< Zaburi 73 >
1 Zaburi ya Asafu. Hakika Mungu ni mwema kwa Israeli, kwa wale ambao mioyo yao ni safi.
၁ဘုရားသခင်သည်စိတ်နှလုံးဖြူစင်သန့်ရှင်း သူများ ဖြစ်သည့်ဣသရေလအမျိုးသားတို့အား အမှန်ပင် ကျေးဇူးပြုတော်မူ၏။
2 Bali kwangu mimi, miguu yangu ilikuwa karibu kuteleza; nilikuwa karibu mguu wangu kuachia uliposimama.
၂သို့ရာတွင်သူယုတ်မာတို့ကောင်းစားသည်ကို မြင်ရသောအခါ မောက်မာသူတို့ကိုမရှုလိုစိတ်ရှိသဖြင့်ငါ သည် ခလုတ်တိုက်၍လဲလုပါပြီ။ ငါ၏ခြေတို့သည်လည်းတိမ်းချော်လုပြီ။
3 Kwa maana niliwaonea wivu wenye kujivuna nilipoona kufanikiwa kwa waovu.
၃
4 Wao hawana taabu, miili yao ina afya na nguvu.
၄ထိုသူတို့သည်ဝေဒနာမခံစားရကြ။ ကျန်းမာသန်စွမ်းသူများဖြစ်ကြ၏။
5 Hawapati shida zinazowataabisha watu wengine, wala hawapati mapigo kama wanadamu wengine.
၅သူတို့သည်အခြားသူများကဲ့သို့ဝေဒနာ မခံရကြ။ အခြားသူများကဲ့သို့ဒုက္ခမရောက်ရကြ။
6 Kwa hiyo kiburi ni mkufu wao, wamejivika jeuri.
၆သို့ဖြစ်၍သူတို့သည်မာန်မာနကိုလည်ဆွဲ တန်ဆာကဲ့သို့လည်းကောင်း၊ အကြမ်းဖက်မှုကိုဝတ်လုံကဲ့သို့လည်း ကောင်း ဝတ်ဆင်ကြ၏။
7 Uovu hutoka katika mioyo yao iliyokufa ganzi, majivuno maovu kutoka mioyoni mwao hauna kikomo.
၇သူတို့၏စိတ်နှလုံးမှမကောင်းမှုများကို ထုတ်ဖော်၍ သူတို့၏စိတ်သည်ယုတ်မာသည့်အကြံအစည် များကိုတွေးတောလျက်နေကြ၏။
8 Hudhihaki na kusema kwa ukorofi, katika majivuno yao wanatishia kutesa.
၈သူတို့သည်သူတစ်ပါးတို့အားပြက်ရယ် ပြုကာ ညစ်ညမ်းသည့်အရာများကိုပြောဆိုကြ၏။ မောက်မာလျက်သူတစ်ပါးတို့အားနှိပ်စက် ညှဉ်းဆဲရန်ကြံစည်ကြ၏။
9 Vinywa vyao huweka madai hata kwa mbingu, nazo ndimi zao humiliki duniani.
၉သူတို့သည်ကောင်းကင်ဘုံ၌ရှိတော်မူသော ဘုရား သခင်အားစော်ကားသည့်စကားကိုပြောဆိုလျက်၊ ကမ္ဘာပေါ်ရှိလူတို့အားမောက်မာစွာအမိန့်ပေး ကြ၏။
10 Kwa hiyo watu wao huwageukia na kunywa maji tele.
၁၀ထိုကြောင့်ဘုရားသခင်၏လူစုတော်ပင်လျှင် သူတို့ဘက်သို့ပါလျက်သူတို့ပြောသမျှသော စကားကိုယုံကြလေသည်။
11 Wanasema, “Mungu awezaje kujua? Je, Yeye Aliye Juu Sana anayo maarifa?”
၁၁သူတို့က``ဘုရားသခင်သည်သိတော်မူလိမ့်မည် မဟုတ်။ အမြင့်မြတ်ဆုံးအရှင်သည်တွေ့မြင်တော်မူ လိမ့်မည် မဟုတ်'' ဟုဆိုတတ်ကြ၏။
12 Hivi ndivyo walivyo waovu: siku zote hawajali, wanaongezeka katika utajiri.
၁၂ဤကားသူယုတ်မာတို့ပြုကြပုံပင်ဖြစ်ပေသည်။ သို့သော်သူတို့သည်ကောင်းစား၍အစဉ်ပင် စည်းစိမ်ချမ်းသာတိုးလျက်နေကြ၏။
13 Hakika nimeuweka moyo wangu safi bure, ni bure nimenawa mikono yangu nisiwe na hatia.
၁၃သို့ဖြစ်၍ငါသည်မိမိစိတ်နှလုံးကို ဖြူစင်သန့်ရှင်းစေလျက်အပြစ်မပြုဘဲနေ သည်မှာ အချည်းနှီးပေလော။
14 Mchana kutwa nimetaabika, nimeadhibiwa kila asubuhi.
၁၄အို ဘုရားသခင်၊ ကိုယ်တော်သည်ကျွန်တော်မျိုးအားတစ်နေ့လုံး ဒုက္ခရောက်စေတော်မူပါပြီ။ ကိုယ်တော်သည်ကျွန်တော်မျိုးအားနံနက်တိုင်း ဒဏ်ခတ်တော်မူပါပြီ။
15 Kama ningesema, “Nitasema hivi,” ningelikuwa nimewasaliti watoto wako.
၁၅ကျွန်တော်မျိုးသည်ဤနည်းအတိုင်းပြောဆို ခဲ့လျှင် ကိုယ်တော်၏လူစုတော်ကိုကိုယ်စားပြု၍ ပြောဆိုသည်မဟုတ်ပါ။
