< Zaburi 46 >
1 Kwa mwimbishaji. Zaburi ya wana wa Kora. Mtindo wa alamothi. Mungu kwetu sisi ni kimbilio na nguvu, msaada utakaoonekana tele wakati wa mateso.
၁ဘုရားသခင်သည်ငါတို့ခိုလှုံရာ၊ ငါတို့စွမ်းအားဖြစ်တော်မူ၏။ ဒုက္ခရောက်ချိန်၌ငါတို့အားကူမရန်အစဉ်ပင် အသင့်ရှိတော်မူ၏။
2 Kwa hiyo hatutaogopa, hata kama dunia ikiondolewa nayo milima ikiangukia moyoni mwa bahari.
၂သို့ဖြစ်၍ပထဝီမြေကြီးတုန်လှုပ်လျက် တောင်များသည်နက်ရှိုင်းရာသမုဒ္ဒရာထဲသို့ ကျလျှင်သော်လည်းကောင်း၊ ပင်လယ်လှိုင်းတံပိုးထ၍အသံမြည်ဟည်းသဖြင့် တောင်များတုန်လှုပ်သော်လည်းကောင်းငါတို့သည် ကြောက်လန့်လိမ့်မည်မဟုတ်။
3 Hata kama maji yake yatanguruma na kuumuka, milima nayo ikitetemeka kwa mawimbi yake.
၃
4 Kuna mto ambao vijito vyake vinaufurahisha mji wa Mungu, mahali patakatifu ambako Aliye Juu Sana anaishi.
၄ဘုရားသခင်၏မြို့တော်တည်းဟူသော အမြင့်မြတ်ဆုံးဘုရားကိန်းဝပ်တော်မူရာ ဌာနတော်ကိုသာယာရွှင်လန်းစေသော မြစ်ရှိ၏။
5 Mungu yuko katikati yake, hautaanguka, Mungu atausaidia asubuhi na mapema.
၅ထိုမြို့တော်သည်ဘုရားသခင်ကိန်းဝပ်တော် မူရာ ဖြစ်သဖြင့်အဘယ်အခါ၌မျှမပျက်စီးရ။ နေအရုဏ်တက်စအချိန်၌ကိုယ်တော်သည် ကြွလာတော်မူ၍ထိုမြို့ကိုကူမတော်မူ လိမ့်မည်။
6 Mataifa yanafanya ghasia, falme zinaanguka, Yeye huinua sauti yake, dunia ikayeyuka.
၆လူမျိုးအပေါင်းတို့သည်ထိတ်လန့်တုန်လှုပ်ကြ၏။ ဘုရားသခင်မိန့်မြွက်တော်မူသောအခါ ကမ္ဘာမြေကြီးသည်အရည်ပျော်လေ၏။
7 Bwana Mwenye Nguvu Zote yu pamoja nasi, Mungu wa Yakobo ni ngome yetu.
၇အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
8 Njooni mkaone kazi za Bwana jinsi alivyofanya ukiwa katika nchi.
၈လာကြ၊ထာဝရဘုရားပြုတော်မူသော အမှုတော်တို့ကိုကြည့်ကြလော့။ ကမ္ဘာမြေပေါ်တွင်ပြုတော်မူသောအံ့သြဖွယ် အမှုအရာများကိုကြည့်ကြလော့။
9 Anakomesha vita hata miisho ya dunia, anakata upinde na kuvunjavunja mkuki, anateketeza ngao kwa moto.
၉ကိုယ်တော်သည်ကမ္ဘာတစ်ဝန်းလုံးတွင် တိုက်ခိုက်မှုများကိုငြိမ်းစေတော်မူ၏။ လေးတို့ကိုချိုး၍လှံတို့ကိုအပိုင်းပိုင်းဖြတ်ကာ ဒိုင်းတို့ကိုမီးရှို့တော်မူ၏။
10 “Tulieni, mjue ya kwamba mimi ndimi Mungu; nitatukuzwa katikati ya mataifa, nitatukuzwa katika dunia.”
၁၀ကိုယ်တော်က``တိုက်ခိုက်မှုကိုရပ်စဲကြလော့၊ ငါသည်လူမျိုးတကာတို့တွင်လည်းကောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်း ဘုရားဖြစ်တော်မူသည်ကိုသိမှတ်ကြလော့'' ဟု မိန့်တော်မူ၏။
11 Bwana Mwenye Nguvu Zote yu pamoja nasi; Mungu wa Yakobo ni ngome yetu.
၁၁အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။