< Warumi 6 >

1 Tuseme nini basi? Je, tuendelee kutenda dhambi ili neema ipate kuongezeka?
ထိုသို့ မှန်လျှင်၊ အဘယ်သို့ ပြော ရမည်နည်း။ ကျေးဇူး တော်ပွားများ စေခြင်းငှာ အပြစ် တရားကို ကျင့် ၍ နေရမည်လော။
2 La hasha! Sisi tulioifia dhambi, tutawezaje kuendelea kuishi tena katika dhambi?
ထိုသို့မ နေ ရ။ အပြစ် တရားမှ စုတေ့ သောသူ တို့ သည် ထိုတရား ၌ အဘယ်သို့ ရှင် ရဦး မည်နည်း။
3 Au hamjui ya kuwa sisi sote tuliobatizwa katika Kristo Yesu tulibatizwa katika mauti yake?
ယေရှု ခရစ် ၌ ဗတ္တိဇံ ကိုခံသောသူရှိသမျှ တို့သည် အသေခံ တော်မူခြင်း၌ ဗတ္တိဇံ ကိုခံကြသည်ဟု သင်တို့ မ သိသလော။
4 Kwa hiyo tulizikwa pamoja naye kwa njia ya ubatizo katika mauti, ili kama vile Kristo alivyofufuliwa kutoka kwa wafu kwa utukufu wa Baba, vivyo hivyo sisi nasi pia tupate kuenenda katika upya wa uzima.
ထိုကြောင့် ၊ အသေခံ တော်မူခြင်း၌ ဗတ္တိဇံ ကို ခံသောအားဖြင့် ၊ ထိုသခင် နှင့်အတူသင်္ဂြိုဟ် ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော် သည် ခမည်းတော် ၏ ဘုန်း တန်ခိုးအားဖြင့် သေခြင်းမှ ထမြောက် တော်မူသည်နည်းတူ ၊ ငါ တို့သည်လည်း အသစ် သောအသက် ၌ ကျင်လည် ရကြသတည်း။
5 Kwa maana ikiwa tumeungana naye katika mauti yake, bila shaka tutaungana naye katika ufufuo wake.
တနည်းကား ၊ အသေခံ တော်မူခြင်း၏ ပုံ သဏ္ဌာန်ကိုဆောင် ၍၊ ထိုသခင်နှင့်အတူငါတို့သည် စိုက်ပျိုး လျက်ရှိသည် မှန်လျှင် ၊ ထမြောက် တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုး လျက်ရှိကြလိမ့်မည်။
6 Kwa maana twajua kwamba utu wetu wa kale ulisulubiwa pamoja naye ili ule mwili wa dhambi upate kuangamizwa, nasi tusiendelee kuwa tena watumwa wa dhambi.
ထိုမှတပါး၊ ငါ တို့၏လူ ဟောင်း သည် ထို သခင်နှင့်အတူလက်ဝါးကပ်တိုင် မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့သိ ကြ၏။ အကြောင်းမူကား၊ ငါ တို့သည် နောက်မှအပြစ် တရား၏အစေ ကို မ ခံစေခြင်းငှာ၊ အပြစ် တရား၏ ကိုယ် ကို ဖျက်ဆီး မည်အကြောင်း တည်း။
7 Kwa maana mtu yeyote aliyekufa amehesabiwa haki mbali na dhambi.
သေ သောသူ သည်အပြစ် တရား၏ လက်မှ လွတ် လျက်ရှိ၏။
8 Basi ikiwa tulikufa pamoja na Kristo, tunaamini kwamba pia tutaishi pamoja naye.
ခရစ်တော် သည် သေ ခြင်းမှထမြောက်သောအခါ ၊ သေခြင်းနှင့် အစဉ်ကင်းလွတ်တော်မူ၏။
9 Kwa maana tunajua kwamba Kristo, kwa sababu alifufuliwa kutoka kwa wafu, hawezi kufa tena; mauti haina tena mamlaka juu yake.
