< Zaburi 69 >
1 Kwa mwimbishaji. Mtindo wa “Yungiyungi.” Zaburi ya Daudi. Ee Mungu, niokoe, kwa maana maji yamenifika shingoni.
၁အို ဘုရားသခင်၊ ကျွန်တော်မျိုးအားကယ်တော်မူပါ။ ရေသည်ကျွန်တော်မျိုး၏လည်မျိုတိုင်အောင် ရောက်လျက်နေပါပြီ။
2 Ninazama kwenye vilindi vya matope, pasipo mahali pa kukanyaga, Nimefika kwenye maji makuu, mafuriko yamenigharikisha.
၂ကျွန်တော်မျိုးသည်နက်လှသောရွှံ့ထဲတွင်ကျွံနေပါပြီ။ ခြေနင်းစရာမြေမာမရှိပါ။ ကျွန်တော်မျိုးသည်ရေနက်ထဲသို့ရောက်လျက် ရှိပါ၏။ လှိုင်းလုံးများသည်ကျွန်တော်မျိုးအား လွှမ်းမိုးကြပါတော့မည်။
3 Nimechoka kwa kuomba msaada, koo langu limekauka. Macho yangu yanafifia, nikimtafuta Mungu wangu.
၃ကူမတော်မူရန်အော်ဟစ်ရသဖြင့်ကျွန်တော်မျိုးသည် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ ကျွန်တော်မျိုး၏လည်ချောင်းသည်နာလျက်နေပါပြီ။ ကိုယ်တော်ရှင်ကူမတော်မူရန် မျှော်ကြည့်ရဖန်များသဖြင့်မျက်စိများသည် ညောင်းလျက်နေပါပြီ။
4 Wale wanaonichukia bila sababu ni wengi kuliko nywele za kichwa changu; wengi ni adui kwangu bila sababu, wale wanaotafuta kuniangamiza. Ninalazimishwa kurudisha kitu ambacho sikuiba.
၄ကျွန်တော်မျိုးအားအကြောင်းမဲ့မုန်းသော သူတို့၏အရေအတွက်သည်ကျွန်တော်မျိုး ဦးခေါင်းမှဆံပင်ထက်ပို၍များပါ၏။ လိမ်လည်ပြောဆို၍ကျွန်တော်မျိုးအား ရန်ဘက်ပြုသူတို့သည်ခွန်အားကြီးကြပါ၏။ ကျွန်တော်မျိုးအားသတ်ဖြတ်လိုကြပါ၏။ သူတို့အားကျွန်တော်မျိုးမခိုးမယူသည့် ပစ္စည်းဥစ္စာများကိုပြန်၍ပေးရပါ၏။
5 Ee Mungu, wewe unajua upumbavu wangu, wala hatia yangu haikufichika kwako.
၅အို ဘုရားသခင်၊ ကျွန်တော်မျိုး၏အပြစ်များကိုကိုယ်တော် ထံတော်မှ ဖုံးကွယ်၍မရပါ။ ကျွန်တော်မျိုးအဘယ်မျှမိုက်မဲသည်ကို ကိုယ်တော်ရှင်သိတော်မူပါ၏။
6 Ee Bwana, ewe Bwana Mwenye Nguvu Zote, wakutumainio wasiaibishwe kwa ajili yangu; wakutafutao wasifedheheshwe kwa ajili yangu, Ee Mungu wa Israeli.
၆အနန္တတန်ခိုးရှင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားယုံကြည်ကိုးစားသူတို့သည် ကျွန်တော်မျိုး၏အတွက်ကြောင့်အရှက်မကွဲ ကြရပါစေနှင့်။ အို ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ ကိုယ်တော်ရှင်အားဝတ်ပြုကိုးကွယ်သူတို့သည် ကျွန်တော်မျိုး၏အတွက်ကြောင့် ဂုဏ်အသရေမပျက်ရကြပါစေနှင့်။
7 Kwa maana nimestahimili dharau kwa ajili yako, aibu imefunika uso wangu.
၇ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အတွက် စော်ကားခြင်းကိုခံရပါ၏။ အလွန်အရှက်ကွဲရပါ၏။
