< Zaburi 87 >

1 Zaburi ya wana wa Kora. Wimbo. Ameuweka msingi wake katika mlima mtakatifu;
ဘုံ ဗိမာန ်တော်တိုက်မြစ် သည် သန့်ရှင်း သော တောင် ရိုးပေါ် မှာ တည်လျက်ရှိ၏။
2 Bwana anayapenda malango ya Sayuni kuliko makao yote ya Yakobo.
ထာဝရဘုရား သည် ယာကုပ် ၏ နေရာ အပေါင်း တို့ထက် ဇိအုန် တံခါး တို့ကို သာ၍နှစ်သက် တော်မူ၏။
3 Mambo matukufu yanasemwa juu yako, ee mji wa Mungu:
အိုဘုရား သခင်၏ မြို့ တော်၊ သင် သည် ဘုန်း အသရေကြီးလိမ့်မည်ဟူသောစကားကို ပြော ထားလျက် ရှိ၏။
4 “Nitaweka kumbukumbu ya Rahabu na Babeli miongoni mwa wale wanaonikubali mimi: Ufilisti pia na Tiro, pamoja na Kushi, nami nitasema, ‘Huyu alizaliwa Sayuni.’”
ငါ့ ကိုသိကျွမ်း သောသူတို့ တွင် ၊ ရာခပ် မြို့နှင့် ဗာဗုလုန် မြို့ကို ငါမှတ် ထားမည်။ ဖိလိတ္တိ ပြည်၊ တုရု ပြည်၊ ကုရှ ပြည်တို့ကိုလည်း ကြည့် ကြလော့။ ဤ မည်သော ပြည်သားသည် မြို့ တော်၌ ဘွားမြင် သောသူဖြစ်၏။
5 Kuhusu Sayuni itasemwa hivi, “Huyu na yule walizaliwa humo, naye Aliye Juu Sana mwenyewe atamwimarisha.”
ဇိအုန် မြို့ကို လည်း လူ အမျိုးမျိုးတို့သည်၊ ထိုမြို့ ၌ ဘွားမြင် ကြပြီ။ အမြင့်ဆုံး သောဘုရားသည် ထိုမြို့ ကို ကိုယ်တော်တိုင် မြဲမြံ စေတော်မူပြီဟု ပြော ဆိုကြလိမ့်မည်။
6 Bwana ataandika katika orodha ya mataifa: “Huyu alizaliwa Sayuni.”
ထာဝရဘုရား သည် လူမျိုး တို့ကို စာရင်း ယူတော်မူ သောအခါ ၊ ဤမည်သော အမျိုးသည် မြို့တော်၌ ဘွားမြင်သောအမျိုးဖြစ်သည်ဟု မှတ်တော်မူမည်။
7 Watakapokuwa wanapiga vinanda wataimba, “Chemchemi zangu zote ziko kwako.”
သီချင်း သည်နှင့် ပွဲသဘင်ခံသောသူ အစရှိသော ငါ၏ပျော်မွေ့ခြင်းအကြောင်းရှိသမျှ တို့သည် သင် ၌ ရှိကြ သတည်း။

< Zaburi 87 >