< Zaburi 9 >

1 Kwa mwimbishaji. Mtindo wa muth-labeni. Zaburi ya Daudi. Ee Bwana, nitakutukuza kwa moyo wangu wote, nitayasimulia matendo yako yote ya ajabu.
အိုထာဝရဘုရား ၊ အကျွန်ုပ် သည် စိတ် နှလုံးအကြွင်းမဲ့ ကိုယ်တော် ကို ချီးမွမ်း ပါမည်။ အံ့ဘွယ် သော အမှုတော်ရှိသမျှ တို့ကို ပြ ညွှန်ပါမည်။
2 Nitafurahi na kushangilia ndani yako. Nitaliimbia sifa jina lako, Ewe Uliye Juu Sana.
ကိုယ်တော် ကို အမှီပြု ၍ ဝမ်းသာ ရွှင်လန်း ပါမည်။ နာမတော် ကို ထောမနာသီချင်း ဆိုပါမည်၊ အမြင့်ဆုံး သောဘုရား။
3 Adui zangu wamerudi nyuma, wamejikwaa na kuangamia mbele zako.
အကြောင်း မူကား၊ အကျွန်ုပ် ၏ရန်သူ တို့သည် ပြန် ဆုတ် ၍ လဲ ကြပါ၏။ ရှေ့တော် ၌ ပျက်စီး ကြပါ၏။
4 Kwa maana umetetea haki yangu na msimamo wangu; umeketi kwenye kiti chako cha enzi, ukihukumu kwa haki.
ကိုယ်တော် သည် အကျွန်ုပ် ဘက်မှာ တရား ဆုံးဖြတ် တော်မူပြီ။ ပလ္လင် တော်ပေါ် မှာ ထိုင် ၍ဖြောင့်မတ် စွာ စီရင် တော်မူပြီ။
5 Umekemea mataifa na kuwaangamiza waovu; umeyafuta majina yao milele na milele.
တပါး အမျိုးသားတို့ကို ဆုံးမ တော်မူပြီ။ ဆိုး သောသူတို့ ကို ဖျက်ဆီး ၍ သူ တို့ နာမ ကိုကာလ အစဉ်အဆက် ချေ ဖျောက်တော်မူပြီ။
6 Uharibifu usiokoma umempata adui, umeingʼoa miji yao; hata kumbukumbu lao limetoweka.
ရန်သူ တို့သည် အကုန် အစင်ပျက်စီး ခြင်းသို့ ရောက်ကြပါပြီ။ မြို့ တို့ကို ဖြိုဖျက် တော်မူ၍ ၊ သူ တို့အမှတ် မျှမရှိပျောက် ပါပြီ။
7 Bwana anatawala milele, ameweka kiti chake cha enzi apate kuhukumu.
ထာဝရဘုရား မူကား ၊ ကာလအစဉ် အဆက် တည် တော်မူ၏။ တရား ပလ္လင် တော်ကို ပြင်ဆင် ၍၊
8 Mungu atahukumu ulimwengu kwa haki, atatawala mataifa kwa haki.
မြေကြီး သားတို့ကို တရား သဖြင့် စီရင် တော်မူ၏။ လူမျိုး တို့အား ဖြောင့်မတ် စွာသော စီရင် ခြင်းကို ပြုတော်မူ၏။
9 Bwana ni kimbilio la watu wanaoonewa, ni ngome imara wakati wa shida.
ထာဝရဘုရား သည် ညှဉ်းဆဲ ခြင်းကိုခံရသောသူ တို့ ၏ခိုလှုံ ရာ၊ ဘေး အန္တရာယ်ရောက် သည် ကာလ ခိုလှုံ ရာဖြစ်တော်မူ၏။
10 Wote wanaolijua jina lako watakutumaini wewe, kwa maana wewe Bwana, hujawaacha kamwe wakutafutao.
၁၀နာမ တော်ကို သိ သောသူတို့သည် ကိုယ်တော် ကို ယုံကြည် ကြပါလိမ့်မည်။ အကြောင်း မူကား၊ အိုထာဝရ ဘုရား ၊ ကိုယ်တော် ကိုရှာ သောသူတို့ ကိုစွန့် ပစ်တော်မ မူ တတ်ပါ။
