< Ufunuo 2 >
1 “Kwa malaika wa kanisa lililoko Efeso andika: “Haya ndiyo maneno ya yule aliyezishika zile nyota saba katika mkono wake wa kuume na ambaye hutembea kati ya vile vinara saba vya taa vya dhahabu.
၁ဧဖက် မြို့၌ ရှိသော အသင်းတော် ၏တမန် ကို ဤသို့ ရေး ၍မှာ လိုက်လော့။ လက်ျာ လက်၌ ကြယ် ခုနစ် လုံးကိုကိုင် ၍၊ ရွှေ မီးခွက် ခုနစ် လုံးအလယ် ၌ သွားလာ သောသူ ၏အမိန့် တော်ကား၊ သင် အကျင့် ကျင့်ခြင်း၊ ပင်ပန်း စွာ လုပ်ဆောင်ခြင်း၊ သည်းခံ ခြင်းကိုငါသိ ၏။
2 Nayajua matendo yako, bidii yako na saburi yako. Najua kuwa huwezi kuvumiliana na watu waovu na ya kwamba umewajaribu wale wanaojifanya kuwa mitume na kumbe sio, nawe umewatambua kuwa ni waongo.
၂သင်သည်မတရား သောသူတို့ကို လက် မ ခံနိုင် ကြောင်း ကို၎င်း၊ တမန်တော်မ ဟုတ် ဘဲ၊ တမန်တော် ဖြစ် ယောင်ဆောင်သောသူ တို့ကို စစ်ဆေး ၍ လှည့်ဖြား သော သူဖြစ်သည်ဟု သိ ကြောင်းကို၎င်း ၊
3 Umevumilia na kustahimili taabu kwa ajili ya Jina langu, wala hukuchoka.
၃ခန္တီ နှင့် ပြည့်စုံ ၍။ ငါ ၏နာမ ကြောင့် ဆင်းရဲ ခံ၍ အား မ လျော့ကြောင်းကို၎င်းငါသိ၏။
4 “Lakini nina neno dhidi yako: Umeuacha upendo wako wa kwanza.
၄သို့သော်လည်း ၊ သင်သည် ရှေးဦးစွာ သော ချစ် ခြင်းမေတ္တာလျော့ပြီ ဟုသင် ၌ အပြစ်တင်စရာရှိ ၏။
5 Kumbuka basi ni wapi ulikoangukia! Tubu na ukafanye matendo yale ya kwanza. Kama usipotubu, nitakuja kwako na kukiondoa kinara chako cha taa kutoka mahali pake.
၅ထိုကြောင့် ၊ သင်သည်မရွေ့လျော့ မှီ ၊ အရင် နေရာ အရပ်ကို အောက်မေ့ လော့၊ နောင်တရ လော့။ ရှေးဦးစွာ သော အကျင့် ကို ကျင့် လော့၊ သို့မဟုတ်သင် ရှိရာ သို့ငါသည်အလျင်အမြန်လာ မည်။ နောင်တ မ ရလျှင် ၊ သင် ၏မီးခွက် ကိုနေရာ မှ ရွှေ့ မည်။
6 Lakini una jambo hili kwa upande wako: Unayachukia matendo ya Wanikolai, ambayo nami pia nayachukia.
၆သို့သော်လည်း ငါမုန်း သောနိကောလ တပည့်တို့၏ အကျင့် ကို သင်လည်း မုန်း သည်ဟု ပြောစရာရှိ ၏။
7 “Yeye aliye na sikio na asikie yale ambayo Roho ayaambia makanisa. Yeye ashindaye, nitampa haki ya kula matunda toka kwa mti wa uzima, ambao uko katika paradisoya Mungu.
၇ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို၊ နား ရှိ သောသူ မည်သည်ကားကြား ပါစေ။ အကြင်သူသည်အောင်မြင် ၏။ ထိုသူသည်ငါ၏ဘုရားသခင် ပရဒိသု ဥယျာဉ်၌ ရှိ သော အသက် ပင် ၏ အသီးကိုစား စေခြင်းငှာအခွင့်ပေး မည်။
8 “Kwa malaika wa kanisa lililoko Smirna andika: “Haya ndiyo maneno yake yeye aliye wa Kwanza na wa Mwisho, aliyekufa kisha akafufuka.
