< Zaburi 33 >

1 Mwimbieni Bwana kwa furaha, enyi wenye haki; kusifu kunawapasa wanyofu wa moyo.
ဖြောင့်မတ် သောသူတို့၊ ထာဝရဘုရား ကို အမှီပြု ၍ ရွှင်လန်း စွာ သီချင်းဆိုကြလော့။ ထောမနာ ပြုခြင်း အကျင့်သည် သဘောဖြောင့် သောသူတို့နှင့် ထိုက်တန် လျောက်ပတ်ပေ၏။
2 Msifuni Bwana kwa kinubi, mwimbieni sifa kwa zeze la nyuzi kumi.
စောင်း တီး၍ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ ကြိုးဆယ် ပင်ရှိသောတူရိယာ နှင့် ထောမနာသီချင်း ဆို ကြလော့။
3 Mwimbieni wimbo mpya; pigeni kwa ustadi, na mpaze sauti za shangwe.
ရှေ့ တော်၌အသစ် သောသီချင်း ကို ဆို ကြလော့။ တံပိုး မှုတ်ခြင်းနှင့်တကွ သာယာ စွာ တီး ကြလော့။
4 Maana neno la Bwana ni haki na kweli, ni mwaminifu kwa yote atendayo.
အကြောင်း မူကား၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဖြောင့်မတ် ပေ၏။ စီရင်တော်မူသမျှ သော အမှု တို့သည်လည်း သစ္စာ တရား နှင့် ညီကြ၏။
5 Bwana hupenda uadilifu na haki; dunia imejaa upendo wake usiokoma.
ဖြောင့်မတ် စွာကျင့်ခြင်းနှင့် တရား သဖြင့် စီရင်ခြင်း ကို နှစ်သက် တော်မူ၏။ ပထဝီမြေကြီး သည် ထာဝရဘုရား ၏ ကျေးဇူး တော်နှင့် ပြည့်ဝ လျက်ရှိ၏။
6 Kwa neno la Bwana mbingu ziliumbwa, jeshi lao la angani kwa pumzi ya kinywa chake.
ထာဝရဘုရား ၏ နှုတ်ကပတ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို၎င်း၊ နှုတ် တော်အသက် အားဖြင့် မိုဃ်း ကောင်းကင်တန်ဆာ များကို၎င်းဖန်ဆင်း တော်မူ၏။
7 Ameyakusanya maji ya bahari kama kwenye chungu; vilindi vya bahari ameviweka katika ghala.
သမုဒ္ဒရာ ရေ ကို စုပုံ စုဝေး စေတော်မူ၏။ နက်နဲ သောသမုဒ္ဒရာကိုလည်း လုံခြုံ ရာအရပ်တို့၌ သိုထား တော်မူ ၏။
8 Dunia yote na imwogope Bwana, watu wote wa dunia wamche.
ထာဝရဘုရား ကို မြေကြီး တပြင်လုံး ကြောက်ရွံ့ စေ။ လောကီ နိုင်ငံ သားအပေါင်း တို့သည် ရိုသေ လေးမြတ်ကြစေ။
9 Kwa maana Mungu alisema, na ikawa, aliamuru na ikasimama imara.
အကြောင်း မူကား၊ ထာဝရ ဘုရားမြွက်ဆို ၍ ၊ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏။ အမိန့်တော်ရှိ ၍၊ မိန့် တော်မူသည်အတိုင်း တည် လျက်နေ၏။
10 Bwana huzuia mipango ya mataifa, hupinga makusudi ya mataifa.
၁၀ထာဝရဘုရား သည် တပါးအမျိုးသား တို့၏ တိုင်ပင် ခြင်းကို ပယ် တော်မူ၏။ လူစု တို့၏ကြံစည် ခြင်းကိုလည်း ဖျက်ဆီး တော်မူ၏။
11 Lakini mipango ya Bwana inasimama imara milele, makusudi ya moyo wake kwa vizazi vyote.
၁၁ထာဝရဘုရား ၏ ပြဌာန်း တော်မူခြင်းသည် ကာလ အနန္တနှင့် ဆိုင်၍၊ စိတ် နှလုံးတော်၏ အကြံ အစည်တို့သည် သား စဉ်မြေးဆက်အဆုံးတိုင်အောင် တည် ကြ လိမ့်မည်။
