< Zaburi 50 >

1 Zaburi ya Asafu. Mwenye Nguvu, Mungu, Bwana, asema na kuiita dunia, tangu mawio ya jua hadi mahali pake liendapo kutua.
တန်ခိုးကြီး သော ဘုရားသခင် တည်းဟူသောထာဝရဘုရား သည် ဗျာဒိတ် ပေးတော်မူ၏။ နေ ထွက် ရာမှ သည် နေဝင် ရာတိုင်အောင် မြေကြီး ကိုခေါ် တော်မူ၏။
2 Kutoka Sayuni, penye uzuri mkamilifu, Mungu anaangaza.
အသရေ တင့်တယ်ခြင်းပြည့်စုံ ရာ ဇိအုန် တောင် ပေါ် မှာ ဘုရား သခင်၏ရောင်ခြည် တော်သည် ထွန်းပ၏။
3 Mungu wetu anakuja na hatakaa kimya, moto uteketezao unamtangulia, akiwa amezungukwa na tufani kali.
ငါ တို့၏ ဘုရား သခင်ကြွလာ တော်မူ၏။ တိတ်ဆိတ် စွာ နေတော်မ မူ။ ရှေ့ တော်၌ မီး လောင် လျက် ပတ်ဝန်းကျင် ၌ မိုဃ်းသက် မုန်တိုင်းပြင်းပြ လျက်ရှိ၏။
4 Anaziita mbingu zilizo juu, na nchi, ili aweze kuwahukumu watu wake:
မိမိ လူ တို့ကို စစ်ကြော စီရင်ခြင်းအလိုငှါ အထက် ကောင်းကင် ကို ၎င်း၊ မြေကြီး ကို ၎င်း ခေါ် တော်မူလျှက်၊
5 “Nikusanyieni watu wangu waliowekwa wakfu, waliofanya agano nami kwa dhabihu.”
ယဇ် ပူဇော်သောအားဖြင့် ၊ ငါ နှင့်ပဋိညာဉ် ဖွဲ့ သော ငါ ၏သန့်ရှင်း သူတို့ကို ငါ့ ထံသို့ စုဝေး စေကြဟု မိန့်တော်မူ၏။
6 Nazo mbingu zinatangaza haki yake, kwa maana Mungu mwenyewe ni hakimu.
ဘုရား သခင်သည် ကိုယ်တော် တိုင် တရား ဆုံးဖြတ်တော်မူသည်ဖြစ်၍ ၊ ဖြောင့်မတ် တော်မူခြင်း အကြောင်းကို ကောင်းကင် တို့သည် ထင်ရှားစွာ ပြ ကြ လိမ့်မည်။
7 “Sikieni, enyi watu wangu, nami nitasema, ee Israeli, nami nitashuhudia dhidi yenu: Mimi ndimi Mungu, Mungu wenu.
ငါ ၏လူ များတို့နားထောင် ကြ။ ငါပြော မည်။ အိုဣသရေလ အမျိုး၊ သင့် တဘက် ၌ငါသက်သေ ခံမည်။ ငါသည်ဘုရား သခင်ဖြစ်၏။ သင် ၏ဘုရား သခင်ဖြစ်၏။
8 Sikukemei kwa sababu ya dhabihu zako, au sadaka zako za kuteketezwa, ambazo daima ziko mbele zangu.
မီးရှို့ သောယဇ်မှစ၍ ယဇ် ပူဇော်ခြင်းအမျိုးမျိုးအတွက် ငါသည် သင် ၌အပြစ် မ တင်။ ထိုယဇ်တို့သည် ငါ့ ရှေ့ မှာ အစဉ် ရှိကြ၏။
9 Sina haja ya fahali wa banda lako, au mbuzi wa zizi lako.
သင့် အိမ် ထဲ က နွား ကို၎င်း၊ သင့် ခြံ ထဲ က ဆိတ် ထီးကို၎င်းငါမ ခံမယူ။
10 Kwa maana kila mnyama wa msituni ni wangu, na pia makundi ya mifugo juu ya vilima elfu.
၁၀တော တိရစ္ဆာန် ရှိသမျှ တို့နှင့် တထောင် သော တောင် ပေါ် မှာရှိသော တိရစ္ဆာန် တို့သည် ငါ ၏ ဥစ္စာ ဖြစ်ကြ၏။
11 Ninamjua kila ndege mlimani, nao viumbe wa kondeni ni wangu.
၁၁တောင် ပေါ်မှာ နေတတ်သော ငှက် အပေါင်း တို့ကို ငါသိ ၏။ တော သားရဲ တို့သည် ငါ ၌ ရှိကြ၏။
