< Zaburi 90 >
1 Maombi ya Mose, mtu wa Mungu. Bwana, wewe umekuwa makao yetu katika vizazi vyote.
၁အို ဘုရားရှင်၊ ကိုယ်တော်ရှင်သည်ကာလအစဉ်အဆက် ကျွန်တော်မျိုးတို့၏ခိုလှုံရာဖြစ်တော်မူပါ၏။
2 Kabla ya kuzaliwa milima au hujaumba dunia na ulimwengu, wewe ni Mungu tangu milele hata milele.
၂တောင်များကိုဖြစ်ပေါ်စေတော်မမူမီနှင့် ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီ ကိုယ်တော်ရှင်သည်အစမရှိသောဘုရားသခင် ဖြစ်တော်မူပါ၏။ အဆုံးမရှိသောဘုရားသခင်လည်းဖြစ်တော် မူပါ၏။
3 Huwarudisha watu mavumbini, ukisema, “Rudini mavumbini, enyi wanadamu.”
၃ကိုယ်တော်ရှင်သည်အမိန့်ပေး၍လူသားတို့အား မြေမှုန့်အဖြစ်သို့ပြန်လည်ပြောင်းလဲစေတော် မူပါ၏။
4 Kwa maana kwako miaka elfu ni kama siku moja iliyokwisha pita, au kama kesha la usiku.
၄ကိုယ်တော်ရှင်၏အဖို့အနှစ်တစ်ထောင်သည် တစ်နေ့ကဲ့သို့ဖြစ်ပါ၏။ ကုန်လွန်ပြီးသည့်ယမန်နေ့ကဲ့သို့လည်းကောင်း၊ တိုတောင်းသောညဥ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
5 Unawatowesha wanadamu katika usingizi wa kifo, nao ni kama majani machanga ya asubuhi:
၅ကိုယ်တော်ရှင်သည်လူသားတို့အားလျင်မြန်စွာ ပျောက်ကွယ်သွားစေတော်မူပါ၏။ သူတို့သည်အိပ်မက်သကဲ့သို့တစ်ခဏမျှသာ နေကြရပါ၏။ နံနက်ချိန်၌ကြီးပွားပွင့်လန်း၍ညနေချိန်၌ ညှိုးနွမ်းခြောက်သွေ့သွားတတ်သောမြက်ပင်ကဲ့သို့ ပျောက်ကွယ်သွားတတ်ကြပါ၏။
6 ingawa asubuhi yanachipua, ifikapo jioni huwa yamenyauka na kukauka.
၆
7 Tumeangamizwa kwa hasira yako na tumetishwa kwa ghadhabu yako.
၇ကိုယ်တော်ရှင်၏အမျက်တော်ကြောင့် ကျွန်တော်မျိုးတို့သည်ပျက်စီးကြပါ၏။ အမျက်တော်အရှိန်ကြောင့်ကြောက်လန့် တုန်လှုပ်ကြပါ၏။
8 Umeyaweka maovu yetu mbele yako, dhambi zetu za siri katika nuru ya uwepo wako.
၈ကျွန်တော်မျိုးတို့၏အပြစ်များကိုရှေ့တော်၌ ချထားတော်မူပါ၏။ ကျွန်တော်မျိုးတို့လျှို့ဝှက်ကူးလွန်သည့် ဒုစရိုက်များကိုကိုယ်တော်မြင်သာသည့် နေရာ၌ ချထားတော်မူပါ၏။
9 Tumeishi siku zetu zote chini ya ghadhabu yako, tunamaliza miaka yetu kwa kuomboleza.
၉ကျွန်တော်မျိုးတို့သည်အမျက်တော်ကိုခံရ သောကြောင့် အသက်တိုကြရပါ၏။ ကျွန်တော်မျိုးတို့၏အသက်သည်တီးတိုး ပြောသည့် လေသံကဲ့သို့ပျောက်ကွယ်တတ်ပါ၏။
10 Siku zetu za kuishi ni miaka sabini, au miaka themanini ikiwa tuna nguvu, lakini yote ni ya shida na taabu, nazo zapita haraka, nasi twatoweka.