၈စမုရန မြို့၌ ရှိသော အသင်းတော် ၏ တမန် ကို ဤသို့ ရေး ၍ မှာလိုက်လော့။ အဦးဆုံး သောသူ ၊ နောက်ဆုံး သော သူ တည်းဟူသော၊ အရင်သေ ၍ အသက် ရှင်လျက်ရှိ သော သူ ၏ အမိန့် တော်ကား၊
9 Naijua dhiki yako na umaskini wako, lakini wewe ni tajiri! Nayajua masingizio ya wale wasemao kuwa ni Wayahudi lakini sio, bali wao ni sinagogi la Shetani.
၉သင် အကျင့်ကျင့်ခြင်း၊ ဒုက္ခ ခံခြင်း၊ ဆင်းရဲ ခြင်းကိုငါသိ ၏။ သို့သော်လည်း ၊ သင်သည် ကြွယ်ဝ ပြည့်စုံခြင်း ရှိ ၏။ ယုဒ လူဖြစ် ယောင်ဆောင်၍ ယုဒလူမှန်မ ဟုတ်၊ စာတန် ၏ အပေါင်းအသင်းဖြစ်သော သူတို့၏ ကဲ့ရဲ့ခြင်း ကိုလည်း ငါသိ၏။
10 Usiogope mateso yatakayokupata. Nakuambia ibilisi atawatia baadhi yenu gerezani ili kuwajaribu, nanyi mtapata dhiki kwa muda wa siku kumi. Uwe mwaminifu hata kufa, nami nitakupa taji ya uzima.
၁၀သင်သည်ခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မ ကြောက် နှင့်။ သင်တို့သည် စုံစမ်း ခြင်းကိုခံရမည် အကြောင်း ၊ မာရ်နတ် သည် သင် တို့တွင် အချို့ကို ထောင် ထဲ၌ လှောင် ထား၍၊ သင်တို့သည် ဆယ် ရက် ပတ်လုံးဆင်းရဲ ဒုက္ခကိုခံရ ကြလိမ့်မည်။ သေ သည်တိုင်အောင် သစ္စာစောင့် လော့။ သို့ဖြစ်လျှင် ၊ အသက် သရဖူ ကို ငါပေး မည်။
11 “Yeye aliye na sikio na asikie yale ambayo Roho ayaambia makanisa. Yeye ashindaye hatadhuriwa kamwe na mauti ya pili.
၁၁ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို နား ရှိ သောသူ မည်သည်ကားကြား ပါစေ။ အောင်မြင် သော သူ ကို ဒုတိယ သေ ခြင်းသည် မ ညှဉ်းဆဲ ရ။
12 “Kwa malaika wa Kanisa lililoko Pergamo andika: “Haya ndiyo maneno yake yeye aliye na upanga mkali wenye makali kuwili.
၁၂ပေရဂံ မြို့၌ ရှိသော အသင်းတော် ၏ တမန် ကို ဤသို့ ရေး ၍ မှာ လိုက်လော့။ ထက် သောသန်လျက် ရှိ သော သူ ၏ အမိန့် တော်ကား၊
13 Ninajua unakoishi, ni kule ambako Shetani ana kiti chake cha enzi. Lakini umelishika Jina langu. Wala hukuikana imani yako kwangu hata katika siku za shahidi wangu mwaminifu Antipa, ambaye aliuawa katika mji mkuu wenu, ambako ndiko anakoishi Shetani.
၁၃သင်အကျင့်ကျင့်ခြင်းကို၎င်း၊ စာတန် ၏ ရာဇပလ္လင် ရှိရာ အရပ် တည်းဟူသောသင်၏နေရာ အရပ် ကို၎င်း ငါသိ ၏။ စာတန် ၏ နေရာ အရပ် ၌ သင် တို့တွင် အသေ သတ်ခြင်းကိုခံရသော အန္တိပ သည် သစ္စာရှိ ၍ ငါ့ ဘက်၌သက်သေခံ ရသောနေ့ရက် ကာလတွင် ပင်၊ သင်သည်ငါ ၏နာမ ကို စွဲကိုင် ၏။ ငါ ၏ယုံကြည် ခြင်းတရားကို မ စွန့် မပယ်။
14 “Hata hivyo, nina mambo machache dhidi yako: Unao watu wafuatao mafundisho ya Balaamu, yule aliyemfundisha Balaki kuwashawishi Waisraeli watende dhambi kwa kula vitu vilivyotolewa kafara kwa sanamu na kufanya uasherati.
