< Zaburi 35 >
1 Zaburi ya Daudi. Ee Bwana, pingana na wale wanaopingana nami, upigane na hao wanaopigana nami.
၁အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားဆန့်ကျင်ဘက်ပြုသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူ၍ ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့ကို တိုက်ခိုက်တော်မူပါ။
2 Chukua ngao na kigao. Inuka unisaidie.
၂ကိုယ်တော်ရှင်၏ဒိုင်းလွှားကိုကိုင်ဆွဲ၍ ကျွန်တော်မျိုးအားကူမရန်ကြွတော်မူပါ။
3 Inua mkuki wako na fumo lako dhidi ya hao wanaonifuatia. Iambie nafsi yangu, “Mimi ni wokovu wako.”
၃ကျွန်တော်မျိုးအားလိုက်လံဖမ်းဆီးသူတို့အား လှံတံတော်နှင့်ရဲတင်းတော်ကိုချိန်ရွယ်၍ ဆီးတားတော်မူပါ။ ကိုယ်တော်ရှင်သည်ကယ်တင်တော်မူမည်ဖြစ် ကြောင်း ကျွန်တော်မျိုးအားမိန့်ကြားတော်မူပါ။
4 Wafedheheshwe na waaibishwe wale wanaotafuta uhai wangu. Wanaofanya shauri kuniangamiza warudishwe nyuma kwa hofu.
၄ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူတို့သည် အရေးရှုံးနိမ့်လျက်အရှက်ကွဲရကြပါစေသော။ ကျွန်တော်မျိုးကိုအန္တရာယ်ပြုရန်ကြံစည် သူတို့သည် တပ်လှန်၍ကစဥ့်ကရဲဖြစ်ရကြပါစေသော။
5 Wawe kama makapi yapeperushwayo na upepo, malaika wa Bwana akiwafukuza.
၅ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့အားလိုက်လံဖမ်းဆီးသဖြင့် သူတို့သည်လေတိုက်ရာတွင်လွင့်ပါသွား တတ်သော ဖွဲကဲ့သို့ဖြစ်ရကြပါစေသော။
6 Njia yao na iwe giza na ya utelezi, malaika wa Bwana akiwafuatilia.
၆ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့အားလိုက်လံတိုက်ခိုက်စဉ် သူတို့ပြေးရာလမ်းသည်မှောင်မိုက်၍ ခြေချော်ကြရပါစေသော။
7 Kwa vile walinifichia wavu wao bila sababu, na bila sababu wamenichimbia shimo,
၇သူတို့သည်အကြောင်းမဲ့ကျွန်တော်မျိုးအတွက် ကျော့ကွင်းကိုထောင်၍ကျွန်တော်မျိုးကိုဖမ်းရန် တွင်းကိုနက်စွာတူးကြပါ၏။
8 maafa na yawapate ghafula: wavu walionifichia na uwatege wenyewe, na waanguke katika shimo hilo, kwa maangamizo yao.
၈သို့ရာတွင်သူတို့သည်အမှတ်မထင်ပျက်စီး ဆုံးပါး ရကြပါလိမ့်မည်။ မိမိတို့ထောင်သည့်ကျော့ကွင်းတွင်ပြန်၍မိလျက် မိမိတို့တူးသောတွင်းထဲသို့ကျ၍ ပျက်စီးဆုံးပါးရကြပါလိမ့်မည်။
9 Ndipo nafsi yangu itashangilia katika Bwana na kuufurahia wokovu wake.
၉ထိုအခါငါသည်ထာဝရဘုရားကိုအမှီ ပြု၍ ဝမ်းမြောက်လိမ့်မည်။ ကိုယ်တော်သည်ငါ့ကိုကယ်တော်မူသဖြင့် ငါသည်ရွှင်လန်းလိမ့်မည်။
10 Nitapaza sauti yangu nikisema, “Ni nani aliye kama wewe, Ee Bwana? Wewe huwaokoa maskini kutokana na wale walio na nguvu kuliko wao, maskini na mhitaji kutokana na wanaowanyangʼanya!”