သေ ခြင်းတရားသည် နောက်တဖန်ကိုယ်တော် ကို မ အုပ်စိုး ရသည်ကို ထောက်သော်၊ ငါတို့သည် ခရစ်တော် နှင့်အတူသေ လျှင်၊ ထိုသခင်နှင့်အတူရှင်လိမ့်မည်ဟုသဘော ရှိကြ၏။
10 Kifo alichokufa, aliifia dhambi mara moja tu, lakini uzima alio nao anamwishia Mungu.
၁၀ခရစ်တော်သည် အသေခံ တော်မူရာမှာ၊ အပြစ် တရားကြောင့် တကြိမ် သာခံ တော်မူ၏။ အသက် ရှင်တော်မူရမှာ၊ ဘုရားသခင့် အဘို့ ရှင် တော်မူ၏။
11 Vivyo hivyo, jihesabuni wafu katika dhambi lakini mlio hai kwa Mungu katika Kristo Yesu.
၁၁ထိုနည်းတူ သင် တို့သည် အပြစ် တရားနှင့် ဆိုင်သောအရာ၌ကား၊ အသေ ဖြစ်သည်ဟူ၍၎င်း၊ ဘုရားသခင် နှင့်ဆိုင်သောအရာ၌ကား၊ ငါတို့သခင် ယေရှု ခရစ် အားဖြင့် အသက် ရှင်သည်ဟူ၍၎င်း၊ ကိုယ်ကိုကိုယ် ထင်မှတ် ကြလော့။
12 Kwa hiyo, msiruhusu dhambi itawale ndani ya miili yenu, ipatikanayo na kufa, ili kuwafanya mzitii tamaa mbaya.
၁၂ထိုကြောင့် ၊ သင် တို့၏သေ တတ်သော ကိုယ်ခန္ဓါ ၏တပ်မက် ခြင်းအလိုသို့ လိုက် ရသည်တိုင်အောင်၊ အပြစ် တရားသည် ထိုကိုယ်ခန္ဓါ ၌ အစိုး မ ရစေနှင့်။
13 Wala msivitoe viungo vya miili yenu vitumike kama vyombo vya uovu vya kutenda dhambi, bali jitoeni kwa Mungu, kama watu waliotolewa kutoka mautini kuingia uzimani. Nanyi vitoeni viungo vya miili yenu kwake kama vyombo vya haki.
၁၃သင် တို့၏ကိုယ်အင်္ဂါ များကို ဒုစရိုက် လက်နက် ဖြစ်စေ၍၊ အပြစ် တရားအား မ ဆက် ကြနှင့်။ သေ ခြင်းမှ ထမြောက်၍ အသက် ရှင်သောသူကဲ့သို့ ၊ ဘုရားသခင် အား ကိုယ်ကိုကိုယ် ဆက် ကြလော့။
14 Kwa maana dhambi haitakuwa na mamlaka juu yenu, kwa sababu hampo chini ya sheria, bali chini ya neema.
၁၄ကိုယ်အင်္ဂါ များကိုလည်း သုစရိုက် လက်နက် ဖြစ်စေ၍၊ ဘုရားသခင် အားဆက်ကြလော့။ သင်တို့သည် ပညတ် တရားလက် ၌မ ရှိ ၊ ကျေးဇူး တရားလက် ၌ရှိသောကြောင့် အပြစ် တရားသည် သင် တို့ကို မ အုပ်စိုး ရ။
15 Ni nini basi? Je, tutende dhambi kwa kuwa hatuko chini ya sheria bali chini ya neema? La, hasha!
၁၅ထိုသို့ဖြစ်လျှင် အဘယ်သို့ နည်း၊ ငါတို့သည် ပညတ် တရားလက် ၌မရှိ ကျေးဇူး တရားလက် ၌ရှိသောကြောင့် ၊ ဒုစရိုက် ကို ပြုရမည် လော။ ထိုသို့မ ပြု ရ။
16 Je, hamjui kwamba mnapojitoa kwa mtu yeyote kama watumwa watiifu, ninyi ni watumwa wa yule mnayemtii, aidha watumwa wa dhambi, ambayo matokeo yake ni mauti, au watumwa wa utii ambao matokeo yake ni haki?
၁၆အကြင်သူ၏အထံ၌ အစေခံ ကျွန်ဖြစ်ခြင်းငှာ သင်တို့ဝင် ၍ အစေခံ၏၊ ထိုသူသည်သေ ခြင်းနှင့် ယှဉ်သော အပြစ် တရားဖြစ်စေ၊ ဖြောင့်မတ် ရာသို့ ရောက်ခြင်းနှင့် ယှဉ်သော နားထောင် ခြင်းတရားဖြစ်စေ၊ သင်တို့၏သခင်ဖြစ်သည်ကို မ သိ ကြသလော။
17 Lakini Mungu ashukuriwe kwa kuwa ninyi ambao kwanza mlikuwa watumwa wa dhambi, mmekuwa watii kutoka moyoni kwa mafundisho mliyopewa.