16 Nilipojaribu kuelewa haya yote, yalikuwa magumu kwangu kuelewa.
၁၆သို့ဖြစ်၍ကျွန်တော်မျိုးသည်ဤအခြင်းအရာကို သိရှိနားလည်ရန်ကြိုးစား၍စဉ်းစားဆင်ခြင် ပါ၏။ သို့ရာတွင်ယင်းကိုနားလည်နိုင်ရန်လွန်စွာ ခက်ခဲပါ၏။
17 Mpaka nilipoingia patakatifu pa Mungu, ndipo nilipotambua mwisho wao.
၁၇ကျွန်တော်မျိုးသည်ကိုယ်တော်၏ဗိမာန်တော် ထဲသို့ ရောက်ရှိသည့်အခါကျမှသာလျှင် သူယုတ်မာတို့အဘယ်သို့နိဂုံးချုပ်ရကြ မည်ကို သိရှိနားလည်လာပါ၏။
18 Hakika unawaweka mahali pa utelezi, unawaangusha chini kwa uharibifu.
၁၈ကိုယ်တော်ရှင်သည်သူတို့အားခြေချော်တတ်သည့် နေရာများတွင်ခြေချော်စေတော်မူ၍ ဆုံးပါးပျက်စီးစေတော်မူပါမည်။
19 Tazama jinsi wanavyoangamizwa ghafula, wanatoweshwa kabisa na vitisho!
၁၉သူတို့သည်ချက်ချင်းပင်သေကြေပျက်စီး ကြပါ၏။ သူတို့၏နောက်ဆုံးဖြစ်အင်သည်ကြောက်မက်ဖွယ် ကောင်းလှပါ၏။
20 Kama ndoto mtu aamkapo, hivyo wakati uinukapo, Ee Bwana, utawatowesha kama ndoto.
၂၀အို ထာဝရဘုရား၊ သူတို့သည်နံနက်ချိန်၌ပျောက်ကွယ် သွားသည့် အိပ်မက်နှင့်တူပါ၏။ ကိုယ်တော်ရှင်နိုးထတော်မူသောအခါသူတို့သည် ပျောက်ကွယ်သွားကြပါ၏။
21 Wakati moyo wangu ulipohuzunishwa, na roho yangu ilipotiwa uchungu,
၂၁ကျွန်တော်မျိုးသည်ဝမ်းနည်းကြေကွဲ၍ စိတ်နာကြည်းသောအခါ
22 nilikuwa mpumbavu na mjinga, nilikuwa mnyama mkatili mbele yako.
၂၂တိရစ္ဆာန်ကဲ့သို့မိုက်မဲသဖြင့်ကိုယ်တော်ရှင်၏ ရှေ့တော်၌အသိပညာမရှိပါ။
23 Hata hivyo niko pamoja nawe siku zote, umenishika mkono wangu wa kuume.
၂၃သို့သော်လည်းကျွန်တော်မျိုးသည်ကိုယ်တော် ရှင်၏ ထံတော်ပါးတွင်အစဉ်အမြဲနေပါ၏။ ကိုယ်တော်ရှင်သည်လည်းကျွန်တော်မျိုး၏ လက်ကိုဆွဲကိုင်ထားတော်မူပါ၏။
24 Unaniongoza kwa shauri lako, hatimaye utaniingiza katika utukufu.
၂၄ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအကြံပေး၍ လမ်းပြတော်မူပြီးလျှင်နောက်ဆုံး၌ ကျွန်တော်မျိုးအားချီးမြှင့်ရန်လက်ခံတော်မူ လိမ့်မည်။
25 Nani niliye naye mbinguni ila wewe? Dunia haina chochote ninachokitamani ila wewe.
၂၅ကျွန်တော်မျိုးမှာကိုယ်တော်ရှင်မှလွဲ၍ ကောင်းကင်ဘုံတွင်အဘယ်သူရှိပါသနည်း။ ကိုယ်တော်ရှင်ကျွန်တော်မျိုးနှင့်ရှိတော်မူလျှင် ကမ္ဘာမြေပေါ်၌အဘယ်အရာကိုလိုပါတော့ မည်နည်း။
26 Mwili na moyo wangu vyaweza kushindwa, bali Mungu ni nguvu ya moyo wangu na fungu langu milele.
၂၆ကျွန်တော်မျိုး၏ကိုယ်စိတ်သည်အင်အား ချိနဲ့လာပါလိမ့်မည်။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ စွမ်းအားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်မှတစ်ပါး မည်သူ့ကိုမျှမလိုပါ။
27 Wale walio mbali nawe wataangamia, unawaangamiza wote wasio waaminifu kwako.
၂၇ကိုယ်တော်ရှင်အားစွန့်ပစ်ကြသူတို့သည် အကယ်စင်စစ် သေကျေပျက်စီးရကြပါလိမ့်မည်။ ကိုယ်တော်ရှင်အားသစ္စာဖောက်သူတို့ကို ကိုယ်တော်ရှင်သည်သုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။
28 Lakini kwangu mimi, ni vyema kuwa karibu na Mungu. Nimemfanya Bwana Mwenyezi kimbilio langu; nami nitayasimulia matendo yako yote.
၂၈သို့သော်လည်းကျွန်တော်မျိုးအဖို့မှာမူဘုရားသခင်၏ အပါးတော်တွင်နေရခြင်း၊ အရှင်ဘုရား၏ထံတော်၌ခိုလှုံရခြင်းနှင့် ကိုယ်တော်ပြုတော်မူသောအမှုတော်အပေါင်းကို ထုတ်ဖော်ကြေညာရခြင်းတို့သည်လွန်စွာမြတ် နိုးဖွယ် ဖြစ်ပါသည်တကား။