၁၀``ကိုယ်တော်နှင့်အဘယ်သူတူပါသနည်း။ အဘယ်သူသည်ကိုယ်တော်ကဲ့သို့အားနွဲ့ သူကို အားကြီးသူ၏ဘေးမှလည်းကောင်း၊ ဆင်းရဲနွမ်းပါးသူကိုဖိစီးနှိပ်စက်တတ်သူ၏ ဘေးမှလည်းကောင်း ကွယ်ကာစောင့်ရှောက်ပါသနည်း'' ဟု ထာဝရဘုရားအားခံစားချက်အပြည့် အဝဖြင့် ငါလျှောက်ထားမည်။
11 Mashahidi wakatili wanainuka, wananiuliza mambo nisiyoyajua.
၁၁ဆိုးညစ်သူတို့သည်ငါအဘယ်အခါမျှ မကူးလွန်သည့်ပြစ်မှုများနှင့်ငါ့အား စွပ်စွဲကြ၏။
12 Wananilipa baya kwa jema na kuiacha nafsi yangu ukiwa.
၁၂သူတို့သည်ငါ့အားကျေးဇူးကန်းကြ၏။ သို့ဖြစ်၍ငါသည်အလွန်စိတ်ပျက်လှ၏။
13 Lakini walipokuwa wagonjwa, nilivaa nguo ya gunia na nikajinyenyekesha kwa kufunga. Maombi yangu yaliponirudia bila kujibiwa,
၁၃ငါမူကားထိုသူတို့ဖျားနာကြသောအခါ၊ ဝမ်းနည်းသည့်အနေဖြင့်နှိမ့်ချဆုတောင်းလျက် လျှော်တေကိုဝတ်၍အစာမစားဘဲနေ၏။
14 niliendelea kuomboleza kama vile wao ni rafiki au ndugu. Niliinamisha kichwa chini kwa huzuni kama ninayemwombolezea mama yangu.
၁၄ငါသည်မိတ်ဆွေသို့မဟုတ်ညီအစ်ကို၏အတွက် ဆုတောင်းပတ္ထနာပြုသကဲ့သို့ စိတ်အားထက်သန်စွာသူတို့အတွက် ဆုတောင်းပတ္ထနာပြု၏။ ငါ၏မိခင်အတွက်ပူဆွေးသကဲ့သို့၊ ဆုတောင်းပတ္ထနာပြု၏။
15 Lakini nilipojikwaa, walikusanyika kwa shangwe; washambuliaji walijikusanya dhidi yangu bila mimi kujua. Walinisingizia pasipo kukoma.
၁၅သို့ရာတွင်ငါဒုက္ခရောက်သောအခါ၊သူတို့အား လုံးပင် ဝမ်းမြောက်ကြလျက် ငါ့ကိုပြောင်လှောင်ရန်ဝိုင်းရံစုရုံးလာကြ၏။ ငါမသိသောသူတို့သည်ငါ့အားရိုက်နှက်ကြ၏။ မရပ်မစဲဘဲရိုက်နှက်ကြ၏။
16 Kama watu wasiomcha Mungu, wamenidhihaki, wamenisagia meno.
၁၆ငါ့အားနာကြည်းအောင်ပြောင်လှောင်ကြ၏။ မုန်းမာန်ပွား၍ငါ့ကိုစူးစူးဝါးဝါးကြည့် ကြ၏။
17 Ee Bwana, utatazama mpaka lini? Niokoe maisha yangu na maangamizi yao, uhai wangu wa thamani kutokana na simba hawa.
၁၇အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်ကာလတိုင်အောင် ကြည့်၍နေတော်မူပါမည်နည်း။ သူတို့၏တိုက်ခိုက်မှုများမှကျွန်တော်မျိုးအား ကယ်နုတ်တော်မူပါ။ ဤခြင်္သေ့တို့၏ဘေးမှကျွန်တော်မျိုး၏အသက်ကို ကယ်တော်မူပါ။
18 Nami nitakushukuru mbele ya kusanyiko kubwa, nitakusifu katikati ya watu wengi.
၁၈ထိုအခါကျွန်တော်မျိုးသည်ကိုယ်တော်၏ လူစုတော် အစည်းအဝေးတွင် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ လူပရိသတ်ကြီး၏ရှေ့တွင်ကိုယ်တော်အား ထောမနာပြုပါမည်။
19 Usiwaache wale wanaonisimanga, wale ambao ni adui zangu bila sababu; usiwaache wale ambao ni adui zangu bila sababu wakonyeze jicho kwa hila.