11 Mwimbieni Bwana sifa, amefanywa mtawala Sayuni, tangazeni miongoni mwa mataifa, yale aliyoyatenda.
၁၁ဇိအုန် မြို့မှာ ကျိန်းဝပ် တော်မူသောထာဝရဘုရား ကို ထောမနာသီချင်း ဆိုကြလော့။ အမှု တော်များကို လူမျိုး တို့အား ဟော ပြောကြလော့။
12 Kwa maana yeye alipizaye kisasi cha damu hukumbuka, hapuuzi kilio cha wanaoonewa.
၁၂လူအသက်သတ် ခြင်းအမှုကို စစ် တော်မူ၍ ၊ အသေခံရသောသူ တို့ကို အောက်မေ့ တော်မူ၏။ နှိမ့်ချ လျက်ရှိသောသူတို့ ၏အော်ဟစ် ခြင်း အသံကိုမေ့လျော့ တော်မ မူတတ်ပါ။
13 Ee Bwana, tazama jinsi walivyo wengi adui zangu wanaonitesa! Nihurumie, uniinue kutoka malango ya mauti,
၁၃အိုထာဝရဘုရား ၊ အကျွန်ုပ် ကို ကယ်မ သနား တော်မူပါ။ အကျွန်ုပ် ကို မုန်း သောသူတို့၏ ညှဉ်းဆဲ ခြင်းအမှုကိုကြည့်ရှု ၍၊ သေမင်း လက် မှ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။
14 ili niweze kutangaza sifa zako katika malango ya Binti Sayuni na huko niushangilie wokovu wako.
၁၄သို့ဖြစ်၍ ဂုဏ် ကျေးဇူးတော်အပေါင်း ကို ဇိအုန် မြို့ တံခါး ဝမှာ အကျွန်ုပ်ပြ ညွှန်ပါမည်။ ကယ်တင် တော်မူ ခြင်းကျေးဇူးကို အမှီပြု ၍ ဝမ်းမြောက် ပါမည်။
15 Mataifa wameanguka kwenye shimo walilolichimba, miguu yao imenaswa kwenye wavu waliouficha.
၁၅တပါးအမျိုးသား တို့သည် ကိုယ်တူး သော တွင်း ထဲ သို့ ကိုယ်ကျ ကြ၏။ ကိုယ်ဝှက်ထား သော ကျော့ကွင်း ထဲ မှာ ကိုယ် ခြေ တို့သည် ကျော့ မိကြ၏။
16 Bwana anajulikana kwa haki yake, waovu wamenaswa katika kazi za mikono yao.
၁၆ထာဝရဘုရား သည် တရား စီရင်ဆုံးဖြတ်တော်မူခြင်း အားဖြင့် ထင်ရှား တော်မူ၏။ မတရား သောသူသည် မိမိ လုပ် သော အလုပ် ထဲမှာ ကျော့မိ ခြင်းကိုခံရ၏။
17 Waovu wataishia kuzimu, naam, mataifa yote wanaomsahau Mungu. (Sheol h7585)
၁၇မတရား သောသူတို့နှင့် ဘုရား သခင်ကို မေ့လျော့ သော အမျိုးသား အပေါင်း တို့သည် မရဏာ နိုင်ငံသို့ နှင် ခြင်းကိုခံရကြလိမ့်မည်။ (Sheol h7585)
18 Lakini mhitaji hatasahaulika siku zote, wala matumaini ya walioonewa hayatapotea.
၁၈ငတ်မွတ် သောသူတို့ ကို အစဉ် မေ့လျော့ တော် မ မူ။ ဆင်းရဲ သောသူတို့ သည် မြော်လင့် ၍ မရဘဲ အစဉ် မ နေရကြ။
19 Ee Bwana, inuka, usimwache binadamu ashinde. Mataifa na yahukumiwe mbele zako.
၁၉အိုထာဝရဘုရား ၊ ထ တော်မူပါ။ လူ မ နိုင် ပါစေနှင့်။ တပါးအမျိုးသား တို့သည် ရှေ့ တော်၌ စစ်ကြော စီရင်ခြင်းကိုခံရကြပါစေသော။
20 Ee Bwana, wapige kwa hofu, mataifa na yajue kuwa wao ni watu tu.
၂၀အိုထာဝရဘုရား ၊ သူ တို့ကို ချောက် လှန့်တော်မူ ပါ။ သို့ဖြစ်၍မိမိတို့သည် လူ သက်သက်ဖြစ်သည်ကို လူမျိုး တို့သည် သိ ကြပါလိမ့်မည်။

< Zaburi 9 >