၁၀ကျွန်တော်မျိုးတို့သည်အနှစ်ခုနစ်ဆယ်မျှသာ ရှည်ကြပါ၏။ အကယ်၍အားအင်ပြည့်ဖြိုးသူများဖြစ်ကြပါမူ အနှစ်ရှစ်ဆယ်နေကြရပါ၏။ သို့ရာတွင်ထိုနှစ်ကာလများအတွင်း ကျွန်တော်မျိုးတို့သည်ပူပင်သောကနှင့် ဆင်းရဲဒုက္ခကိုသာလျှင်ခံစားကြရပါ၏။ မကြာမီကွယ်လွန်သဖြင့်ကျွန်တော်မျိုးတို့ ကွယ်ပျောက်ကြရပါ၏။
11 Ni nani ajuaye nguvu za hasira yako? Kwa maana ghadhabu yako ni kubwa kama hofu tunayopaswa kuwa nayo kwako.
၁၁အဘယ်သူသည်ကိုယ်တော်ရှင်၏အမျက်တော် အရှိန် အပြည့်အဝကိုခံဖူးပါသနည်း။ ကိုယ်တော်ရှင်၏အမျက်တော်သည်မည်မျှ ကြောက်လန့်ဖွယ်ကောင်းကြောင်းကို အဘယ်သူသည်သိရှိပါသနည်း။
12 Tufundishe kuzihesabu siku zetu vizuri, ili tujipatie moyo wa hekima.
၁၂ကျွန်တော်မျိုးတို့အားမိမိတို့အသက်မည်မျှ တိုတောင်းကြောင်းကိုသိရှိနိုင်ရန်သွန်သင်တော်မူပါ။ သို့မှသာလျှင်ကျွန်တော်မျိုးတို့သည်ဉာဏ်ပညာ ရရှိလာကြပါလိမ့်မည်။
13 Ee Bwana, uwe na huruma! Utakawia hata lini? Wahurumie watumishi wako.
၁၃အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်မျှကြာအောင် အမျက်တော်မပြေဘဲနေတော်မူပါမည်နည်း။ ကိုယ်တော်ရှင်၏အစေခံတို့အားသနား တော်မူပါ။
14 Tushibishe asubuhi kwa upendo wako usiokoma, ili tuweze kuimba kwa shangwe na kufurahi siku zetu zote.
၁၄ကျွန်တော်မျိုးတို့သည်တစ်သက်လုံးသီချင်းဆိုလျက် ဝမ်းမြောက်နိုင်ကြစေရန် နံနက်တိုင်းကျွန်တော်မျိုးတို့အားကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်ကိုခံစားစေတော်မူပါ။
15 Utufurahishe kulingana na siku ulizotuadhibu, kulingana na miaka tuliyotaabika.
၁၅ဒုက္ခရောက်စဉ်အခါကကိုယ်တော်သည် ကျွန်တော်မျိုးတို့အားခံစေသောစိတ်ဆင်းရဲမှု ပမာဏအတိုင်း ယခုအခါ၌ကျွန်တော်မျိုးတို့အားဝမ်းမြောက် ရွှင်လန်းမှုကိုခံစားစေတော်မူပါ။
16 Matendo yako na yaonekane kwa watumishi wako, utukufu wako kwa watoto wao.
၁၆ကိုယ်တော်ရှင်၏အစေခံဖြစ်သော ကျွန်တော်မျိုးတို့အားကိုယ်တော်ပြုတော်မူသော အံ့သြဖွယ်ရာအမှုတော်တို့ကိုတွေ့မြင်ခွင့် ပေးတော်မူပါ။ ကျွန်တော်မျိုးတို့၏သားမြေးများအား ကိုယ်တော်ရှင်၏ဘုန်းအသရေနှင့်တန်ခိုး အာနုဘော်တော်ကိုတွေ့မြင်ခွင့်ပေးတော်မူပါ။
17 Wema wa Bwana Mungu wetu uwe juu yetu; uzithibitishe kazi za mikono yetu: naam, uzithibitishe kazi za mikono yetu.
၁၇ကျွန်တော်မျိုးတို့၏ဘုရားဖြစ်တော်မူသော ထာဝရဘုရား၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ကောင်းချီး မင်္ဂလာကိုခံစားကြရပါစေသော။ ပြုလေသမျှသောအမှုတို့တွင်လည်း ကျွန်တော်မျိုးတို့အားအောင်မြင်ခွင့်ပေးတော်မူပါ။