၁၉ကျွန်တော်မျိုး၏ရန်သူလူလိမ်လူညာများ အား ကျွန်တော်မျိုးအရေးရှုံးနိမ့်မှုကိုအကြောင်း ပြုကာ နှစ်ထောင်းအားရခွင့်ကိုပေးတော်မမူပါ နှင့်။ အကြောင်းမဲ့ကျွန်တော်မျိုးကိုမုန်းသောသူတို့အား ကျွန်တော်မျိုး၏ဝမ်းနည်းမှုကိုအကြောင်းပြု၍ လှောင်ပြောင်ခွင့်ကိုပေးတော်မမူပါနှင့်။
20 Hawazungumzi kwa amani, bali wanatunga mashtaka ya uongo dhidi ya wale wanaoishi kwa utulivu katika nchi.
၂၀သူတို့သည်ငြိမ်းချမ်းစေမည့်စကားကို မပြောဘဲ ငြိမ်းချမ်းရေးလိုလားသူတို့၏အကြောင်းကို မဟုတ်မမှန်လုပ်ကြံ၍ပြောဆိုကြပါ၏။
21 Hunifumbulia vinywa vyao wakisema, “Aha! Aha! Kwa macho yetu wenyewe tumeliona.”
၂၁သူတို့က``ဟားဟားသင်ပြုသောအမှုကို ငါတို့မြင်ကြ၏'' ဟုအော်ဟစ်၍ကျွန်တော် မျိုးအား စွပ်စွဲပြောဆိုကြပါ၏။
22 Ee Bwana, umeona hili, usiwe kimya. Usiwe mbali nami, Ee Bwana.
၂၂သို့သော်လည်း အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤအမှုကိုသိမြင်တော် မူပါ၏။ သို့ဖြစ်၍ အို ထာဝရဘုရား၊ ဆိတ်ဆိတ်နေတော်မမူပါနှင့်။ ကျွန်တော်မျိုးနှင့်ဝေးဝေးနေတော်မမူပါနှင့်။
23 Amka, inuka unitetee! Unipiganie Mungu wangu na Bwana wangu.
၂၃အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးဖြောင့်မှန်ကြောင်းစီရင် ဆုံးဖြတ်တော်မူပါ။
24 Nihukumu kwa haki yako, Ee Bwana Mungu wangu, sawasawa na haki yako; usiwaache wakusimange.
၂၄အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်တရားမျှတတော်မူသောအရှင် ဖြစ်တော်မူသည်ဖြစ်၍ ကျွန်တော်မျိုးတွင်အပြစ်မရှိကြောင်းထုတ်ဖော် ကြေညာတော်မူပါ။ ကျွန်တော်မျိုး၏ရန်သူများသည် ကျွန်တော်မျိုးကိုအကြောင်းပြု၍နှစ်ထောင်း အားရခွင့်ကိုရစေတော်မမူပါနှင့်။
25 Usiwaache wafikiri, “Aha, hili ndilo tulilotaka!” Au waseme, “Tumemmeza.”
၂၅``ငါတို့အလိုဆန္ဒပြည့်ပြီ၊သူ့ကိုငါတို့ အနိုင်ရပြီ'' ဟူ၍သူတို့ပြောဆိုနိုင်ခွင့်ကို ပေးတော်မမူပါနှင့်။
26 Wote wanaofurahia dhiki yangu waaibishwe na wachanganyikiwe; hao wanaojiinua dhidi yangu wavikwe aibu na dharau.
၂၆ကျွန်တော်မျိုး၏ဒုက္ခကိုအကြောင်းပြုကာ နှစ်ထောင်းအားရသူတို့သည် မရှုမလှအရေးနိမ့်၍ကစဥ့်ကရဲ ဖြစ်ကြရပါစေသော။ မိမိတို့ကိုယ်ကိုကျွန်တော်မျိုးထက်သာ သည်ဟု ပြောဆိုသူတို့သည်အရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။
27 Wale wanaofurahia hukumu yangu ya haki wapige kelele za shangwe na furaha; hebu waseme siku zote, “Bwana atukuzwe, ambaye amefurahia mafanikio ya mtumishi wake.”
၂၇ကျွန်တော်မျိုးအားလွတ်ငြိမ်းချမ်းသာခွင့် ရစေလိုသော သူတို့သည်ရွှင်လန်းဝမ်းမြောက်စွာဖြင့် ``ထာဝရဘုရားသည်ကြီးမြတ်တော်မူ၏။ ကိုယ်တော်၏အစေခံကောင်းစားသည်ကို အားရနှစ်သက်တော်မူ၏'' ဟုအဖန်တလဲလဲ ကြွေးကြော်ကြပါစေသော။
28 Ulimi wangu utanena haki yako na sifa zako mchana kutwa.
၂၈ထိုအခါကျွန်တော်မျိုးသည်ကိုယ်တော်ရှင် တရားမျှတတော်မူပုံကိုထုတ်ဖော်ကြေညာ ပါမည်။ တစ်နေ့လုံးကိုယ်တော်ရှင်အားထောမနာပြု ပါမည်။