၁၄သို့သော်လည်း ဣသရေလ အမျိုးသား တို့သည် ရုပ်တု ရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စား စေခြင်းငှာ၎င်း ၊ မတရား သော မေထုန်ကို ပြုစေခြင်းငှာ၎င်း ၊ ထိမိ ၍ လဲစရာအရာကို သူတို့ရှေ့ ၌ ချထား မည်အကြောင်း၊ ဗာလက် မင်းကိုအကြံ ပေးသောသူ တည်းဟူသောဗာလမ် ၏ အယူ ကို စွဲလမ်း သောသူတို့သည် သင်၏နေရာ ၌ရှိ ကြသည်ဖြစ်၍ ၊ သင် ၌အနည်းငယ်သော အပြစ်တင်စရာရှိ ၏။
15 Vivyo hivyo unao wale wayashikayo mafundisho ya Wanikolai.
၁၅ထို အယူနှင့်သဘောတူသော နိကောလ တပည့်တို့၏ အယူ ကို စွဲလမ်း သော သူတို့သည် ထိုနည်းတူ သင် ၌ ရှိ ကြ၏။
16 Basi tubu! Ama sivyo, nitakuja kwako upesi na kupigana na watu hao kwa upanga wa kinywa changu.
၁၆ထိုကြောင့် နောင်တရ လော့။ မ ရလျှင် သင် ရှိရာသို့ငါသည် အလျင်အမြန် လာ မည်။ ထိုသူ တို့ကို ငါ့ ခံတွင်း ၏သန်လျက် နှင့် စစ်တိုက် မည်။
17 “Yeye aliye na sikio na asikie yale ambayo Roho ayaambia makanisa. Yeye ashindaye nitampa baadhi ya ile mana iliyofichwa. Nitampa pia jiwe jeupe ambalo juu yake limeandikwa jina jipya asilolijua mtu, isipokuwa yule anayelipokea.
၁၇ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို၊ နား ရှိ သောသူ မည်သည်ကားကြား ပါစေ။ အကြင်သူသည် အောင်မြင် ၏။ ဝှက်ထား သောမန္န ကို၎င်း ၊ ကျောက် ဖြူ လက်ဖွဲ့ကို၎င်း၊ ထို ကျောက် ပေါ်၌ အက္ခရာတင် သောနာမ သစ် ကို၎င်း ထိုသူ အား ငါပေး မည်။ ထိုကျောက်ကိုရ သော သူ မှတစ်ပါး အဘယ်သူ မျှ ထိုနာမကို မသိ နိုင်ရာ။
18 “Kwa malaika wa kanisa lililoko Thiatira andika: “Haya ndiyo maneno ya Mwana wa Mungu, ambaye macho yake ni kama mwali wa moto na ambaye miguu yake ni kama shaba iliyosuguliwa sana.
၁၈သွာတိရ မြို့၌ ရှိသောအသင်းတော် ၏ တမန် ကို ဤသို့ ရေး ၍ မှာ လိုက်လော့။ မီး လျှံ ကဲ့သို့သော မျက်စိ နှင့်၊ ကြေးဝါ စစ်နှင့်တူ သောခြေ နှင့် ၎င်း၊ ပြည့်စုံ သော ဘုရားသခင့် သား တော်၏ အမိန့် တော်ကား၊
19 Nayajua matendo yako, upendo wako na imani yako, huduma na saburi yako na kwamba matendo yako ya sasa yamezidi yale ya kwanza.
၁၉သင် အကျင့် ကျင့်ခြင်း၊ ချစ် ခြင်း၊ အမှုဆောင် ခြင်း၊ ယုံကြည် ခြင်း၊ သည်းခံ ခြင်းကို၎င်း နောက် ကျင့် သောအကျင့် တို့သည် အရင် ကျင့်သောအကျင့်ထက် သာ၍များကြောင်းကို၎င်း ငါသိ ၏။
20 “Hata hivyo, nina neno dhidi yako: Unamvumilia yule mwanamke Yezebeli ambaye anajiita nabii, lakini anawafundisha na kuwapotosha watumishi wangu ili wafanye uasherati na kula vyakula vilivyotolewa kafara kwa sanamu.
