< Zaburi 87 >
1 Zaburi ya wana wa Kora. Wimbo. Ameuweka msingi wake katika mlima mtakatifu;
၁ထာဝရဘုရားသည်မိမိ၏မြို့တော်ကို သန့်ရှင်းမြင့်မြတ်သည့်တောင် ပေါ်တွင် တည်ဆောက်တော်မူ၏။
2 Bwana anayapenda malango ya Sayuni kuliko makao yote ya Yakobo.
၂ကိုယ်တော်သည်ယေရုရှလင်မြို့ကြီးကို ဣသရေလနိုင်ငံရှိအခြားမြို့အပေါင်းတို့ထက် ပို၍နှစ်သက်မြတ်နိုးတော်မူ၏။
3 Mambo matukufu yanasemwa juu yako, ee mji wa Mungu:
၃အို ဘုရားသခင်၏မြို့တော်၊ သင်၏အကြောင်းကိုယ်တော်ယခုမိန့်တော် မူသော အံ့သြဖွယ်ရာများကိုနားထောင်လော့။
4 “Nitaweka kumbukumbu ya Rahabu na Babeli miongoni mwa wale wanaonikubali mimi: Ufilisti pia na Tiro, pamoja na Kushi, nami nitasema, ‘Huyu alizaliwa Sayuni.’”
၄ကိုယ်တော်မိန့်တော်မူသည်မှာ ``ငါ၏စကားကိုနားထောင်သည့်နိုင်ငံများ စာရင်းကိုယူသောအခါအီဂျစ်ပြည်နှင့် ဗာဗုလုန်ပြည်ကိုငါထည့်သွင်းမည်။ ဖိလိတ္တိပြည်၊တုရုပြည်နှင့်ဆူဒန်ပြည်မှ လူတို့သည်လည်းယေရုရှလင်မြို့သားများ စာရင်းတွင်ငါဖော်ပြမည်။''
5 Kuhusu Sayuni itasemwa hivi, “Huyu na yule walizaliwa humo, naye Aliye Juu Sana mwenyewe atamwimarisha.”
၅ဇိအုန်တောင်အားလူမျိုးအပေါင်းတို့ဖွားမြင်ရာ မိခင်ဟူ၍လည်းကောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသည် ထိုတောင်ကိုခိုင်ခံ့စေတော်မူလိမ့်မည် ဟူ၍လည်းကောင်းလူတို့ပြောဆိုကြ လိမ့်မည်။
6 Bwana ataandika katika orodha ya mataifa: “Huyu alizaliwa Sayuni.”
၆ထာဝရဘုရားသည်လူမျိုးတို့ကိုစာရင်း ပြုစုတော်မူလိမ့်မည်။ ယင်းစာရင်းတွင်ပါရှိသောသူအပေါင်း တို့ကို ယေရုရှလင်မြို့သားများအဖြစ်ဖြင့်ထည့်သွင်း ရေးမှတ်တော်မူလိမ့်မည်။
7 Watakapokuwa wanapiga vinanda wataimba, “Chemchemi zangu zote ziko kwako.”
၇ထိုသူအပေါင်းတို့သည်ကခုန်လျက် ``ဇိအုန်တောင်သည် ငါတို့ခံစားရသောကောင်းချီးမင်္ဂလာအပေါင်း စီးဆင်းရာဖြစ်ပေသည်'' ဟုသီဆိုကြ၏။