< Zaburi 51 >

1 Kwa mwimbishaji. Zaburi ya Daudi. Baada ya kukemewa na nabii Nathani kwa kuzini na Bathsheba. Ee Mungu, unihurumie, kwa kadiri ya upendo wako usiokoma, kwa kadiri ya huruma yako kuu, uyafute makosa yangu.
ဒါဝိဒ် သည် ဗာသရှေဘ နှင့်မှားယွင်း ၍ ပရောဖက် နာသန် ၏ဆုံးမ ခြင်းကိုခံပြီးမှ စပ်ဆိုသောဆာလံ။ အိုဘုရား သခင်၊ ကျေးဇူး ပြုချင်သော စေတနာစိတ် တော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ကိုသနား တော်မူပါ။ စုံမက် တော်မူခြင်း ကရုဏာများ ပြားသည်နှင့်အညီ ၊ အကျွန်ုပ် လွန်ကျူး ခြင်း အပြစ်ကိုဖြေ တော်မူပါ။
2 Unioshe na uovu wangu wote na unitakase dhambi yangu.
ဒုစရိုက် အညစ်အကြေးကို အကုန်အစင်ဆေးကြော ၍ ၊ အကျွန်ုပ် ကို သန့်ရှင်း စေတော်မူပါ။
3 Kwa maana ninajua makosa yangu, na dhambi yangu iko mbele yangu daima.
အကျွန်ုပ် လွန်ကျူး ပါပြီဟု ဝန်ချလျက် ကိုယ် အပြစ် ကို အစဉ် မပြတ်အောက်မေ့လျက်နေပါ၏။
4 Dhidi yako, wewe peke yako, nimetenda dhambi na kufanya yaliyo mabaya machoni pako, ili uthibitike kuwa wa kweli unenapo, na kuwa na haki utoapo hukumu.
ကိုယ်တော် ကို ပြစ်မှားပါပြီ။ ကိုယ်တော် ကိုသာ ပြစ်မှား ၍ မျက်မှောက် တော်၌ ပင် မ တရားသောအမှုကို ပြု ပါပြီ။ သို့ဖြစ်၍ မိန့် တော်မူချက်သည် ဖြောင့် ပါ၏။ တရား စီရင်တော်မူချက်သည် အပြစ် လွတ်ပါ၏။
5 Hakika mimi nilizaliwa mwenye dhambi, mwenye dhambi tangu nilipotungwa mimba kwa mama yangu.
အကျွန်ုပ် သည် မွေး စကပင် အပြစ် ပါလျက် ရှိ၏။ အမိ ဝမ်းထဲမှာ ပဋိသန္ဓေ ယူစဉ်ပင် အပြစ် စွဲ၏။
6 Hakika wewe wapendezwa na kweli itokayo moyoni, ndani sana ya moyo wangu wanifundisha hekima.
ဟုတ်မှန် ဖြောင့်မတ် သော စိတ် နှလုံးကို နှစ်သက် တော်မူသည်ဖြစ်၍ ၊ အကျွန်ုပ် ၏ စိတ် နှလုံးထဲမှာ ပညာ ကို သွန်သင် တော်မူပါ။
7 Nioshe kwa hisopo, nami nitakuwa safi, unisafishe, nami nitakuwa mweupe kuliko theluji.
အကျွန်ုပ် ကို စင်ကြယ် စေခြင်းငှါ၊ ဟုဿုပ် ပင် ညွန့်နှင့် သန့်ရှင်း ခြင်းမင်္ဂလာကို ပေးတော်မူပါ။ အကျွန်ုပ် ကို မိုဃ်းပွင့် ထက် သာ၍ဖြူ စေခြင်းငှါ ဆေးကြော တော်မူ ပါ။
8 Unipe kusikia furaha na shangwe, mifupa uliyoiponda na ifurahi.
စိတ်သက်သာဝမ်းမြောက် ခြင်း ရှိမည်အကြောင်းစကားကို အကျွန်ုပ် အားကြား စေတော်မူပါ။ သို့ပြုလျှင်၊ ချိုးဖဲ့ တော်မူသောအရိုး တို့သည် ရွှင်မြူး ခြင်းရှိကြပါလိမ့် မည်။
9 Ufiche uso wako usizitazame dhambi zangu, na uufute uovu wangu wote.
အကျွန်ုပ် လွန်ကျူး ခြင်း ဒုစရိုက်တို့မှ မျက်နှာ တော်လွှဲ ၍ ၊ အကျွန်ုပ် အပြစ် ရှိသမျှ တို့ကိုလည်းဖြေ တော်မူ ပါ။
