< Zaburi 80 >

1 Kwa mwimbishaji. Mtindo wa “Yungiyungi za Agano.” Zaburi ya Asafu. Ee Mchungaji wa Israeli tusikie, wewe umwongozaye Yosefu kama kundi; wewe uketiye katika kiti cha enzi katikati ya makerubi, angaza
သိုးစု ကို ပို့ဆောင် သကဲ့သို့ ယောသပ် အမျိုးကို ပို့ဆောင်တော်မူသော ဣသရေလ သိုးထိန်း ကြီး၊ နားထောင် တော်မူပါ။ ခေရုဗိမ် တွင် ကျိန်းဝပ် တော်မူသော ဘုရား၊ ရောင်ခြည် တော်ကို လွှတ်တော်မူပါ။
2 mbele ya Efraimu, Benyamini na Manase. Uamshe nguvu zako, uje utuokoe.
ဧဖရိမ် အမျိုး၊ ဗင်္ယာမိန် အမျိုး၊ မနာရှေ အမျိုးတို့ ရှေ့ မှာ တန်ခိုး တော်ကို နှိုးဆော် ၍ ၊ အကျွန်ုပ် တို့ကို ကယ်တင် ခြင်းငှါ ကြွ တော်မူပါ။
3 Ee Mungu, uturejeshe, utuangazie uso wako, ili tuweze kuokolewa.
အို ဘုရား သခင်၊ အကျွန်ုပ် တို့ကို ပြောင်းလဲ စေ၍ ၊ မျက်နှာ တော် အလင်း ကိုပြတော်မူပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည်။
4 Ee Bwana Mungu Mwenye Nguvu Zote, hata lini hasira yako itawaka na kufoka moshi dhidi ya maombi ya watu wako?
ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင် ထာဝရဘုရား ၊ ကိုယ်တော် ၏ လူ တို့ပြုသောပဌနာ စကားကို အဘယ် မျှကာလ ပတ်လုံးအမျက်ထွက် တော်မူမည်နည်း။
5 Umewalisha kwa mkate wa machozi, umewafanya wanywe machozi bakuli tele.
သူ တို့ကို မျက်ရည် မုန့် နှင့်ကျွေး ၍ ၊ မျက်ရည် ကိုလည်း ကြွယ်ဝ စွာ တိုက် တော်မူ၏။
6 Tumekuwa chanzo cha ugomvi kwa jirani zetu, na adui zetu wanatudhihaki.
အနီး အပါး၌ နေသောသူတို့သည် အကျွန်ုပ် တို့ အတွက် ငြင်းခုံ ကြပါ၏။ ရန်သူ တို့သည်လည်း ဝါကြွား၍ အကျွန်ုပ် တို့ကို ပြက်ယယ် ပြုကြပါ၏။
7 Ee Mungu Mwenye Nguvu Zote, uturejeshe; utuangazie uso wako, nasi tuweze kuokolewa.
ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်၊ အကျွန်ုပ် တို့ကို ပြောင်းလဲ စေ၍ ၊ မျက်နှာ တော်အလင်း ကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည်။
8 Ulileta mzabibu kutoka Misri, ukawafukuza mataifa, ukaupanda.
ကိုယ်တော်သည် စပျစ် နွယ်ပင်ကို အဲဂုတ္တု ပြည် က ဆောင် ခဲ့၍၊ တပါး အမျိုးသားတို့ကို နှင်ထုတ် ပြီးမှ စိုက်ပျိုး တော်မူ၏။
9 Uliandaa shamba kwa ajili yake, mizizi ikawa imara, ukajaza nchi.
သူ ၏နေရာကိုပြုပြင် တော်မူသဖြင့် ၊ သူသည် အမြစ် ကျ ၍ တပြည် လုံးကို နှံ့ပြား ပါ၏။
10 Milima ilifunikwa kwa kivuli chake, matawi yake yakafunika mierezi mikubwa.
၁၀သူ ၏အရိပ် သည် တောင် တို့ကို၎င်း ၊ အခက် အလက်တို့သည် အမြင့်ဆုံး သော အာရဇ် ပင်တို့ကို၎င်းလွှမ်းမိုး ကြပါ၏။
11 Matawi yake yalienea mpaka Baharini, machipukizi yake mpaka kwenye Mto.
၁၁သူ သည် အခက် အလက်တို့ကို ပင်လယ် တိုင်အောင် ၎င်း ၊ အညွန့် တို့ကို မြစ် ကြီးတိုင်အောင် ၎င်း ပြန့်ပွား စေပါ၏။
12 Mbona umebomoa kuta zake ili wote wapitao karibu wazichume zabibu zake?
၁၂ယခုမူကား၊ လမ်း ၌ ရှောက်သွား သောသူ အပေါင်း တို့သည် ဆွတ် စေခြင်းငှါ၊ သူ ၏ခြံ ကို အဘယ် ကြောင့် ချိုးဖျက် တော်မူသနည်း။
13 Nguruwe mwitu wanauharibu na wanyama wa kondeni hujilisha humo.
၁၃တော ဝက် သည် ထိုအပင် ကို ကိုက်ခဲ ၍၊ တော သားရဲ သည်လည်း စား ပါ၏။
14 Turudie, Ee Mungu Mwenye Nguvu Zote! Tazama chini kutoka mbinguni na uone! Linda mzabibu huu,
၁၄ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်၊ တဖန် ကြွလာ တော်မူမည်အကြောင်း တောင်းပန်ပါ၏။ ကောင်းကင် က ကြည့်ရှု တော်မူပါ။ ထို စပျစ် နွယ်ပင်ကို အကြည့်အရှု ကြွလာတော်မူပါ။
15 mche ulioupanda kwa mkono wako wa kuume, mwana uliyemlea kwa ajili yako mwenyewe.
၁၅လက်ျာ လက်တော်နှင့် စိုက်ပျိုး သောအပင်၊ ကိုယ်တော် အဘို့ ခိုင်မာ စေတော်မူသော ပျိုး ပင်ကို ကွယ်ကာတော်မူပါ။
16 Mzabibu wako umekatwa, umechomwa moto, unapowakemea, watu wako huangamia.
၁၆မီးရှို့ ပါပြီ။ ခုတ် လှဲပါပြီ။ မျက်နှာ တော်ဖြင့် ဆုံးမ ခြင်းကို ခံရသောသူတို့ သည် ပျက်စီး ခြင်းသို့ ရောက် ရကြပါ၏။
17 Mkono wako na utulie juu ya mtu aliyeko mkono wako wa kuume, mwana wa mtu uliyemlea kwa ajili yako mwenyewe.
၁၇လက်ျာ လက်တော်နှင့်ဆိုင်သောလူ ၊ ကိုယ်တော် အဘို့ ခိုင်မာ စေတော်မူသော လူ သား ၏အပေါ် မှာ လက် တော်ကို တင် ပါစေသော။
18 Ndipo hatutakuacha tena, utuhuishe, nasi tutaliitia jina lako.
၁၈သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော် ထံ မှ မ ဆုတ် ရကြပါ။ အကျွန်ုပ် တို့ကို အသက် ရှင်စေတော်မူပါ။ နာမတော် ကို ပဌနာ ပြုကြပါမည်။
19 Ee Bwana Mungu Mwenye Nguvu Zote, uturejeshe; utuangazie uso wako, ili tuweze kuokolewa.
၁၉ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင် ထာဝရဘုရား ၊ အကျွန်ုပ် တို့ကို ပြောင်းလဲ စေ၍၊ မျက်နှာ တော် အလင်း ကို ပြတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြပါလိမ့်မည်။

< Zaburi 80 >