၂၀သို့သော်လည်း ၊ ငါ ၏အစေခံ ကျွန်တို့သည် မတရား သော မေထုန်ကို ပြုစေခြင်းငှာ၎င်း ၊ ရုပ်တု ရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စား စေခြင်းငှာ၎င်း၊ ပရောဖက်မ ဟူ၍ကိုယ် ကိုခေါ်ဝေါ်သောသင်၏ ခင်ပွန်း ယေဇဗေလ သည် သွန်သင် ၍ မှားယွင်း စေရသောအခွင့်ကို သင်သည်ပေး သောကြောင့်၊ သင် ၌ အပြစ်တင်စရာ ရှိ ၏။
21 Nimempa muda ili atubu kwa ajili ya uasherati wake, lakini hataki.
၂၁နောင်တရ သင့်သောကာလ ကို ငါပေး သော်လည်း ၊ သူသည် မိမိ မတရား သောမေထုန်ကို နောင်တရ ချင်သော စိတ်မ ရှိ။
22 Kwa hiyo nitamtupa kwenye kitanda cha mateso, na nitawafanya hao wanaozini naye kupata mateso makali wasipotubia njia zake.
၂၂ထိုကြောင့်၊ သူ့ ကိုအိပ်ရာ ၌ ငါချထား မည်။ သူ နှင့်အတူ မတရား သော မေထုန်ကိုပြု၍ ၊ ထိုသို့သောအကျင့် ကိုနောင်တ မ ရသောသူတို့ကိုလည်း၊ ကြီးစွာ သော ဆင်းရဲ ခြင်းသို့ ရောက်စေမည်။
23 Nami nitawaua watoto wake. Nayo makanisa yote yatajua kwamba Mimi ndiye nichunguzaye mioyo na nia, na kwamba nitamlipa kila mmoja wenu kwa kadiri ya matendo yake.
၂၃သူ ၏သားသမီး တို့ကိုလည်း အသေ သတ် မည်။ ငါ သည် နှလုံး ကျောက်ကပ် ကို စစ်ဆေး တော်မူသောသူ ဖြစ် ကြောင်းကို ထိုသို့သောအားဖြင့် ခပ်သိမ်း သော အသင်းတော် တို့သည် သိ ရကြလိမ့်မည်။ သင် တို့သည် အသီးအသီး ကျင့်သော အကျင့် နှင့် အလျောက်အကျိုးအပြစ်ကို ငါပေး မည်။
24 Basi nawaambia ninyi wengine mlioko Thiatira, ninyi ambao hamyafuati mafundisho ya Yezebeli, wala hamkujifunza hayo yanayoitwa mambo ya ndani sana ya Shetani (sitaweka mzigo mwingine wowote juu yenu):
၂၄ထို မိစ္ဆာဒိဌိအယူကို ယူသောသူတို့ ခေါ်ဝေါ် သည်နှင့်အညီ ၊ စာတန် ၏ နက်နဲ သောအရာဟုခေါ်ဝေါ်သောအရာတို့ကို မကျွမ်း၊ ထိုမိစ္ဆာဒိဌိအယူကိုမယူ၊ ကြွင်း သောသွာတိရ မြို့သားတို့ကို ငါဆို သည်ကား၊ သင်တို့ သည် ရ သမျှကို ငါ လာ သည်တိုင်အောင် စွဲကိုင် ကြလော့။
25 Lakini shikeni sana mlicho nacho, mpaka nitakapokuja.
၂၅ထိုမှတစ်ပါး အခြား သောဝန် ကို သင် တို့အပေါ် ၌ငါ မ တင်။
26 “Atakayeshinda na kutenda mapenzi yangu mpaka mwisho, nitampa mamlaka juu ya mataifa:
၂၆အကြင်သူ သည်အောင်မြင် ၍ အဆုံး တိုင်အောင် ငါ့ အကျင့် ကိုကျင့် ၏။ ငါ့ ခမည်းတော် သည် ငါ့ အား အခွင့် ပေးတော်မူသကဲ့သို့ ၊ လူမျိုး တို့ကို အုပ်စိုး စေခြင်းငှာထိုသူ အားငါ သည် အခွင့်ပေးမည်။
27 “‘Atawatawala kwa fimbo ya chuma, atawavunja vipande vipande kama chombo cha udongo’: kama vile mimi nilivyopokea mamlaka kutoka kwa Baba yangu.
၂၇ထိုသူသည် သူ တို့ကိုသံ လှံတံ နှင့် အုပ်စိုး ၍ ၊ မြေ အိုး ကိုခွဲဖျက် သကဲ့သို့ ခွဲဖျက်လိမ့်မည်။
28 Nami nitampa pia ile nyota ya asubuhi.
၂၈မိုဃ်းသောက် ကြယ် ကိုလည်း ထိုသူ အား ငါပေး မည်။
29 Yeye aliye na sikio na asikie yale ambayo Roho ayaambia makanisa.
၂၉ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို နား ရှိ သောသူ မည်သည်ကားကြား ပါစေ။