10 Ee Mungu, uniumbie moyo safi, uifanye upya roho ya uthabiti ndani yangu.
၁၀အိုဘုရား သခင်၊ အကျွန်ုပ် အထဲ ၌ စင်ကြယ် သောနှလုံး ကို ဖန်ဆင်း တော်မူပါ။ မြဲမြံ တည်ကြည်သော သဘော ကို အသစ် ပြုပြင်တော်မူပါ။
11 Usinitupe kutoka mbele zako wala kuniondolea Roho wako Mtakatifu.
၁၁အကျွန်ုပ် ကို အထံ တော်ထဲ က နှင်ထုတ် တော် မ မူပါနှင့်။ သန့်ရှင်း သောဝိညာဉ် တော်ကို ရုပ်သိမ်း တော် မ မူပါနှင့်။
12 Unirudishie tena furaha ya wokovu wako, unipe roho ya utii, ili initegemeze.
၁၂ကယ်တင် တော်မူခြင်းနှင့် ယှဉ်သော ဝမ်းမြောက် ခြင်း အခွင့်ကို ပြန် ၍ ပေးသနားတော်မူပါ။ ကြည်ညိုသော စေတနာ စိတ် သဘောသည် အကျွန်ုပ် ကိုထောက် မပါ စေသော။
13 Ndipo nitakapowafundisha wakosaji njia zako, na wenye dhambi watakugeukia wewe.
၁၃အကျွန်ုပ်သည်လည်း မ တရားသောသူတို့အား တရားလမ်း ကို ပြသသွန်သင် ပါမည်။ အပြစ် ရှိသောသူတို့ သည် ကိုယ်တော် ထံ သို့ပြန် ကြပါလိမ့်မည်။
14 Ee Mungu, Mungu uniokoaye, niokoe na hatia ya kumwaga damu, nao ulimi wangu utaimba juu ya haki yako.
၁၄အိုဘုရား သခင်၊ အကျွန်ုပ် ကို ကယ်တင် တော်မူ သောဘုရား ၊ လူ အသက်ကို သတ်ခြင်းအပြစ်နှင့် အကျွန်ုပ် ကို ကင်းလွတ် စေတော်မူပါ။ တရား သဖြင့် စီရင်တော်မူခြင်းကို အကျွန်ုပ် လျှာ သည် ရွှင်လန်းစွာ သီချင်း ဆိုပါမည်။
15 Ee Bwana, fungua midomo yangu, na kinywa changu kitatangaza sifa zako.
၁၅အိုထာဝရ ဘုရား၊ အကျွန်ုပ် ၏ နှုတ် ကို ဖွင့် တော်မူ ပါ။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ၍ မြွက်ဆို ပါမည်။
16 Wewe hupendezwi na dhabihu, au ningaliileta, hufurahii sadaka za kuteketezwa.
၁၆ယဇ် ပူဇော်ခြင်းကို အလို တော်မ ရှိ။ သို့မဟုတ် လျှင် ယဇ်ပူဇော်ပါမည်။ မီးရှို့ သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက် တော်မ မူ။
17 Bali dhabihu za Mungu ni roho iliyovunjika, moyo uliovunjika wenye toba, Ee Mungu, hutaudharau.
၁၇ဘုရား သခင်နှစ်သက်တော်မူသောယဇ် မူကား၊ ကျိုးပဲ့ သောစိတ် ပေတည်း။ အိုဘုရား သခင်၊ ကိုယ်တော်သည် ကျိုးပဲ့ ကြေမွသော နှလုံး ကို ငြင်းပယ် တော်မ မူ တတ်ပါ။
18 Kwa wema wa radhi yako uifanye Sayuni istawi, ukazijenge upya kuta za Yerusalemu.
၁၈စေတနာ စိတ်တော်ရှိ၍ ဇိအုန် တောင်ကို ကျေးဇူး ပြုတော်မူပါ။ ယေရုရှလင် မြို့ရိုး ကို တည် စေတော်မူပါ။
19 Hapo ndipo kutakapokuwa na dhabihu za haki, sadaka nzima za kuteketezwa za kukupendeza sana, pia mafahali watatolewa madhabahuni mwako.
၁၉ထိုအခါ တရား သဖြင့် ပူဇော်သောယဇ် ၊ မီးရှို့ သောယဇ်၊ တကိုယ် လုံးမီးရှို့သောယဇ်နှင့် မွေ့လျော် တော်မူလိမ့်မည်။ ထိုအခါ ယဇ် ပလ္လင်တော်ပေါ် မှာ နွား လား တို့ကို ယဇ် ပူဇော်ကြပါလိမ့်မည်။

< Zaburi 51 >