8 Nimekuwa mgeni kwa ndugu zangu, mgeni kwa wana wa mama yangu mwenyewe.
၈ကျွန်တော်မျိုးသည်မိမိ၏ညီအစ်ကိုတို့တွင် သူစိမ်းတစ်ရံဆံကဲ့သို့လည်းကောင်း၊ မိသားစုတွင်လည်းတစ်ကျွန်းတစ်နိုင်ငံသား ကဲ့သို့လည်းကောင်းဖြစ်၍နေပါ၏။
9 Kwa kuwa wivu wa nyumba yako unanila, matukano ya wale wanaokutukana yameniangukia.
၉ကိုယ်တော်ရှင်၏ဗိမာန်တော်ကိုစွဲလမ်းမှုသည် ကျွန်တော်မျိုး၏စိတ်အတွင်း၌မီးကဲ့သို့ ဟုန်းဟုန်းတောက်လောင်လျက်ရှိပါ၏။ ကိုယ်တော်ရှင်အားစော်ကားပြောဆိုသော စကားများသည်ကျွန်တော်မျိုးအားစော်ကား ပြောဆိုသောစကားများဖြစ်ပါ၏။
10 Ninapolia na kufunga, lazima nivumilie matusi.
၁၀ကျွန်တော်မျိုးသည်အစာရှောင်ခြင်းအားဖြင့် မိမိကိုယ်ကိုနှိမ့်ချသောအခါလူတို့သည် ကျွန်တော်မျိုးအားစော်ကားကြပါ၏။
11 Ninapovaa nguo ya gunia, watu hunidharau.
၁၁ကျွန်တော်မျိုးသည်လျှော်တေကိုဝတ်သော အခါ သူတို့သည်ပြောင်လှောင်ကြပါ၏။
12 Wale wanaoketi mlangoni wananisimanga, nimekuwa wimbo wa walevi.
၁၂သူတို့သည်လမ်းများတွင်ကျွန်တော်မျိုးအကြောင်းကို ပြောဆိုကြပါ၏။ သေသောက်ကြူးသူတို့သည်ကျွန်တော်မျိုး အကြောင်းကိုတေးဖွဲ့၍ဆိုကြပါ၏။
13 Lakini Ee Bwana, ninakuomba, kwa wakati ukupendezao; katika upendo wako mkuu, Ee Mungu, unijibu kwa wokovu wako wa hakika.
၁၃သို့ရာတွင်ကျွန်တော်မျိုးအဖို့မှာမူ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ထံတော်သို့ဆုတောင်းပတ္ထနာပြုပါမည်။ ကိုယ်တော်ရှင်၏မဟာမေတ္တာတော်ကို ထောက်၍လည်းကောင်း၊ ကယ်တော်မူမည်ဟုကိုယ်တော်ရှင်ထားတော်မူသည့် ကတိတော်ကိုထောက်၍လည်းကောင်း တောင်းလျှောက်ထားချက်ကိုနားညောင်းတော်မူပါ။ အို ဘုရားသခင်၊ အလိုတော်ရှိချိန်၌ကျွန်တော်မျိုး၏ ဆုတောင်းပတ္ထနာကိုဖြေကြားတော်မူပါ။
14 Uniokoe katika matope, usiniache nizame; niokoe na hao wanichukiao, kutoka kwenye vilindi vya maji.
၁၄ရွှံ့နွံတွင်မကျွံမနစ်စေရန်ကျွန်တော်မျိုးအား ကယ်တော်မူပါ။ ရန်သူများ၏ဘေးမှလည်းကောင်း၊ ရေနက်ရာမှလည်းကောင်းကယ်ဆယ်တော်မူပါ။
15 Usiache mafuriko yanigharikishe au vilindi vinimeze, au shimo lifumbe kinywa chake juu yangu.
၁၅ကျွန်တော်မျိုးအားရေလွှမ်းမိုးစေတော်မမူပါနှင့်။ ရေနက်ရာတွင်နစ်မြုပ်စေတော်မမူပါနှင့်။ သင်္ချိုင်းတွင်းသို့သက်ဆင်းစေတော်မမူ ပါနှင့်။
16 Ee Bwana, unijibu, kwa wema wa upendo wako; kwa huruma zako nyingi unigeukie.
၁၆အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် ကောင်းမြတ်သည်ဖြစ်၍ကျွန်တော်မျိုး၏ ပန်ကြားခြင်းကိုနားညောင်းတော်မူပါ။ ကိုယ်တော်ရှင်သည်လွန်စွာသနားကြင်နာ တော်မူတတ်သည်ဖြစ်၍ ကျွန်တော်မျိုးအားလှည့်၍ကြည့်တော်မူပါ။
