kwa matofaa, kwa maana ninazimia kwa mapenzi.
ငါ သည်ချစ်ခြင်း အားဖြင့်ကြင်နာ သည်ဖြစ်၍ ၊ ငါ့ ကိုစပျစ်သီးပျဉ် နှင့် အားဖြည့် ကြပါ။ ရှောက်ချို သီးကို ကျွေး၍ သက်သာ စေကြပါ။
6 Mkono wake wa kushoto uko chini ya kichwa changu, na mkono wake wa kuume unanikumbatia.
သင်၏ လက်ဝဲ လက်သည် ငါ့ ခေါင်း ကိုထောက်မလျက်၊ လက်ျာ လက်သည် ငါ့ ကိုဘက် လျက်နေတော်မူပါစေ။
7 Binti za Yerusalemu, ninawaagiza kwa paa na kwa ayala wa shambani: Msichochee wala kuamsha mapenzi hata yatakapotaka yenyewe.
ယေရုရှလင် မြို့သမီး တို့၊ ငါချစ် သော သတို့သမီးသည် အလိုလို မ နိုး မှီတိုင်အောင်၊ မ လှုပ်မနှိုး မည် အကြောင်း ၊ တော ၌ ကျင်လည်သော သမင် ဒရယ် များကို တိုင်တည်၍ သင် တို့ကို ငါမှာ ထား၏။
8 Sikiliza! Mpenzi wangu! Tazama! Huyu hapa anakuja, akirukaruka juu milimani akizunguka juu ya vilima.
ငါ ချစ် ရာသခင်၏စကား သံပေ။ ကြည့် ပါ။ တောင် ကြီးတောင် ငယ်တို့ကို ခုန်ကျော် လျက်ကြွလာ ၏။
9 Mpenzi wangu ni kama paa au ayala kijana. Tazama! Anasimama nyuma ya ukuta wetu, akitazama kupitia madirishani, akichungulia kimiani.
ငါ ချစ် ရာသခင်သည် သမင် ဒရယ် သငယ် နှင့် တူ၏။ ကြည့် ပါ။ အုတ်ရိုး ပြင် မှာရပ် တော်မူ၏။ ပြတင်းပေါက် ဝတွင် ကြည့် လျက် ၊ ပြတင်းရွက် ကြား မှာ ကိုယ်ကို ပြလျက်နေတော်မူ၏။
10 Mpenzi wangu alizungumza na kuniambia, “Inuka, mpenzi wangu, mrembo wangu, tufuatane.
၁၀ငါ ချစ် ရာ သခင်သည် ခေါ် ၍ ပြော သည်ကား၊ ငါ ချစ် သောနှမ၊ ငါ ၏မိန်းမလှ ၊ ထ ၍ လာ ခဲ့ပါ။
11 Tazama! Wakati wa masika umepita, mvua imekwisha na ikapita.
၁၁ဆောင်း ကာလလွန် ပြီ။ မိုဃ်း လည်းကြည်လင် ပြီ။
12 Maua yanatokea juu ya nchi; majira ya kuimba yamewadia, sauti za njiwa zinasikika katika nchi yetu.
၁၂မြေကြီး ပေါ် မှာ ပန်း များ ပွင့် ကြပြီ။ ငှက်တို့ မြည်တွန် ချိန် လည်း ရောက် လေပြီ။ ငါ တို့မြေ ၌ ချိုးငှက် တွန်သံ ကိုလည်း ကြား ရ၏။
13 Mtini unatunga matunda yake ya mwanzoni, zabibu zinazochanua zaeneza harufu nzuri. Inuka, njoo mpenzi wangu. Mrembo wangu, tufuatane.”
၁၃သင်္ဘော သဖန်းပင်သည် စိမ်း သောအသီးကို မှည့် စေ၏။ စပျစ်နွယ် ပင်လည်း ပွင့် လျက်မွှေးကြိုင် ၏။ ငါ ချစ် သောနှမ၊ ငါ ၏မိန်းမလှ ၊ ထ၍လာ ခဲ့ပါ။
14 Hua wangu penye nyufa za majabali, mafichoni pembezoni mwa mlima, nionyeshe uso wako, na niisikie sauti yako, kwa maana sauti yako ni tamu, na uso wako unapendeza.
၁၄တောင် ပေါ်၌ ခိုလှုံ ရာကျောက် ကြား တွင် ရှိသောငါ ၏ချိုးငှက် ၊ သင် ၏မျက်နှာ ကိုမြင် ပါရစေ။ သင် ၏စကား သံကို ကြား ပါရစေ။ သင် ၏စကား သံသည် ချို ၏။ သင် ၏ မျက်နှာ လည်း လှ ၏။
15 Tukamatie mbweha, mbweha wale wadogo wanaoharibu mashamba ya mizabibu, mashamba yetu ya mizabibu yaliyochanua.
၁၅စပျစ်နွယ် ပင်တို့ကို ဖျက် လတံ့သော မြေခွေး များ နှင့် မြေခွေး ကလေး များကို ငါ တို့ဘို့ ဘမ်း ကြလော့။ ငါ တို့ စပျစ်နွယ် ပင်တို့သည် အပွင့် ပွင့်လျက်ရှိကြ၏။
16 Mpenzi wangu ni wangu, nami ni wake, yeye hujilisha katikati ya yungiyungi.
၁၆ငါ ချစ် ရာသခင်ကိုငါ ဆိုင် ပေ၏။ ငါ့ ကိုလည်း သခင် ဆိုင် ပေ၏။ နှင်း တော၌ ကျက်စား တော်မူ၏။
17 Mpaka jua linapochomoza, na vivuli vikimbie, rudi, mpenzi wangu, na uwe kama paa, au kama ayala kijana juu ya vilima vya Betheri.
၁၇မိုဃ်း မသောက်၊ မှောင်မိုက်အရိပ် မ ပြေး မှီ၊ ငါ ချစ် ရာသခင်၊ ဗေသာ တောင် ပေါ် မှာ သမင် ဒရယ်သငယ် ကဲ့သို့ တဖန်ပြုတော်မူပါ။

< Wimbo wa Sulemani 2 >