12 Heri taifa ambalo Bwana ni Mungu wao, watu ambao aliwachagua kuwa urithi wake.
၁၂ထာဝရဘုရား သည် အကြင် အမျိုး ၏ ဘုရား ဖြစ်၍၊ အကြင်လူစု ကို မိမိ အမွေ ဥစ္စာဘို့ ရွေးကောက် တော်မူ၏၊ ထိုအမျိုးနှင့် ထို လူစုသည် မင်္ဂလာ ရှိ၏။
13 Kutoka mbinguni Bwana hutazama chini na kuwaona wanadamu wote;
၁၃ထာဝရဘုရား သည် ကောင်းကင် ဘုံက ကြည့်ရှု ၍၊ လူ သား အပေါင်း တို့ကို မြင် တော်မူ၏။
14 kutoka maskani mwake huwaangalia wote wakaao duniani:
၁၄ကျိန်းဝပ် တော်မူရာ အရပ် က ကြည့်ရှု ၍၊ မြေကြီး ပေါ် မှာနေ သောသတ္တဝါအပေါင်း တို့ကို မှတ် တော်မူ၏။
15 yeye ambaye huumba mioyo yao wote, ambaye huangalia kila kitu wanachokitenda.
၁၅သူ တို့၏ စိတ် နှလုံးရှိသမျှ တို့ကို ဖန်ဆင်း ၍၊ သူ တို့ကျင့်သမျှ သောအကျင့် တို့ကိုလည်း ဆင်ခြင် တော်မူ ၏။
16 Hakuna mfalme aokokaye kwa ukubwa wa jeshi lake; hakuna shujaa aokokaye kwa wingi wa nguvu zake.
၁၆ရှင်ဘုရင် မည်သည်ကား၊ များစွာ သောအလုံး အရင်းအားဖြင့် ချမ်းသာ မ ရ။ သူရဲ သည်လည်း ခွန်အား ကြီး သောအားဖြင့် ကယ်လွှတ် ခြင်းသို့မ ရောက်။
17 Farasi ni tumaini la bure kwa wokovu, licha ya nguvu zake nyingi, hawezi kuokoa.
၁၇မြင်း သော်လည်း ဘေး လွတ်ခြင်းအမှုကို မ တတ် နိုင်။ ကြီးစွာ သော ခွန်အား ဗလဖြင့် မ ကယ် ယူနိုင်။
18 Lakini macho ya Bwana yako kwa wale wamchao, kwa wale tumaini lao liko katika upendo wake usio na kikomo,
၁၈ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့ နှင့် ကရုဏာ တော်ကို ခိုလှုံ သောသူတို့သည်၊
19 ili awaokoe na mauti, na kuwahifadhi wakati wa njaa.
၁၉သေ ဘေးနှင့် ကင်းလွတ် မည်အကြောင်း ၊ အစာ ခေါင်းပါး သည် ကာလ၌ အသက် ရှင်မည်အကြောင်း ၊ သူ တို့ကိုကြည့်ရှု လျက် ရှိတော်မူ၏။
20 Sisi tunamngojea Bwana kwa matumaini, yeye ni msaada wetu na ngao yetu.
၂၀ငါ တို့၏ဝိညာဉ် သည် ထာဝရဘုရား ကို မြော်လင့် လျက်နေ၏။ ထိုဘုရား သည် ငါ တို့ကို မစ သောသူ၊ ကွယ်ကာ သောသူဖြစ်တော်မူ၏။
21 Mioyo yetu humshangilia, kwa maana tunalitumainia jina lake takatifu.
၂၁သန့်ရှင်း သောနာမ တော်ကို ခိုလှုံ သောကြောင့် ၊ ငါ တို့သည် ထာဝရ ဘုရား၌ ဝမ်းမြောက် ခြင်းရှိကြ၏။
22 Upendo wako usio na mwisho ukae juu yetu, Ee Bwana, tunapoliweka tumaini letu kwako.
၂၂အိုထာဝရဘုရား ၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ကိုးစား သည်နှင့်အညီ ၊ အကျွန်ုပ် တို့အပေါ် မှာ ကရုဏာ တော် သက်ရောက် ပါစေသော။

< Zaburi 33 >