17 Usimfiche mtumishi wako uso wako, uharakishe kunijibu, kwa sababu niko katika shida.
၁၇ကိုယ်တော်ရှင်၏အစေခံအားမျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ကျွန်တော်မျိုးသည်အတိဒုက္ခရောက်လျက် ရှိပါ၏။ ကျွန်တော်မျိုး၏ပန်ကြားချက်ကိုယခုပင် နားညောင်းတော်မူပါ။
18 Njoo karibu uniokoe, nikomboe kwa sababu ya adui zangu.
၁၈ကြွလာတော်မူ၍ကျွန်တော်မျိုးကိုကယ်တော် မူပါ။ ရန်သူများ၏လက်မှကယ်ဆယ်တော်မူပါ။
19 Unajua jinsi ninavyodharauliwa, kufedheheshwa na kuaibishwa, adui zangu wote unawajua.
၁၉ကျွန်တော်မျိုးသည်အဘယ်မျှအစော်ကား ခံရ၍ အဘယ်မျှအရှက်ကွဲအသရေပျက်ရသည်ကို ကိုယ်တော်ရှင်သိတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ရန်သူ အပေါင်းကို မြင်တော်မူပါ၏။
20 Dharau zimenivunja moyo na nimekata tamaa, nimetafuta wa kunihurumia, lakini sikumpata, wa kunituliza, lakini sikumpata.
၂၀အစော်ကားခံရသဖြင့်ကျွန်တော်မျိုးသည် စိတ်နှလုံး ကြေကွဲ၍စိတ်ပျက်အားလျော့လျက်နေပါ၏။ ကျွန်တော်မျိုးသည်ကြင်နာမှုကိုတောင့်တသော အခါ သနားမည့်သူကိုမတွေ့ရပါ။ စိတ်သက်သာမှုကိုတောင့်တသောအခါ စိတ်သက်သာစေမည့်သူမရှိပါ။
21 Waliweka nyongo katika chakula changu na walinipa siki nilipokuwa na kiu.
၂၁ကျွန်တော်မျိုးဆာလောင်မွတ်သိပ်သောအခါ ရန်သူတို့သည်အဆိပ်ကိုကျွေးကြပါ၏။ ရေငတ်သောအခါပုန်းရည်ကိုတိုက်ကြ ပါ၏။
22 Meza iliyoandaliwa mbele yao na iwe mtego, nayo iwe upatilizo na tanzi.
၂၂သူတို့၏စားသောက်ပွဲများသည်သူတို့ ပျက်စီးရာပျက်စီးကြောင်းဖြစ်ပါစေသော။ သူတို့ကျင်းပသည့်ဋ္ဌမ္မပွဲများသည်လည်း သူတို့ပြိုလဲကြောင်းဖြစ်ပါစေသော။
23 Macho yao yatiwe giza ili wasiweze kuona, nayo migongo yao iinamishwe daima.
၂၃သူတို့သည်မမြင်နိုင်ကြစေရန်သူတို့၏ မျက်စိကို ကွယ်စေတော်မူပါ။ သူတို့၏ခါးများကိုလည်းအစဉ်အမြဲ ချိနဲ့စေတော်မူပါ။
24 Uwamwagie ghadhabu yako, hasira yako kali na iwapate.
၂၄ကိုယ်တော်ရှင်၏အမျက်တော်ကိုသူတို့ အပေါ်သို့ သွန်းလောင်းတော်မူ၍အမျက်တော်အဟုန်သည် သူတို့အားမီစေတော်မူပါ။
25 Mahali pao na pawe ukiwa, wala asiwepo yeyote atakayeishi katika mahema yao.
၂၅သူတို့၏တဲစခန်းများသည်လူသူဆိတ်ညံရာ အရပ်များအဖြစ်ဖြင့်ကျန်ရစ်ပါစေသော။ သူတို့၏တဲများအတွင်း၌လူတစ်ဦးတစ်ယောက် မျှ အသက်ရှင်လျက်ကျန်ရစ်စေတော်မမူပါ နှင့်။