၁၇သင်တို့သည် အပြစ် တရား၏ ကျွန် ဖြစ် ဘူးသော်လည်း ၊ ယခုတွင်ခံ ခဲ့ပြီးသော ဩဝါဒ နည်း ဥပဒေသစကားကို စေတနာစိတ် နှင့် နားထောင် ကြသည်ဖြစ်၍၊ ဘုရားသခင် ၏ကျေးဇူး တော်ကြီးလှပေ၏။
18 Nanyi, mkiisha kuwekwa huru mbali na dhambi, mmekuwa watumwa wa haki.
၁၈သင်တို့သည် အပြစ် တရား၏ လက်မှ လွတ် ကြပြီဖြစ်၍ ၊ ဖြောင့်မတ် ခြင်းတရား၏ ကျွန် ဖြစ်ကြ၏။
19 Ninasema kwa namna ya kibinadamu kwa sababu ya udhaifu wenu wa hali ya asili. Kama vile mlivyokuwa mkivitoa viungo vya miili yenu kama watumwa wa mambo machafu na uovu uliokuwa ukiongezeka zaidi, hivyo sasa vitoeni viungo vyenu kama watumwa wa haki inayowaelekeza mpate kutakaswa.
၁၉ထိုသို့ ငါဆိုသော်၊ သင် တို့ဇာတိ ပကတိအတိုင်း ဉာဏ်နည်း သောကြောင့် ၊ လောကီ ဝေါဟာရအားဖြင့်ဆို သတည်း။ သင်တို့သည် မိမိ တို့ ကိုယ်အင်္ဂါ များကို အဓမ္မ အလိုငှာ ညစ်ညူး ခြင်းတရား၊ အဓမ္မ တရား၌ သွင်း ၍ ကျွန် ခံစေဘူးသည်နည်းတူ ၊ ယခု မှာ ကိုယ်အင်္ဂါ များကိုသန့်ရှင်း ခြင်းအလိုငှာ ဖြောင့်မတ် ခြင်းတရား၌သွင်း ၍ကျွန် ခံစေကြလော့။
20 Mlipokuwa watumwa wa dhambi, mlikuwa hamtawaliwi na haki.
၂၀သင်တို့သည် အပြစ် တရား၏ ကျွန် ဖြစ် စဉ် ကာလ ၊ ဖြောင့်မတ် ခြင်းတရား၏လက်မှ လွတ် ကြ၏။
21 Lakini mlipata faida gani kwa mambo hayo ambayo sasa mnayaonea aibu? Mwisho wa mambo hayo ni mauti.
၂၁ယခု သင်တို့ရှက်ကြောက် သော ထိုအကျင့် တို့ကို ကျင့်စဉ်အခါ၊ အဘယ် အကျိုး ကိုရ ကြသနည်း။ ထိုသို့သောအကျင့်သည် သေ ခြင်း၌ လမ်းဆုံး သတည်း။
22 Lakini sasa kwa kuwa mmewekwa huru mbali na dhambi na mmekuwa watumwa wa Mungu, faida mnayopata ni utakatifu, ambao mwisho wake ni uzima wa milele. (aiōnios g166)
၂၂ယခု မူကား ၊ သင်တို့သည် အပြစ် တရား၏ လက်မှ လွှတ် ၍၊ ဘုရားသခင် ၏ ကျွန် ဖြစ်ကြသည်နှင့်အညီ၊ သန့်ရှင်း ခြင်းအကျိုး ကိုရ ကြ၏။ အဆုံး ၌ လည်း ထာဝရ အသက် ကို ရကြလိမ့်မည်။ (aiōnios g166)
23 Kwa maana mshahara wa dhambi ni mauti, bali karama ya Mungu ni uzima wa milele katika Kristo Yesu Bwana wetu. (aiōnios g166)
၂၃အပြစ် တရား၏ အခ ကား သေ ခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆု ကျေးဇူးတော်ကား ၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ထာဝရ အသက် ပေတည်း။ (aiōnios g166)

< Warumi 6 >