12 Kama ningekuwa na njaa, nisingewaambia ninyi, kwa maana ulimwengu ni wangu, pamoja na vyote vilivyomo ndani yake.
၁၂ငါသည် ငတ်မွတ် လျှင် သင့် ကို မ ပြော။ လောက ဓါတ် နှင့် လောကဥစ္စာသည် ငါ ၏ ဥစ္စာဖြစ်၏။
13 Je, mimi hula nyama ya mafahali au kunywa damu ya mbuzi?
၁၃နွား သား ကိုငါစား မည်လော။ ဆိတ် သွေး ကို ငါသောက် မည်လော။
14 Toa sadaka za shukrani kwa Mungu, timiza nadhiri zako kwake Yeye Aliye Juu Sana,
၁၄ကျေးဇူး ချီးမွမ်းခြင်း ယဇ်ကိုဘုရား သခင်အား ပူဇော် လော့။ သစ္စာ ဂတိထားသည်အတိုင်း ၊ အမြင့်ဆုံး သောအရာ၌ သစ္စာဝတ်ကိုဖြေ လော့။
15 na uniite siku ya taabu; nami nitakuokoa, nawe utanitukuza.”
၁၅အမှု ရောက်သည်ကာလ ၌ ငါ့ ကိုပဌနာ ပြုလော့။ ငါသည် ကယ်လွှတ် မည်။ သင် သည်လည်း ငါ့ ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ၏။
16 Lakini kwake mtu mwovu, Mungu asema: “Una haki gani kunena sheria zangu au kuchukua agano langu midomoni mwako?
၁၆မတရား သောသူကို ကား ၊ သင် သည် ငါ ၏အထုံးအဖွဲ့ တို့ကို ကြားပြော ၍ ငါ ၏ပဋိညာဉ် တရားကို မြွက်ဆို ခြင်းငှါ အဘယ်သို့ ဆိုင်သနည်း။
17 Unachukia mafundisho yangu na kuyatupa maneno yangu nyuma yako.
၁၇ဆုံးမ သွန်သင်ခြင်းကို သင် သည်မုန်း ၍ ငါ့ စကား ကို သင့် နောက် ၌ ပစ် ထားပါသည်တကား။
18 Unapomwona mwizi, unaungana naye, unapiga kura yako pamoja na wazinzi.
၁၈သင်သည် သူခိုး ကိုမြင် လျှင် ၊ သူ နှင့် သဘော တူတတ်၏။ သူ့မယားကို ပြစ်မှား သောသူတို့ နှင့် ဆက်ဆံတတ်၏။
19 Unakitumia kinywa chako kwa mabaya na kuuongoza ulimi wako kwa hila.
၁၉သင် ၏နှုတ် ကို ဒုစရိုက် ၌ အပ်နှံ ၍ ၊ သင် ၏လျှာ ဖြင့် မုသာ ကို စီရင် တတ်၏။
20 Wanena daima dhidi ya ndugu yako na kumsingizia mwana wa mama yako.
၂၀သင်သည်ထိုင် လျက် ၊ ကိုယ် ညီအစ်ကို ကို ဆန့်ကျင် ဘက်ပြု၍ ပြော ဆိုတတ်၏။ ကိုယ် အမိ ၏သား ကို ဆဲရေး တတ်၏။
21 Mambo haya unayafanya, nami nimekaa kimya, ukafikiri Mimi nami ni kama wewe. Lakini nitakukemea na kuweka mashtaka mbele yako.
၂၁ထို သို့ကျင့် ၍ ငါသည် တိတ်ဆိတ် စွာနေသောကြောင့်၊ ငါ့ ကို သင် နှင့်တူ သည်ဟု ထင် လေပြီတကား။ သင် ၏အပြစ် ကို ငါဘော်ပြ၍ ၊ သင့် မျက်မှောက် ၌ ခင်း ထားမည်။
22 “Yatafakarini haya, ninyi mnaomsahau Mungu, ama sivyo nitawararua vipande vipande, wala hapatakuwepo na yeyote wa kuwaokoa:
၂၂ဘုရား သခင်ကို မေ့လျော့ သောသူတို့၊ ဤ အမှုကို ဆင်ခြင် ကြလော့။ သို့မဟုတ် သင်တို့ကိုကယ်နှုတ် သော သူမ ရှိ။ ငါသည် အပိုင်းပိုင်းဆွဲ ဖြတ်မည်။
23 Atoaye dhabihu za shukrani ananiheshimu mimi, naye aiandaa njia yake ili nimwonyeshe wokovu wa Mungu.”
၂၃ကျေးဇူး ချီးမွမ်းခြင်းယဇ် ပူဇော်သောသူသည် ငါ ၏ဘုန်း ကို ထင်ရှားစေသောသူဖြစ်၏။ မိမိ သွားသော လမ်း ကို ဆင်ခြင်သောသူအားလည်း၊ ကယ်တင် တော်မူခြင်း ကျေးဇူးကို ငါပြ မည်ဟု ဘုရား သခင်မိန့်တော်မူ၏။

< Zaburi 50 >