26 Kwa kuwa wanawatesa wale uliowajeruhi, na kuzungumza juu ya maumivu ya wale uliowaumiza.
၂၆ထိုသူတို့သည်ကိုယ်တော်ရှင်ဒဏ်ခတ်ခဲ့သောသူ တို့ကို နှိပ်စက်ညှဉ်းဆဲကြပါ၏။ ကိုယ်တော်ရှင်ထိခိုက်ဒဏ်ရာရစေခဲ့သော သူတို့ ခံရသည့်ဝေဒနာအကြောင်းကိုပြောဆို ကြပါ၏။
27 Walipize uovu juu ya uovu, usiwaache washiriki katika wokovu wako.
၂၇သူတို့၏အပြစ်ရှိသမျှကိုစာရင်းပြု၍ မှတ်သားထားတော်မူပါ။ ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးတော် ကို သူတို့အားခံစားခွင့်ပေးတော်မမူပါနှင့်။
28 Wafutwe kutoka kitabu cha uzima na wasiorodheshwe pamoja na wenye haki.
၂၈သူတို့၏နာမည်များသည်အသက်ရှင်သူများ စာရင်းစာစောင်မှပယ်ဖျက်ခြင်းခံရပါစေသော။ သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်တွင် စာရင်းမဝင်သူများဖြစ်ကြပါစေ သော။
29 Mimi niko katika maumivu na dhiki; Ee Mungu, wokovu wako na unihifadhi.
၂၉သို့ရာတွင်ကျွန်တော်မျိုးသည်နာကျင်၍ စိတ်ပျက်အားလျော့လျက်ရှိပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးအားချီပင့်၍ကယ်တော်မူပါ။
30 Nitalisifu jina la Mungu kwa wimbo, nami nitamtukuza kwa kumtolea shukrani.
၃၀ကျွန်တော်မျိုးသည်သီချင်းအားဖြင့်ဘုရားသခင်အား ထောမနာပြုပါမည်။ ကျေးဇူးတော်ကိုချီးမွမ်းခြင်းအားဖြင့် ကိုယ်တော်၏ကြီးမြတ်တော်မူပုံကိုထုတ် ဖော် ကြေညာပါမည်။
31 Hili litampendeza Bwana kuliko ngʼombe dume, zaidi ya fahali akiwa na pembe na kwato zake.
၃၁ယင်းသို့ပြုသည်ကိုထာဝရဘုရားသည် နွားပူဇော်သကာထက်ပို၍နှစ်သက်တော် မူလိမ့်မည်။ ထွားကြိုင်းသန်မာသောနွားလားကိုပူဇော် သည်ထက် ပို၍နှစ်သက်တော်မူလိမ့်မည်။
32 Maskini wataona na kufurahi: ninyi mnaomtafuta Mungu, mioyo yenu na iishi!
၃၂ဤအချင်းအရာကိုမြင်သောအခါညှဉ်းဆဲ ခံရသူတို့သည်ဝမ်းမြောက်ကြလိမ့်မည်။ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်သူတို့သည် အားတက်ကြလိမ့်မည်။
33 Bwana huwasikia wahitaji wala hadharau watu wake waliotekwa.
၃၃ထာဝရဘုရားသည်ချို့တဲ့နွမ်းပါးသူတို့၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၏။ အကျဉ်းခံနေရသောမိမိ၏လူစုတော် အား မေ့လျော့တော်မမူပါ။
34 Mbingu na dunia zimsifu, bahari na vyote viendavyo ndani yake,
၃၄ကောင်းကင်နှင့်မြေကြီး၊ပင်လယ်နှင့်ပင်လယ်ရှိ သတ္တဝါအပေါင်းတို့၊ ဘုရားသခင်အားထောမနာပြုကြလော့။
35 kwa maana Mungu ataiokoa Sayuni na kuijenga tena miji ya Yuda. Kisha watu watafanya makao yao humo na kuimiliki,
၃၅ကိုယ်တော်သည်ဇိအုန်တောင်ကိုကယ်ဆယ်တော် မူ၍ ယုဒမြို့တို့ကိုပြန်၍တည်တော်မူလိမ့်မည်။ ကိုယ်တော်၏လူစုတော်သည်ထိုမြို့များတွင် နေထိုင်ကြလျက်တိုင်းပြည်ကိုပိုင်ဆိုင်ကြ လိမ့်မည်။
36 watoto wa watumishi wake watairithi na wale wote walipendao jina lake wataishi humo.
၃၆ကိုယ်တော့်အစေခံများ၏သားမြေးတို့သည် တိုင်းပြည်ကိုအမွေခံရလိမ့်မည်။ ကိုယ်တော်အားချစ်သောသူတို့သည်ထိုပြည်တွင် နေထိုင်ကြရလိမ့်မည်။